ရန်ကုန် – ၂၀၂၄ ဩဂုတ် ၇ (မော်ကွန်း) တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့ရွာတွေနဲ့ အရပ်သားတွေနေထိုင်တဲ့ဧရိယာတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေပြီး အဲဒီလိုတိုက်ခိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့လည်း တားဆီးပေးဖို့ ကြေညာချက်တစ်စောင်ကို ညီနောင်မဟာမိတ်သုံးဖွဲ့ (AA ၊ TNLA ၊ MNDAA) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ညီနောင်မဟာမိတ်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ လောက်ကိုင်၊ သန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်နဲ့ မြောက်ဦးမြို့တွေက ဈေး၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အဦ၊ တံတားနဲ့ မြို့၊ ရွာတွေကို တိုက်လေယာဉ်တွေအသုံးပြုပြီး ဖျက်အားပြင်းဗုံးတွေကြဲချကာ အရပ်သားတွေရှိရာကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ယခုလ ၅ ရက်မှာ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး […]
ရန်ကုန် – ၂၀၂၄ ဩဂုတ် ၆ (မော်ကွန်း) ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် အရှေ့ပိုင်းက ကျေးရွာတွေမှာ အခုရက်ပိုင်းမှာ တိုက်ပွဲတွေပြန်လည်ဖြစ်နေတာကြောင့် ဒေသခံတွေ တစ်ကျော့ပြန် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ လွယ်ထွယ်၊ လွယ်သောင် အစရှိတဲ့ကျေးရွာတွေမှာ မနေ့ကစပြီးတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့နဲ့ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ အနီးတစ်ဝိုက်က ကျေးရွာ လေးရွာထက်မနည်းက ဒေသခံတွေ ရာနဲ့ချီကာ တောတောင်တွေနဲ့ စစ်ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရတာပါ။ “အခုပြေးနေရတဲ့ရွာတွေ အရင်ကလည်း စစ်ရှောင်ထားရတဲ့ရွာတွေ၊ အခုသူတို့ပြန်နေတာ သိပ်မကြာသေးဘူး။ ပြန်ပြေးရပြန်တာ” လို့ အဲဒီအခြေအနေကိုသိတဲ့ ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ ယခုလ ၃ ရက်နေ့ကစပြီး […]
ကော်သူးလေ – ၂၀၂၄ ဩဂုတ် ၅ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်မှုတွေဆက်တိုက်ရင်ဆိုင်နေရပြီး နေပြည်တော်မှာပဲ ကျန်ခဲ့တော့မယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ ပြောခွင့်ရ ပဒိုစောတောနီးက မော်ကွန်းကို ပြောပါတယ်။ “ဒီကနေ့မှာတော့ စကစ ဟာ နေပြည်တော်အနီးအနားတဝိုက်ကလွဲလို့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေရှိတဲ့နယ်မြေတွေထဲကို ဘယ်ကိုမှမရောက်နိုင်တော့ပါဘူး”လို့ ပဒိုစောတောနီးကပြောပါတယ်။ တရုတ်ကြားဝင်စေ့စပ်မှုနဲ့ ဟိုင်ဂင်သဘောတူညီချက်အရ ခေတ္တရပ်နားသွားတဲ့ ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ဇွန် ၂၅ မှာပြန်လည်အသက်ဝင်လာပြီး ရခိုင်စစ်ဒေသနဲ့ ရှမ်းမြောက်စစ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်စခန်းတွေ၊ မြို့တွေလည်း သိမ်းပိုက်ခံခဲ့ရပါတယ်။ အခုလ ၃ ရက်မှာတော့ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်အဖွဲ့တွေထဲက ကိုးကန့်တပ်ဖွဲ့(MNDAA)က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တိုင်းမှူးနဲ့ အဆင့်မြင့်အရာရှိတွေကိုပါ ဖမ်းမိခဲ့ပါတယ်။ […]
