ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးက စစ်ဆင်ရေးကိုရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ထားပေမယ့် လားရှိုးမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဒေသခံအများအပြား မြို့ကိုဆက်လက်စွန့်ခွါနေတယ်လို့ လားရှိုးဒေသခံတချို့က ပြောပါတယ်။ လားရှိုးမြို့အထွက် မယ်ဟန်ကျေးရွာအနီးမှာ မနေ့ကနေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲဖြစ်နေတဲ့နေရာဟာ လားရှိုးမြို့အဝင် ခုနစ်မိုင်အကွာမှာရှိပြီး မြို့အဝင်စစ်ဆေးရေးဂိတ်လည်းရှိတဲ့ မယ်ဟန်ကျေးရွာအနီးတစ်ဝိုက်ကို MNDAA တပ်တွေက ထိန်းချုပ်ထားတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။ မြောက်ပိုင်းညီနောင်အဖွဲ့တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ဟာ ရှမ်းမြောက်ဒေသမှာ ယခုလ ၁၄ ရက်ကနေ ၁၈ ရက်နေ့ထိ ယာယီအပစ်ရပ်တယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ဒီလို အပစ်ရပ်ကြေညာထားတဲ့ ကာလအတွင်းမှာပဲ လားရှိုးမြို့ပေါ်ကို လက်နက်ကြီးကျရောက်တာတွေ […]
မုံရွာ-၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ ညပိုင်းတွေမှာ လူငယ်ယောက်ျားလေးတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ညနေ ၆ နာရီဝန်းကျင်ကစလို့ မြို့တွင်းက ရပ်ကွက်တွေထဲကို အိမ်စီးကား၊ စစ်ကားတွေအသုံးပြုပြီးကင်းပတ်ရင်း တွေ့တဲ့လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်နေတာလို့ စစ်သားသစ်စုဆောင်းခံခဲ့ရတဲ့ ကန်သာဦးရပ်ကွက်ထဲက လူငယ်တစ်ဦးရဲ့မိခင်က ပြောပါတယ်။ “သူ့ဟာသူ အလုပ်ကပြန်လာပြီး အိမ်ရှေ့မှာထိုင်နေတာ။ အဲဒီအချိန် အိမ်စီးကားလေးစီးနဲ့ စစ်သားတွေရောက်လာပြီး ဖမ်းခေါ်ကားပေါ်တင်သွားတာ။ ကျွန်မသားကို ဘာလို့ဖမ်းတာလဲမေးတော့ လျှာမရှည်နဲ့လို့ပြောပြီး အိမ်ထဲပြန်ဝင်ခိုင်းတာ၊ ရိုက်တော့မရိုက်ဘူး။ သူတို့ဖမ်းသွားပြီး နောက်ရက်ကျအမှတ်(၁) ရဲစခန်းလိုက်မေးတော့ ရှမ်းပြည်က စစ်သင်တန်းကျောင်းကို ဒီနေ့(၁၆ရက်နေ့) လေယာဉ်နဲ့ပို့တော့မှာလို့ ပြန်ပြောတယ်။ (သားဖြစ်သူ)သူနဲ့အဆက်အသွယ်တောင်မရဘူး”လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ မုံရွာမြို့ပေါ်က ကန်သာဦး၊ အောင်ချမ်းသာ၊ ကွေ့ကြီး၊ […]
မုံရွာ-၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်းအတွင်းက မုံရွာ-မန္တလေးကားလမ်းမပေါ်က စစ်ကောင်စီတပ်သားတွေဟာ ခရီးသည်တင်ယာဉ်တွေကို တားဆီးပြီး သူတို့သွားချင်တဲ့နေရာတွေအထိ ကားတစ်စီးကို အနည်းဆုံးလူနှစ်ဦးကနေ အများဆုံး ၁၅ ဦးအထိ လိုက်ပါလေ့ရှိတယ်လို့ နေ့စဉ်ကြုံနေရတဲ့ကားသမားတွေနဲ့ ခရီးသည်တွေက မော်ကွန်းကိုပြောပါတယ်။ “သူတို့ဂိတ်တွေမှာ လာသမျှကားတိုင်းတားပြီး တက်လိုက်တယ်၊ ပြီးတော့ သူတို့ဆင်းချင်တဲ့နေရာအထိ မောင်းပေးနေရတာ။ အမြဲတမ်းကြုံနေရတာပဲ။ သူတို့ကားတွေနဲ့ လုံးဝမသွားဘူး။ သူတို့ကားတွေကိုကျ ရပ်ထားတယ်” လို့ မုံရွာ-မန္တလေးကားလမ်းပေါ်မှာ နေ့စဉ်သွားလာနေရတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့အသုံးပြုတဲ့ ယာဉ်တွေဟာ မကြာခဏမိုင်းဆွဲခံရတာ၊ ပစ်ခတ်တိုက်ခိုက်ခံရတာတွေ ကြုံနေရတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားကားတွေကို အကာအကွယ်ယူပြီး အသုံးပြုနေတာလို့ ကားသမားတွေက ပြောပါတယ်။ “တနေ့က အလ္လကပ္ပ(ရွာ)အကျော်က ဂိတ်ရောက်တော့ ကျွန်တော်တို့စီးလာတဲ့ကားကော တခြားကားတွေကောတားပြီး ချောင်းဦးက သူတို့ပစ်ခံရတဲ့ […]
ရန်ကုန်-၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း) လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ပြုလုပ်မယ့် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန်မြို့၊ ဝန်ကြီးများရုံးပတ်လည်မှာလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာ ဖြတ်သန်းသွားလာသူတချို့ကို ဖမ်းဆီးစစ်ဆေးတဲ့အပြင် ဖုန်းတွေပါသိမ်းဆည်းတာတွေလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ “မနေ့ကညနေက သူတို့ဘန်ကာရှေ့ကနေ ကောင်လေးတစ်ယောက်က ဖြတ်လျှောက်သွားတာ။ လှမ်းခေါ်တော့ အဲဒီကောင်လေးကကြောက်ပြီးထွက်ပြေးလို့ လိုက်ဖမ်းတာမိသွားတယ်။ ရိုက်နှက်ပြီး စစ်ကားနဲ့ ဖမ်းခေါ်သွားတယ်။ နောက်တစ်ယောက်ကျ အိုင်ဖုန်းကိုင်တာတွေ့လို့ အဲဒီဂိတ်ကနေ ဖုန်းယူစစ်ပြီး ဖုန်းကိုသိမ်းသွားတာ။ သိမ်းခံရတဲ့ကောင်လေးက လူကြီးတွေခေါ်ပြီးလာပြန်တောင်းတော့ မရှိတော့ဘူးဆိုပြီး ပြန်မပေးဘူး” လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ဝန်ကြီးများရုံးပတ်လည်က လမ်းထောင့်တွေမှာ အခုရက်ပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက သဲအိတ်တွေကာပြီး ဘန်ကာတွေပြုလုပ်ကာ လုံခြုံရေးယူထားတာပါ။ အဲဒီအပြင် ရန်ကုန်မြို့တွင်းနေရာအနှံ့မှာလည်း အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူထားသလို အိမ်စီးကားတွေနဲ့လည်း စစ်ကောင်စီတပ်သားတွေက နေ့စဉ်ကင်းလှည့်နေပါတယ်။ […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၅ (မော်ကွန်း) MNDAA ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ကလောက်ကိုင်မြို့ကို စစ်ကောင်စီက မနေ့မနက်အစောပိုင်းက ဗုံးကြဲတိုက်ခိုက်ပြီးနောက် လောက်ကိုင်မြို့မှာ လေကြောင်းသတိပေးချက်ထုတ်ပြန်ထားပြီး နယ်စပ်ဂိတ်တွေကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် MNDAA ဟာ ရှမ်းမြောက်က တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ထိုးစစ်ဆင်နေစဉ်မှာပဲ စစ်ကောင်စီဟာ လောက်ကိုင်မြို့ကို ရုတ်တရတ်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီက လောက်ကိုင်မြို့ကို လေကြောင်းကနေ အချိန်ယူထောက်လှမ်းခဲ့ပြီး မနေ့က မနက်အစောပိုင်း ၂ နာရီခန့်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ The Kokang သတင်းထုတ်ပြန်ရေး စာမျက်နှာမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ထဲက Rainbow တံတားအနီးမှာရှိတဲ့ Royal Lever […]
