သတင်းများ

ပြင်ဦးလွင်ဆန္ဒပြပွဲ ဦးဆောင်သူလေးဦးကို အိုးဘိုထောင်တွင် ဖမ်းဆီးထား

February 16, 2021

ပုံစာ- ပြင်ဦးလွင်မြို့တွင် ဖေဖော်ဝါရီ ၉ရက်နေ့က ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲ ဓာတ်ပုံ- ပေးပို့ ရန်ကုန် -၂၀၂၀ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း) ပြင်ဦးလွင် မြို့မှာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးလူထုဆန္ဒပြမှုများကို ဦးဆောင်သူလေးဦးကို အိုးဘိုးထောင်တွင် ဖမ်းဆီထားတယ်လို့ ဆန္ဒပြပွဲများတွင် ဦးဆောင်သူအဖြစ်ပါဝင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “နောက်ဆုံးကြားရတာကတော့ သူတို့ကို သ‌ဘာဝဘေးအန္တရာယ်နဲ့ ဆိုင်တဲ့ ပုဒ်မနဲ့ စွဲထားတယ်”လို့ သူက ပြောပါတယ်။ ပြင်ဦးလွင်မြို့မှာ အာဏာရှင်စနစ်ဖျက်သိမ်းရေး လူထုဆန္ဒပြပွဲကို ဦးဆောင်သူ ၁၅ ဦးခန့်ကို ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းက ဖမ်းဆီးသွားခဲ့တာပဲဖြစ်ပါတယ်။ အချို့ကိုလွှတ်ပေးလိုက်ပြီး လက်ရှိမှာလေးဦးကို‌ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ပြန်လည်လွှတ်ပေးလိုက်သူတွေကိုဝောာ့ ဆူပူမှုမပြုလုပ်ရန်၊ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့အရာမျိုးမလုပ်ရန်၊ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့ အညီလုပ်ဆောင်ရန် စတဲ့အချက်တွေကို ခံဝန်ထိုးခိုင်းခဲ့တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး […]

အပြည့်အစုံဖတ်ရန်

ဆက်သွယ်ရေးဝန်ဆောင်မှုပိတ်ရန် ညွန်ကြားချက်များအား တယ်လီနောထုတ်ပြန်

February 15, 2021

ရန်ကုန် – ၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်အာဏာသိမ်းသည့် ဖေဖာ်ဝါရီ ၁ ရက်မှ စတင်၍ ဖေဖော်ဝါရီ ၁၃ ရက်အထိ အာဏာသိမ်းစစ်ကောင်စီက တယ်လီနောဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီအား ဝန်ဆောင်မှုရပ်တန့်ရန်ညွှန်ကြားချက်များကို တယ်လီနောမြန်မာကထုတ်ပြန်လိုက်သည်။ အာဏာသိမ်းသည့် ပထမနေ့တွင် တစ်နိုင်ငံလုံးအနှံ့ ဆက်သွယ်ရေးကွန်ရက်ကို ပိတ်ချရန် ဖိအားပေးခဲ့ခြင်း၊ လေးရက်မြောက်နေ့တွင် ဖေ့စ်ဘွခ်ကို ယာယီပိတ်ရန်၊ ငါးရက်မြောက်နေ့တွင် တွစ်တာနှင့် အင်စတာဂရမ်ကို ထပ်ပိတ်ရန်၊ ခြောက်ရက်မြောက်နေ့တွင် အင်တာနက်ယာယီပိတ်ရန်နှင့် နောက်ထပ်ရက်များတွင် သုံးစွဲသူ IP address နှင့် ဝန်ဆောင်မှုများအလိုက် ပိတ်ခိုင်းခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များက ထိုသို့ညွန်ကြားခဲ့သော်လည်း တယ်လီနောမြန်မာက ၎င်းတို့၏ ဆက်သွယ်ရေးဝန်ဆောင် မှုကို ရပ်တန့်မသွားစေရန် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ “ညွှန်ကြားချက်တစ်ခုချင်းစီတိုင်းကို တရားဝင်မှု၊ လူ့အခွင့်အရေးအပေါ် အကျိုးသက်ရောက်မှု၊ လိုအပ်ချက်နှင့် […]

