မိုးကုတ် – ၂၀၂၁ ဇွန် ၉ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာနဲ့ ကင်းရွာရဲကင်းတွေက ရဲနဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က တိမ်းရှောင်သွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ ဒီရွာနှစ်ရွာ အနီးတဝိုက်ကို ရောက်ရှိနေပြီလို့ သတင်းတွေထွက်နေတာကြောင့် အခုလို ပြောင်းရွှေ့သွားတာဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။ ပိန်းပြစ်ကျေးရွာရဲကင်းက ရဲမိသားစုဝင်တွေအားလုံး မိုးကုတ်မြို့မရဲစခန်းကို ပြောင်းရွှေ့သွားကြပြီး အဲဒီရဲကင်းမှာ စစ်သား အနည်းငယ်သာ ကျန်ခဲ့တယ်လို့် ဒေသခံကပြောပါတယ်။ ကင်းကျေးရွာက ရဲနဲ့မိသားစုဝင်တွေကတော့ ဘယ်ကိုတိမ်းရှောင်သွားတယ်ဆိုတာကိုမသိရသေးဘဲ စခန်းကိုတော့ ဒေသခံတွေကို ကြည့်ထားပေးဖို့ မှာခဲ့တယ်လို့ ဆိုပါတယ်။ ဒီရဲကင်းစခန်း တစ်ခုစီမှာ ရဲအင်အား ဆယ်ယောက်ကျော်နဲ့ သူတို့ရဲ့ […]
မိုးကုတ် – ၂၀၂၁ ဇွန် ၈ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း အချုပ်ခန်းရှေ့ လမ်းမမှာ မနေ့ညက ရဲတစ်ယောက် တုတ်နဲ့အရိုက်ခံရပြီး ရိုက်တဲ့သူတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ အရိုက်ခံရတဲ့ ရဲရဲ့အခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ အခုလို မဖြစ်ခင် ဇွန် ၆ ရက်နေ့က မိုးကုတ်အချုပ်ခန်းရှေ့ တောင်ကချင်ရပ်ကွက် လမ်းမမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေက ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးတာတွေ ရှိလာခဲ့ပါတယ်။ မိုးကုတ်မြို့ နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေဟာ ပိတ်ဆို့ပြီး လမ်းသွား လမ်းလာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ၊ လိုင်စင်တွေ အပါအဝင် ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးကုတ်မြို့ တောင်နီကွေ့ရပ်ကွက် အ.မ.က (၂၃) စာသင်ကျောင်းမှာလည်း စစ်ကောင်စီလက်အောက်ခံတပ်တွေ တပ်ချထားပါတယ်။ […]
မန္တလေး – ၂၀၂၁ ဇွန် ၇ (မော်ကွန်း) ဇွန် ၁ ရက်နေ့ညပိုင်းက မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ရှေ့တွင် ညပရိတ်ရွတ်သံဃာတော်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆဲဆိုဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း မစိုးရိမ်တိုက်သစ် နာယကအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ ဇွန် ၁ ရက်နေ့ည ၈ နာရီခန့်က ညပရိတ်ရွတ်နေသော သံဃာတော်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားလေးစီးဖြင့် လာရောက်ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးရန် ကြိုးစားခဲ့ကြောင်း၊ တိုက်တွင်းနေရဟန်းတော်များကိုပါ ဝင်ရောက်ဆဲဆိုကြိမ်းမောင်းခဲ့ပြီး ခြိမ်းခြောက်ပစ်ခတ်ခဲ့ကြောင်း၊ ပြေးလွှားပုန်းအောင်းရင်း သံဃာတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပရိယတ္တိစာသင်တိုက်အတွင်း လက်နက်ကိုင်ဆောင်၍ ဝင်ရောက်ခြင်း၊ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ပစ်ခတ်ခြင်းများမှာ မစိုးရိမ်တိုက်သစ်၏ ဂုဏ်ကို ထိခိုက်စေသည့်အပြင် ဗုဒ္ဓဘာသာနှင့်သာသနာတော်ကို မလေးစားခြင်း တန်ဖိုးမထားခြင်းဟု အဓိပ္ပါယ်သက်ရောက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် ဇွန်လ […]
