သတင်းများ

မောင်တောကစစ်ရှောင်တွေ ဝမ်းရောဂါဖြစ်ပွားမှု ပိုမြင့်လာနေလို့ ဆေးဝါးတွေအရေးပေါ်လိုအပ်

August 20, 2024

မောင်တော-၂၀၂၄ သြဂုတ် ၁၉ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက စစ်ရှောင်တွေမှာ ရေမသန့်ရှင်းတာတွေကြောင့် ဝမ်းရောဂါဖြစ်နှုန်း မြင့်တက်လာပြီး ဆေးဝါးမလုံလောက်တဲ့အတွက် သေဆုံးတာတွေပါရှိလာနေတယ်လို့ ဒီအကြောင်းကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဒီနေ့ပြောပါတယ်။ ” ထမင်းကျန်ဟင်းကျန်တွေကို နှမြောလို့စားကြတာလည်းပါတယ်။ အိမ်မှာနေတုန်းကလိုမျိုး ရိက္ခာမဖူလုံတော့ အကုန်စားကြတာပဲ။ နေရာကလည်း လုံခြုံရေးကိုပဲ အဓိကထားပြီး ချထားတာဆိုတော့ နည်းနည်းတော့ ခေါင်တာပေါ့။ ခြင်ကလည်းကိုက် ၊ ရေကလည်း ကန်အပျက်အစီးတွေက ရေနောက်(မသန့်ရှင်းတဲ့ရေ)တွေကို သောက်ကြရတာဆိုတော့ ဝမ်းရောဂါဖြစ်ကုန်ကြတာ။ အများစုကတော့ ဆယ်ကျော်သက်အရွယ်တွေပါ” လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။ မောင်တောစစ်ရှောင်တွေကြား ဝမ်းရောဂါ စတင်ကူးစက်ဖြစ်ပွားနေတာက ယခင်သီတင်းပတ်ကတည်းက ဖြစ်ပြီး လက်ရှိမှာ ဆေးဝါးမလုံလောက်တဲ့အတွက် ရောဂါဖြစ်သူတိုးလာနေတယ်လို့ သူကဆက်ပြောပါတယ်။ “နည်းနည်းပါးပါး ဖြစ်တာလောက်ကို ဓာတ်ဆားထုတ်လေးသောက်ပေးရင် အဆင်ပြေတယ်။ ဒါပေမဲ့ ဓာတ်ဆားထုတ်တွေပါမရှိတော့ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်ထားတဲ့ ရာနဲ့ချီတဲ့စစ်တွေဒေသခံတွေ အမှုလိုက်ပေးမယ့်ရှေ့နေ မရှိဖြစ်နေ

August 20, 2024

စစ်တွေ-၂၀၂၄ သြဂုတ် ၁၉ ( မော်ကွန်း) အာရက္ခတပ်တော်(AA)နဲ့ ဆက်သွယ်တယ်လို့စွပ်စွဲပြီး မတရားအသင်းဆက်သွယ်ရေးဥပဒေပုဒ်မ ၁၇(၁) နဲ့ စစ်ကောင်စီက အမှုဖွင့်ဖမ်းထားတဲ့ ရာနဲ့ချီတဲ့စစ်တွေဒေသခံတွေဟာ သူ့တို့အမှုအတွက် ခုခံကာကွယ်ပေးမယ့် ရှေ့နေမရှိဘဲ အမှုရင်ဆိုင်နေရတယ်လို့ မိသားစုဝင်တချို့ကပြောပါတယ်။ သူတို့ဟာ စစ်တွေမြို့ပေါ်နဲ့ စစ်တွေမြို့နယ်၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူကျေးရွာက ဒေသခံတွေဖြစ်ကြပါတယ်။ ” ရုံးချိန်းကတော့ သုံးကြိမ်လောက်ထုတ်ပြီးပြီ။ အမှုလိုက်ပေးမယ့် ရှေ့နေလည်း မရှိဘူး။ ရှေ့နေတွေကလည်း ပြည်မဘက်ကို ပြေးသူပြေး ၊ ကျန်တဲ့ရှေ့နေတွေကလည်း နယ်ဘက်မှာ ရှောင်နေကြတော့ စစ်တွေအထိလာပြီး အမှုမလိုက်ရဲကြတော့ဘူး။ ပြီးခဲ့တဲ့အပတ်ရုံးချိန်းကဆို ရုံးထုတ်ပြီးတော့ ဘာမှမယ်မယ်ရရ မစစ်ဘူး။ သူတို့(စစ်ကောင်စီ) စိတ်ကြိုက်လုပ်နေတာဆိုတော့ ထောင်ကျဖို့က ရာနှုန်းပြည့်သေချာနေပြီ ” လို့ ဗျိုင်းဖြူကျေးရွာက ဖမ်းဆီးခံရသူတစ်ဦးရဲ့ တူမဖြစ်သူက ပြောပါတယ်။ သူ့ဦးလေးနဲ့အတူ အခုလို […]

