ကိုယ့်အားကိုယ်ကိုး ရပ်ရွာအခြေပြု ဒစ်ဂျစ်တယ် စာပေသိုက် တည်ထောင်ရေး

၂၀၁၄-ဒီဇင်ဘာလ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။

မောင်ကျပ်ခိုး ရေးသည်။

“ကျောက်သား၊ ရွှေ၊ ငွေ၊ သတ္တု၊ ပေရွက်၊ ထန်းရွက်တို့ထက် တွင် အက္ခရာတင်၍ ခရီးဆန့်ခဲ့သော မြန်မာစာပေသတို့သမီးငယ် သည် ယခုအခါတွင် စက္ကူခေတ်ကို ကျော်လွှားပြီး သကာလ ဒစ် ဂျစ်တယ် နည်းပညာလှိုင်းလုံးကြီးကို ခုန်စီး၍ ကူးမျောစပြုနေ လေပြီ။ သို့ဖြစ်၍ စာပေမြတ်နိုးသူတို့အနေဖြင့် မြန်မာစာပေ ပြန့် ပွား တိုးတက်ထွန်းကားစေရန် မိမိတို့ စွမ်းသမျှ လုံ့လအင်အား စိုက်ထုတ်၍ နည်းလမ်းများ စဉ်ဆက်မပြတ်ရှာဖွေပြီး ဒစ်ဂျစ် တယ်နည်းပညာ လှိုင်းလုံးကြီး၏ အရှိန်အဟုန်ကို ကောင်းမွန်စွာ အသုံးချနိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ချေသည်”

ပိဋကတ်တိုက် ယဉ်ကျေးမှု

ထူးထွေများမြောင်လှသော မြန်မာ့ယဉ်ကျေးမှုထုံးတမ်း စဉ်လာများအနက် စာရေးသူ အနှစ်ခြိုက်ဆုံးဓလေ့မှာ စာပေ မြတ်နိုးခြင်းပင် ဖြစ်ပါသည်။ စာတစ်လုံး၊ ဘုရားတစ်ဆူဟူသော ဆိုရိုးစကားဖြင့် ထုံမွှမ်းထားသော မြန်မာစာပေယဉ်ကျေးမှု သမိုင်းကို ထိန်းသိမ်းမြှင့်တင်ရာတွင် ပဓာနကျသည့် ပိဋကတ် တိုက် ယဉ်ကျေးမှု စတင်ခဲ့သည်မှာ ပုဂံခေတ်ကတည်းက ဖြစ် သည်ကို ခရစ် နှစ် ၁၀၄၄ တွင် နန်းတက်သော အနော်ရထာမင်း ဆောက်လုပ် လှူဒါန်းခဲ့သည့် ပိဋကတ်တိုက်က သက်သေခံလျက် ရှိပါသည်။

ရှေး မြန်မာမင်းတို့  မြို့သစ်၊ နန်းသစ် တည်ထောင်လျှင်  ပိဋ ကတ်တိုက်တော်အသစ် ဆောက်လုပ်ရမြဲဖြစ်သည်။ စင်စစ် ပိဋ ကတ်တိုက်ယဉ်ကျေးမှုသည် နန်းတွင်း၌ သာမက ကျေးလက် အထိပါ ပြန့်နှံ့ တည်ရှိခဲ့လေ၏။ မြန်မာ့ရိုးရာဓလေ့အရ ရွာရှိလျှင် ဘုရားရှိ၊ ဘုရားရှိလျှင် ကျောင်းရှိ၊ ကျောင်းရှိလျှင် ဇဒိုက် (စာတိုက်)ရှိမြဲဖြစ်ပါသည်။ ရှေးဘုန်းတော်ကြီးကျောင်းများ တွင်  ရှိနေသေးသော ဇဒိုက် (စာတိုက်) သေတ္တာကြီးများသည် မြန်မာ့ ရိုးရာကျေးလက်စာကြည့်တိုက်များဖြစ်ပါ၏။ ဤသည်ကို ထောက်ချင့်လျှင် ပိဋကတ်တိုက် ယဉ်ကျေးမှုသည် မြန်မာဓလေ့ ထုံးတမ်းတွင် အစဉ်အလာ ကြီးမားခဲ့ကြောင်း အထင်းသား သိ မြင်နိုင်မည် ဖြစ်သည်။

