သတင်းများ

ကေအဲန်ယူထိန်းချုပ်နယ်မြေများပြားလာပြီး အုပ်ချုပ်ရေး အကောင်အထည်ဖော်နေ

August 11, 2024

ကော်သူးလေ – ၂၀၂၄ ဩဂုတ် ၁၁ (မော်ကွန်း) အာဏာသိမ်းစကနေ လက်ရှိအချိန်ထိ ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေသိမ်းပိုက်မှုတွေ တစတစများလာပြီး အုပ်ချုပ်ရေးယန္တရားတွေ နောက်ကဖော်ဆောင်လာနေပါတယ်။ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးကတော့ ကရင်နီနယ်စပ်၊ သံလွင်မြစ်တကြော၊ စစ်တောင်းမြစ် အရှေ့နဲ့အနောက်ခြမ်းသာမက မြန်မာပြည်တောင်ပိုင်းက ရေး-ထားဝယ်လမ်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတွေထိ ထိန်းထားနိုင်တယ်လို့မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစအချိန်မှာ ကေအဲန်ယူတပ်မဟာတွေထဲကတပ်မဟာ ၅ နဲ့ တပ်မဟာ ၆ တို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး NUG လက်အောက်ခံစစ်ကြောင်းတွေနဲ့ BPLA အဖွဲ့တွေလည်းပါဝင်ပါတယ်။ ISP Myanmar ရဲ့ တွက်ချက်မှုအရဆိုရင် အာဏာသိမ်းစကနေ၂၀၂၄ ဇွန်လထိ နိုင်ငံတဝန်းက မြို့ပေါင်း ၂၃၃ မြို့ထက်မနည်းမှာ တိုက်ပွဲပေါင်း ၁၄,၀၀၀ ကျော်ထက်မနည်းဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ၃၈ ရာခိုင်နှုန်းဟာ ကေအဲန်ယူ တပ်မဟာ ၆၊ […]

အပြည့်အစုံဖတ်ရန်

မုံရွာ့ အရှေ့မြောက်ဘက် သာစည်ကျေးရွာကို စစ်တပ်က မီးဝင်ရှို့

August 10, 2024

မုံရွာ – ၂၀၂၄ ဩဂုတ် ၁၀ (မော်ကွန်း) မုံရွာမြို့နယ် သာစည်ကျရွာကို စစ်ကောင်စီတပ်က မီးဝင်ရှို့နေတယ်လို့ သာစည်ရွာကနေစစ်ရှောင်လာတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “ဒီမနက်ပဲ မီးဝင်ရှို့တာပါ။ ရွာကလူတွေ တစ်ရွာလုံးနီးပါးပြောင်းရွှေ့ကြလို့ သပ်သပ် မီးဝင်ရှို့တာ” လို့ မုံရွာမြို့ပေါ်ကို ရောက်နေတဲ့ သာစည်ရွာသားတစ်ဦးကပြောပါတယ်။ လွန်ခဲ့တဲ့ ရက်တွေကတည်းက PDF တွေက ရွာထဲကနေပြောင်းဖို့ ပြောနေတာ ၁၀ ကြိမ်လောက်ရှိပြီး စစ်ကောင်စီတပ်က ထွက်ခွင့်မပေးလို့ မထွက်ကြဘဲ နောက်မှ တဖြေးဖြေးပြောင်းရွှေ့နေကြလို့ ဝင်ရှို့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ မုံရွာမြို့နယ် အနောက်မြောက်ဘက်က သာစည်ရွာဟာ ၅၀၈ အမြှောက်တပ်နဲ့ အနီးဆုံးရွာဖြစ်တာကြောင့် စစ်တပ်က မရွှေ့စေချင်တာ ဖြစ်နိုင်တယ်လို့ သူကသုံးသပ်ပြပါတယ်။ ယခင် ရက်ပိုင်းတွေကလည်း သာစည်ရွာနဲ့ကပ်လျက်ရှိတဲ့ ကံပြားရွာကိုလည်း စစ်တပ်က မကြာခဏ မီးဝင်ရှို့တဲ့ဖြစ်စဉ်တွေ […]

အပြည့်အစုံဖတ်ရန်

မြောက်ဦးမြို့ထဲကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့်လာရောက်ဗုံးကြဲ၊ လူဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရ

August 10, 2024

မြောက်ဦး-၂၀၂၄ ဩဂုတ် ၁၀(မော်ကွန်း) အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်မြောက်ဦးမြို့ကို စစ်ကောင်စီက ဒီနေ့လယ် ၁၂ နာရီမှာ ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံခြောက်ဦးသေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မြောက်ဦးမြို့ပေါ်က သမိုင်းဝင်ဘုရားဖြစ်တဲ့ သျှစ်သောင်းဘုရားနဲ့ ကြက်ဈေးရပ်ကွက်ကြားမှာရှိတဲ့ နဝရတ်ဟိုတယ်အနီးကို လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ “ဟိုတယ်အရှေ့ကလမ်းပေါ်ကျပြီး လမ်းမှာသွားနေတဲ့ အိန္ဒိယဘီး( ဒေသအခေါ်အဝေါ် တုတ်တုတ်ချေ)နဲ့ အနီးအနားရွာတွေကိုပြေးဆွဲနေတဲ့ခရီးသည်ကားတွေကို လာထိတာပါ။ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေက ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးပါဘူး။မြို့ခံတွေလား၊ နယ်ဘက်တွေက ဈေးလာဝယ်သူတွေလားဆိုတာ စုံစမ်းနေကြတယ်” လို့ အခင်းဖြစ်ရာနေရာအနီးမှာရှိတဲ့ မြောက်ဦးမြို့က တုတ်တုတ်မောင်းသူတစ်ဦးက ပြောပါတယ်။ ဒဏ်ရာရရှိသူတွေကို မြောက်ဦးဆေးရုံကြီးဆီ အရေးပေါ်ပို့ဆောင်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အရပ်သားတွေစုဝေးရာနေရာတွေကို ပစ်မှတ်ထားကာ […]

အပြည့်အစုံဖတ်ရန်

ဗဟိုဘဏ်ရဲ့ နိုင်ငံခြားပို့ကုန်ရငွေ အချိုးပြောင်းလဲပြီးနောက် ပြည်ပပို့ပဲမျိုးစုံဈေး တက်လာ

August 10, 2024

ဩဂုတ် ၁၀ မုံရွာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားပို့ကုန်ရငွေ လဲလှယ်ဖို့အချိုးပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် အိစ်ပို့ကုန်ဖြစ်တဲ့ ပဲမျိုးစုံဈေး အတက်ကြမ်းလာတယ်လို့ ကုန်သည်တွေကပြောပါတယ်။ ယခင်က ပို့ကုန်ရငွေရဲ့ ၃၅% ကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းနဲ့လဲလှယ်ရပြီး ဩဂုတ် ၈ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်စာမှာတော့ ၂၅% ကိုပြောင်းလဲသတ်မှတ်ခဲ့တာပါ။ အဲဒီနောက် နိုင်ငံခြားပို့ကုန်ဖြစ်တဲ့ ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲအုပ်စုဖြစ်တဲ့ B3/B7 ပဲဈေးတွေ အတက်ကြမ်းလာတယ်လို့ မုံရွာကုန်စည်ဒိုင်က ပဲပွဲစား တစ်ဦးက ပြောပါတယ်။ “ပို့ကုန်ရငွေ အချိုးပြောင်းလဲလာလို့ ပဲဈေးတွေတက်လာတယ်။ အဲဒီလို ပြောင်းလဲလိုက်တော့ နိုငံခြားပို့ပဲကို ပွဲစားတွေက ပိုဝယ်နိုင်လာတယ်။ ဈေးပိုပေးလာနိုင်တယ်။ လုံးဝ ကန့်သတ်မှုမရှိရင် ဒီ့ထက် ငါးဆလောက်ပိုတက်လာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။ အိပ်စပို့ကုန်ပဲတွေရဲ့ ဈေးနှုန်းကတော့ ဇူလိုင် ၃၀ […]

အပြည့်အစုံဖတ်ရန်

ဖားကန့်မှာ ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေလို့ ဝိုင်ဖိုင်အင်တာနက် တစ်နာရီ ကျပ်နှစ်သောင်းပေးသုံးနေရ

