ထောင်မှတ်တမ်း

၂၀၁၄-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆)မှ နိုင်ငံရေးဆောင်းပါး ဖြစ်ပါသည်။

ဝေလင်း ရေးသည်။

လှောင်အိမ်တံခါးကြီးပွင့်သွားလို့ ပျံထွက်လာကြတဲ့ ငှက် တွေလို စာအုပ်တွေ ထွက်လာတာမှ အလုအယက်ကို ထွက်လာ တာပါ။ ပြောရရင် နိုင်ငံရေးစာပေတွေက အများစုပါ။ ပြည်သူတွေ စိတ်ဝင်တစားဖတ်ကြတာလည်း ဒါပဲလို့ ဆိုရမှာပါ။ စာအုပ်ဆိုင် တွေမှာ အရောင်းရဆုံးဖြစ်ရတဲ့ စာအုပ်တွေကလည်း နိုင်ငံရေး စာပေတွေပါ။

ဒီလို နိုင်ငံရေးစာပေတွေထဲမှာ “အကျဉ်းထောင် အကြောင်း” ရေးထားတဲ့ စာအုပ်တွေဟာလည်း မနည်းလှပါဘူး။ ဘယ်သူတွေရေးတဲ့ အကျဉ်းထောင်အကြောင်းလဲ။ ရာဇဝတ် သားတွေရေးတာလား။ မဟုတ်ဘူး။ ထောင်အာဏာပိုင်တွေ ရေးတာလား။ လုံးဝမဟုတ်ဘူး။ ဒီမိုကရေစီအရေးလှုပ်ရှားကြလို့ မသေရုံတမယ် ရက်ရက်စက်စက် နှိပ်စက်ခံ၊ နှစ်ရှည် ထောင်ဒဏ် တွေနဲ့ အကျဉ်းချခံခဲ့ရတဲ့ ကျောင်းသားတွေ၊ ဒီမိုကရေစီအရေး လိုလားသူတွေ ကိုယ်တိုင်ရေးထားတဲ့ စာအုပ်တွေပါ။

ဘာလို့ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံခဲ့ရတာလဲ။ ဘာ ကြောင့် ဒီလောက်တောင် အနှိပ်စက်ခံခဲ့ရတာလဲ။ မြန်မာပြည်ကို နာဇီတွေ ရောက်လာလို့လား၊ ဖက်ဆစ်တွေ အုပ်ချုပ်ခဲ့လို့လား။ လူမျိုးခြားအင်္ဂလိပ်တွေ အုပ်ချုပ်လို့ အခုလို ရက်စက်ကြတာလား။

အားလုံး သိပြီးသားကို ထပ်ပြောရရင်တော့  အခုလက်ရှိ ဒီမိုကရေစီစနစ်ကြီးကို အသွင်ကူးပြောင်းနေပါတယ်ဆိုတဲ့ အစိုး ရအဖွဲ့ဝင်ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်ထဲရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ အများစု ပါဝင်ခဲ့ကြတဲ့ နိုင်ငံ တော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတာရယ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့ တည်ဆောက်ရေးအဖွဲ့ဆိုတဲ့ စစ် အာဏာရှင် လူတစ်စုပေါ့ဗျာ။ သူတို့ရဲ့ လက်ချက်ပေါ့။

အဲဒီတုန်းကတော့ ဒီပုဂ္ဂိုလ်တွေဟာ အခုလို အင်္ကျီအဖြူ၊ တိုက်ပုံပုဆိုးဝတ်တွေနဲ့တော့ မဟုတ်ဘူးပေါ့။ အစိမ်းရင့်ရောင် စစ်အင်္ကျီတွေနဲ့။ အဲဒီတုန်းက ထိပ်ပိုင်းခေါင်းဆောင်ကြီး တချို့ က တော့ အခု အနားယူသွားကြပါပြီ။

ဒါတွေပြောနေရင် ဆုံးမှာ မဟုတ်တော့ဘူး။ တော်ကြာ နောက်ကြောင်းပြန်ချင်တာလား၊ အတိတ်က အပြစ်တွေကို တရားစွဲချင်လို့လား ဆိုပြီး တလွဲထင်နေပါ့မယ်။ ကျွန်တော်က ဘာရယ် မဟုတ်ပါဘူး။ သမိုင်းအဖြစ်အပျက်တစ်ခုကို ဆက်စပ် မိလို့ ရောက်သွားတာ။