အပြည့်အစုံဖတ်ရန်

ပြင်ဦးလွင်က ဆန္ဒပြသူများကို အတည်ပြုမရသည့်လူတစ်စုကဝင်ရောက်ဖမ်းဆီး

February 10, 2021

ပုံစာ- ပြင်ဦးလွင် စစ်အာဏာရှင်ဆန့်ကျင််ဆန္ဒဖော်ထုတ်သူများ photo- Supplied ရန်ကုန်- ၂၀၂၁ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း) ပြင်ဦးလွင်မြို့တွင် အာဏာရှင်စနစ်ဖျက်သိမ်းရေး လူထုဆန္ဒပြမှုများကို ဦးဆောင်သည့် လူ ၁၀ ဦးကို အတည်ပြု၍မရသည့်လူတစ်စုက ယနေ့ ညနေပိုင်းတွင် ဖမ်းဆီးသွားသည်ဟု ဆန္ဒပြပွဲများတွင် ဦးဆောင်သူအဖြစ် ပါဝင်သူတစ်ဦးက မော်ကွန်းကိုပြောသည်။ ” ကား‌က အများကြီး လာဖမ်းတာပါ။ လူ‌​ေတွက အကုန်လုံး အရပ်ဝတ်တွေနဲပါ။ လက်နက်ပါတယ်” ဟု အမည်မဖော်လိုသည့် ဖမ်းဆီးခံရသူများနှင့် နီးစပ်သူက ပြောသည်။ အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ဦးဆောင်သူများကို ဖမ်းဆီးသည့်အတွက် ပြင်ဦးလွင်မြို့ခံများက ဖမ်းဆီးထားသူများပြန်လွှတ်ပေးရန် ရဲစခန်သို့သွားရောက်စုံစမ်းသော်လည်း “ရဲစခန်းဘက်က စစ်တပ်ထဲမှာရှိတာလိုလို မြို့နယ်ရုံးပေါင်းစုံမှာရှိတာလိုလို မပြတ်သားဘူးဖြစ်နေတယ်။ ရဲစခန်းမှာမရှိဘူးပြော‌တဲ့သဘောလိုဖြစ်နေတယ်” ဟု ဖမ်းထားသူများပြန်လွှတ်ရေး ညတွင်းချင်းတောင်းဆိုနေသည့် မြို့ခံတစ်ဦးက ပြောသည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး […]

အပြည့်အစုံဖတ်ရန်

“မတရားတဲ့ ပုံစံနဲ့ နိုင်ငံတော်အာဏာရယူတာကို လုံးဝလက်ခံမှာမ ဟုတ်ဘူး”

February 10, 2021

SNLD တွဲဘက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့် ဓာတ်ပုံ – မော်ကွန်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ အစဉ်တစိုက် ကြိုးပမ်းနေပြီး ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ပြုလုပ်ထားပါတယ်။ လက်ရှိတပ်က အာဏာသိမ်းလိုက်တဲ့အပေါ် သူတို့ သဘောထား ဘယ်လိုရှိပါသလဲဆိုတာ သိရှိဖို့ SNLD အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ ရန်ကုန် – ၂၀၂၁ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း) မော်ကွန်း။ ။ SNLD မှာ ခေါင်းဆောင်အပြောင်းအလဲဖြစ်ထားတော့ မူဝါဒအပြောင်းအလဲ ရှိပါသလား။ စိုင်းကျော်ညွန့်။ ။ မရှိပါဘူး။ ရွေးကောက်ပွဲမတိုင်ခင်က ကျွန်တော်တို့ အွန်လိုင်းမှာ တင်ထားတဲ့ မူဝါဒအတိုင်းပါပဲ။ ရွေးကောက်ပွဲမတိုင်ခင် နှစ်လလောက်မှာ ကျွန်တော်တို့ ထုတ်ပြန်ထားတာရှိပါတယ်။ မော်ကွန်း။ ။ အခု စစ်တပ်အာဏာသိမ်းမှုကို […]

အပြည့်အစုံဖတ်ရန်

CDM လှုပ်ရှားမှုတွင် ပါဝင်သည့် နေပြည်တော်မှဝန်ထမ်းများ နိုင်ငံဝန်ထမ်းနည်း ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ဖိအားပေးခံနေရ

