သတင်းများ

မင်းကင်း NLD အမတ် ဒေါ်ခင်မွှေးလွင်အား ရှောင်တိမ်းနေသည့်အိမ်တွင် မနေ့ညက အာဏာသိမ်းစစ်အုပ်စု လာရောက်ဖမ်းဆီးသွား

June 1, 2021

မင်းကင်း – ၂၀၂၁ မေ ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်ကို မနေ့ညက သူရှောင်တိမ်းနေတဲ့ အိမ်မှာ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်တစ်ဦးက မော်ကွန်းကို အတည်ပြုပြောကြားပါတယ်။ ယင်းမာပင်မြို့နယ်က ရွှေတောင်ဦးဘုရားအနီးက နေအိမ်တစ်အိမ်မှာတိမ်းရှောင်နေရတဲ့ ဒေါ်ခင်မွှေးလွင်ကို စစ်အုပ်စုက မနေ့ည ၁၁ နာရီလောက်မှာ လာရောက်ဖမ်းဆီးခဲ့တာပါ။ သူ့ကို ဘယ်နေရာကို ခေါ်ဆောင်သွားလဲဆိုတာကို အခုအချိန်ထိ မိသားစုက မသိရှိရသေးဘဲ စိုးရိမ်နေတယ်လို့ မိသားစုဝင်ကပြောပါတယ်။ ဒေါ်ခင်မွှေးလွင်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မင်းကင်းမြို့က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မင်းကင်း ကြံ့ခိုင်ရေးပါတီအမတ် ဦးမောင်မြင့်က အနိုင်ရရှိခဲ့ကာ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ […]

အပြည့်အစုံဖတ်ရန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းအပတ်စဉ်(၁)၊ သင်တန်းဆင်းပွဲနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားရုပ်သံ CRPH ထုတ်ပြန်

June 1, 2021

ရန်ကုန်- ၂၀၂၁ မေ ၂၈ (မော်ကွန်း) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းအပတ်စဉ်(၁)၊ သင်တန်းဆင်းပွဲနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားသို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ပါတယ်။ ဗီဒီယို- CRPH #Dailynews

အပြည့်အစုံဖတ်ရန်

ဂျပန်ရောက်မြန်မာနိုင်ငံသားများ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးလှုပ်ရှားမှု တိုကျိုမြို့တွင်ပြုလုပ်

May 25, 2021

တိုကျို – ၂၀၂၁ မေ ၂၃ (မော်ကွန်း) ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုကို တိုကျိုမြို့မှာ ဒီကနေ့ပြုလုပ်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုစည်းထားတဲ့ TTAJ အဖွဲ့ဟာ တိုကျိုမြို့ Akabane ဘူတာမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအခြေအနေတွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေကို ဂျပန်ပြည်သူတွေကို ဝေငှပြီး ရှင်းပြကြပါတယ်။ Covid – 19 ရောဂါကူးစက်မှုတွေ ဂျပန်နိုင်ငံမှာ မြင့်တက်နေတာကြောင့် လူစည်ကားတဲ့နေရာတွေကို ရှောင်ရှားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြုလုပ်ခဲ့တယ်လို့ TTAJ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ မွန်းလွဲ သုံးနာရီကနေ ညနေ ခြောက်နာရီအထိ လက်ကမ်းစာစောင်နဲ့ တစ်ရှူးအခုရေ ၁၆၀၀ ကျော်ကို ဂျပန်ပြည်သူတွေဆီကို ဝေငှခဲ့ပြီး နွေဦးတော်လှန်ရေးသီချင်းတွေကို သီဆိုခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မေလ […]

အပြည့်အစုံဖတ်ရန်

ကြပ်တည်းလာတဲ့အခြေခံလူတန်းစားတွေကို ဆွမ်းလှူဒါန်းမှု မန္တလေးကကျောင်းတိုက်တစ်ခုစတင်ပြုလုပ်