အဲဒီတော့ အကျဉ်းထောင်တွေနဲ့ ပတ်သက်လို့ရေးထားတဲ့ စာအုပ်တွေအကြောင်းကို ပြန်ဆက်ရအောင်ပါ။ အကျဉ်းထောင် တွေအကြောင်းရေးတဲ့ ကိုယ်တွေ့အတွေ့ကြုံတွေမှာ ဖြတ်သန်း မှုတွေ တူကြပေမယ့် စိတ်ခံစားမှုတွေ၊ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံ တွေက မတူညီကြတာကို တွေ့ရပါတယ်။ ပြောရရင်တော့ စာရေး ဆရာတစ်ဦးချင်းစီက မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ရသ ကို ပေးကြတာကို တွေ့ရပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး၊ သတင်းစာဆရာကြီးဖြစ်တဲ့ ဆရာကြီးဦးဝင်းတင် ရေးသားတဲ့ “ဘာလဲဟဲ့ လူ့ငရဲ”ဆိုတဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်ကို ဖတ်ရတဲ့အခါမှာ “ထောင် မကြောက်တရား”ကို ရစေတယ်။ အာဏာရှင်တွေရဲ့  နှိပ်စက်မှုကို ကြံ့ကြံ့ခံပြီး ပြုံးပြီးနေနိုင်အောင် ကြိုးစားတဲ့ သံမဏိလို မာကျော တဲ့ ဆရာကြီးဦးဝင်းတင်ကို လေးစားမိသလို ကိုယ့်ထက် အသက် ကြီးတဲ့ လူကြီးတစ်ယောက်ကို ဆဲဆိုဝိုင်းရိုက်တဲ့ အာဏာရှင်တွေ ရဲ့ လုပ်ရပ်ကိုလည်း ရှက်မိတယ်။

ဇာဂနာ ရေးသားတဲ့ “ပထမ”လို့ အမည်ရတဲ့ သူ့ရဲ့ ထောင် တွင်း အတွေ့အကြုံစာအုပ်ကို ဖတ်ရတဲ့အခါမှာလည်း ဒီလောက် ရိုက်နှက်၊ နှိပ်စက်၊ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုနေတာကို ဇာဂနာ က ပြက်လုံးထုတ်ပစ်လိုက်တယ်။ ဟာသလုပ်ပစ်လိုက်တယ်။ ရယ် စရာကြီးဖြစ်သွားတယ်။

စာရေးသူက ရယ်စရာအဖြစ် ရေးလိုက်ပေမယ့် တချို့ကို မရယ်နိုင်ဘူး၊ မပြုံးနိုင်ဘူး။ အကြောင်းကတော့ အာဏာရှင် လက်ကိုင်တုတ်တွေရဲ့ ရက်စက်မှုတွေကို “လုပ်ရက်ကြလေခြင်း၊ ရက်စက်ကြလေခြင်း”လို့ တွေးမိပြီး ရွံတဲ့စိတ်နဲ့ မဲ့ပြုံးပဲ ပြုံးနေရလို့ ပါ။

မသီတာ(စမ်းချောင်း) ရေးတဲ့ “စမ်းချောင်း၊ အင်းစိန်၊ ဟား ဗတ်”ဆိုတဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်ကလည်း တစ်မျိုး တစ်ဖုံပါ။ လူ့ငရဲခန်းတွေထဲမှာ မဟုတ်မခံ ပြန်ပြောတဲ့ ကြောက် စိတ်ကင်းတဲ့သူတစ်ယောက်ကို တွေ့ရသလို လွတ်လပ်မှု အားလုံး ကို သိမ်းပိုက်ထားတဲ့ အင်းစိန်ထောင်ထဲမှာ တကယ့်လွတ်လပ်မှု အစစ်ကို ရှာဖွေခဲ့သူကိုလည်း တွေ့လိုက်ရတယ်။ ပြီးတော့ “ရင့် ကျက်လာမှု”။

နောက်ထပ် ကျွန်တော်ပြောမယ့် အကျဉ်းထောင်စာအုပ် ကတော့ ဝင်းနိုင်ဦး(ဒီမိုကရက်တစ် မြန်မာ့အသံရေဒီယိုနှင့် လွတ် လပ်တဲ့ အာရှအသံရေဒီယိုအယ်ဒီတာဟောင်း) ရေးတဲ့ “ရာဇဝင် ရှင်းတမ်း”ပါ။ ဒီစာအုပ်က ကျွန်တော့် လက်ထဲရောက်နေတာ တစ်လလောက်ရှိပါပြီ။ မဖတ်ဖြစ်ဘူး။

တစ်ရက်မှာ အိပ်ရေးပျက်တာကြောင့် အိပ်ချင်စိတ်က ဆန်အိတ်တစ်အိတ် ထမ်းထားရသလို လေးလံနေတယ်။ ဒါနဲ့ ရုံးကနေ အိမ်ကို စောစောပြန်ပြီး စောစောအိပ်မယ်လို့ တွေးခဲ့ တာ။ အိမ်ရောက်တော့ ရေချိုး၊ ညစာစားပြီး ခဏထိုင်ဖို့လုပ်တဲ့ အချိန်မှာ ဝင်းနိုင်ဦးရေးတဲ့  ရာဇဝင်ရှင်းတမ်းစာအုပ်ကို ကောက် ကိုင်မိလိုက်တယ်။

