မော်ကွန်းက တွေ့ဆုံခဲ့တဲ့ အထက် တန်းကျောင်းသူတစ်ဦးနဲ့ ကျောင်းသား တစ်ဦးကလည်း စာသင်ခန်းထဲမှာ အလားတူဖြစ်ရပ်မျိုးတွေ ကြုံခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ရန်ကုန်တိုင်း၊ သန် လျင်မြို့နယ်က အိုးဝေပညာဒါနကျောင်း မှာနေရင်း အတွဲ(၁)၊ ဝိပ္ပံဘာသာတွဲနဲ့ အထက်တန်းတက်ရောက်နေသူတွေ ဖြစ် ပြီး အလယ်တန်းအဆင့်ကို သူတို့မွေးဖွား ရာ ပြည်နယ်တွေမှာ အောင်မြင်ခဲ့သူတွေ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ အလယ်တန်း အထိ ကျောင်းတက်ခဲ့ဖူးသူ ကယန်း လူမျိုး၊ ရိုမန်ကက်သလစ်ဘာသာဝင် မပိုင်ကဗြေးလာဆိုရင် ပညာဒါနကျောင်း ကို ရောက်မလာခင်အထိ စာသင်ခန်းနဲ့ သိပ်ပြီးအံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။
စာသင်ခန်း ဝေယျာဝေစ္စလုပ်ဖို့ အသင်းခွဲတဲ့အခါ မြန်မာမင်းငါးပါးထဲက ကျန်စစ်သားအသင်းဝင်ဖြစ်တာ၊ ‘အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်’ဆို တဲ့စာသားပါ ဇာတိမာန်သီချင်းဆိုရတာ၊ မြန်မာလူမျိုးအကြောင်းတွေကိုပဲဖော်ပြထားတဲ့ သမိုင်းပြဋ္ဌာန်းစာအုပ်ကိုသင်ရ တာတွေဟာ မပိုင်ကဗြေးလာနဲ့ လုံးဝ မသက်ဆိုင်သလို ဖြစ်နေတာကြောင့်ပါ။

”ကိုယ့်လူမျိုးအကြောင်း မပါတဲ့ မြန်မာလူမျိုးတွေရဲ့သမိုင်းတွေကို လိုက် ကျက်မှတ်နေရတာ ဘာကြောင့်လဲ ဆို တာ နားမလည်နိုင်ဘူးဖြစ်နေတယ်”လို့ မပိုင်ကဗြေးလာက ခပ်တွေတွေ စဉ်းစား ရင်းပြောပါတယ်။
လတ်တလောမှာတော့ သူဟာ တက္ကသိုလ်ဝင်တန်းကို ပြင်ပကနေ ဖြေဆို ဖို့ ပညာဒါနကျောင်းမှာပဲ ကျောင်းအိပ် ကျောင်းစားနေတာပါ။ ဒါကြောင့် စာသင် ခန်းကို သွားစရာမလိုတော့တဲ့အတွက် ဒီဒုက္ခတွေကိုလည်း မကြုံတွေ့ရတော့ ပါဘူး။
နောက်ထပ် ကျောင်းသားတစ် ယောက်ကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပေ မယ့် မြန်မာလူမျိုးမဟုတ်လို့ စာသင်ခန်း ထဲက သင်ခန်းစာအချို့ကို နားမလည်နိုင် ဖြစ်ခဲ့သူပါ။
သူကတော့ ရခိုင်ပြည်နယ်မှာ အလယ်တန်းအဆင့်အထိ နေခဲ့ပြီး ရန် ကုန်တိုင်း၊ သန်လျင်မြို့နယ်က အထက် တန်းကျောင်းတစ်ခုကို ပြောင်းလာတဲ့ မောင်ကျော်သာထက် ဖြစ်ပါတယ်။ သူ့ အတွက်တော့ ဗုဒ္ဓဘာသာဝင် ဖြစ်တာ ကြောင့် ဘုရားရှိခိုးရတဲ့ အလေ့အထ မျိုးမှာ ပြဿနာမရှိပေမယ့် ငယ်ငယ်က တည်းက သင်လာရတဲ့ သမိုင်းကို နား မလည်နိုင်ဖြစ်နေခဲ့တာပါ။