ပုဂံကျောက်စာခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင် ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် (ပထမပိုင်း)၊ ကုန်း ဘောင်ခေတ် (ဒုတိယပိုင်း) ဟူသော မြန်မာစာပေခေတ်ကြီး (၇) ခေတ်တစ်လျှောက်တွင် ပိဋကတ်တိုက်ယဉ်ကျေးမှုသည် မှန် ကင်းတစ်လှည့်၊ ထင်းတစ်လှည့်ဆိုသည့်အတိုင်း မြင့်ကာ တစ် ချည်၊ နိမ့်ကာ တစ်လှည့် ဖြတ်သန်းရင်း ကြီးပြင်းခဲ့လေ၏။ ပုံနှိပ် ထုတ်ဝေရေးနည်းပညာ ထွန်းကားခြင်း မရှိသေးသော ရှေးခေတ် ဝယ် ရှေးသူဟောင်းတို့သည် ပေ၊ ပုရပိုက်ပေါင်း မြောက်မြားစွာကို လက်ဖြင့် ဆင့်ပွားကူးယူ၍ စာပေယဉ်ကျေးမှုကို မြှင့်တင် ဖြန့်ချိ ခဲ့ကြောင်းကို ပေ၊ ပုရပိုက် သမိုင်းတွင် ထင်ရှားစွာ မြင်နိုင်ပါသည်။

မင်းပြောင်းမင်းလွဲ

ကုန်းဘောင်ခေတ် နေဝင်ချိန် သီပေါမင်းပါတော်မူပြီးစ ကာလ၌ အင်္ဂလိပ်စစ်ဗာရီတို့၏ လက်ချက်ကြောင့် အသက်ထွက် လုနီးပါး ဖြစ်ခဲ့ရရှာသော မန္တလေး နန်းတွင်း ပိဋကတ်တိုက်သည် အင်္ဂလိပ်အမျိုးကောင်းသား အောက်ဗမာပြေ မဟာဝန်ရှင်တော် မင်းကြီး ဆာချားလ်စ်အက်ဒွက်ဘားနဒ်၏ ကျေးဇူးကြောင့် သေ ကံမပျောက် လွတ်မြောက်ခဲ့ရလေ၏။ မင်းကြီး ဘားနဒ်၊ တရား ရေးဝန်ကြီး ဆာဂျွန်ဂျာဒင်း၊ ပါဠိပါရဂူ  ချေးလ်ဒါးစ် တို့၏ ကျေးဇူး ကြောင့် ပိဋကတ်တိုက်ယဉ်ကျေးမှု အသက်ဆက်ခွင့် ရခဲ့၏။

တစ်ဖန် ကိုလိုနီခေတ် ၁၉၂၅ ခန့်တွင် သတိုးသီရိ သုဓမ္မဘွဲ့ ရ ကြေးတိုင်မင်းကြီး ဖာနီဗယ် ဦးဆောင်၍ တည်ထောင်ခဲ့သော မြန်မာစာပေပြန့်ပွားရေးအသင်းကြီး၏ ကျေးဇူးကြောင့် ပိဋကတ် တိုက်ယဉ်ကျေးမှု သစ်လွင် လန်းဆန်းခဲ့လေ၏။ ယင်းနောက်တွင် မြန်မာစာပေပညာရှင်များ ဖြစ်ကြသည့် ဆရာကြီး ဦးဖေမောင် တင်၊ ဆရာဇော်ဂျီ၊ ပဲရော့ဦးဆန်နီ၊ လူထုဦးလှ စသူတို့၏ ကျေးဇူး ကြောင့် ပိဋကတ်တိုက်ယဉ်ကျေးမှု တိုးတက်ထွန်းကားခဲ့လေ၏။ ပိဋကတ်တိုက်ယဉ်ကျေးမှု တိုးတက်ခြင်းကြောင့် စာပေသမိုင်း တွင် အရေးပါသည့် အပြောင်းအလဲများ ပေါ်ထွန်းခဲ့လေ၏။

သူ့ကျွန်မခံ တော်လှန်ခဲ့သော မြန်မာအမျိုးသားတို့ ကိုယ့် အချင်းချင်း ကျွန်ပြုကြသည့် ခေတ်ဦးကာလတွင် ပိဋကတ်တိုက် ဟူသည့် ရှေးအမည် ပျောက်ကွယ်ပြီး စာကြည့်တိုက်ဟူသော နှောင်းအမည် ပေါ်ထွန်းခဲ့လေ၏။ မင်းပြောင်းမင်းလွှဲဖြစ်ချိန်တွင် မင်းပြောင်းရုံတင်သာမက မင်းလွဲခဲ့ဟန် တူသည်။ ထိုမှ အစပြု၍ စာကြည့်တိုက် ယဉ်ကျေးမှု တစ်ဖြစ်လဲ ပိဋကတ်တိုက်ယဉ်ကျေး မှုသည် ရေသေတွင် တွေတွေကြီး တန့်သကဲ့သို့ ဖြစ်ကာ ဆန့်ငင် ဆန့်ငင်ဖြင့် ငြိုငြင်စွာ အသက်မွေးနေရလေ၏။  လောကဓမ္မတာ အရ နိမ့်တုံ မြင့်တုံ ရှိသည်မှာ မဆန်းပေ။ သို့သော် ပိဋကတ်တိုက် ယဉ်ကျေးမှုသည် အိမ်နိမ့်စံကာလတွင် ဆင်းရဲငြိုငြင်စွာဖြင့် အဓွန့်ရှည်ကြာ တည့်တံ့နေသည်မှာကား အတော်ပင် ဝမ်းနည်း ဖွယ်ကောင်းလှပါသည်။