ဒီနေရာမှာ အမှန်အတိုင်းဝန်ခံရရင် အရှေ့မှာ အကျဉ်း ထောင်အကြောင်းရေးထားတဲ့ စာအုပ်ကောင်းတွေကို ဖတ်ထား ရတော့ ဒီစာအုပ်ကိုကြည့်ပြီး “ဖတ်လို့ကောင်းပါ့မလား”လို့ သံသယစိတ်ဖြစ်မိတယ်။ ဘာတွေများ ရေးထားမလဲဆိုတဲ့ သိချင် တဲ့စိတ်ကလည်း ဖြစ်မိတယ်။ ဒါနဲ့ ချီးကျူးခန်းဖွင့်တာတွေ၊ အမှာ စကားတွေကို သိရုံလောက်ပဲ အမြန်ဖတ်လိုက်တယ်။

ပြီးတော့ “စစ်ထောက်လှမ်းရေး”ဆိုတဲ့ ခေါင်းစဉ်တစ်ခု အောက်မှာ…

““၁၉၉၀ ခုနှစ်ဦးပိုင်းမှာ ABSDF ဗဟိုကနေ ပြည်တွင်း ယူဂျီလုပ်ငန်းတွေအတွက် ကျွန်တော့်ကို တာဝန်ယူစေချင်တယ် ဆိုတာနဲ့ အဲဒီကိစ္စ စီစဉ်ဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်တော် ထိုင်း နယ်စပ်ကို ထွက်လာတာဟာ နဝတ အစိုးရက ကျွန်တော်နဲ့ ပတ် သက်တဲ့ အချက်အလက်တွေကို ရသွားတာကြောင့်ပါ””

သူက ဆက်ပြီး…

““ဒေါ်အောင်ဆန်းစုကြည် အဖမ်းမခံရခင် နယ်စပ်တွေမှာရှိ တဲ့ ကျောင်းသားတွေရဲ့ အခြေအနေ၊ အခက်အခဲနဲ့ လက်ရှိနိုင်ငံ ရေးအခြေအနေ သုံးသပ်ချက်တွေပါတဲ့ စာတမ်းတစ်စောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ပေးပို့ခဲ့ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီး စာရွက်စာတမ်းတွေ အသိမ်းခံရတော့ အဲဒီစာရွက်စာတမ်းတွေထဲမှာ ကျွန်တော့်စာ တမ်းပါ သိမ်းဆည်းမိကြောင်း နဝတက သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်””စသဖြင့် အစချီကာ ဖတ်လိုက်ရတော့ ကျွန် တော့် စိတ်ထဲ စာရေးသူရဲ့ အခန်းကဏ္ဍကို စိတ်ဝင်စားသွားပြီး ရှေ့စာမျက်နှာတွေကို ထပ်ဖတ်ကြည့်မိတယ်။

တစ်မျက်နှာပြီး တစ်မျက်နှာကုန်သွားတယ်။ ဘာတွေဖြစ် ဦးမလဲ ထပ်သိချင်လာတယ်။ ထပ်ဖတ်ကြည့်တယ်။

““ကားကြမ်းပြင်ကို စမ်းစမ်းသွားနေချိန်မှာပဲ ထောက် လှမ်းရေးတစ်ယောက်က နောက်ကနေ ကျွန်တော့်ကို တအား ဆောင့်ကန်ထည့်လိုက်တာ ကားပေါ်ကနေအောက်ကို ဘယ်လို ပြုတ်ကျသွားမှန်း မသိလိုက်ဘူး။ အောက်ရောက်လို့ အလန့် တကြား လူးလဲထမယ်ကြံရုံရှိသေး၊ အောက်မှာ အရန်သင့်စောင့် နေတဲ့ လူတွေက အော်ဟစ်ဆဲဆိုရင်း ကျွန်တော့်ကို ဝိုင်းကန်ကြပါ လေရော။ လူဘယ်နှယောက်လည်း မသိဘူး။ သူတို့ဝိုင်းကန်ကြ တာ ဘယ်လောက်ကြာမှန်းလည်း မသိဘူး။ ကျွန်တော် သတိရ နေသလား၊ သတိလစ်နေသလား။ ကျွန်တော့်ကိုယ်ထဲမှာပဲ ကျွန် တော် ရှိနေသေးလား။ ဒါမှ မဟုတ် တခြားတစ်နေရာမှာလား””