သမိုင်းသင်ရိုးထဲမှာ မြန်မာမင်း တွေနဲ့ မြန်မာလူမျိုးအကြောင်း၊ မြန်မာနိုင်ငံတည်ထောင်ခြင်း အကြောင်းတွေ သာ ပါဝင်ပြီး ရခိုင်လူမျိုးတွေအကြောင်း မဆိုသလောက်သာပါတယ်ဆိုတာ သူက သတိထားမိနေပါတယ်။
နောက်ပြီး သူ့ပတ်ဝန်းကျင်က လူ ကြီးတွေဆီကနေ သူကြားဖူးနားဝရှိထား တဲ့ ရခိုင်ပြည်၊ ရခိုင်လူမျိုးတွေရဲ့ သမိုင်း ကြောင်းတွေ မပါဝင်တာကြောင့် သမိုင်း သင်ရိုးထဲက မြန်မာ့သမိုင်းကိုသူစိတ်မဝင် စားနိုင်ဖြစ်နေသလို သင်ရိုးထဲပါသမျှဟာ မှန်၊ မမှန်ကိုလည်း သံသယရှိနေဆဲ ဖြစ် ပါတယ်။
”ညီလေးက သမိုင်းသင်ခန်းစာ တွေကို တစ်ဖက်တည်း ဖော်ပြတာမျိုး မဟုတ်ဘဲ မျှမျှတတ ဖြစ်စေချင်တာ”လို့ မောင်တောမြို့နယ်က သက်လူမျိုးဖြစ်တဲ့မောင်ကျော်သာထက်က ပြောပါတယ်။
ပညာရေးစိတ်ပညာရှင် ဒေါက်တာ သိန်းလွင်က ကိုယ့်ကိုနိုင်ထက်စီးနင်းလုပ် ထားတဲ့ လူတစ်ယောက်ကို စာသင်ခန်းထဲ မှာ သူရဲကောင်းအဖြစ်နဲ့ အသိအမှတ် ပြု ပေးရနေတာတွေက ”မပြောရဲလို့သာ မပြောတာပဲရှိတယ်၊ လိုလိုလားလား ရှိမှာ မဟုတ်ဘူး။ သူတို့နေရာကနေ ခံစားကြည့် ဖို့လိုတယ်”လို့ သူက ထောက်ပြပါတယ်။
နောက်ပြီး အစိုးရစာသင်ကျောင်း တွေမှာ စာသင်ခန်းဝေယျာဝေစ္စလုပ်ဖို့ မြန်မာမင်းတွေရဲ့ နာမည်တွေနဲ့ အသင်း ခွဲတာတွေ၊ ဘုရားရှိခိုး၊ သီချင်းဆိုတာတွေ စတဲ့ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာကိုပဲ ဗဟို ပြုပြီး ကျင့်သုံးနေတာတွေကို သေချာ ဆန်းစစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
”ဘုရားရှိခိုးခိုင်းတယ်ဆိုတာက အများစုကိုပဲ ရည်ညွှန်းထားတာဖြစ်ပေ မယ့် ကလေးသဘာဝအရ ငါတို့က ဘေး ဖယ်ခံထားရတယ်၊ ဦးစားပေးထဲမှာ မပါ ဘူး၊ သူတို့ကသာ ဦးစားပေးဖြစ်တယ်ဆို တဲ့ အတွေးတွေက တနုံ့နုံ့နဲ့ နေ့တိုင်းဖြစ် နေတဲ့ကိစ္စ။ အဲဒီအသေးလေးတွေက တဖြည်းဖြည်းနဲ့ ကြီးလာပြီးတော့ သူတို့ရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာ မကျေနပ်ချက် လေးတွေက အမြစ်တွယ်လာတာပေါ့”လို့ သူက ပြောပါတယ်။