May 25, 2021

မန္တလေး- ၂၀၂၁ မေ ၂၄ (မော်ကွန်း) အာဏာသိမ်းကာလ အခြေခံလူတန်းစားတွေစားဝတ်နေရေး ကြပ်တည်းနေချိန် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်အနီးက စာသင်တိုက်တစ်ခုမှာ နေ့စဥ် ဆွမ်းအထုပ်ပေါင်းတစ်ရာခန့် စတင်ပေးလှူနေပါတယ်။ ရန်ကင်းတောင် အရှေ့ဘက်ကပ်လျက် လေးကျွန်းမာရ်အောင် သာမဏေကျော်စာသင်တိုက်မှာ ကျောင်းတိုက်က ပဓါနနာယကဆရာတော်နဲ့ လေးကျွန်းမာရ်အောင် သံဃာတော်များက နေ့စဥ် နံနက် ၁၁ နာရီ ဝန်းကျင်ကစလို့ ဆွမ်းအထုပ်ပေါင်း တစ်ရာနီးပါးကို ကျောင်းဝင်းအတွင်း သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲထားပေးမှာဖြစ်ပြီး မည်သူမဆို လိုသလို လာရောက် ယူနိုင်တယ်လို့ ကျောင်းတိုက်က ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။ ဆွမ်းသီးသန်ံ့ဖြစ်ပြီး ဟင်းလေးပေါင်း အဆင်ပြေပါက ဟင်းလေးပေါင်းလည်း လှူဒါန်းမှာဖြစ်ကြောင်း၊ နေ့စဥ်လိုသလို မိမိစိတ်ကြိုက် အသုံးပြုဖို့ လာရောက် အလှူခံရယူနိုင်ကြောင်း ဆရာတော်တွေက မိန့်ပါတယ်။ စစ်တပ်အာဏာသိမ်းမှု ရက်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်ပြီး လုပ်ငန်းတွေလည်း […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်အုပ်စု ပြည်ထဲရေးဝန်ကြီး လွိုင်ကော်သို့ ရောက်ရှိနေ

May 25, 2021

လွိုင်ကော် – ၂၀၂၁ မေ ၂၅ (မော်ကွန်း) အာဏာသိမ်းစစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် မနေ့က လွိုင်ကော်မြို့သို့ ရောက်ရှိနေကြောင်း နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက မော်ကွန်းကို သတင်းပေးပို့ထားသည်။ ကရင်နီပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လွိုင်ကော်၊ ဒီမော့ဆို၊ မိုးဗြဲတို့ရှိ အာဏာသိမ်းစစ်အုပ်စု၏ ရဲစခန်းများ၊ အစိုးရယန္တရားလည်ပတ်အောင်ကြိုးစားနေသည့် ဌာနလက်ကျန်များအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်အုပ်စုပြည်ထဲရေးဝန်ကြီးက လွိုင်ကော်မြို့သို့ ရောက်ရှိလာခဲ့သည်။ မနေ့က မွန်းလွဲ ၃ နာရီခန့်က နေပြည်တော်လေဆိပ်မှ လွိုင်ကော်သို့ ပြည်ထဲရေးဝန်ကြီး ထွက်ခွာသွားကြောင်းသတင်းရရှိသည်။ ဒေသအခြေစိုက် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ စစ်အုပ်စုဘက်က ပြန်လည် ထိုးစစ်ဆင်ရာတွင် လက်နက်ကြီးများဖြင့် ဘုရားကျောင်းအားပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူ လေးဦးသေဆုံးခဲ့ရပြီး စစ်ရှောင်ပြည်သူများ တဖြည်းဖြည်းများပြားလာပြီဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း အစိုးရဌာနရုံးအချို့ကို မီးရှို့ပစ်ကြသည်။ စစ်အုပ်စုဘက်မှ တင့်ကားများဖြင့် အင်အားဖြည့်တင်းကာ တိုက်ခိုက်နေပြီး […]

အပြည့်အစုံဖတ်ရန်

မိတ္ထီလာက မိုတယ်တစ်ခုမှာ ရာခိုင်နှုန်းမယူဘဲ K Pay ကနေ တစ်ဦး ငွေငါးသောင်း ထုတ်ပေး

May 21, 2021

မိတ္ထီလာ – ၂၀၂၁ မေ ၂၀ (မော်ကွန်း) မန္တလေးတိုင်း၊ မိတ္ထီလာမြို့က ငွေထုတ်ရခက်နေတဲ့ ပြည်သူတွေအဆင်ပြေစေဖို့ မိုတယ်တစ်ခုမှာ K Pay ကနေ ရာခိုင်နှုန်းမယူဘဲ ထုတ်ပေး​နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Kpay အပါအဝင် mobile banking နဲ့ ငွေသားထုတ်ယူရာမှာ ရာခိုင်နှုန်းပမာဏတွေ မတန်မဆများစွာပေးနေရတာကြောင့် မိတ္ထီလာက ပြည်သူတွေ အဆင်ပြေစေဖို့ မလှိုင် – မိတ္ထီလာလမ်းမကြီးပေါ်က Novia မိုတယ်ကနေ K Pay ငွေသားထုတ်ခြင်းကို ရာခိုင်နှုန်းမယူဘဲ ထုတ်ပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ သောကြာ၊ စနေ၊ တနဂ်နွေ သုံးရက်နားပြီး ကျန်တဲ့ရက်တွေမှာ ငွေထုတ်ပေးမှာဖြစ်ကြောင်း၊ တစ်ဦးကို ငွေကျပ်ငါးသောင်းအထိ ထုတ်ပေးနေကြောင်း ပါဝင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး မြန်မာပြည်ဒေသအသီးသီးမှာ […]