ဆက်ပြီး ““ကျွန်တော့်ကိုယ်ထဲမှာပဲ ကျွန်တော်ရှိနေတာ သေချာချိန်မှာတော့ ကျွန်တော့်ကို သူတို့ လမ်းတစ်လျှောက် တရွတ်တိုက်ဆွဲသွားနေကြပါပြီ။ နောက် ကျွန်တော့်ကို အခန်း တစ်ခန်းထဲကို အထုပ်တစ်ထုပ်ပစ်ထည့်လိုက်သလို ပစ်ထည့် လိုက်တယ်။ အခန်းထဲ ကျွန်တော် ပုံလဲနေတယ်””ဟု ထောက် လှမ်းရေးက ဖမ်းခေါ်သွားပြီးတဲ့နောက် စတင် အနှိပ်စက်ခံရပုံကို ရေးသားထားပါတယ်။

စောစောက ကျွန်တော် အိပ်ချင်နေတဲ့စိတ်ကို မေ့သွား တယ်။ အိပ်ချင်စိတ်ပျောက်သွားတယ်။ မျက်လုံးတွေကျယ်လာ တယ်။ ပထမတော့ “ဘာတွေများ ရေးထားမလဲ”ဆိုတဲ့ သိချင် စိတ်နဲ့ ဖတ်ကြည့်နေရင်းက ရေးသားထားတဲ့အကြောင်းအရာ တွေထဲ ကျွန်တော် နစ်ဝင်သွားတယ်။ မျောပါသွားတယ်။

စာရေးသူက “ကျွန်တော်”ဆိုပြီး သူကြုံတွေ့ခဲ့ရတဲ့ အဖြစ် သနစ်တွေကို တိုက်ရိုက်ပြန်ပြောနေသလို ရေးသားထားတာဟာ ကျွန်တော် စာဖတ်သူရဲ့ စိတ်အာရုံထဲ တစ်ခုချင်းစီ ပုံဖော်မြင် ယောင်လာစေတယ်။ သူဘယ်လိုဖြစ်သွားပြီး ဘယ်လို ခံစားလိုက် ရတယ်ဆိုတာကို အသေးစိတ်ခြယ်မှုန်းထားတာကြောင့်လည်း ဖြစ်မှာပါ။ သူရေးထားတာက ဒါမျိုး…

““လူ လေး၊ ငါးယောက် ရှိမလား။ “ဟေး…ဟေး”နဲ့ ညာ သံတွေပေး၊ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ အခန်းထဲ ပြေးဝင်လာကြတယ်။ တောမှာ နွားအုပ်မြိုင်ကျသလိုပဲ။ ညစ်ညစ်ပတ်ပတ်တွေ အော် ဟစ်ဆဲရေး၊ ကျွန်တော့်ကို စစ်ဖိနပ်တွေနဲ့ ဝိုင်းကန်ကြ၊ ဝိုင်းနင်းကြ။

မှတ်မှတ်ရရ တစ်ယောက်က “ငါ”နဲ့ ကိုင်တုတ်ပြီး မျက်နှာ ကို ရှေ့တည့်တည့်ကနေ ဖြတ်ရိုက်ထည့်လိုက်တာ ကျွန်တော့်မျက် လုံးထဲ မီးဝင်းဝင်းတောက်သွားတယ်။  လက်ထိပ်က ဖမ်းခါစကလို မဟုတ်တော့ဘဲ နောက်ပြန်ခတ်ထားတာဆိုတော့ မျက်နှာကို လက်နဲ့ ပတ်ကာထားလို့ မရဘူးပေါ့။ နောက်တစ်ခါ အဲဒီလိုပဲ ဖြတ်ရိုက်ပြန်တယ်။ မျက်လုံးထဲ ဝင်းခနဲ။ နောက်တစ်ခါ ဝင်းခနဲ။ နောက်တစ်ခါ…။

အား…မျက်လုံးတွေ၊ မျက်လုံးတွေ ရှိသေးရဲ့လား။ လွင့်စဉ် ထွက်များကျသွားပြီလား။ မျက်လုံးထဲက စေးစေးပျစ်ပျစ်အရည် တွေ စီးကျလာတယ်။ သွေးတွေလား။

“ဟင်း…မင်းတို့က မင်းတို့ကိုယ်မင်းတို့ လည်လှပြီထင်နေ လား။ လွှတ်ပေးထားလို့ ထားမှန်းမသိဘူး။ မအေxxxတွေ”

ကျွန်တော်ငြိမ်နေတယ်။ အသံမထွက်အောင် မနည်းကြိုး စားနေရတယ်။ မညည်းနဲ့၊ မအော်နဲ့””လို့ အသေးစိတ်ခြယ်မှုန်း ထားတယ်။

““မေးခွန်းတွေကလည်း ဆက်တိုက်ဖြေနေရတယ်။ နှစ် ရက်လောက်ကြာတဲ့ အထိ ကျွန်တော့်ကို ရေမတိုက်ဘူး။ နှုတ် ခမ်းတွေလည်း ခြောက်ပြီး ကွဲနေတယ်။ ဖူးရောင်လာတယ်။ မျက် နှာမှာ နှုတ်ခမ်းတွေရှိနေတာ မသိလိုက်၊ မသိဘာသာ မဟုတ် တော့ဘဲ သက်သက်ကြီး အပင်ပန်းခံ မ, ထားရသလိုပဲ””ဆိုတဲ့ အရေးအသား။ ပြီးတော့…