August 10, 2024

ဖားကန့် – ၂၀၂၄ ဩဂုတ် ၁၀ (မော်ကွန်း) ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဖုန်းအင်တာနက်လိုင်း ပြတ်တောက်နေလို့ ဝိုင်ဖိုင်အင်တာနက်ရှိတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ တစ်နာရီကို ကျပ်နှစ်သောင်းပေးသုံးနေကြရပါတယ်။ ကချင်ပြည်နယ်မှာ ဖုန်းလိုင်းအင်တာနက်လိုင်း ဆက်သွယ်ရေး ပြတ်တောက်နေတာ ရက်ပေါင်း နှစ်ဆယ်လောက်ရှိပြီလို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။ ဖားကန့်မြို့က အချို့ဆိုင်တွေဆို ဝိုင်ဖိုင်တစ်နာရီ ကျပ်ငါးသောင်း၊ ခြောက်သောင်း ပေးသုံးရတဲ့ နေရာတွေတောင်ရှိတယ်လို့ သူကဆက်ပြောပါတယ်။ အရင်ကဆို ဝိုင်ဖိုင် ဖရီးသုံးလို့ရတဲ့ဆိုင်တွေတောင် အခုတော့ တစ်နာရီ နှစ်သောင်းဆိုပြီး တောင်းလာကြတယ်လို့ဆိုပါတယ်။ “ဖုန်းအင်တာနက်လိုင်းတွေပြတ်နေတော့ အထူးသဖြင့် အခြေခံလူတန်းစားတွေ အများဆုံး ဒုက္ခရောက်ကြတယ်။ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားတွေကျ ခါတိုင်းငွေမဝင်ရင် ဆွေမျိုးသားချင်းစီ ဖုန်းလေးဆက်ပြီး တောင်းလို့ရသေးတယ်။ အခုကျတော့ ဖုန်းလိုင်း အင်တာနက်လိုင်းမရတော့ ကျောက်အရောင်းအဝယ်ကလည်း ရပ်လုနီးပါး‌ဖြစ်နေပြီလေ” လို့ […]

အပြည့်အစုံဖတ်ရန်

ဆူးကြားက ဘူးခါးဖြစ်နေရတဲ့ ချင်းတွင်းမြစ်တွင်းသွား ကုန်တင်သင်္ဘောများ

August 9, 2024

မုံရွာ – ၂၀၂၄ ဩဂုတ် (မော်ကွန်း) ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆန်ကုန်တင်သွားလာတဲ့စက်လှေနဲ့ သင်္ဘောတွေကို တားဆီးပြီး ငွေတောင်းတဲ့ဂိတ်ပေါင်း ‌ ခြောက်ဆယ်ဝန်းကျင်ရှိလာပြီး လမ်းကြောမကြာခဏပိတ်ဆို့ခံနေရလို ဟုမ္မလင်းဒေသမှစားသုံးသူများ ကုန်ဈေးနှုန်းအဆမတန်ပေးဝယ်နေရတယ်လို ဒေသခံတွေကပြောပါတယ်။ ချင်းတွင်းမြစ်ဘေးဝဲယာရှိ မြိုနယ်များအတွင်း နေထိုင်ကြသူအားလုံးနီးပါးရဲ့လိုအပ်ချက်ဖြစ်တဲ့ လူသုံးကုန်၊ စားသောက်ကုန်နဲ့ လောင်စာဆီသယ်ယူရေးအတွက် ချစ်တွင်းမြစ်ကြောင်း တစ်ခုတည်းကိုသာ မှီခိုအားထားနေရတာဖြစ်ပါတယ်။ မုံရွာကနေ ခန္တီးကို ရေလမ်းကနေသွားလျှင် ရေမိုင် ၆၉၁ မိုင်ရှိပြီး မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဘုတလင်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ရွှေပြည်မြင့်၊ ဟုမ္မလင်းနဲ့ ခန္တီး စတဲ့မြိုနယ်ပေါင်း ၁၂ မြိုနယ်ကို ချင်းတွင်းမြစ်က ဖြတ်သန်းစီးဆင်းပါတယ်။ ဟိုအရင် အရပ်သားအစိုးရလက်ထက်က ရစကလိုခေါ်တဲ့ ရေယာဉ်စည်းကမ်းထိမ်းသိမ်းကြီးကြပ်မှု ကော်မတီ အဖွဲ‌လိုမျိုးကိုသာ ပေးသင့်ပေးထိုက်တဲ့ အခွန်အခပေးပြီးသွားရတဲ့ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်ကိုပြောင်းရွှေ့အခြေချသူတွေများလာတာကြောင့် အိမ်ငှါးခတွေဈေးတက်လာ