ခေတ်ပြောင်းခေတ်လွဲ

အထက်တွင် ဆိုခဲ့သည့် ကျောက်ချပ်၊ ရွှေ၊ ငွေ၊ ကြေး၊ သတ္တုပြား၊ ပေရွက်၊ ထန်းရွက်တို့ ထက်တွင် အက္ခရာတင်၍ ခရီး ဆန့်ခဲ့သော မြန်မာစာပေ သတို့သမီးငယ်သည် ယခုအခါတွင် စက္ကူခေတ်ကို ကျော်လွှားပြီး သကာလ ဒစ်ဂျစ်တယ် နည်းပညာ လှိုင်းလုံးကြီးကို ခုန်စီး၍ ကူးမျောစ ပြုနေလေပြီ။ ခေတ်ပြောင်း ချိန်တွင် ကြိုတင်ပြင်ဆင်ခြင်း မပြုပါက လွဲမှားသော ခေတ်လွဲ ကြီးဖြင့် ကြုံရပေလိမ့်မည်။ သို့ဖြစ်၍ စာပေမြတ်နိုးသူတို့အနေ ဖြင့် မြန်မာစာပေ စဉ်ဆက်မပြတ် ပြန့်ပွားတိုးတက် ထွန်းကားစေ ရန် မိမိတို့ စွမ်းသမျှ လုံ့လအင်အား စိုက်ထုတ်၍ နည်းလမ်းများ စဉ်ဆက်မပြတ် ရှာဖွေပြီး ဒစ်ဂျစ်တယ် နည်းပညာ လှိုင်းလုံးကြီး၏ အရှိန်အဟုန်ကို ကောင်းမွန်စွာ အသုံးချနိုင်အောင် ဆောင်ရွက်ရ မည် ဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းပညာ ထွန်းကားသည့် မျက်မှောက်ခေတ် တွင် “လူငယ်များ စာမဖတ်ကြတော့”ဟူသည့် စကားကို ကြိမ် ဖန်များစွာ ကြားရပါ၏။ မည်သည့် အချက်အလက်ကို အခြေခံ၍ ဤကောက်ချက်ကို ချပါသနည်းဟု စောကြောဖွယ်ရာအကြောင်း ရှိသည်။ စာရေးသူအနေဖြင့်မူ လူငယ်များအကြားတွင် စာဖတ် ခြင်းဓလေ့ လျော့နည်းလာသည်ဟု မယူဆပါ။ စာပေအမျိုးအစား နှင့် စာပေဖတ်ရှုခြင်းကို ရှုမြင်ပုံ၊ အနက်ဖွင့်ဆိုချက် ကွဲလွဲခြင်း ကြောင့်  လူငယ်များ စာမဖတ်ကြတော့ဟူသည့် စိုးရိမ်မကင်း သည့် ထင်မြင်ချက် ထွက်ပေါ်လာသည်ဟု ယူဆမိပါသည်။

ခေတ်ပြိုင် စာဖတ်ဓလေ့

စင်စစ် မြို့ပြနေ နည်းပညာအသုံးပြုသူများ သာမက ကျေး လက်နေလူငယ်များအကြားတွင်ပါ စာဖတ်ခြင်းဓလေ့ စွဲမြဲစွာ တည်ရှိနေဆဲပင် ဖြစ်ပါသည်။ မည်သည့်စာပေအမျိုးအစားကို ဖတ်ရှုနေကြသနည်းဟူသည့် အချက်ကို ဆန်းစစ်ကြည့်ရာ လက် လှမ်းမီရာ စာတိုပေစများကို ဖတ်ရှုနေကြကြောင်း တွေ့ရပါသည်။ ဤသို့ဖြစ်ရသည်မှာ စာဖတ်သူတို့အနေဖြင့် ရွေးချယ်ခွင့် နည်းပါး နေခြင်းကြောင့် ဖြစ်ပါသည်။

သို့ဖြစ်၍ တိုးတက်နေသော နည်းပညာပြောင်းလဲမှုများကို အသုံးပြု၍ စာပေဖတ်ရှုမှု အလေ့အထနှင့် စာပေပြန့်ပွားရေးလုပ် ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်သော နည်းလမ်းများ ရှာဖွေရန် အလောတကြီး လိုအပ်နေပြီဖြစ်သည်။ ထိုသို့ ဆောင် ရွက်ရာတွင် မြန်မာနိုင်ငံ၏ ခေတ်မီနည်းပညာ အသုံးချနိုင်မှု၊ ဘဏ္ဍာရေးသုံးစွဲမှု အခြေအနေ စသည်တို့ကို ထည့်သွင်းစဉ်းစား ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး တိုးချဲ့ ပြင်ဆင်နိုင်စွမ်းရှိစေမည့် စနစ် တစ်ရပ်ကို တီထွင် ဖော်ထုတ်ရမည် ဖြစ်ပါသည်။