““လက်ထိပ်ကလည်း နောက်ပြန်ခတ်ထားတာ။ ရှေ့မှာ ရေ ခွက်ကို တွေ့တယ်။ လက်ဖက်ရည်အကြမ်းပန်းကန် အသေးလေး တစ်လုံးပါ။ ဒါနဲ့ ကျွန်တော်လည်း ကိုယ်ကို အရှေ့ကို ကုန်း၊ ပန်း ကန်လုံးနှုတ်ခမ်းကို ပါးစပ်နဲ့တေ့ပြီး ဝက်တစ်ကောင်လို ရေကို ပြတ်ခနဲစုပ်သောက်လိုက်တယ်။ တစ်ဝက်လောက်ပဲ သောက်ရ သေးတယ်။ “တော်ပြီ”ဆိုပြီး ပန်းကန်လုံးကို ဆွဲယူသွားတယ်””ဆို တဲ့ အရေးအသားမျိုးဟာ စာဖတ်သူရဲ့ မျက်စိထဲ ပိုမိုထင်ရှားပေါ် လွင်စေပါတယ်။

ည မအိပ်ရ၊ နေ့မအိပ်ရ။ နှစ်ရက်၊ သုံးရက် ရေမသောက်ရ၊ ထမင်းမစားရနဲ့ အနှိပ်စက်ချည်းပဲခံရ၊ မေးခွန်းချည်းပဲ မေးခံနေရ တဲ့ ဝင်းနိုင်ဦးကို ကားပေါ်တင်ပြီး အင်းစိန်ထောင်သို့ ခေါ်သွား တယ်။ အင်းစိန်တံတားအရောက် အပြင်လောကမှာ လူတွေသွား လာလှုပ်ရှားနေတာကို တွေ့လိုက်ရတဲ့ ဝင်းနိုင်ဦးဟာ အတွေး တစ်ခုပေါ်ခဲ့တယ်။

ဒါကို သူက ““လူတွေ၊ လူတွေ၊ ရောင်စုံ လူတွေ။ လူတွေကို မမြင်ရတာကြာပြီ။ လူတွေနဲ့ စကားမပြောရတာကြာပြီ။ လူ မဟုတ်သူတွေ၊ လူစိတ်မရှိတဲ့ သူတွေ၊ လူပုံသ္ဌာန်နဲ့ တကယ်က လူမဟုတ်သူတွေ၊ အခွံချည်းသက်သက် လူတွေ၊ တစ်နည်းနည်းနဲ့ အသိဉာဏ်နဲ့ စိတ်ဓာတ်ဖောက်ပြန်နေတဲ့လူတွေ၊ အသိဉာဏ်နဲ့ စိတ်ဓာတ်သင်းကွပ်ခံထားရတဲ့လူတွေ။ အဲဒီလူတွေပဲ တောက် လျှောက် ကျွန်တော် တွေ့နေရတာမဟုတ်လား။

““ကျွန်တော် လူတွေကို အငမ်းမရ လိုက်ငေးကြည့်နေမိ တယ်။ တကယ့်ကို အငမ်းမရပါ။ လွတ်လပ်မှု၊ လွတ်လပ်တဲ့ အရသာ ကျွန်တော့်မှာ ပျောက်ကွယ်နေပြီဖြစ်တဲ့အရာ။ ကျွန် တော် စီမံဖန်တီးရယူနိုင်စွမ်း မရှိတော့တဲ့ အရာ။ ကျွန်တော်လက် လှမ်းမမီနိုင်တော့တဲ့ အရာ။

““ဘာကြောင့်မှန်းမသိ။ တစ်ခုခုအသံကုန်ခြစ်ပြီး အော် ဟစ်ပစ်လိုက်ချင်စိတ်က လည်ချောင်းတစ်လျှောက် ရွတက်လာ သလို ခံစားရတယ်။ လူတွေကို ကျွန်တော် နှုတ်ဆက်ချင်လိုက် တာ””လို့ ရေးထားပါတယ်။

စာရေးသူဝင်းနိုင်ဦးဟာ သူ့ရဲ့ “ရာဇဝင်ရှင်းတမ်း”စာအုပ် မှာ သူကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်မှုကို အပိုင်းတစ်ပိုင်းအနေနဲ့ ဖော်ပြထားပါတယ်။