မန္တလေး – ၂၀၂၁ ဇွန် ၇ (မော်ကွန်း) မန္တလေးမြို့က သပိတ်စစ်ကြောင်းတွေ စုပေါင်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ အောင်မြေသာစံမြို့နယ်ပညာရေးသပိတ်စစ်ကြောင်းများဟာ ဒီကနေ့ နံနက်ခင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆရာတော်သံဃာတော်တွေပါဝင်တဲ့ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ စက်မှုစုပေါင်းသပိတ်စစ်ကြောင်း၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများ သပိတ်စစ်ကြောင်း၊ တမ္ပဝတီ လူထုသပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ အ.ထ.က ၂၄ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂအဖွဲ့ စတဲ့ သပိတ်စစ်ကြောင်းတွေ အသီးသီးစုပေါင်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ မနက်ခင်းစောစောမှာပဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်းတွေ ပါဝင်တဲ့ အောင်မြေသာစံမြို့နယ် ပညာရေးသပိတ်စစ်ကြောင်းကတော့ မန္တလေးမြို့ရဲ့ အဓိကကျတဲ့ လမ်းမကြီးတွေနဲ့ တပ်စွဲထားတဲ့နေရာနားအထိ […]
ပုံစာ – မနေ့က ဝင်ရောက်ဖျက်ဆီးခံရသည့် နှမ်းခါးရွာနေအိမ်များနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ ။ “ဆန်ဆီဆား၊ ဒန်အိုး ဒန်ခွက်နှင့် အရက်ပုလင်းဖာများ ယူသွား” ယောနယ် – ၂၀၂၁ ဇွန် ၄ (မော်ကွန်း) ယောနယ် ပြည်သူ့ခုခံရေးကာကွယ်တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုများဖြစ်နေသည့် ဂန့်ဂေါမြို့နယ် နှမ်းခါးနှင့်ရဲလှရွာတို့အား စစ်ကောင်စီလက်အောက်ခံတပ်များ ဝင်ရောက်ကာ အိမ်အချို့အတွင်း ဝင်ရောက် ဖျက်ဆီးပြီး စားနပ်ရိက္ခာများယူဆောင်သွားသည်ဟု ဒေသခံရွာသားက မော်ကွန်းသို့ ပြောသည်။ “မနေ့က နံနက် ၈ နာရီခွဲလောက်မှာ နှမ်းခါးကို ဝင်သွားတာ အိမ်တွေကို ရိုက်ခွဲပြီး သူတို့လိုချင်တဲ့ ပစ္စည်းတွေယူသွားတယ်” ဟု နှမ်းခါးရွာသားက ပြောသည်။ စစ်ကောင်စီလက်အောက်ခံတပ်များက ကလေး – ဂန့်ဂေါ – ပုလဲလမ်း၊ နှမ်းခါးရွာ […]
မန္တလေး – ၂၀၂၁ ဇွန် ၄ (မော်ကွန်း) မန္တလေးမြို့က မြို့သိမ်းသပိတ်စစ်ကြောင်းလို့ အမည်ပေးထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဒီကနေ့ နံနက်ခင်းမှာ အောင်သပြေပန်းတွေကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒ ပြခဲ့ကြပါတယ်။ မြို့သိမ်းသပိတ်စစ်ကြောင်းဟာ နေ့စဥ်ဆန္ဒထုတ်ဖော်နေကြတဲ့ ချမ်းမြသာစည်သပိတ်စစ်ကြောင်း၊ ကျောင်းသားသမဂ္ဂအဖွဲ့သပိတ်စစ်ကြောင်း၊ ရတနာပုံတက္ကသိုလ် သပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း စတဲ့စစ်ကြောင်းပေါင်းစုံ စုပေါင်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့လည်း ပူးပေါင်းကာ စျေးတစ်ခုအတွင်း ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမှာတော့ ရဲနဲ့စစ်တပ်ဟာ ဆိုင်ကယ်တွေနဲ့ပါ မြို့တွင်းလှည့်လည်စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး လှည့်လည်ရာမှာ အမျိုးသမီးရဲမေတွေပါ ပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့က နောက်ထပ်အင်အားများတဲ့ စစ်ကြောင်းတွေဖြစ်တဲ့ အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ မဟာအောင်မြေလူထုသပိတ်စစ်ကြောင်းတို့ကလည်း မန္တလေးရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ ၇၃လမ်းမကြီးပေါ်အထိ တက်ရောက်လာကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒ […]