ဂါမဝါသ ဂဏိတ ပိဋကတ်တိုက် ခေတ်ပြောင်းတော်လှန်ရေး

ဒစ်ဂျစ်တယ်နည်းပညာ ထွန်းကားသည့်ခေတ်တွင် “ကိုယ့် အားကိုယ်ကိုး ရပ်ရွာအခြေပြု ဒစ်ဂျစ်တယ် စာအုပ်သိုက်”(Community Driven Book Repository) ဖန်တီး နိုင်လျှင် စာပေမြတ်နိုးသူတို့အတွက် ပိုမိုကောင်းမွန်သည့် ပတ် ဝန်းကျင်သစ်ကို ဖန်တီးနိုင်မည်ဖြစ်ပြီး ရွေးချယ်ခွင့် ပိုမိုများပြား လာမည်ဟု ယူဆမိပါသည်။ တိုးတက်နေသော နည်းပညာရပ်များ ကို လွယ်ကူရိုးစင်းအောင် ပြင်ဆင်လိုက်လျှင် နည်းပညာ အတန် အသင့် တတ်ကျွမ်းပြီး စာပေ မြတ်နိုးသူတို့ အနေဖြင့် “ကိုယ့်အား ကိုယ်ကိုး ရပ်ရွာအခြေပြု ဒစ်ဂျစ်တယ် စာအုပ်သိုက်”လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိပါသည်။

ဒစ်ဂျစ်တယ် စာအုပ်သိုက်ဟု ဆိုလျှင် နက်နဲသည့် နည်း ပညာရပ်ကို အသုံးချ၍ ခေတ်မီ အင်တာနက် စာကြည့်တိုက် ထူ ထောင်ခြင်းဟု ထင်ကောင်းထင်ကြပေလိမ့်မည်။ မဟုတ်ပါ။ နည်းပညာဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများမှ လူငယ်များ လွယ် လင့်တကူ အသုံးပြုနိုင်မည့် ကွန်ပျူတာနည်းပညာသုံး စာအုပ် သိုက်သာ ဖြစ်ပါသည်။ ရိုးရှင်းသော နည်းပညာရပ်များ အသုံးပြု ၍ အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက် (On-campus Access to Digital Book Repository Systerm)စနစ် တစ်ခု ကို အချိန်တိုအတွင်း တည်ထောင်ရန် နည်းလမ်းများ ရှိနှင့်ပြီးဖြစ် ပါသည်။

ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ

Internet Live State ၏ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ခန့်မှန်းလူဦးရေ ၅၃,၇၁၈,၉၅၈ ဦး အနက် အင်တာ နက်အသုံးပြုသူ လူဦးရေ ၆၂၄,၉၉၁ ဦး (၁ ဒသမ၂ ရာခိုင်နှုန်း) သာ ရှိသည်ဟု သိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အင်တာ နက်စာကြည့်တိုက် (Online Library) တည်ထောင်လျှင် လက် ငင်း အကျိုးသက်ရောက်မှု ရရှိမည် မဟုတ်ချေ။ ဥပမာအနေဖြင့် ပြ ဆိုရလျှင် Beyond Access  နှင့် Myanmar Book Aid and Preservation Foundation တို့ ပူးပေါင်း၍ ဆောင်ရွက်နေသည့်  Beyond Access Myanmar အင်တာနက်နည်းပညာ အသုံး ပြု စာကြည့်တိုက် (၅၅) ခု ပြုပြင်ရေးစီမံချက်သည် အလွန် ကောင်းမွန်သည့် စီမံချက် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ ကျေးလက်မြို့ပြကွာဟချက်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် အင်တာ နက် အသုံးပြုနိုင်စွမ်းကို ထည့်သွင်းစဉ်းစားလျှင် ထိုစီမံချက်သည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု နည်းပါးကြောင်း တွေ့ရှိရမည် ဖြစ်သည်။