နောက်တစ်ပိုင်းကတော့ “အကျဉ်းထောင်”ဆိုတဲ့ ခေါင်း စဉ်နဲ့ အင်းစိန်ထောင်ထဲမှာ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေ၊ ကြားခဲ့တာတွေ၊ မြင်ခဲ့တာတွေ၊ ထောင်ကျနေတဲ့သူတွေရဲ့ ပြော စကားတွေကို ကိုးကားပြီးတော့ ထောင်တွင်း နေထိုင်စားသောက် မှု၊ ကျန်းမာရေးနဲ့ ဆေးဝါးကုသမှုအခြေအနေတွေကို အခန်းလိုက် ရေးသားဖော်ပြထားပါတယ်။

ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုတွေ၊ ထောင်တွင်း အကျင့် ပျက်လာဘ်စားမှုတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ လိင်တူဆက် ဆံမှုတွေ၊ ထောင်တွင်းတရားစီရင်မှုတွေ၊ ထောင်သွင်း အကျဉ်းချ ခံရတဲ့ ရဟန်းသံဃာတော်တွေ၊ ပြီးတော့ အကျဉ်းသားတွေစတဲ့ သူတွေရဲ့ အကြောင်းအရာတွေ။

ဒါတွေကို ခေါင်းစဉ်တစ်ခုချင်းစီ အခန်းလိုက်ခွဲပြီး အသေး စိတ်ရေးထားတာပါ။ ခေါင်းစဉ်တစ်ခုစီအောက်မှာ သူကိုယ်တိုင် တွေ့ကြုံဖူးတာတွေပါသလို တခြားသူတွေရဲ့ အတွေ့အကြုံတွေ၊ ပြောစကားတွေနဲ့ပါ ရေးထားတာပါ။ မှတ်တမ်းသဘော ပိုဆန် တာကို တွေ့ရပါတယ်။

ပထမပိုင်းတုန်းကလို သူ့အတွေ့အကြုံတွေချည်း ရေးထား တာမဟုတ်လို့ ဖတ်ရတာခပ်သွက်သွက်မဖြစ်ပေမယ့် အကျဉ်း ထောင်ထဲကအကြောင်းတွေကိုတော့ အတော်လေးပြည့်ပြည့်စုံစုံ သိရမှာပါ။

ဥပမာ ဖော်ပြရရင် ထောင်အတွင်းဆေးဝါးကုသမှုနဲ့ ပတ် သက်လို့ အခုလိုဖော်ပြထားတာ တွေ့ရပါတယ်။

““ဆေးထိုးတဲ့အခါ ဆေးထိုးပိုက်ထဲမှာ ဆေးတွေ အများ ကြီးထည့်ထားပြီး လူနာတွေကို တန်းစီဆေးထိုးပေးတာပါ။ အပ် ကိုလည်း တစ်ချောင်းတည်းသုံးပြီး လူနာတစ်ယောက်ကို ဆေး နည်းနည်းထိုးပေးလိုက်၊ နောက်လူနာတစ်ယောက်ကိုလည်း ဒီ အပ်၊ ဒီဆေးနဲ့ပဲ နည်းနည်းထိုးပေးလိုက်လုပ်တာပါ။ လူနာ ပြောင်းပြီး ဆေးသာ ပြောင်းသွားတယ်။ ဆေးထိုးအပ်ကတော့ မပြောင်းပါဘူး။ ဒါကြောင့်ပဲ ထောင်တွေထဲမှာ အိတ်ချ်အိုင်ဗွီ ရောဂါပိုး ပျံ့နှံ့ပြီး အေအိုင်ဒီအက်စ်ဖြစ်တဲ့သူ၊ အေအိုင်ဒီအက်စ် ကြောင့် သေဆုံးရသူတွေ မနည်းတာပါ””လို့ ရေးထားတာမျိုး။

ထောင်ထဲမှာ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေတာနဲ့ပတ်သက် လို့လည်း…

““သူ့အိမ်နဲ့ စကားပြောချိန်မှာ òန်ချုပ်က အနားမှာ ထိုင် နေတာကို ထောင်ရှာဖွေရေးတွေက သိထားတော့ သူ့ပစ္စည်းထုပ် ကို ဘယ်သူကမှ မစစ်ရဲ၊ မရှာရဲတော့ဘူးပေါ့။ အဲဒီပစ္စည်းထုပ်ထဲ မှာ ဘိန်းပါပါတယ်။

အဲဒီနည်းနဲ့ ထောင်ထဲမှာ ဘိန်းတွေ ပြန့်၊ ဘိန်းထိုးပြီး လူ တွေသေ၊ ဘိန်းထိုးတဲ့အပ်ကြောင့် အေအိုင်ဒီအက်စ်ရောဂါပျံ့နှံ့၊ ဘိန်းဖိုးရဖို့အတွက် ဘိန်းစားလူဆိုးတွေက တခြားအကျဉ်းသား တွေကို အနိုင်ကျင့်၊ ပိုက်ဆံတောင်း၊ မရရင် လူသတ်စသဖြင့် ထောင်ထဲမှာ ဒုစရိုက်မျိုးစုံ တသီတတန်းကြီးဖြစ်လာတာပါ””လို့ ရေးသားထားပါတယ်။