အပြည့်အစုံဖတ်ရန်

မန္တလေး မဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း မြို့လယ်မှာ ဆန္ဒပြ

May 21, 2021

မန္တလေး – ၂၀၂၁ မေ ၂၀ (မော်ကွန်း) မန္တလေးမြို့က မဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းဟာ ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ မြို့လယ်က ၈၁လမ်း လမ်းမကြီးပေါ်တက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သံဃာတော်တွေလည်း ပါဝင်တဲ့ ဘုရားကြီးစစ်ကြောင်း၊ တမ္ပဝတီလူထုစစ်ကြောင်း၊ အောင်မြေသာစံ ပညာရေးသပိတ်စစ်ကြောင်း၊ အ.ထ.က ၇ ကျောင်းသားကျောင်းသူဟောင်းများ သပိတ်စစ်ကြောင်း စတဲ့ စစ်ကြောင်း တွေပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းဟာ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ နံနက်ပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် ကျောင်းသားများ သမဂ္ဂသပိတ်စစ်ကြောင်းနဲ့ မန္တလာ တက္ကသိုလ်ကျာင်းသား၊ သူများ သပိတ်စစ်ကြောင်းတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နေရာအသီးသီးမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓါတ်ပုံ – Simulation #Dailynews

အပြည့်အစုံဖတ်ရန်

မိုးကုတ် ရေနီချောင်းတွင် မိုးသည်းထန်စွာရွာပြီး တောင်ကျရေနှင့်အတူ ကိုရင်တစ်ပါး မျောပါ ပျံလွန်

May 19, 2021

မိုးကုတ် – ၂၀၂၁ မေ ၁၉ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ မေလ ၁၉ရက် မနက် ၇ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းလာလို့ ကိုရင်တစ်ပါး အသက်ဆုံးပါး ပျံလွန်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ မင်္ဂလာသုခရပ်၊ ပန်းသေတန်းရပ်ကွက်၊ တောင်ကျရေကျဆင်းမှုကြောင့် ရေနီချောင်းအတွင်းသို့ ကိုရင်(၁)ပါး မျောပါသွားခဲ့တာဖြစ်ပြီး လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်မှာ ကယ်ဆယ်လို့ရခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မိုးသည်းနေချိန် ဆွမ်းခံကြွရင်း ရေမြောင်းထဲကျပြီး ရေစီးအတိုင်းမျောပါသွားကာ ရေမြောင်းကတဆင့် ရေနီချောင်းထဲ ဆက်လက်မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း၊ မျောပါသွားတဲ့ ကိုရင်ငယ်မှာ မိုးကုတ်မြို့ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်တိုးမြှင့်ထားပေမယ့် မန္တလေးသပိတ်စစ်ကြောင်းများထွက်လာ

May 18, 2021

မန္တလေး – ၂၀၂၁ မေ ၁၈ (မော်ကွန်း) မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တိုးမြှင့်ချထားထားပေမယ့် ဒီကနေ့ မေလ ၁၈ ရက်နေ့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ သပိတ်စစ်ကြောင်းအသီးသီးက ပြုလုပ်ခဲ့ကြပါတယ်။ သံဃာတော်တွေပါဝင်တဲ့ ဘုရားကြီးသံဃာ့သပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ MIIT ကျောင်းသားများ သပိတ်စစ်ကြောင်း၊ တမ္ပဝတီသပိတ်စစ်ကြောင်း၊ စတဲ့ သပိတ်စစ်ကြောင်း၊ မဟာအောင်မြေလူထု သပိတ်စစ်ကြောင်းတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကျောင်းသားလူငယ်တွေရဲ့ မန္တလာတက္ကသိုလ် ကျောင်းသား/သူများသပိတ် စစ်ကြောင်းဟာ မြို့တွင်းနေရာတစ်ခုမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နောက်ထပ်ကျောင်းသားလူငယ်တွေရဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့လည်း မန္တလေးရဲ့ အဓိကကျတဲ့ လမ်းမကြီးတစ်ခုဖြစ်ပြီး စစ်တပ်နဲ့ရဲတွေပါ ရှိတတ်တဲ့ ၃၅လမ်းမကြီးပေါ်တက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံများ – Simulation #Dailynews