သို့ဖြစ်၍ အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ပရ ဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် (On- campus Access to Digital Book Repository Systerm) တည်ထောင်ခြင်းကို လက်ရှိကာလတွင် ဦးစားပေး၍ ဆောင်ရွက် သင့်သည်ဟု ထင်မြင်မိပါသည်။ အင်တာနက်စာကြည့်တိုက် (Online Library) ကို လုံးလုံးလျားလျား ပစ်ပယ်ရမည်ဟု ဆို လိုခြင်း မဟုတ်ပါ။ အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ဒစ် ဂျစ်တယ်စာအုပ်သိုက်စနစ်ကို အခြေခံခိုင်မာအောင် ဆောင်ရွက် ပြီးမှ အင်တာနက်စာကြည့်တိုက်လုပ်ငန်းဖြင့် ချိတ်ဆက်ကာ လုပ်ငန်းနယ်ပယ် ချဲ့ထွင်သင့်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထို့ အပြင် အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက်လုပ်ငန်းနှင့် အင်တာ နက်စာကြည့်တိုက်လုပ်ငန်းကို တစ်ပြိုင်တည်း ပူးပေါင်းဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ရှိနေပါသည်။

မျက်မှောက် ကာလတွင် မြန်မာနိုင်ငံ၌ စမတ်ဖုန်း (Smart Phone)၊ တက်ဘလက် (Tablet)၊ လပ်တော့ကွန်ပျူတာ (Lap-top) အသုံးပြုသူဦးရေ တိုးတက်လာပြီ ဖြစ်ပါသည်။ သို့သော် လည်း ထိုခေတ်ပေါ် ဆက်သွယ်ရေးကိရိယာ အသုံးပြုသူတိုင်း အနေဖြင့် အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်ခြင်း မရှိသေးပါ။ သို့ဖြစ်၍ အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ဒစ်ဂျစ်တယ် စာအုပ်သိုက်လုပ်ငန်းကို ဆောင်ရွက်မှသာလျှင် အဆင်ပြေနိုင် မည်ဟု ထင်မြင်မိပါသည်။ အထူးသဖြင့် အင်တာနက်ချိတ်ဆက် ရန် မလိုအပ်သော ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက်စနစ်သည် အင်တာနက် မရရှိသော မြို့ငယ်များမှ စာဖတ်သူတို့ အတွက် သင့်လျော်မည့် နည်းစနစ် ဖြစ်ပါသည်။

ရရာလက်နက် မိုးကြိုးစက်

အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက် တည်ထောင်ရန် အရင်းအနှီး၊ နည်းပညာများစွာ မလိုအပ်ပါ။ ဝိုင်ယာလက် (Wireless) စနစ် ပါရှိသော ကွန်ပျူတာတစ်လုံး၊ Digitized လုပ် ပြီးသား စာအုပ်များ၊ စာကြည့်တိုက်ဆော့ဖ်ဝဲလ် (Library Management Application)၊ ကွန်ပျူတာ နည်းပညာအတန် အသင့် ကျွမ်းကျင်သူ၊ စာကြည့်တိုက်စီမံခန့်ခွဲရေး နည်းပညာ အခြေခံတတ်မြောက်သူ၊ လျှပ်စစ်မီး (Electricity) ရှိလျှင် အင် တာနက်ချိတ်ဆက်ရန် မလိုအပ်သော ကိုယ့်အားကိုယ်ကိုး ရပ်ရွာ အခြေပြု ဒစ်ဂျစ်တယ်စာအုပ်သိုက်ကို စတင်လည်ပတ်နိုင်မည် ဖြစ်ပါသည်။

လွတ်လပ်နည်းပညာ (Open Source Technology) ၏ အကျိုးကျေးဇူးကြောင့် စာကြည့်တိုက်ဆော့ဖ်ဝဲလ် (Library Management Application) များစွာကို အခမဲ့ ရယူသုံးစွဲနိုင် ခြင်းသည် ဒစ်ဂျစ်တယ်စာပေ ထွန်းကားရေးတွင် ကြီးမားသော ပြောင်းလဲမှု ဖြစ်သည်။ ဒစ်ဂျစ်တယ် စာအုပ်သိုက်လုပ်ငန်းတွင် D space (http://www.dspace.org)၊ Calibre (http://www.calibre-ebook.com)အစရှိသည့် အခမဲ့ လွတ်လပ်စွာ အသုံး ပြုနိုင်သော များကို အသုံးပြု၍ အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရဝဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက်ကို အသုံးပြုနိုင်ပါသည်။ (စကားချပ် D spcce နှင့် Calibre  မှာ စာရေးသူ အသုံးပြုဖူးသည့် Application များ ဖြစ်သဖြင့် ဤစာတမ်းတွင် ဥပမာအနေဖြင့် ပြဆို ခြင်းဖြစ်ပါသည်။ ထို့ထက် ပို၍ ကောင်းမွန်သော Application များ ရှိပါလိမ့်မည်။ နည်းပညာ Tutorial စာတမ်း မဟုတ်သဖြင့် Software အသုံးပြုခြင်းကို အသေးစိတ် ရေးသားမည်မဟုတ်ပါ။)