အကျဉ်းသားတွေ အပေါ်ထားတဲ့ ထောင်ဝန်ထမ်းတွေရဲ့ စေတနာ၊ သဘောထားနဲ့ပတ်သက်လို့ ဒီနေရာမှာ တစ်ခုလောက် တော့ ဖော်ပြပါရစေ။ ဘာလဲဆိုတော့ ““သရက်ထောင်မှာ ရာဇ ဝတ်သားအကျဉ်းသားသောင်းမြင့်က ဘဲဥကို သတ်တော့မယ့် ကိစ္စကို တော်တော်များများ သိကြပါတယ်။ ဒါကိုသိတဲ့ ထောင် အရာရှိတစ်ဦးက အဲဒီလိုလူသတ်မှုဖြစ်ရင် သူနဲ့မတည့်တဲ့ အထက်အရာရှိကို ထိခိုက်သွားမှာ ဖြစ်တဲ့အတွက်၊ တစ်ခါ အဲဒီလို မျိုး ထိခိုက်သွားမှာကို လိုလားတဲ့အတွက် လိုအပ်တဲ့ ကာကွယ် တားဆီးမှုတွေ မလုပ်ဘဲ ထားခဲ့ပါတယ်။

ဒါကြောင့် တစ်နေ့လည်းကျရော ဘဲဥက မိုးပြဲဒယ်အိုးကြီး ထဲက တာလပေါဟင်းရည်အိုးကို ယောက်မနဲ့မွှေနေတုန်း နောက် ကနေ သောင်းမြင့်က ဇက်ကို ဓားနဲ့ ခုတ်ပိုင်းချလိုက်တာ တာ လပေါဟင်းရည်အိုးထဲကို ဘဲဥခေါင်းကြီး ပြတ်ကျသွားခဲ့ရပါ တယ်။ အဲဒီလို ထောင်အာဏာပိုင်တွေ သွယ်ဝိုက်ပြီးတော့ တစ် မျိုး၊ တိုက်ရိုက်တစ်မျိုး ပါဝင်ပတ်သက်နေတဲ့ ထောင်တွင်း လုပ် ကြံမှုတွေ အများကြီးပါ””လို့ ဖော်ပြထားပါတယ်။

အလားတူပဲ ထောင်ဝန်ထမ်းတွေက ထောင်ထဲမှာ လူမိုက် မွေးပြီး တရားဥပဒေမဲ့၊ တရားလက်လွတ် ထင်သလို လုပ် နေကြ တာတွေကိုလည်း ဝင်းနိုင်ဦးရေးသားတဲ့ “ရာဇဝင်ရှင်းတမ်း”ဆို တဲ့ စာအုပ်မှာ အပြည့်အစုံ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

“ရာဇဝင်ရှင်းတမ်း”စာအုပ်ရဲ့ တတိယပိုင်းမှာတော့ စာရေး သူ ဝင်းနိုင်ဦး ရေးသားခဲ့တဲ့ စာတမ်းသုံးခုကို ဖော်ပြထားပါတယ်။ ပထမစာတမ်းက “မတ်လ ရဲဘော်စာတမ်း”ပါ။ ၁၉၈၉ ခုနှစ်၊ မတ်လ ၁၃ရက်၊ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းအတွင်းမှာ ဗကသ အဖွဲ့ချုပ်က ဖတ်သွားတဲ့ စာတမ်းပါ။

ဒုတိယစာတမ်းကတော့ မင်းကိုနိုင်အဖမ်းခံရပြီး မင်းကိုနိုင် နဲ့ပတ်သက်တဲ့စာတမ်းပါ။ စစ်အစိုးရရဲ့ မတရားမှုနဲ့ မင်းကိုနိုင်ရဲ့ ပကတိသဘော၊ လုပ်ဆောင်ချက်တွေ၊ ရည်ရွယ်ချက်အတိုင်း လူထုသိစေဖို့အတွက် ရေးသားထားတာလို့ စာရေးသူ ဝင်းနိုင်ဦး က ဆိုထားပါတယ်။

တတိယစာတမ်းကတော့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ ဖြစ်ခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့နှစ်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ မဆလအစိုးရက ဖွဲ့ပေးတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ လျှို့ဝှက်အစီရင် ခံစာကို အခြေခံရေးထားတဲ့ စာတမ်းပဲဖြစ် ပါတယ်။

