ရန်ကုန် – ၂၀၂၁ မေ ၁၇ (မော်ကွန်း)
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်စေဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာဖို့အတွက် မေလ ၁၅ ရက်နေ့က စမ်းချောင်းမြို့နယ် ပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – စမ်းချောင်း ( PDF – SANCHAUNG) ကိုဖွဲ့စည်းလိုက်ပါတယ်။
CDM ပြည်သူ့ဝန်ထမ်းတွေကို ကာကွယ်ပေးသွားမှာဖြစ်ပြီး NUG နဲ့ CRPH တို့ရဲ့ လမ်းညွှန်မှုတွေကို လိုက်နာပူးပေါင်းသွားမယ်လို့ PDF – SANCHAUNG ရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်ကောင်စီကို ကူညီနေတဲ့ သတင်းပေးတွေကို ရှင်းလင်းသွားမှာဖြစ်ပြီး စမ်းချောင်းမြို့နယ်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုတဲ့အချက်တွေအပါအဝင် စုစုပေါင်း အချက် ခြောက်ချက်ကို ထုတ်ပြန်ထားတာပါ။
#Dailynews