လားရှိုး – ၂၀၂၄ ဩဂုတ် ၄ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျရှုံးခြင်းကို အားရနှစ်သက်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က ဒီကနေ့ကြေညာလိုက်ပါတယ်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မနေ့က လားရှိုးမြို့မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ တော်လှန်ရေးကာလမှာ ပထမဆုံး အာဏာသိမ်းစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကို အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်လည်းဖြစ်ပါတယ်။ ဒီနေ့ ထုတ်ပြန်ကြေညာတဲ့အထဲမှာပါတဲ့ ကေအဲန်ယူရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ တော်လှန်ရေးဟာ တစ်ဦးတစ်ဖွဲ့နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘဲ အားလုံးနဲ့သက်ဆိုင်တယ်လို့ မော်ကွန်းကိုပြောပါတယ်။ “ကိုယ်ကြိုက်ရာနေရာကနေပြီးတော့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ အခက်အခဲဘယ်လောက်၊ အကျပ်အတည်းဘယ်လောက်ပဲရှိကြပါစေ၊ ရုန်းကန်တိုက်ပွဲဝင်နေကြတယ်ဆိုတာက အဓိကအကျဆုံးအချက်ကတော့ ကျွန်တော်တို့ ဒီနိုင်ငံကို ဒီအုပ်ချုပ်သူပြောင်းလဲမှုမဟုတ်ဘဲနဲ့ ဒီစနစ် တစ်ခုပြောင်းလဲဖို့လုပ်နေတယ်ဆိုတာ၊ ကျွန်တော်တို့မြောက်ပိုင်းမှာပဲနေနေ၊ […]
ရေး – ၂၀၂၄ ဩဂုတ် ၄ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံအုပ်စု၊ နှင်းစုံကျေးရွာမှာ ကင်းလှည့်နေတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို ကေအဲန်ယူက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်ရွာလုံးနီးပါး စစ်ရှောင်နေရတယ်လို့ ဒေသခံကပြောပါတယ်။ အခုလ ၁ ရက်က နှင်းစုံအုပ်စု၊ နှင်းစုံကျေးရွာမှာ DKBA အဖွဲ့ဘက်က ဗိုလ်ထွန်းရီအဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ဘက်က စကခ (၁၉)လက်အောက်ခံ ၃၄၃တပ်တို့ ပူးပေါင်းကင်းလှည့်နေချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း ၂၇၊ တပ်ခွဲ ၃က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံကပြောပါတယ်။ တိုက်ပွဲပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်တာကြောင့် နှင်းစုံရွာသားတွေစိုးရိမ်ကြောက်ကြပြီး မနေရဲတော့ဘဲ တစ်ရွာလုံးနီးပါး စစ်ရှောင်နေရတယ်လို့ နယ်ခံကပြောပါတယ်။ “ တိုက်ပွဲကြီးကြီးမားမားမဟုတ်ဘူး။ ရွာထဲဖြစ်တာဆိုတော့ အရမ်းကြောက်ကြတာပေါ့။ အိမ်တွေ […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၃၁ (မော်ကွန်း) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမြို့နယ်တွေမှာ အခုရက်ပိုင်း ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် အနိမ့်ပိုင်းရပ်ကွက်အများအပြား ဒီနေ့ထိ ရေကြီးရေလျှံနေပြီး အိမ်ထောင်စုရာနဲ့ချီကာ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့က ပြောပါတယ်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က ၅၃၊ ၅၄၊ ၅၅၊ ၇၀၊ ၇၁ ရပ်ကွက်တွေနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက ၁၂၊ ၁၃၊ ၁၃၃ အစရှိတဲ့ ရပ်ကွက်တွေမှာ ရပ်ကွက်တစ်ခုလုံးနီးပါး လမ်းပေါ်တွေအပြင် နေအိမ်တွေအထိ ရေဝင်ကာ နစ်မြုပ်နေတာပါ။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာဆိုရင် နေအိမ်တွေထဲထိ ရေတွေတက်နေတာကြောင့် အိမ်ထောင်စု ၃၀၀ ကျော်ခန့်ဟာ နီးစပ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ အဲဒီမြို့နယ်မှာ ရေဘေးအတွက် ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။ ဒါ့ပြင် အရှေ့ဒဂုံမြို့နယ်က […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၃၀ (မော်ကွန်း) အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ဈေးနှုန်းတွေ စံချိန်တင်အမြင့်ဆုံးတက်သွားပြီး