အပြည့်အစုံဖတ်ရန်

တော်လှန်ရေးအဖွဲ့အစည်းတွေ အားကောင်းဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီကိစ္စတွေ အမေရိကန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ကေအဲန်ယူဆို

August 19, 2024

ကော်သူးလေ – ၂၀၂၄ ဩဂုတ် ၁၈ (မော်ကွန်း) အခုလ ၁၅ ရက်က အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဌာန၊ အတိုင်ပင်ခံနဲ့ တွေ့ဆုံချိန်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေအားကောင်းဖို့၊ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဆွေးနွေးခဲ့တယ်လို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးကပြောပါတယ်။ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဌာန၊ အတိုင်ပင်ခံ မစ္စတာတွမ်ဆူလီဗန်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တို့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်ဘက်ကတော့ ဒီမိုကရစီအရေးလှုပ်ရှားသူတွေကို တိုက်ရိုက်အကူအညီတွေ ပံ့ပိုးပေးဖို့ ဆက်လက်လုပ်ဆောင်သွားမယ့်အကြောင်းကို အလေးပေးပြောကြားခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။ ပဒိုစောတောနီးကတော့ ခုလိုတွေ့ဆုံမှုဟာ လူထုတော်လှန်ရေးအတွက် ကောင်းမွန်တဲ့လက္ခဏာလို့ပြောပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်ကို တွေ့ဆုံချဉ်းကပ်တာတွေ ပြုလုပ်နေချိန်မှာ […]

အပြည့်အစုံဖတ်ရန်

ဒီပဲယင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

August 18, 2024

ဒီပဲယင်း – ၂၀၂၄ ဩဂုတ် ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို ဒီ​နေ့ နံနက်ပိုင်းမှာ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီလို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ “ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေ စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ၊ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ ပထမဆုံးသိမ်းနိုင်ခဲ့လို့ ပီတိဖြစ်မိတယ်”လို့ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ပွဲဝင်တဲ့ ဂဠုန်တပ်တော်က ကိုနောင်ရိုးက ဆိုပါတယ်။ ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေဟာ အခုလ ၁၆ ရက်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်မြောက်နေ့ ဖြစ်တဲ့ ဒီနေ့ နံနက်ပိုင်းမှာတော့ အပြီးသတ် သိမ်းယူနိုင်တာလို့ ဒေသခံဆီကသိရပါတယ်။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံ ပါဝင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဒေသခံဆီကသိရပါတယ်။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်မှုနဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဒီပဲယင်းမြို့ဟာ စစ်အုပ်စုရဲ့ […]

အပြည့်အစုံဖတ်ရန်

ဒီပဲယင်းမှာ အလံဖြူထောင်လက်နက်ချသူ ၁၀၀ ကျော်ရှိ

August 18, 2024

ဒီပဲယင်း – ၂၀၂၄ ဩဂုတ် ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို ဒီနေ့နံနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က အလံထောင် လက်နက်ချသူ ၁၂၃ဦး ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချသူ အများစုဟာ ပျူစောထီးနဲ့ စစ်တပ်လက်အောက်ခံ Non CDM ဝန်ထမ်းတွေ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ စစ်သားနဲ့ ပျူစောထီးတချို့ထွက်ပြေးကြပြီး အလံဖြူထောင်လက်နက်ချသူ ၁၂၃ ဦးထဲမှာ ပျူစောထီးနှစ်ဦး၊ စစ်တပ်လက်အောက်ခံ ဝန်ထမ်း ၄၁ ဦး၊ မိသားစုဝင် ၈၀ ရှိကာ သူတို့ကို ဆေးဝါးကုသပေးမှုတွေနဲ့ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဒီပဲယင်း ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဒီပဲယင်းကို လွန်ခဲ့တဲ့ […]