စိတ်ကူးကို မီးညှိခြင်း

အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက်လုပ်ငန်းကို စာပေ မြတ်နိုးသူတို့ စုပေါင်း၍ စမ်းသပ်စီမံချက်အနေဖြင့် စတင်ဆောင် ရွက်ကြည့်လျှင် သင့်လျော်ပါလိမ့်မည်။ ရှေးဦးစွာ လက်လှမ်းမီရာ မြန်မာစာအုပ် (eBooks) များကို စုစည်း၍ မျိုးတူစု ခွဲခြားခြင်း၊ စာရင်း ရေးသွင်းခြင်း စသည့် အခြေခံ စာကြည့်တိုက် စီမံခန့်ခွဲရေး လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထို့နောက်တွင် D space သို့မဟုတ် Calibre  အစရှိသည့် Library Software များ အနက်မှ အကောင်းဆုံး ဖြစ်မည်ဟု ယူဆရသော Application ကို ဝိုင်ယာလက် (Wireless) စနစ် ပါရှိသော ကွန်ပျူတာတွင် ထည့်သွင်းရမည် ဖြစ်သည်။ ကွန်ပျူ တာတွင် ထည့်သွင်းပြီးဖြစ်သည့် စာကြည့်တိုက်သုံး ဆော့ဖ်ဝဲလ် ကို အသုံးပြု၍ eBook များကို စနစ်တကျ ဖြည့်သွင်းရမည် ဖြစ်ပါ သည်။ ထို့နောက်တွင် ကွန်ပျူတာတွင် ထည့်သွင်းထားသည့် Local Web Server ကို အသုံးပြု၍ Wireless စနစ်ဖြင့် ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက်ကို အများသူငါ သုံးစွဲနိုင်စေရန် စတင် ထုတ်လွှင့် လည်ပတ်နိုင်ပြီ ဖြစ် ပါသည်။

ဆာဗာ အဖြစ် အသုံးပြုထားသော ကွန်ပျူတာဖြင့် Wire-less Sharing ထုတ်လွှင့် ပေးထားသမျှ ကာလပတ်လုံး စာဖတ် သူတို့ အနေဖြင့် ဖတ်ရှုလိုသည့် စာအုပ်ကို စမတ်ဖုန်း (Smart Phone)၊ တက်ဘလက် (Tablet)၊ လပ်တော့ကွန်ပျူတာ (Lap-top) အစရှိသည့် ခေတ်မီဆက်သွယ်ရေးကိရိယာများ အသုံးပြု၍ လွယ်လင့်တကူ ရှာဖွေနိုင်၊ ဖတ်ရှုနိုင်၊ သိမ်းဆည်းနိုင်မည် ဖြစ်ပါသည်။

အင်တာနက်စာကြည့်တိုက် မဟုတ်သဖြင့် အထက်ဖော်ပြ ပါ ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက်မှ စာအုပ်များ အချက်အလက်များကို Wireless ထုတ်လွှင့်မှု နယ် နိမိတ်ပြင်ပတွင် အသုံးပြုနိုင်မည် မဟုတ်ပါ။ သို့သော် Wireless ထုတ်လွှင့်မှု နယ်နိမိတ်အတွင်းတွင်မူ အသုံးပြုသူများအနေဖြင့် အီလက်ထရွန်းနစ် စာအုပ်များ (eBooks) ကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်ပါသည်။ အကယ်၍ စာပေသိုက်အသုံး ပြုမှုဆိုင်ရာ အချက်အလက်များကို ကောက်ယူလိုလျှင် သို့ မဟုတ် အသုံးပြုမှုပမာဏကို ကန့်သတ်လိုလျှင် မှတ်ပုံတင် (Registration) သို့မဟုတ် Password Protection စနစ်ကို အသုံးပြု၍ သင့်လျော်သလို စီမံနိုင်ပါသည်။

အကယ်၍ ဆန္ဒတူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ဦးတစ်ရပ်က အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက်စနစ်နှင့် ဖြည့်သွင်း ထားသော အချက်အလက်များကို ဆင့်ပွား၍ အသုံးပြုလိုလျှင် ဆာဗာတွင် သိမ်းဆည်းထားသည့် စာအုပ်များနှင့် အချက် အလက်များကို Export လုပ်ပြီး လွယ်လင့်တကူ မျှဝေနိုင်မည် ဖြစ်ပါသည်။ ထို့သို့ဆောင်ရွက်ရန် အလားတူ ပစ္စည်းကိရိယာများ လိုအပ်လိမ့်မည် ဖြစ်ပါသည်။ သို့သော် စာအုပ်စာရင်းသွင်းခြင်းကို ထပ်မံလုပ်ဆောင်ရန် လိုအပ်တော့မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ စွမ်းအင်နှင့် အချိန်ကို အကျိုးရှိစွာဖြင့် အသုံးချနိုင်မည် ဖြစ်ပြီး စာပေဖြန့်ချိရေးလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ကောင်းကျိုး ဆိုးပြစ်