ပြည်ပကနေတင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာ ဆက်လက်မြင့်တက်လာဖွယ်ရှိတယ်လို့ ပြည်ပသွင်းကုန်ပစ္စည်းတွေ ရောင်းချနေသူတချို့ကပြောပါတယ်။ ဒီနေ့မှာ အမေရိကန်ဒေါ်လာဈေးဟာ ပြင်ပမှောင်ခို ဝယ်ရောင်းဈေးကွက်ထဲမှာ တစ်ဒေါ်လာကို ၅,၃၀၀ ကျပ်ထိ ပေါက်ဈေးဖြစ်နေပြီး ထိုင်းဘတ်တစ်ဘတ်ဟာ မြန်မာငွေ ၁၄၇ ကျပ် ဝန်းကျင်ထိ မြင့်တက်သွားတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။ လက်ရှိတက်ခဲ့တဲ့ ဒေါ်လာဈေးနဲ့ထိုင်းဘတ်ဈေးဟာ တက်ခဲ့ဖူးသမျှဈေးတွေရဲ့ အမြင့်ဆုံးစံချိန်ကို ကျော်လွန်သွားပြီဖြစ်ပြီး အရောင်းအဝယ်တွေလည်း ရပ်တန့်နေတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ထိုင်းဘတ်လဲလှယ်နှုန်းက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ထဲက တစ်ဘတ်ကို ၁၄၀ ကျပ် ကို စတင်ရောက်ရှိခဲ့ပြီး အခု အမြင့်ဆုံး ၁၅၀ ဝန်းကျင်ထိ ကပ်လာကာ မြန်မာငွေ […]
ပဲခူး-၂၀၂၄ ဇူလိုင် ၃၀ (မော်ကွန်း) ပဲခူးမြို့ပေါ်မှာ မြစ်ရေဆက်တက်နေတဲ့အပြင် မိုးလည်းဆက်လက်ရွာသွန်းနေတာကြောင့် ရေဆက်တက်နေလို့ ဒေသခံတွေကို ရွှေ့ပြောင်းတာတွေလုပ်ဆောင်နေသလို ရေဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေအကူအညီတွေလိုအပ်နေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ “ရေကတော့ ဆက်တက်နေတုန်းပဲ။ အခုလောလောဆယ် မဟာမြိုင်မှာလည်း ဆက်တက်နေတာ တဖြည်းဖြည်းနဲ့။ လမ်းကြားတွေထဲမှာတော့ ရင်ဆို့လောက်ထိရောက်ကုန်ပြီ။ အတွင်းပိုင်းတွေမှာဆို လူတစ်ရပ်မြုပ်တယ်” လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက်အစောပိုင်းကတော့ ပဲခူးမြို့ပေါ်က ဘုရားလမ်း၊ မဂ္ဂတစ်လမ်းနဲ့ မှော်ကန်စတဲ့နေရာတွေဘက်မှာ ရေအနည်းငယ်ပြန်ကျပေမယ့် နေ့လယ်ပိုင်းမှာ မိုးပြန်ရွာနေတာကြောင့် ရေထပ်တက်မှာ စိုးရိမ်နေရတယ်လို့ ပဲခူးမြို့ခံတွေကပြောပါတယ်။ “မိုးကလည်း အခုရွာနေတာပဲ။ မိုးအရမ်းရွာရင်တော့ သတိထားရမယ်။ မြို့ထဲက တချို့နေရာတွေဆို ရေကပေါင်လောက်ရှိတယ်။ ပဲခူးအထွက်က ကလိရွာဘက်မှာဆို တစ်ရွာလုံးရေမြုပ်နေတယ်။ စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ […]
ရန်ကုန်-၂၀၂၄ ဇူလိုင် ၂၉ (မော်ကွန်း) ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ထဲမှာ မြစ်ရေမြင့်တက်တာ၊ မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် ကျေးရွာတွေ ရေနစ်မြုပ်နေသလို ရေဘေးသင့်သူတွေအတွက် ရေနဲ့စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ တိုက်ကြီးမြို့နယ်ထဲကကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မြစ်ရေတိုးလို့ ရေနစ်မြုပ်နေတာဖြစ်ပြီး အခုလည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ရေဆက်တက်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဌ ကိုထွန်းမြတ်က ပြောပါတယ်။ “ရေကတော့ တက်တုန်းဗျ။ မကျမှမကျသေးတာ။ ထပ်တိုးနေတာ။ ရွာတွေကနေ အကိုတို့ကယ်ထုတ်နေတာ။ အခုက အဖျောက်သွားတဲ့ လမ်းရေမြုပ်နေပြီ။ အဲဒီမှာလည်းအကိုတို့ ကမ့်တွေထပ်ထိုးတာတယ်။ ကားလမ်းပေါ်ရေကျော်သွားပြီ။ ကားလမ်းကအမြင့်ပိုင်းဖြစ်တဲ့အတွက် အဲဒီလမ်းရေကျော်သွားပြီ။ အဲဒီလမ်းကနေ ကားမောင်းသွားရင် (အိမ်)ခေါင်မိုးလေးတွေပဲတွေ့ရတယ်” လို့ သူကပြောပါတယ်။ တိုက်ကြီးမြို့နယ်ထဲက ကျေးရွာ ၁၂ ရွာကျော် ရေနစ်မြုပ်နေပြီး အမြင့်ပိုင်းက ကျေးရွာတွေအထိပါ ရေဆက်တက်နေလို့ ဒေသခံတွေကို […]