August 9, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၉ (မော်ကွန်း) နိုင်ငံတဝန်းမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ရန်ကုန်မြို့ကို ပြောင်းရွှေ့အခြေချပြီး နေထိုင်သူအရေအတွက် ဆက်တိုက်မြင့်တက်လာကာ အိမ်ခြံမြေအငှားသွက်လာပြီး အိမ်ငှားခဈေးတွေဟာလည်း ဆက်တိုက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့ဆီက သိရပါတယ်။ အထူးသဖြင့် အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်းတိုက်ခန်းငှားရမ်းခ ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့လပိုင်းတွေကထက် သိသိသာသာကို ဈေးနှုန်းတွေ မြင့်တက်လာတာပါ။ အရင်ကတော့ ရန်ကုန်မြို့တွင်း တိုက်ခန်းငှားရမ်းခတွေဟာ အနိမ့်ဆုံး ကျပ်တစ်သိန်းခွဲကနေ သုံးသိန်းခွဲဝန်းကျင်လောက်ထိပဲ ရှိပေမယ့် အခုရက်ပိုင်းမှာတော့ အနိမ့်ဆုံး ကျပ်နှစ်သိန်းခွဲကနေ လေးသိန်းခွဲ၊ ငါးသိန်းနီးပါးထိ တိုက်ခန်းခဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ရန်ကုန်မြို့က အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။ “မြို့တွင်းမှာဆိုရင် အခန်းငှားခ အခုက အနိမ့်ဆုံး လေး၊ ငါးသိန်း ဝန်းကျင်ပဲ။ အရင်တစ်သိန်းခွဲလောက်ပဲရှိတဲ့ အခန်းတောင် အခု အနည်းဆုံး နှစ်သိန်းခွဲလောက် […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်က ယင်းမာပင်မြို့နယ်မှာ ပြည်သူတွေကို ဓါးစာခံအဖြစ်ဖမ်းပြီး ရွာနှစ်ရွာကိုမီးရှို့လို့ နေအိမ် ၃၀ ကျော် ပျက်စီး

August 9, 2024

ယင်းမာပင် – ၂၀၂၄ ဩဂုတ် ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသခံတွေကို ဖမ်းဆီးကာ စစ်ကြောင်းထိုးပြီး ဘန့်ဘွေးမြောက်ရွာနဲ့ ထန်းဇင်ရွာတွေကို မနေ့က မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၃၀ ကျော်မီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးမရှို့တစ်ရက်က ယင်းမာပင်၊ ဘန့်ဘွေးပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35 နဲ့ လာရောက်ပစ်ခတ်ပေးခတ်တယ်လို့ ဒေသ ပအဖခေါင်းဆောင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အဲဒီနောက်မှာ နမခကနေ စစ်ကူ ၁၀၀ လောက်ထပ်လွှတ်ပြီး ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာက နေအိမ်တစ်လုံးကို ဝင်ရောက်မီးရှို့ကာ ရွာသား ၁၁ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ပအဖခေါင်းဆောင်ကဆိုပါတယ်။ “ကွေ့ချောင်း ရွာသား ၁၁ ဦးကို ဖမ်းပြီး နဘူးတောရွာကို တပ်စွဲပြီး […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်မှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သားပြည်သူ လေးဦးသေဆုံး

August 9, 2024

ယင်းမာပင် – ၂၀၂၄ ဩဂုတ် ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မနေ့က အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သားပြည်သူ သုံးဦး ပွဲချင်းပြီးနဲ့ ဆေးရုံမှာတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ယင်းမာပင်ခရိုင် ရဲတပ်ရင်း ၂၈ ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီးနောက် ယင်းမာပင်၊ အောင်ဇေယျမြို့သစ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ၁၂၀ မမလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဒေသခံကပြောပါတယ်။ ” ယင်းမာပင်မြို့နယ် ထန်းတောကြီးရွာ အရှေ့ပိုင်းကိုကျတယ်ဗျ၊ ကွမ်းယာရောင်းတဲ့ဆိုင် နေအိမ်ပေါ်ကျတာပေါ့၊ ဆိုင်ပိုင်ရှင်မိသားစု လေးယောက်နဲ့ ကွမ်းယာလာဝယ်သူ လေးယောက်လက်နက်ကြီးမှန်တယ်ဗျ၊ အားလုံးထဲကမှ ၃ယောက်နေရာတင်ပွဲချင်းပြီးသေဆုံးတယ်”လို့ ဒေသတွင်းလူမှုကူညီရေးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သေဆုံးသူတွေဟာ ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာက ကိုလွှမ်းမိုး၊ ထန်းတောကြီးရွာက ဆယ်ကျော်သက် ကိုဖိုးဝနဲ့ အမည်မသိတစ်ဦးလို့ ဒေသခံကပြောပါတယ်။ ဒီနေ့နံနက်ပိုင်းမှာတော့ ဒဏ်ရာရသူတွေထဲက စိုးရိမ်ရတဲ့သူတစ်ဦးဟာ […]