မန္တလေး – ၂၀၂၁ ဇွန် ၃ (မော်ကွန်း) မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားများသပိတ်စစ်ကြောင်းနဲ့ ကျန်းမာရေးမိသားစု – မန္တလေး သပိတ်စစ်ကြောင်းတို့ရဲ့ “တောင်တန်းပြည်မ ညီညွတ်ကြသည်” သပိတ်ကို ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မန္တလေးမြို့တစ်နေရာမှာ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပါတယ်။ တိုင်းရင်းသားဝတ်စုံတွေကို ဝတ်ဆင်ထားကြတဲ့ လူငယ်တွေဟာ ရောင်စုံပန်းတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တသားတည်းအတူ ရပ်တည်လျက်ရှိကြောင်း ပြသတဲ့ ဆန္ဒထုတ်ဖော်ပွဲ ဖြစ်ပါတယ်။ မန္တလေးမြို့က အမာခံသပိတ်စစ်ကြောင်းတစ်ခုဖြစ်တဲ့ စိန်ပန်း သပိတ်စစ်ကြောင်းက ရွှေတိုးကုန်းနဲ့ လှည်းတန်းရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားနှစ်ယောက်ကို ဒီကနေ့ နံနက် ၄ နာရီဝန်းကျင်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေကိုင်ဆောင်ပြီး […]
မန္တလေး – ၂၀၂၁ ဇွန် ၂ (မော်ကွန်း) မန္တလေးမြို့မှာ ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ပိုက်စိပ်တိုက်စစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းများ ပါဝင်တဲ့ မန္တလေးမဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ အာဏာရှင်စနစ်ကို အလိုမရှိကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံကြောင်း မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဇွန်လ ၁ ရက်နေ့ မနေ့က မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေနေရာယူထားတဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် မြို့တွင်းမြို့ပြင် စစ်ဆေးမှုတွေ ပိုမိုပြုလုပ်နေပါတယ်။ မြို့တွင်းလမ်းသွယ်တွေထဲမှာလည်း ကင်းပုန်းတွေချထားပြီး အရပ်ဝတ်ကော ယူနီဖောင်းနဲ့ပါ […]
ရန်ကုန် – ၂၀၂၁ ဇွန် ၁ (မော်ကွန်း) ဒီကနေ့ ညနေပိုင်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် တစ်နေရာမှာ လူငယ်တွေက ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ပြောက်ကျားသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ စစ်အုပ်စုကနေ စောင့်ကြပ် ဖမ်းဆီးနေတာတွေ လုပ်နေပြီး စမ်းချောင်း၊ လှိုင်နဲ့ သင်္ဃန်းကျွန်းမြို့နယ်လိုနေရာတွေမှာလည်း ညဘက် ဝင်ရောက်ဖမ်းဆီးတာမျိုးတွေရှိနေပါတယ်။ ရန်ကုန်မြို့ရဲ့ လတ်တလောအခြေအနေမှာတော့ စစ်အုပ်စုတပ်တွေဟာ အကာအရံတွေပါတဲ့ ကားတွေ၊ အရပ်ဘက်သုံးကားတွေနဲ့ လှည့်လည်တာမျိုးတွေ ရှိနေပါတယ်။ စစ်အုပ်စုကို အမိန့်ကို နာခံသူလက်ကျန်တွေနဲ့ လည်ပတ်နေတဲ့ ရုံးဌာနဝန်းတွေအတွင်းမှာ သဲအိတ်အကာအရုံတွေနဲ့ စစ်သားတွေ အသင့်အနေအထားစောင့်ကြပ်နေပြီး မြို့ပေါ်လမ်းမတွေမှာလည်း ရဲတွေဟာ ဆိုင်ကယ်တွေနဲ့ သွားလာနေတတ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မနေ့က ထုတ်ပြန်ချက်အရ နိုင်ငံကို စစ်အုပ်စုအာဏာသိမ်းပြီး ရက်ပေါင်း […]
