သုံးသပ်ချက်များ
စားသုံးသူ ကာကွယ်ရေး ပွင့်လင်း မြင်သာမှု လိုအပ်နေသည်
May 16, 2019
၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Analysis ဖြစ်ပါသည်။ ဒေါက်တာစိုးခိုင် ရေးသည်။    မကြာမီကမှ ကမ္ဘာ့ကင်ဆာရောဂါနေ့ ပြီးဆုံးသွားပါတယ်။ ဒီကနေ့အချိန်မှာ ကင်ဆာရောဂါ တိုးပွားလာနေရတဲ့ အကြောင်း ရင်းထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးမိကြတဲ့ အကြောင်းရင်းဟာ အဓိက ပါဝင်နေတာ တွေ့ရှိ ရပါတယ်။ ဒါကြောင့် အစားအစာ လုံခြုံစိတ်ချဘေးကင်းရေး (Food Safety) ဟာ နိုင်ငံတော်က အစ ပြည်သူတွေအကြား အာရုံပြု အလေးထားရမယ့် အကြောင်းအရာ ဖြစ်လာပါတယ်။ ဒီကနေ့မှာ အများပြည်သူရဲ့ ကျန်းမာရေးအတွက် Food Safety အပါအဝင် ပြည်သူလူထုအနေနဲ့ ဘေးရန်ကင်းရှင်း လုံ ခြုံပြီး ကျန်းမာရေးနဲ့ ညီညွတ်သလို အာဟာရပြည့်ဝတဲ့ အစား အစာတွေ Safe,Nutritions and […]
အပြည့်အစုံဖတ်ရန်
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (A.A) ဘယ်လဲ
May 16, 2019
၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Analysis ဖြစ်ပါသည်။ သန်းစိုးနိုင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတပ်မတော်နဲ့ ရခိုင်လက် နက်ကိုင်အဖွဲ့  (AA) တို့အကြား စစ်ရေးပဋိပက္ခ နေ့ တိုင်းလို ဖြစ်ပွားနေချိန် ၂၀၁၉ နှစ်ဦးပိုင်းကစပြီး မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ (ARSA)နဲ့ မြန်မာ လုံခြုံရေး အဖွဲ့များရဲ့တိုက်ပွဲတွေကလည်း ကြိုကြား ဖြစ်ပွားလျက်ရှိပါတယ်။ ဇန်နဝါရီ ၁၇ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ်မိုင်တိုင် ၄၁ အနီးမှာ တစ်ကြိမ်၊ ဇန်နဝါရီ ၁၆ ရက်က မောင်တော မြို့နယ်၊ ဝက်ကျိန်းကျေးရွာနား မှာ တစ်ကြိမ်နဲ့ ဇန်န ဝါရီ ၂၄ ရက်က နယ်စပ်အနီးမှာ တစ်ကြိမ် ထပ်မံ တိုက်ခိုက် ခံခဲ့ရပါတယ်။ အလားတူ […]
အပြည့်အစုံဖတ်ရန်
လစ်ဟာနေသော NCA ဒိုင်ယာလော့ ကွက်လပ်နှင့်
May 3, 2019
၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Analysis ဖြစ်ပါသည်။   ငြိမ်းချမ်းရေး ရှေ့ခရီး နော်အဲ့ထူးဟဲ ရေးသည်။ လက်နက်ကိုင်ပဋိပက္ခများ၏ နောက်ခံအခြေအနေ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အစိုးရတပ် မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များအကြား လက်နက်ပဋိပက္ခ ဖြစ်ပွားရသည့် အရင်းခံအကြောင်းတရားမှာ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့နှင့် ဆက်စပ်နေ သည့် နိုင်ငံရေးပြဿနာများကြောင့် ဖြစ်ပါသည်။ ၁၉၄၈ လွတ်လပ်ရေးရရှိပြီး ပြည်ထောင်စုကို တည် ထောင်ခဲ့သော်လည်း အစိုးရအဆက်ဆက်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ အစိုးရယန္တရားကိုအသုံးချပြီး လူမျိုးကြီးဝါဒကို အခြေခံသည့် အယူအဆ၊ အတွေးအခေါ်၊ သမိုင်းကြောင်းများကို အဓိက အလေးပေး ဖော်ဆောင်ခဲ့မှုသည် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေများ၊ သမိုင်းကြောင်း များနှင့် အခွင့်အရေးများကို နိမ့်ကျစေပြီး […]
အပြည့်အစုံဖတ်ရန်
စားသုံးသူကာကွယ်ရေးရဲ့ လက်တစ်လှမ်းအဝေးမှာ
May 3, 2019
အပြည့်အစုံဖတ်ရန်
စားသုံးသူကာကွယ်ရေးက လက်မှိုင်ချထားရတဲ့ ဝန်ဆောင်မှု
February 22, 2019
၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Analysis ဖြစ်ပါသည်။ ဒေါက်တာစိုးခိုင် ရေးသည်။   ပြီးခဲ့တဲ့ အောက်တိုဘာက ထုတ်ဝေခဲ့တဲ့ မော်ကွန်းမဂ္ဂဇင်း အမှတ် ၅၈ မှာ “ဝန်ဆောင်ခဆိုတာ ကောက်သင့်ရဲ့လား” ခေါင်း စဉ်ပါ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ရပါတယ်။ ဝန်ဆောင်ခ (Service Charge) ဆိုတာ ဝန်ဆောင်မှု (Service) ဆိုတဲ့ လုပ် ကိုင်ဆောင်ရွက်ပေးရမှုအပေါ် ကောက်ခံရယူလိုက်တဲ့ အဖိုးအခ (Charges) ဖြစ်တယ်လို့ ယေဘုယျ နားလည်လို့ရပါတယ်။ ဒါဖြင့်ရင် ဝန်ဆောင်ခ ကောက်သင့်၊ မကောက်သင့်မှာ ပထမဦး ဆုံးအနေနဲ့ ဝန်ဆောင်မှု (Service) ဆိုတာ ဘာလဲကို အရင်ဆုံး အဓိပ္ပာယ် ဖော်ဆောင်ကြည့်ရအောင်။ Coaching of Marketing ဆိုတဲ့ ဘာသာရပ်ကို […]
အပြည့်အစုံဖတ်ရန်
တိုင်းပြည်ဖျက်မည့် ကွန်ဖက်ဒရေးရှင်း အိမ်မက်
February 21, 2019
၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Analysis ဖြစ်ပါသည်။ သန်းစိုးနိုင် ၂၀၁၉ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၁ နှစ် မြောက် လွတ်လပ်ရေးနေ့မှာ ရခိုင်အကြမ်းဖက်အဖွဲ့ (AA) က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။ ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော် ရဲကင်းစခန်းကို AA တပ်ဖွဲ့ ခန့်မှန်း အင်အား ၁၀၀ က လည်းကောင်း၊ ကျောင်းတောင် ရဲကင်းစခန်းကို ခန့်မှန်းအင်အား ၁၀၀ က လည်း ကောင်း၊ ဂုပ်္ပီရဲကင်းစခန်းကို အင်အား ၅၀ ခန့်က လည်းကောင်း၊ ခထီးလှရဲကင်းစခန်းကို AA ခန့် မှန်းအင်အား ၁၀၀ က လည်းကောင်း နံနက် […]
အပြည့်အစုံဖတ်ရန်
Expire Date ကုန်ဆုံးရက်ဆိုတာ
February 6, 2019
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Analysis  ဖြစ်ပါသည်။ ဒေါက်တာစိုးခိုင် ရေးသည်။                      မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစပြီး စား သောက်ကုန်ထုပ်ပိုးမှုတွေမှာ “ကုန်ဆုံးရက်၊ Expire Date ၊ Expiry Date ၊ Expiration Date  ”” ဆိုတာကို ဖော်ပြလာသလို ဝယ်ယူစား သုံးသူတွေကလည်း ဖတ်တတ်တဲ့ အလေ့အထ တစ်ခု စပြီး ဖြစ်လာခဲ့ပါတယ်။                    အဲဒီမှာတင် ဆီးယို၊ ပဲလှော်နဲ့ လက်ဖက်ကအစ […]
အပြည့်အစုံဖတ်ရန်
ထာဝရငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်သစ်
February 4, 2019
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Analysis ဖြစ်ပါသည်။ သန်းစိုးနိုင်ရေးသည်                         ဒီဇင်ဘာ ၂၁ ရက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်တစ်စောင်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။ တပ် မတော်ကNCA လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်မယ်လို့ ယူဆတဲ့အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ ငါးခုမှာ လေးလတာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးမှာဖြစ်ပါတယ်။ အပစ်ရပ်ပေးမယ့် တိုင်းစစ်ဌာန ချုပ် နယ်မြေငါးခုမှာ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ […]
အပြည့်အစုံဖတ်ရန်
Jurassic Park ထဲမှ စားသုံးသူများ
December 2, 2018
၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Analysis ဖြစ်ပါသည်။   ဒေါက်တာစိုးခိုင် ရေးသည်။   စာရေးဆရာကြည်မင်း (အငြိမ်းစားပါမောက်္ခ ဒေါက်တာမောင်မောင်စံ)ရဲ့ “ကြေးမုံဖတ်ကြည့်” ဆောင်းပါးထဲမှာ မ်္တလေးမြို့က ကုန်တိုက်တစ်ခု မှာ အငြင်းပွား (Foodborne Diseases) တက်တဲ့ စားသုံး သူတစ်ယောက်ကို ကုန်တိုက်ဝန်ထမ်းတွေက ဝိုင်း ရိုက်တဲ့အကြောင်း ရေးသားထားတာ ဖတ်ခဲ့ရပါ တယ်။ အရိုက်ခံရတဲ့ ဈေးဝယ်သူ (Food poisoning) ဟာ သံတမန်ဝန်ထမ်းတစ်ဦး () ဖြစ်တာကြောင့် ပြဿနာတော့ ဖြစ်ပြီလို့ ထင်မိ ပါတယ်။ ရဲတွေ ရောက်လာပေမယ့် တံခါးပိတ်ပြီး ဆက်ရိုက်ကြပါတယ်။ အဲဒီကိစ်္စဟာ နောက်ပိုင်း မှာ ဘယ်လိုရှင်းလိုက်တယ်ဆို တာ မသိရပေမယ့် အေးဆေးပဲ ပြီးသွားပါတယ်လို့ သိရပါတယ်။ […]
အပြည့်အစုံဖတ်ရန်
ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်ရဦးမည်
December 2, 2018
၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ  ဖြစ်ပါသည်။ သန်းစိုးနိုင်ရေးသည်                                         ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို မကြာမီ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က ပူးတွဲကြေညာခဲ့ကြပါတယ်။ ဒီလိုထုတ်ပြန်ကြေညာရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ““ငြိမ်းချမ်းရေး […]
အပြည့်အစုံဖတ်ရန်
စားသုံးသူ ကာကွယ်ရေးဆိုတာ
December 2, 2018
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Analysis ဖြစ်ပါသည်။ ဒေါက်တာစိုးခိုင် ရေးသည်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်က စပြီး စားသုံးသူ “Customer” ဆို တဲ့ စကားလုံးကို စပြောလာ ကြပါတယ်။ ဒါပေမဲ့ လေယာဉ်၊ မီးရထား၊ အဝေး ပြေးနဲ့ ဘတ်စ်ကားပေါ်က ခရီးသည်တစ်ဦး၊ ရဲ စခန်း၊ အစိုးရရုံးဌာနတစ်ခုရဲ့ ရုံးခန်းထဲကို ဝင်လာ တဲ့ ပြည်သူတစ်ယောက်၊ ဟိုတယ်၊ စားသောက် ဆိုင်၊ စူပါမားကက်နဲ့ ဈေးဆိုင်ထဲကို ဝင်လာသူ တစ်ယောက်၊ လူနေတိုက်ခန်းတစ်ခန်းကို ငှား ရမ်း၊ ဝယ်ယူနေထိုင်သူတစ်ယောက်ဟာ “စားသုံး သူ” ပဲ ဆိုတာကို အသိအမှတ်ပြုတဲ့ အဆင့်ထိ မရောက်သေးပါဘူး။ ယခုချိန်တိုင်အောင်ပါပဲ။ အဲဒါနဲ့ တစ်ပြိုင်တည်းမှာပဲ “စားသုံးသူ […]
အပြည့်အစုံဖတ်ရန်
ပင်လုံဆိုတဲ့ဒိုမီနိုဖဲတစ်ချပ်
December 2, 2018
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Analysis ဖြစ်ပါသည်။ သန်းစိုးနိုင်ရေးသည်။ နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ NCA စာချုပ် ချုပ် ဆိုခြင်းသုံးနှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များရဲ့ သီးသန့်အစည်းအဝေးကို အောက်တိုဘာ ၁၅၊ ၁၆ ရက်တွေက ကျင်းပခဲ့ကြပါတယ်။ NLD အစိုးရလက်ထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံအစည်းအဝေးသုံးကြိမ် ကျင်းပနိုင်ခဲ့ပေမယ့် ပြည်နယ်များရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲမထွက်ရေးနဲ့ တစ်ခုတည်းသော တပ်မ တော်တည်ရှိရေး ပြဿနာတွေ  ဆက်လက်ဆွေးနွေးညှိနှိုင်းရေး ဟာ ပိတ်ဆို့နေတဲ့အတွက် ထိပ်သီးခေါင်းဆောင်များရဲ့ သီးသန့်အစည်း အဝေး ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ယခုတစ်ကြိမ် ထိပ်သီးခေါင်း ဆောင်များရဲ့ သီးသန့်အစည်းအဝေးကလည်း အရင်အစည်းအဝေးတွေ လိုပဲ ဘာဆုံးဖြတ်ချက်မှ မည်မည်ရရမချနိုင်ဘဲ ခွဲထွက်ခွင့်ပြဿနာ သံသရာလည်ရင်း […]
အပြည့်အစုံဖတ်ရန်
1 2 3 4 5 11
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."