အပြည့်အစုံဖတ်ရန်

အခေါက်ရွှေဈေး ကျပ်သိန်း ၇၀ ကျော်ထိမြင့်တက်

August 8, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၈ (မော်ကွန်း) အခေါက်ရွှေ ပြင်ပပေါက်ဈေးဟာ ဒီနေ့ညနေပိုင်းမှာ တစ်ကျပ်သားကို ကျပ်သိန်း ၇၀ ကျော်ထိ မြင့်တက်သွားတယ်လို့ ဈေးကွက်စောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။ ဒီမနက်ပိုင်းဈေးကွက်ဖွင့်လှစ်မှုမှာ တစ်ကျပ်သားကို ၆၉ သိန်းဝန်းကျင်နဲ့ ဖွင့်လှစ်ခဲ့ပြီး နေ့ခင်းပိုင်းဖွင့်လှစ်မှုတော့ တစ်ကျပ်သားကို ၆၉ သိန်း ငါးသောင်းထိ ရောက်ရှိလာတာပါ။ ပြီးခဲ့တဲ့လကုန်ပိုင်းက တစ်ကျပ်သားကို ၆၅ သိန်းဝန်းကျင်ကို စံခီန်တင်ရောက်ရှိခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးဟာ သီတင်းပတ်တစ်ပတ်ကျော်အတွင်းမှာ စံချိန်အသစ်တွေကို ဆက်တိုက်တင်နေတာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းခဲ့တာဖြစ်ပြီး ရွှေဈေးအပါအဝင်၊ ကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ် စတဲ့ ငွေလဲလှယ်နှုန်းတွေဟာလည်း အမြင့်ဆုံးဈေးနှုန်းတွေကို ရောက်ရှိနေတာပါ။ အခုလိုရွှေဈေးနဲ့ နိုင်ငံခြားငွေဈေးတွေ ဆက်တိုက်မြင့်တက်လာတာဟာ နိုင်ငံတဝန်းမတည်ငြိမ်တဲ့ စစ်ရေးအခြေအနေတွေကြောင့်လို့ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်နဲ့ မန္တလေးမှာ ၈ လေးလုံးနှစ်ပတ်လည်နေ့အဖြစ် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်

August 8, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၈ (မော်ကွန်း) ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ မြေအောက် ပြောက်ကြားသပိတ်အင်အားစုတွေက ရှစ်လေးလုံးအရေးတော်ပုံနေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာတော့ ရှစ်လေးလုံးစာသားပါဘန်နာကို မီးရထားသံလမ်းခုံးကျော်တံတားတစ်နေရာမှာ ချိတ်ဆွဲခဲ့ကြပြီး ဆန္ဒထုတ်ဖော်တဲ့လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) က ပြုလုပ်ခဲ့တာပါ။ လက်ရှိမှာ စစ်အုပ်စုဟာ အလဲလဲအပြိုပြိုနဲ့ အားနည်းကျရှုံးနေတာကြောင့် တပ်မတော်သားတွေအနေနဲ့ စစ်ကောင်စီလက်အောက်ကနေ အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းဖို့ AJAY က နှိုးဆော်သတိပေးတဲ့ ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အလားတူပဲ မန္တလေးမြို့က တော်လှန်လူငယ်တွေဟာ ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ “မဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း” စာသားကိုင်ဆောင်တဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GSCB) က ဒီနေ့မနက်မှာ ထုတ်ပြန်ထားတာပါ။ […]

အပြည့်အစုံဖတ်ရန်

ရခိုင်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလှုပ်ရှားနေတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ကောင်စီနည်းတူ ချေမှုန်းသွားမယ်လို့ AA ပြော

August 8, 2024

ရန်ကုန်၊ ၂၀၂၄ ဩဂုတ် ၇ (မော်ကွန်း) ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြန့်ကျက်လှုပ်ရှားနေတာကြောင့် အာရက္ခတပ်တော် (AA)က အဲဒီလက်နက်ကိုင်တွေကို စစ်ကောင်စီနည်းတူ ချေမှုန်းသွားမယ်လို့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်က မောင်တောမြို့မှာ ရိုဟင်ဂျာ ရာနဲ့ချီသေဆုံးအောင် AA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားတက်ကြွသူတွေက X လူမှုကွန်ရက် (Twitter) ပေါ်မှာ ဖြန့်ဝေဖော်ပြလာတဲ့အချိန်မှာ AA ဘက်ကလည်း “ဘူးသီးတောင်၊ မောင်တောဒေသရဲ့ မြေပြင်ပကတိအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာချက်” ကို ဒီနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ မောင်တောမြို့နယ်မှာ ယခုလ ၅ ရက်က နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို AA […]

အပြည့်အစုံဖတ်ရန်
1 … 47 48 49 50 51 52 53 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."