စာရေးသူအနေဖြင့် ဤအင်တာနက် ချိတ်ဆက်ရန် မလို အပ်သော ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ် သိုက်လုပ်ငန်းကို လူငယ်များအနေဖြင့် ဦးစီး၍ တက္ကသိုလ် ကျောင်းများ၊ အထက်တန်းကျောင်းများတွင် ဆောင်ရွက်စေလို ပါသည်။ မြို့နယ်အသီးသီးမှ လူငယ်အဖွဲ့အစည်းများ ပေါင်းစည်း ၍ ချိတ်ဆက်ဆောင်ရွက်နိုင်လျှင် အကျိုးများပေလိမ့်မည်။ အထူး သဖြင့် အင်တာနက်စာကြည့်တိုက်လုပ်ငန်းများနှင့် ပူးပေါင်း၍ အချက်အလက်မျှဝေခြင်းကို ဆောင်ရွက်နိုင်လျှင်မူ အကောင်း ဆုံး ဖြစ်ပေလိမ့်မည်။

အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက်စနစ်တွင် အားသာ ချက်များ ရှိသကဲ့သို့ အားနည်းချက်များလည်း ရှိနိုင်ပါသည်။

အားသာချက်များမှာ…

(၁) ရှားပါးစာအုပ်များကို လွယ်လင့်တကူ သိမ်းဆည်း ဖြန့်ေ၀ နိုင်ခြင်း

(၂) ငွေကုန်ကြေးကျ သက်သာခြင်း

(၃) ပရိဘောဂ၊ နေရာဌာန မလိုအပ်ခြင်း

(၄) လွယ်လင့်တကူ ပြောင်းရွှေ့နိုင်ခြင်း

(၅) ရှားပါးစာအုပ်များကို ရေရှည် ထိန်းသိမ်းနိုင်ခြင်း

(၆) အချက်အလက်များကို လွယ်လင့်တကူ ရှာဖွေနိုင်ခြင်း

(၇) အလှည့်ကျ စောင့်ဆိုင်းရမှု ကင်းဝေးခြင်း

(၈) သဘာဝပတ်ဝန်းကျင်နှင့် စက္ကူအသုံးပြုမှုကို လျှော့ချနိုင်ခြင်း

(၉) အချက်အလက် မြောက်မြားစွာကို ကျစ်လျစ်စွာ သိုမှီးနိုင် ခြင်း စသည်တို့ ဖြစ်ပါသည်။

အားနည်းချက်များမှာ…

(၁) ကနဦး ရင်းနှီးမြှုပ်နှံမှုနှင့် အသုံးပြုရမည့် အီလက်ထရွန်းနစ် ဆက်သွယ်ရေးကိရိယာ ဈေးနှုန်းကြီးမြင့်ခြင်း

(၂) ဖွံ့ဖြိုးမှုနည်းပါးပြီး ခေတ်မီဆက်သွယ်ရေးကိရိယာများ သုံး စွဲနိုင်ခြင်း မရှိသော ဒေသများတွင် ဆောင်ရွက်နိုင်မှု မရှိခြင်း

(၃) စာအုပ်စာတမ်း မူပိုင်ခွင့်၊ ဆက်သွယ်ရေးဥပဒေများနှင့် ငြိ စွန်းနေခြင်း

(၄) အခြေခံကွန်ပျူတာ အသုံးပြုနိုင်စွမ်းရှိသူတို့သာ အသုံးပြု နိုင်ခြင်းစသည်တို့ ဖြစ်ပါသည်။

အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ပရဝဏ်အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်စာအုပ်သိုက်လုပ်ငန်းကို လက်တွေ့ ဆောင်ရွက်ကြည့်ပါမှ အားနည်းချက်၊ အားသာချက်များကို ထပ် မံသိရှိရမည် ဖြစ်ပါသည်။ တွေ့ရှိချက်များကို အခြေခံ၍ မြန်မာ နိုင်ငံစာကြည့်တိုက်များ ဖောင်ဒေရှင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်း များဖြင့် ပူးပေါင်းဆောင်ရွက်နိုင်လျှင် ရလဒ်ကောင်းများ ထွက် ပေါ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။

လျှောက်ရမည့် ခရီး၊ ထမ်းရမည့် တာဝန်

ဤ အင်တာနက်ချိတ်ဆက်ရန် မလိုအပ်သော ပရဝဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက်လုပ်ငန်းကို ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်ပါက တိမ်မြုပ်ပျောက် ကွယ်နေသော စာပေစာတမ်းများကို ကျွဲကူးရေပါဆိုသလို ရှာဖွေ ဖော်ထုတ်၍ အများပြည်သူ ဖတ်ရှုနိုင်အောင် စီမံနိုင်မည့် အခွင့် အလမ်းများလည်း ထွက်ပေါ်လာနိုင်ပါသည်။ ထို့သို့ဆောင်ရွက် ရန် လိုအပ်သော DIY(Do-it-yourself) Digitizer များကို လွယ်လင့်တကူ ရရှိနိုင်သည့် ပစ္စည်းများ ဖြစ်သော လက်ကိုင်ဖုန်း ကင်မရာ၊ အိမ်သုံး လျှပ်စစ်မီးသီး အစရှိသည့် ပစ္စည်းများဖြင့်ပင် ဖန်တီးနိုင်ပါသည်။