မုံရွာ – ၂၀၂၁ ဇွန် ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်တစ်ဘက်ကမ်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဟာ ဒီကနေ့ နံနက်ခင်းမှာ အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မုံရွာမြို့ပေါ်မှာလည်း မုံရွာလူထုသပိတ်ကော်မတီ ဦးဆောင်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုစစ်ကြောင်းဟာ ဆိုင်ကယ်သပိတ်အဖြစ် မြို့တွင်းလှည့်လည်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေရှိနေတဲ့ ပေ ၈၀ လမ်းမကြီးပေါ်ထိတက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မုံရွာ-အမြင့်လမ်းက ကျေးရွာတွေကလည်း စုပေါင်း ပင်မသပိတ်စစ်ကြောင်းအဖြစ် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ စစ်ကောင်စီ အာဏာသိမ်းယူခြင်းခံထားရတဲ့ စာသင်ခန်းတွေကို ခေတ္တခဏ ကျောခိုင်းပြီး ကိုယ့်ရဲ့ ရင်သွေးငယ်တွေအတွက် ပြည်သူ့ပညာရေးစနစ်ကို တော်လှန်ရေးကာလအတွင်းမှာ ဖော်ဆောင်ကြဖို့ မုံရွာလူထုသပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။ ဓာတ်ပုံ- ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာ #Dailynews
“အုပ်ချုပ်ရေးမှူးနှစ်ဦး၊ ထွေအုပ်စာရေး၊ ကျောင်းဆရာမနှင့်သူနာပြုဆရာမတို့ပါဝင်” ယောနယ် – ၂၀၂၁ ဇွန် ၁ (မော်ကွန်း) မနေ့ ညနေပိုင်းက ဂန့်ဂေါမြို့နယ်ဘက်ကနေ ပြန်လာတဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေပါတဲ့ ကားကို ယောနယ် ပြည်သူ့ခုခံကာကွယ်ရေးတပ်ဖွဲ့က မြို့ရဲ့ မိုင်သုံးဆယ်အကွာလောက်မှာ စစ်ဆေးဖို့ တားဆီးခဲ့ရာ ရပ်မပေးတာကြောင့် ပစ်ခတ်ရာမှာ ကားပေါ်ပါသူ ငါးဦးစလုံး သေဆုံးခဲ့တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က မော်ကွန်းကို ပြောပါတယ်။ ကားပေါ်မှာ အုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့အတူ ထွေအုပ်စာရေးတစ်ဦး၊ ကျောင်းဆရာမတစ်ဦးနဲ့ သူနာပြုဆရာမတစ်ဦးတို့ ပါဝင်တယ်လို့ ပြောပါတယ်။ “သူတို့က မြို့ကနေ စစ်ကောင်စီဆီက လက်နက်တွေ တင်လာတာ ပါတဲ့သူ ငါးဦးစလုံးသေတယ် ကားရောမီးရှို့ပစ်လိုက်တယ်”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ ဂန့်ဂေါနယ်မှာ အကြီးဆုံးရွာတစ်ရွာဖြစ်တဲ့ ဟံသာဝတီရွာက အုပ်ချုပ်ရေးမှူး ဦးတာလူး ၊ မြောက်ခရမ်းရွာက […]
မန္တလေး – ၂၀၂၁ မေ ၃၁ (မော်ကွန်း) မန္တလေးမြို့မှာ အရပ်ဝတ်နဲ့ လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေ ရှိနေပေမယ့် သပိတ်တပ်ပေါင်းစုတွေဟာ ဒီကနေ့ မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးစုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂ၊ အမရပူရမြို့နယ် ကျောင်းသားသမဂ္ဂ အစရှိတဲ့ အဖွဲ့တွေစုပေါင်းပြီး မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ ဒါ့အပြင် အောင်မြေသာစံကျောင်းပေါင်းစုံသပိတ်နဲ့ မဟာအောင်မြေလူထုသပိတ်စစ်ကြောင်းတို့ကလည်း မြို့တွင်းတစ်နေရာမှာ ပူးပေါင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့တွင်းမှာ ယူနီဖောင်းနဲ့တင်သာမက အရပ်ဝတ်တွေနဲ့ပါ လိုက်လံစစ်ဆေးနေပြီး ပစ်ခတ်ဖမ်းဆီးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း သံဃသပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး သံဃာတော်အချို့နဲ့ လူအချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဓာတ်ပုံ – RDM ၊ CJ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."