ကျုံဒိုး – ၂၀၂၄ ဇူလိုင် ၁၃ (မော်ကွန်း) ကေအဲန်ယူ၊ တပ်မဟာ ၆၊ ကျုံဒိုးမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်အစပ် ချောင်းနှစ်ခွ၊ ရေပူ-ကော့စပ်ရွာတွေက စစ်ရှောင်တွေကို ကူညီဖို့လာတဲ့ ကြက်ခြေနီယာဉ်တန်းတွေကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ခွင့်မပြုလို့ ဖားဘောင်ဂူအနီးမှာ ဒီနေ့လယ်ပိုင်းက ပြန်လှည့်သွားရတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။ မွန်ပြည်နယ်ကြက်ခြေနီဥက္ကဌ၊ အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့မှူးတွေ ဦးဆောင်လာတဲ့ ကြက်ခြေနီယာဉ်တန်းမှာ Double Cab နှစ်စီး၊ Faw ကား ရှစ်စီးပါဝင်ပြီး ဆန်အိတ် ၁,၆၀၀ ကျော်၊ ဆီ၊ ဆား၊ ပဲ ပါဝင်တဲ့ ပုံး ၁,၆၀၀ ကျော်၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေလည်းပါဝင်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ မှတ်တမ်းထဲမှာတော့ ဒီပစ္စည်းတွေဟာ အာဆီယံ ၁၀ နိုင်ငံက စစ်ရှောင်တွေကို ကူညီဖို့ပေးထားတဲ့ ပစ္စည်းတွေလို့ […]
ဒေါန – ၂၀၂၄ ဇူလိုင် ၁၂ (မော်ကွန်း) ကော်သူးလေဒေသ၊ ကေအဲန်ယူတပ်မဟာ ၆၊ ဒေါနတောင်တန်းပေါ်က မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ ဖြစ်ပါတယ်။ အဝေးပြေးလမ်းမကြီးတွေကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတာကြောင့် အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အဲဒီလမ်းမတွေကိုဗဟိုပြုပြီး တိုက်ပွဲတွေဖြစ်ပွားနေဆဲပါ။ ကော့ကရိတ်မြို့ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁ ရက်မှာ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် မကြာခင်မှာပဲ အာဏာသိမ်းစစ်တပ်ကို ပြန်ပေးလိုက်ရပါတယ်။ တောတွင်းရွာတွေရဲ့ စားနပ်ရိက္ခာ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေဟာ တိုက်ပွဲတွေအပေါ် မူတည်တာကြောင့် လမ်းတွေ ပိတ်ကုန်တဲ့အခါ တောလမ်းတွေကိုပဲ ရွေးချယ်ကြရတာဖြစ်ပါတယ်။ အခုလည်း ဒေါနတောင်တကျောက လမ်းတွေဟာ နွေရာသီမှာ သွားလာလို့ရပေမယ့် မိုးတွင်းမှာတော့ ပျက်စီးကုန်ပါတယ်။ ဒါပေမဲ့လည်း ရွေးချယ်စရာမရှိတာကြောင့် ဒီလမ်းကိုပဲ အသုံးပြုသွားလာကြရတာဖြစ်ကာ မိုးကြီးရင်၊ […]