အကျဉ်းထောင်တွေအကြောင်း ရေးထားတဲ့ စာအုပ်တွေ အနက် ဝင်းနိုင်ဦးရေးတဲ့ “ရာဇဝင်ရှင်းတမ်း”စာအုပ်က တခြား စာအုပ်တွေနဲ့မတူတဲ့ အကျဉ်းထောင်အတွင်းက အကြောင်းအရာ တွေကို ဖတ်ခွင့်၊ သိခွင့်ရမှာပါ။ ထောက် လှမ်းရေးနဲ့ ကြုံတွေ့ခဲ့ရတဲ့ စာရေးသူဝင်းနိုင်ဦးရဲ့ ကိုယ်တွေ့အကြောင်းတွေကို ဖတ်လိုက်ရ ပေမယ့် အင်းစိန်ထောင်၊ သရက်ထောင်ထဲက ကိုယ်တွေ့ အကြောင်းအရာတွေကို အသေးစိတ် မဖတ်လိုက်ရလို့တော့ စိတ် ထဲ ဘဝင်မကျသလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ စာရေးသူရဲ့ ရည်ရွယ်ချက်ကလည်း အနှစ်ချုပ်ပြီး ပြောရမယ်ဆိုရင် မြန်မာပြည်အကျဉ်းထောင်တွေထဲက ဖြစ်ပျက် နေတာတွေကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းတွေက သိရှိပြီးတော့ ဝိုင်းဝန်းကြိုးစားဖြေရှင်း ပေးဖို့၊ ဒီလိုဖြစ်ရပ်မျိုးတွေ ဘယ်လိုမျိုးအကြောင်းနဲ့ဖြစ်စေ နောင်မှာ သံသရာတစ်ပတ်လည်ပြီး ထပ်မံ မဖြစ်ပွားအောင် ရှောင်ကြဉ်ဖို့လို့ ဆိုထားပါတယ်။ ဒီလိုဆိုရင်တော့ ရည်ရွယ်ချက် ကို ရောက်ပါတယ်။

အချုပ်ပြောရရင်တော့ စာဖတ်သူတွေအနေနဲ့ ဝင်းနိုင်ဦးရဲ့ “ရာဇဝင်ရှင်းတမ်း”စာအုပ်ကို မလွတ်တမ်းဖတ်သင့်တယ် ဆိုတာ ကတော့ လုံးဝကျိန်းသေပါပဲ။ ဖတ်ကြည့်ဖို့လည်း တိုက်တွန်းပါတယ်။

ဒီနေရာမှာ စာရေးသူ ဝင်းနိုင်ဦးရဲ့ စာတမ်းထဲက စာတစ် ပိုဒ်နဲ့ အဆုံးသတ်ပါရစေ။

““နေရာအနှံ့အပြားမှာ လူမမယ် ကျောင်းသားလူငယ်လေး တွေရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကံကြမ္မာကို ကျွန်တော်တို့ မတွေးရဲ အောင်ဖြစ်နေပြီ။ ဘယ်သူ့အတွက်မှ အာမခံချက် မပေးနိုင်တော့ ဘူး။ ဘယ်သူ့အတွက်မှ မလုံခြုံတော့ဘူး။ အမှန်တရားဟာ လမ်းမပေါ်မှာ ဘက်နက်နဲ့ အထိုးခံခဲ့ရတယ်။ လူ့အခွင့်အရေးဟာ လမ်းမပေါ်မှာ ဗလက္ကာယ အလုပ်ခံခဲ့ရတယ်””

[:en]လှောင်အိမ်တံခါးကြီးပွင့်သွားလို့ ပျံထွက်လာကြတဲ့ ငှက် တွေလို စာအုပ်တွေ ထွက်လာတာမှ အလုအယက်ကို ထွက်လာ တာပါ။ ပြောရရင် နိုင်ငံရေးစာပေတွေက အများစုပါ။ ပြည်သူတွေ စိတ်ဝင်တစားဖတ်ကြတာလည်း ဒါပဲလို့ ဆိုရမှာပါ။ စာအုပ်ဆိုင် တွေမှာ အရောင်းရဆုံးဖြစ်ရတဲ့ စာအုပ်တွေကလည်း နိုင်ငံရေး စာပေတွေပါ။

““နေရာအနှံ့အပြားမှာ လူမမယ် ကျောင်းသားလူငယ်လေး တွေရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကံကြမ္မာကို ကျွန်တော်တို့ မတွေးရဲ အောင်ဖြစ်နေပြီ။ ဘယ်သူ့အတွက်မှ အာမခံချက် မပေးနိုင်တော့ ဘူး။ ဘယ်သူ့အတွက်မှ မလုံခြုံတော့ဘူး။ အမှန်တရားဟာ လမ်းမပေါ်မှာ ဘက်နက်နဲ့ အထိုးခံခဲ့ရတယ်။ လူ့အခွင့်အရေးဟာ လမ်းမပေါ်မှာ ဗလက္ကာယ အလုပ်ခံခဲ့ရတယ်””—

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."