ဘားအံ- ၂၀၂၄ ဇူလိုင် ၂၉ (မော်ကွန်း) ကရင်ပြည်နယ်မြို့တော်၊ ဘားအံမှာ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ခြောက်ပေကျော်အထိ ရောက်နေပြီး နောက် ၂၄ နာရီအတွင်းမှာ ရေထပ်မြုပ်နေဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပြီး မြို့ခံတွေကလည်း ရေမြုပ်နေဆဲပဲလို့ ဒီနေ့လယ်မှာပြောပါတယ်။ သံလွင်မြစ်ရေလွှမ်းမှုကြောင့် ကားလမ်းတွေရေကျော်နေသလို ခရီးသည်ယာဉ်လိုင်းတွေလည်း ယာယီပိတ်ထားရဆဲလို့ ဘားအံမြို့ခံတချို့က ပြောပါတယ်။ “ အနိမ့်ပိုင်းတွေက အခုထိမြုပ်နေဆဲပဲ။ ရွှေဖားစည်အိမ်ရာတို့၊ ကမ်းနားလမ်းတို့၊ ဘားအံတံတားနားတို့မှာ အကုန်မြုပ်နေတာ။ ရေက နည်းနည်းပြန်ကျနေသလို ရှိပေမယ့် တချို့ ရပ်ကွက်တွေမှာ လက်တဖောင်လောက်အထိ မြုပ်နေတုန်းပဲ။ ရွာတွေမှာလည်း မြုပ်နေကြတယ်။ သွားတော့ မကြည့်နိုင်တော့ဘူး” လို့ ဘားအံမြို့ခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ဒီနှစ် ရေလွှမ်းမှုဟာ ၂၀၁၈ တုန်းက ကြုံရတာထက် ပိုဆိုးနေပြီး […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၉ (မော်ကွန်း) လူဦးရေသောင်းနဲ့ချီကာ ရေဘေးသင့်ပြီး ရေကြီးနစ်မြုပ်နေတဲ့ ပဲခူးမြို့မှာ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်သေးတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။ လက်ရှိ ပဲခူးမြို့အတွင်းက ကျေးရွာနဲ့ ရပ်ကွက်ပေါင်း ၃၀ ကျော်ဟာ ရေဝင်နစ်မြုပ်နေပြီး လူဦးရေ နှစ်သောင်းကျော်ထိ နေရာရွှေ့ပြောင်းထားရကာ ကယ်ဆယ်ရေးစခန်းပေါင်း ၂၇ ခုထိ ဖွင့်လှစ်ထားရတယ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်းအရပ်မှာ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။ လက်ရှိ ဇိုင်းဂနိုင်းတောင်ပိုင်းက ဖောင်တော်ဦးကျောင်းတိုက်က ကယ်ဆယ်ရေးစခန်းမှာ ရေဘေးရှောင်လာတဲ့ လူဦးရေ ၁,၀၀၀ ကျော် ရောက်ရှိနေတယ်လို့ အဲဒီ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူက ပြောပါတယ်။ ယခုလ ၂၆ ရက်ကစပြီး မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် […]
ရန်ကုန်-၂၀၂၄ ဇူလိုင် ၂၇ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဒီနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် လမ်းမကြီးတွေပေါ်မှာ ရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။ “နှစ်ရက်ရှိပြီ၊ ညလုံးပေါက် မိုးတွေရွာတာ။ ဒီနေ့မနက်ဆို မြန်မာ့ဂုဏ်ရည်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်နားရေလျှံနေတာ ဒူးအထိမြုပ်တယ်”လို့ မင်္လာတောင်ညွန့်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်အပြင် တာမွေ၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေထဲက နေရာတချို့မှာလည်း မိုးများလို့ ရေလျှံမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “တစ်ညလုံးမိုးကောင်းလို့ အိမ်ထဲတောင်ရေတွေဝင်နေပြီ” လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကလည်းပြောပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်အရ ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာ ဒီနေ့ညနေအထိ နေရာကွက်ပြီး မိုးကြီးနိုင်သလို နောက်နှစ်ရက်အတွင်း မိုးအသင့်အတင့် ထစ်ချုန်းရွာမယ်လို့ ဆိုထားပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ မြစ်ရေတက်နေလို့ လူဦးရေတစ်ထောင်ဝန်းကျင် ရေဘေးဒုက္ခကြုံနေရသလို မနေ့ကလည်း ကွမ်းခြံကုန်းမြို့နယ်ထဲမှာ လေဆင်နှာမောင်းတိုက်လို့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."