ဝင်းရေး – ၂၀၂၄ ဇူလိုင် ၁၂ (မော်ကွန်း) ကေအဲန်ယူ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ ရွာပြန်ရင် စစ်တပ်က ပစ်သတ်မှာစိုးလို့ မပြန်ရဲကြဘဲဖြစ်နေကြပါတယ်။ အခုနှစ် မတ်လတုန်းက အာဏာသိမ်းစစ်တပ်ရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်(မော်လမြိုင်၊ရတခ) တိုက်ရိုက်ကွပ်ကဲနေတဲ့ ဝင်းရေးမြို့နယ်၊ အနန်းကွင်းရွာက ဗျူဟာစခန်းကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အနန်းကွင်းအပါအဝင် အနီးအနားကရွာတွေက ပြည်သူတွေဟာ စစ်ရှောင်နေကြရပြီး အနန်းကွင်းရွာ စစ်ရှောင်တွေဆို ပြန်ရင် ပစ်သတ်ခံရမှာစိုးတာကြောင့် မပြန်ရဲကြဘူးလို့ မော်ကွန်းကိုပြောပါတယ်။ “ပြန်လာတဲ့ရွာသားတွေ သတ်ခံထိတာရှိတယ်၊ ပစ်သတ်ခံရပြီးကတည်း မပြန်ကြတော့ဘူးလို့” အနန်းကွင်းရွာသားတစ်ဦးက ပြောပါတယ်။ အနန်းကွင်းရွာ အာဏာသိမ်းစစ်တပ်၊ ဗျူဟာကုန်းစခန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခံနေရပေမယ့် အခုထိတော့ စခန်းမကျတသေးပါဘူး။ ရွာထဲမှာ စစ်သားတွေဟာ […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၁ (မော်ကွန်း) ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားထုတ်ယူတာကို ကန့်သတ်မှုတွေပြုလုပ်လာပြီးနောက် Kpay နဲ့ Wave money အွန်လိုင်းငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကလည်း ငွေကြေးထုတ်ယူမှုတွေကို ကန့်သတ်လိုက်တယ်လို့ အဲဒီ့လုပ်ငန်းလုပ်ကိုင်သူတချို့က ပြောပါတယ်။ လက်ရှိမှာ Kpay ၊ Wave money စင်တာတွေနဲ့ ကိုယ်စားလှယ်ဆိုင်တွေမှာ ငွေသားထုတ်ပေးတာကို လူဦးရေ ကန့်သတ်ချက်နဲ့ပဲ ထုတ်ပေးတော့တယ်လို့ အဲဒီဝန်ဆောင်မှုတွေကိုအသုံးပြုနေတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဒါ့ပြင် မနေ့စပြီးတော့ Kpay စင်တာတွေမှာ ငွေသားထုတ်ယူရာမှာ တစ်ရက်ကို လူဦးရေ ၅၀ ၊ တစ်ဦးကို ငွေကျပ် သိန်း ၂၀ ထိပဲ အများဆုံးထုတ်ပေးတော့တယ်လို့ Kpay ကိုယ်စားလှယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “အခုက ဆန်လိုမျိုးပဲ၊ ဂယောက်ဂယက်ဖြစ်စဉ်တွေကြားလာတော့ သူတို့ လူဦးရေကိုကန့်သတ်လိုက်တယ်။ […]
မိုးကုတ် – ၂၀၂၄ ဇူလိုင် ၁၀ (မော်ကွန်း) ဇွန် ၂၅ ရက်စတင်ခဲ့တဲ့ မိုးကုတ်မြို့တိုက်ပွဲတွေဟာ ဒီနေ့ဆိုရင် ၁၆ ရက်ရှိလာပြီဖြစ်ပါတယ်။ ဒီနေ့ နံနက်ပိုင်း မြို့အရှေ့ပိုင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ငြိမ်နေတာကြောင့် ဒေသခံတချို့ သွားလာလှုပ်ရှားမှုတွေရှိပေမယ့် မြို့ကတော့ တိတ်ဆိတ်ငြိမ်သက်နေတုန်းပဲလို့ မြို့ခံတွေကပြောပါတယ်။ မိုးကုတ်မြို့တွင်းမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်က မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ စည်ပင်သာယာ၊ အောင်နန်း၊ မင်းတံတားရပ်ကွက်တွေပေါ်ကို ကျရောက်ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိတာလည်းရှိတယ်လို့ မြို့ခံတွေကပြာပါတယ်။ မိုးကုတ်မြို့မှာ နှစ်ဘက်တိုက်ပွဲအကြား လက်နက်ကြီးကျည်တွေဟာ လူနေအိမ်တွေ၊ ရပ်ကွက်တွေကိုပဲ ကျရောက်နေတာကြောင့် စိုးရိမ်နေရတုန်းလို့ ဒေသခံတွေကပြောကြပါတယ်။ ” ခုလက်နက်ကြီးကလူနေအ်ိမ်နားတွေပဲဆက်တိုက်ကျနေတယ်၊ ပစ်မှတ်ကိုထိအောင်မပစ်ကြဘူး၊ လူနေအိမ်တွေကိုပဲထိနေတယ် ‘လို့ မြို့ခံတစ်ဦးကပြောပါတယ်။ တအာင်းအမျိုးသားတပ်မတော်နဲ့ MDY-PDF တို့ကတော့ မိုးကုတ်မြို့အပြင် […]