အထူးသဖြင့် ဒစ်ဂျစ်တယ်စာပေသိုက် လုပ်ဆောင်ခြင်းဖြင့် ပိဋကတ်တိုက် ယဉ်ကျေးမှုကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ရုံမျှ သာမက ခေတ်နှင့် အံဝင်ခွင်ကျဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင် မည် ဖြစ်ပါသည်။ ထို့အပြင် သုတေသနနှင့် အချက်အလက် စု ဆောင်းမှုလုပ်ငန်းများကို နိုင်ငံတော်အဆင့်တွင်သာမက ရပ် ရွာအဆင့်တွင်ပါ လူထုပူးပေါင်းပါဝင်မှုဖြင့် ကျယ်ပြန့်စွာဆောင် ရွက်နိုင်မည့် အခွင့်အရေးကောင်းများလည်း ပေါ်ထွက်လာနိုင် ပါသည်။

အပိုအဖျင်းမပါ လိုရင်းကိုသာဆိုရလျှင် ပိဋကတ်တိုက်ယဉ် ကျေးမှုတိုးတက်စေရန် ရှေးသူဟောင်းတို့ နည်းလမ်းကြံဆ၍ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့သည့် လုပ်ထုံးနည်းရပ်များကို ပြန် ပြောင်းဆင်ခြင်၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ရန် တာဝန်သည် ကျွနု်ပ်တို့၏ ပခုံးထက်သို့ တည့်တည့်ကြီး ကျရောက် နေလေပြီ။ တာဝန်ကို ထမ်းရန် အချိန်လည်း သင့်ချေပြီ။ မဟုတ် လျှင် မြန်မာစာပေအတွက် ပူဆာနောင်တရကြရပေလိမ့်မည်။ ကျွနု်ပ်တို့ ညံ့လျှင် နှောင်းလူတို့၏ အနာဂတ်လှမည် မဟုတ်ချေ။

ကျွနု်ပ်တို့ သွားရမည့် ခရီးကား ဝေး၏။ လမ်းပန်း မသာ၊ ကြမ်းလည်း ကြမ်းပေစွ။ ကျွနု်ပ်တို့တွင် ဉာဏ်သာလျှင် ယာဉ် အဖြစ် ရှိကုန်၏။ သို့သော် ပန်းတိုင်ကို အာရုံပြု၍ မဆုတ်မနစ် လျှောက်လျှင်မူ မချွတ်ဧကန် ရောက်ရမည် ဖြစ်ပေသည်။

ကိုးကား

(၁) ဦးဖေမောင်တင်၊ မြန်မာစာပေသမိုင်း

(၂) မောင်စွမ်းရည်၊ စာကြည့်တိုက် မရှိတော့တဲ့ ရန်ကုန်

(၃) ဝေဿန္တရာဇာတ်တော်ကြီး

(၄) ဇာတာတော်ပုံ ရာဇဝင်

(၅) အမျိုးသားစာကြည့်တိုက် –http://www.nlm.gov.mm

(၆) Beyond Access-http://beyondaccess.net/projects/Myanmar/

(၇) Internet Live Stats-http://www.internetlivestats.com

မှတ်ချက်။  ။ Software အသုံးပြုနည်းနှင့် စပ်လျဉ်း၍ သိရှိလိုပါလျှင် စာရေး သူ သိနားလည်သမျှကို ပြန်လည် မျှဝေပေးနိုင်ပါသည်။ အသေးစိတ်သိရှိလို ပါက maungnelynnaung@outlook.com သို့ စာရေးသား ဆက်သွယ် စုံစမ်းနိုင်ပါသည်။

[:en]မောင်ကျပ်ခိုး ရေးသည်။

(၅) အမျိုးသားစာကြည့်တိုက် -http://www.nlm.gov.mm

(၆) Beyond Access-http://beyondaccess.net/projects/Myanmar/

(၇) Internet Live Stats-http://www.internetlivestats.com

မှတ်ချက်။  ။ Software အသုံးပြုနည်းနှင့် စပ်လျဉ်း၍ သိရှိလိုပါလျှင် စာရေး သူ သိနားလည်သမျှကို ပြန်လည် မျှဝေပေးနိုင်ပါသည်။ အသေးစိတ်သိရှိလို ပါက maungnelynnaung@outlook.com သို့ စာရေးသား ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."