ပုလဲ – ၂၀၂၂ ဇန်နဝါရီ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ ပျူစောထီးတွေ သေဆုံးမှုရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပုလဲမြို့နယ်မှာ ပျူစောထီးတွေရဲ့ စစ်သင်တန်းတွေတက်ဖို့ လိုက်လံစည်းရုံးနေတဲ့ အင်မထီးရွာက ဆန်းနိုင်ဝေဟာ မနေ့က ညပိုင်းမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒါအပြင် ဒီကနေ့မှာလည်း ပျူစောထီးတွေကို စစ်သင်တန်းပေးနေတဲ့ ဇီးဖြူကုန်းရွာကို ပုလဲနယ်က တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ် တပ်သားနဲ့ပျူစောထီးတွေ သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေကတော့ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ်က ကျေးရွာတချို့မှာ ပျူစောထီးသင်တန်းပေးနေတာတွေလည်းရှိတယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ပုလဲမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာတွေဆီ လှည့်လည်စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
#Dailynews