အပြည့်အစုံဖတ်ရန်

အာဏာရှင်စစ်တပ်သည် မွန်တစ်မျိုးသားလုံး၏ ဘုံရန်သူဟု မွန်တော်လှန်ရေး သုံးဖွဲ့ပြော

August 18, 2024

မွန် – ၂၀၂၄ ဩဂုတ် ၁၈ (မော်ကွန်း) အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာရှင်စစ်တပ်ဟာ မွန်တစ်မျိုးသားလုံးရဲ့ ဘုံရန်သူဖြစ်တယ်လို့ မွန်တော်လှန်ရေး လက်နက်ကိုင်သုံးဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ မနက်ဖြန်ကျရောက်မယ့် ၇၇ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ ပူးတွဲထုတ်ပြန်ချက်မှာ မွန်ပြည်သစ်ခွဲထွက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NMSP/MNLA-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့က အခုလို ထည့်သွင်းထားတာဖြစ်ပါတယ်။ မွန်တွေရဲ့ တော်လှန်ရေးဟာ ၇၇ နှစ်ပြည့်လာပေမယ့်လည်း အခုအချိန်ထိ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ဆုံးရှုံးနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ မဟာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ဖျက်နိုင်မှ မွန်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို ရရှိမယ်လို့ ဆိုပါတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတဲ့ ဘဝတူ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မဟာဗျူဟာကျကျ ပူးတွဲတိုက်ပွဲဝင်ဖို့လိုပြီး အာဏာရှင်စစ်တပ်ဟာ ယိမ်းယိုင်နေပြီလို့ ထုတ်ပြန်ပါတယ်။ “မင်းအောင်လိုင်ရဲ့ […]

အပြည့်အစုံဖတ်ရန်

ချင်းတွင်းတံတားအနီးက အဖမ်းခံထားရတဲ့ ဈေးဆိုင်ပိုင်ရှင်တွေ ပြန်လွတ်မလာသေး

August 17, 2024

ယင်းမာပင် – ၂၀၂၄ ဩဂုတ် ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းတံတားအနီးက ဈေးဆိုင်တွေကို အခုလ ၁၁ ရက်မှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဖမ်းခံထားရသူတွေ အခုအချိန်ထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းတွင်းတံတားဂိတ်အနီးက မြကမ္ဘာကုန်စုံဆိုင်၊ ဦးမြင့်သိန်းကုန်စုံဆိုင်နဲ့ ချင်းတွင်းစိုးမိုးစက်သုံးဆီအရောင်းဆိုင်တွေကို ဝင်ရောက်ကာ ဆိုင်ရှင်တွေနဲ့ အလုပ်သမားတွေကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။ မြကမ္ဘာကုန်စုံဆိုင်နဲ့ ဦးမြင့်သိန်းကုန်စုံဆိုင်တွေကို စစ်တပ်က စက်သုံးဆီရောင်းချခွင့်လိုင်စင်မရှိဘဲရောင်းချလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ချိပ်ပိတ်ပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတွေဆီကသိရပါတယ်။ ” မြကမ္ဘာဆိုင်က ကိုအေးလွင်နဲ့သူ့ဇနီး မမိုးဝင်းရယ်၊ ဦးမြင့်သိန်းဆိုင်ကတော့ ဦးမြင့်သိန်းရယ် ဖမ်းခံရတယ်၊ ချင်းတွင်းစိုးမိုး ဆီဆိုင်ကတော့ လိုင်စင်မရှိလို့ ဘာညာပြောပြီး ဆီဆိုင်ရော ချိပ်ပိတ်ပြီးတော့ လူရောဖမ်းသွားတာ၊ ဆိုင်ရှင်မိဘနှစ်ယောက်နဲ့သမီးပါဖမ်းတာ၊ […]