မိုးကုတ် – ၂၀၂၄ ဇူလိုင် ၁၀ (မော်ကွန်း) မန္တလေးတိုင်း ၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ အုန်းကိုင်းရပ်ကွက်၊ လူနေအိမ်ပေါ် အခုလ ၈ ရက် ည ၉း၀၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် တစ်လအရွယ်ကလေးနဲ့ ဖခင်တို့သေဆုံးခဲ့တယ်လို့ အုန်းကိုင်းရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။ ” ဗျူဟာကနေ လက်နက်ကြီးဆက်တိုက်ပစ်နေတဲ့အချိန်၊ သူတို့မိသားစုကအိပ်ယာမှာအိပ်နေတာ၊ဗျူဟာကပစ်လိုက်တဲ့လက်နက်ကြီး အိမ်ပေါ်တည့်တည့်ကျတာပဲ၊ပေါက်ကွဲတဲ့အသံတောင် အကျယ်ကြီးကြားရတယ်”လို့ အုန်းကိုင်းရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။ နေအိမ်ပေါ်လက်နက်ကြီးကျတာကြောင့် အိပ်ပျော်နေသူ တစ်လအရွယ်ကလေးထိမှန်သေဆုံးပြီး၊ ကလေးရဲ့ဖခင်ဖြစ်သူကတော့ မျက်နှာဒဏ်ရာပြင်းထန်ရကာ ဆေးရုံကိုပို့ဆောင်နေတုန်းမှာ သေဆုံးခဲ့တာလို့ သူကပြောပါတယ်။ ကလေး မိခင်နဲ့ အခြားမိသားစုဝင်နှစ်ဦးကတော့ မိုးကုတ်မြို့အရှေ့ပိုင်းပြည်သူ့ဆေးရုံမှာပို့ဆောင်ကုသထားတယ်လို့ ပြောပါတယ်။ အခုလ ၈ရက်က မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ ငါးမိုင်အကွာ အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူပေးခဲ့တာလို့မြို့ခံတွေကပြောပါတယ်။ ဒီနေ့တော့ မိုးကုတ်မြို့တွင်းမှာ […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၀ (မော်ကွန်း) ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း လှိုင်မြစ်ထဲမှာ ဒီနေ့မနက်ပိုင်းက ရန်ကုန်ဘက်ကိုကူးလာတဲ့ စက်လှေတစ်စင်းတိမ်းမှောက်ခဲ့ပြီး လူရှစ်ဦးပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတချို့က ပြောပါတယ်။ ဒီနေ့မနက် ၈း၀၀ နာရီခန့်က ရန်ကုန်တစ်ဖက်ကမ်းကနေ ကြည့်မြင်တိုင်ဘက်ကို ကူးလာတဲ့ စက်လှေဟာ တွဲသင်္ဘောတစ်စင်းကိုဝင်တိုက်ခဲ့ပြီး တိမ်းမှောက်ခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ စုစုပေါင်း လူ ၁၆ ဦး လိုက်ပါလာတဲ့ စက်လှေပေါ်မှာ လူရှစ်ဦးကိုတော့ ရေကြောင်းရဲတပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်လိုက်နိုင်ပြီး ကျန်တဲ့လူရှစ်ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အဲဒီပျောက်ဆုံးနေတဲ့လူရှစ်ဦးထဲမှာ ကျောင်းသားအရွယ်သုံးဦးလည်းပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။ “အဲဘက်ကမ်းကကူးလာတဲ့သမ္ဗာန်က ရပ်ထားတဲ့တွဲသင်္ဘောကို ဝင်တိုက်ပြီးမြုပ်သွားတာ၊ အခုက ရေကြောင်းရဲတပ်ဖွဲ့ကတော့ ကျန်ပျောက်နေတဲ့သူတွေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."