အပြည့်အစုံဖတ်ရန်

အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး ပစ်သတ်နေသည့် စစ်ကောင်စီနှင့် လက်ပါးစေများကို တိုက်ခိုက်ချေမှုန်းသွားမည်ဟုဆိုကာ စမ်းချောင်း PDF ဖွဲ့စည်း

May 18, 2021

ရန်ကုန် – ၂၀၂၁ မေ ၁၇ (မော်ကွန်း) စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်စေဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာဖို့အတွက် မေလ ၁၅ ရက်နေ့က စမ်းချောင်းမြို့နယ် ပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – စမ်းချောင်း ( PDF – SANCHAUNG) ကိုဖွဲ့စည်းလိုက်ပါတယ်။ CDM ပြည်သူ့ဝန်ထမ်းတွေကို ကာကွယ်ပေးသွားမှာဖြစ်ပြီး NUG နဲ့ CRPH တို့ရဲ့ လမ်းညွှန်မှုတွေကို လိုက်နာပူးပေါင်းသွားမယ်လို့ PDF – SANCHAUNG ရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ စစ်ကောင်စီကို ကူညီနေတဲ့ သတင်းပေးတွေကို ရှင်းလင်းသွားမှာဖြစ်ပြီး စမ်းချောင်းမြို့နယ်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုတဲ့အချက်တွေအပါအဝင် စုစုပေါင်း အချက် ခြောက်ချက်ကို ထုတ်ပြန်ထားတာပါ။ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီလက်အောက်ခံတပ်တွေ အင်အားတိုးမြှင့် စောင့်ကြည့်နေသော်လည်း မန္တလေး အင်ဂျင်နီယာသပိတ်စစ်ကြောင်း ချင်းပြည်နယ်ကို အားပေးရင်း ထွက်လာ

May 18, 2021

မန္တလေး – ၂၀၂၁ မေ ၁၇ မန္တလေးမြို့တွင်းမှာ ဒီကနေ့ မေလ ၁၇ရက်နေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အင်အားတိုးမြှင့်ချထားထားပေမယ့် အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလက်အောက်ခံတပ်တွေ ပြင်းပြင်းထန်ထန်ဖိအားပေး တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်ကို အားတင်းထားဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြကြတာပါ။ အခြေအနေအရ ​မြန်မြန်လူစုခွဲခဲ့ရတယ်လို့ အင်ဂျင်နီယာအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ မန္တလေး အင်ဂျင်နီယာများအဖွဲ့ဟာ စစ်တပ် အာဏာစသိမ်းကတည်းက လူအင်အား အမြောက်အများနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဖြိုခွင်းခံရမှုအ​ကြိမ်ကြိမ်ခံခဲ့ရပါတယ်။ မန္တလေးမြို့မှာ ၇၈လမ်း ၃၈လမ်းအနီးက စစ်တပ်​ထဲ ရတနာပုံခန်းမ ဖွင့်ပွဲရှိလို့ မြို့တွင်းစစ်တပ်နဲ့ရဲ ပိုချထားပြီး လမ်းပိုင်းအချို့လည်း ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဓာတ်ပုံ-CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဟားခါးနှင့်ဖလမ်းကြား တိုက်ပွဲတွင် စစ်ကောင်စီ ခြောက်ဦးသေဆုံးပြီး CDF ဘက်မှ တစ်ဦးသေဆုံး

May 18, 2021

ချင်းပြည်နယ် – ၂၀၂၁ မေ ၁၇ (မော်ကွန်း) ချင်းပြည်နယ် ဟားခါးမြို့နှင့် ဖလမ်းမြို့ကြားတွင် မနေ့က စစ်ကောင်စီတပ်များနှင့် CDF – Hakha တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး CDF ဘက်မှ တစ်ဦးသေဆုံးကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) က ယနေ့ သတင်းထုတ်ပြန်သည်။ မနေ့က ညနေပိုင်း ၅ နာရီခွဲခန့်မှ စတင် အပြန်အလှန်ပစ်ခတ်ကြပြီး ည ၈ နာရီတွင် ပစ်ခတ်မှုများ ပြီးဆုံးကာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိသည်ဟု CDF က ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် CDF – Hakha တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ရသည်ဟု […]

အပြည့်အစုံဖတ်ရန်
1 … 238 239 240 241 242 243 244 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."