အပြည့်အစုံဖတ်ရန်

သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းအနှစ်ချုပ်

August 16, 2024

ရန်ကုန်- ၂၀၂၄ ဩဂုတ် ၁၆(မော်ကွန်း) ဒီသတင်းပတ်အတွင်း နိုင်ငံတဝန်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအနက်က ထူးခြားတဲ့တိုက်ပွဲသတင်းတချို့ကို အနှစ်ချုပ် ဖော်ပြလိုက်ပါတယ်။ ဒီတိုက်ပွဲတွေဟာ ဩဂုတ် ၁၀ ကနေ ဒီနေ့အထိ ကြားကာလမှာ ဖြစ်ခဲ့တာတွေပါ။ စစ်ရှုံးနေတဲ့စစ်ကောင်စီက လေကြောင်းသုံးပြီး တိုက်ပွဲမရှိတဲ့မြို့ရွာတွေကို ဗုံးကြဲတာတွေကြောင့် အရပ်သားသေဆုံးမှုတွေ ဆက်တိုးနေပါတယ်။ ရခိုင်က မြောက်ဦးမြို့၊ ရှမ်းတောင်က နမ့်ဆန်မြို့၊ ကွတ်ခိုင်မြို့နဲ့ လောက်ကိုင်မြို့တွေကို လေယာဉ်နဲ့သွားပြီး ဗုံးတွေကြဲချခဲ့တာပါ။ ကုလသမဂ္ဂလူသားချင်းကူညီမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNHCR)ကတော့ မြန်မာပဋိပက္ခတွေကြောင့် လူ ၃ ဒသမ ၂ သန်းခန့် စစ်ဘေးဒုက္ခသည်ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ အကူအညီပေးရေးအဖွဲ့တချို့ကလည်း ပြောထားပါတယ်။ ရှမ်းမြောက် လားရှိုး၊နောင်ချို၊ကျောက်မဲမြို့တွေကို သိမ်းပြီးဖြစ်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ တအာင်းတပ်(TNLA) ဦးဆောင်ပြီး ရှမ်းမြောက်ရဲ့လက်ကျန်မြို့ သီပေါကို ဒီလ ၉ ရက်မှာ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ဆားလင်းကြီးက ကိုယ်ဝန်ဆောင်တစ်ဦးကို ထိမှန်ပြီး ကလေးသေဆုံး

August 15, 2024

ဆားလင်းကြီး – ၂၀၂၄ ဩဂုတ် ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ပစ်ခတ်လိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးဟာ ချင်းတွင်းမြစ်တစ်ဘက်ကမ်းက ဆားလင်းကြီးမြို့နယ်၊ ပလောင်ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ထိမှန်ပြီး ကလေးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မနေ့ကပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ မုံရွာမြို့ အိုးရှင်းဈေးဝယ်စင်တာနားမှာတပ်စွဲတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတစ်ခုကဖြစ်ပြီး အိမ်သုံးလုံး ပျက်စီးကာ သိုးခြံတခြံထဲကျ​လို့ သိုး ၁၁ ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အသက် ၄၀ ဝန်းကျင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ပေါင်နဲ့ ဆ်ိီးစပ်အနားထိမှန်သွားတယ်၊ ကလေးကတော့ အသက်မကယ်နိုင်လိုက်ဘူး၊လူကြီးကလည်း အသက်လုရမယ့်အနေအထားရှိတယ်” လို့ ဆားလင်းကြီးမြို့နယ်၊ ပကဖ အဖွဲ့ဝင်တစ်ဦးဆီက သိရပါတယ်။ ဒဏ်ရာရ ကိုယ်ဝန်ဆောင်မိခင်ကို လိုက်ပို့ခဲ့တဲ့ လူမှုကူညီရေးအသင်းကလည်း ကလေးသေဆုံးပြီဂ မိခင်လည်း စိုးရိမ်ရတယ်လို့ ပြောပါတယ်။ ဒေသခံတချို့ကတော့ ၆၀ […]

အပြည့်အစုံဖတ်ရန်

မောင်တောတွင် ဆန်တစ်အိတ်ကို ကျပ်ခြောက်သိန်းအထိ ဈေးတက်၊ ဒေသခံစစ်ရှောင်တွေ စားဝတ်နေရေးခက်ခဲနေ

August 15, 2024

မောင်တော- ၂၀၂၄ သြဂုတ် ၁၅( မော်ကွန်း) အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီ အပြင်းအထန်စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းမှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ်ခြောက်သိန်းအထိ ဈေးမြင့်လာတာကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်လာနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ဆန်အပါအဝင် တခြားကုန်စည်တွေနဲ့ ဆေးဝါးတွေပါ ပြတ်လပ်နေသလို ဈေးတွေမြင့်တက်နေတာလို့ ဒေသခံတချို့က ပြောပါတယ်။ ” ပစ္စည်းဝင်မဲ့လမ်းကြောင်းတွေက ပိတ်နေတော့ ဈေးကတက်တယ်။ ဆန်တွေဆို ပိုဆိုးတယ်။ ထမင်းတစ်ခုတည်း စားနေရလည်း ဘာမှမဖြစ်ဘူးဆိုပြီး ဆန်တွေချည်း ဖိဝယ်လိုက်ကြတော့ ဈေးက တဟုန်ထိုးတက်သွားတယ်။ ဆန်တွေလည်း ရှာမရတော့ဘူး။ ငတ်တဲ့သူတွေ ငတ်နေကြပြီ။ တခြားပစ္စည်းတွေဆိုလည်း ပြတ်နေတာတွေ ရှိတယ်။ ရှိတဲ့ပစ္စည်းတွေကတော့ ပုံမှန်ဈေးထက် နှစ်ဆ၊ သုံးဆလောက် ဈေးတက်သွားတယ်” လို့ မောင်တောဒေသခံတစ်ဦးက ဒီနေ့ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

အတွဲလိုက်ပစ်လက်နက်ကြီးကြောင့် သင်္ကန်းညီနောင်၊ ထီးမူးထမှာ အရပ်သားသေဆုံးမှုရှိ

August 15, 2024

ကော့ကရိတ် – ၂၀၂၄ ဩဂုတ် ၁၅ (မော်ကွန်း) အခုလ ၁၃ ရက်က ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ဒေါနတောင်တန်းတစ်နေရာကို ကော့ကရိတ်မြို့မှာ တပ်စွဲထားတဲ့ စစ်suupupdate updaကောင်စီတပ်က အတွဲလိုက်တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ကာ ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။ လက်နက်ကြီး ကျရောက်ခဲ့တဲ့နေရာဟာ ကော့ကရိတ်တောင်ပိုင်းနဲ့ သင်္ကန်းညီနောင်မြို့သစ်တို့ထိစပ်ရာ ထီးမူးထရွာဖြစ်ပြီး အဲဒီဒေသတွေဟာ ကေအဲန်ယူ-တပ်မဟာ ၆ ၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်းဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း ထိန်းချုပ်ဒေသဖြစ်ကာ NUG ရဲ့ ကျားသစ်နက်စစ်ကြောင်းလည်း အခြေချပါတယ်။ “ဒီနေ့တော့ လူမသေဘူး၊ မနေ့ကတော့ ရွာသားတွေလည်း ထိတယ်၊ တစ်ဦးသေတယ်”လို့ ဒေါနတောင်တန်းပေါ်က ဒေသခံအမျိုးသမီးတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ဒေါနတောင်တန်းပေါ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်မရရှိတာကြောင့် ဒီလိုလက်နက်ကြီးထိမှန်ပြီး အရပ်သားတွေသေဆုံးရတဲ့ သတင်းတွေဟာ လူသိနည်းပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကလည်း […]

အပြည့်အစုံဖတ်ရန်

ရှမ်းတောင်ပိုင်းမှာလည်း စက်သုံးဆီပြတ်လပ်

August 15, 2024

အောင်ပန်း – ၂၀၂၄ ဩဂုတ် ၁၅ (မော်ကွန်း) စက်သုံးဆီ အဓိကသိုလှောင်ဖြန့်ဖြူးရာ ရန်ကုန်မြို့မှာ ဆီပြတ်လပ်မှုကြုံပြီးနောက် နိုင်ငံအနှံ့ကိုလည်း ဒီအခြေအနေက ရိုက်ခတ်နေပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားသေးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့ရွာတွေမှာလည်း စက်သုံးဆီပြတ်လပ်မှု ဆိုးရွားစွာကြုံနေရတာပါ။ အောက်ပါ ဓါတ်ပုံတွေကတော့ ဒီနေ့မနက်ပိုင်းမှာ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ဒေသခံတွေ မိုးထဲရေထဲ ဆီတန်းစီနေကြတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ ဆီဆိုင်တွေဟာ လိုအပ်ချက်ကို ပြည့်မီအောင် မပေးနိုင်တာကြောင့် မျှရောင်းပေးနေကြတဲ့ အခြေအနေ ဖြစ်ပြီး ယာဉ်တစ်စီးကို နှစ်သောင်းနဲ့ ငါးသောင်းကျပ်ဖိုးကြားပဲ ရောင်းပေးသလို ဆိုင်ကယ်တစ်စီးကို ငါးထောင်နဲ့တစ်သောင်းဖိုးကြားပဲ အသီးသီးရောင်းပေးကြတယ်လို့ ဆီတန်းစီးနေသူတွေက ပြောကြပါတယ်။ ဓါတ်ပုံ-AKM 🌐 Website  မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ 🌐 Telegram https://t.me/MawkunMM 🌐 Facebook […]

အပြည့်အစုံဖတ်ရန်
1 … 45 46 47 48 49 50 51 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."