February 8, 2021

– နေပြည်တော်မှ CDM လှုပ်ရှားမှုတစ်ခု ရန်ကုန် – ၂၀၂၁ ဖေဖေါ်ဝါရီ ၈ (မော်ကွန်း) CDM လှုပ်ရှားမှုတွင် ပါဝင်လာကြသည့် နေပြည်တော်မှ အစိုးရဝန်ထမ်းများအား ယနေ့နံနက်က နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ အရေးယူခံရနိုင်ကြောင်း အထက်အရာရှိများက သတိပေးခဲ့ကြောင်း CDM လှုပ်ရှားမှုကို ဦးဆောင်နေသည့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ပြောသည်။ “မနက်ကတော့ အစည်းအဝေးသဘောမျိုးခေါ်ပြောတာတွေ၊ ရုံးမလာတဲ့ ဝန်ထမ်းတွေကို စာရင်းစစ်တာတွေလုပ်တယ်။ ခြောက်တစ်ခါ ချော့တလှည့်တွေ လုပ်လာတယ်။ ကျွန်တော်တို့ကတော့ ရုံးကဆက်သွယ်နိုင်တဲ့ ဖုန်းနံပတ်တွေကို ပိတ်ထားလိုက်တယ်” ဟု ယနေ့မနက် အခြေအနေကို ၎င်းရှင်းပြသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၅ ရက်မှစတင်ကာ နေပြည်တော်တွင် အစိုးရဝန်ထမ်းများ Civil Obedience Movement […]

အပြည့်အစုံဖတ်ရန်

ဆန္ဒပြသူများကို ဟန့်တားရန် အာဏာသိမ်းအစိုးရ ကြေညာ

February 8, 2021

ရန်ကုန် – ၂၀၂၁ ဖေဖေါ်ဝါရီ ၈ (မော်ကွန်း) နိုင်ငံတော် တည်ငြိမ်ရေးတည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးမှုများရှိနေပြီး ၎င်းတို့ကိုအရေးယူမည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ယနေ့မွန်းလွဲပိုင်းက ကြေညာချက်ထုတ်လိုက်သည်။ ပြည်သူသို့ မေတ္တာရပ်ခံချက်ဆိုကာ လက်ရှိဆန္ဒပြမှုများတွင် အခြားသောသူများအား အုပ်စုဖွဲ့အတင်းအကြပ်ပြုခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများသည် ဥပဒေကို ချိုးဖောက်စေသည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ ယနေ့အထိ စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်ဆန္ဒပြမှုများတွင် အထက်ပါလုပ်ရပ်များကို မတွေ့ရဘဲ ဒီမိုကရေစီ ကျင့်စဉ်အရ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းသာ ဖြစ်သည်ဟု လူ့အခွင့်အရေးသမားနှင့် ဥပဒေအကြံပေးများက သုံးသပ်သည်။ Equlity Myanmar အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ခုချိန်ထိ ဆန္ဒပြတဲ့လူတွေက ကျွန်တော်တို့ တွေ့ရတာ တခြားသူတွေကို အနှောင့်အယှက်ဖြစ်အောင် လုပ်တာ တခုမျှမတွေ့ရပါဘူး” ပြောသည်။ ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကလည်း […]

အပြည့်အစုံဖတ်ရန်

လူထုလှုပ်ရှားမှုများ ပုံသဏ္ဍာန်မျိုးစုံပေါ်လာရန်ရှိသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအသိပေး

February 5, 2021

ရန်ကုန် – ၂၀၂၁ ဖေဖော်ဝါရီ ၅ (မော်ကွန်း) လူထုလှုပ်ရှားမှုများ ပုံသဏ္ဍာန်မျိုးစုံပေါ်လာရန်ရှိသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်ချက်ထုတ်၍ အသိပေးသည်။ ယင်းထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် သပိတ်မှောက်ဆန္ဒပြသည့် နည်းလမ်းပေါင်းစုံ လိုအပ်ပြီး နည်းလမ်းများ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီရန် ပူးပေါင်းချိတ်ဆက်လှုပ်ရှားကြရမည်ဟု ဖော်ပြသည်။ ထို့အပြင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပေါင်းစုံ ဆန္ဒပြပွဲများလည်း ပေါ်ပေါက်လာလိမ့်မည်ဖြစ်ပြီး ဆန္ဒပြပွဲများနှင့် သပိတ်ပေါင်းစုံပေါင်းစပ်၍ အခြားသော လူထုလှုပ်ရှားမှုများလည်း ပုံသဏ္ဍာန်အမျိုးစုံ ပေါ်လာရန် ရှိသည်ဟု ဖော်ပြသည်။ လက်ရှိဆန္ဒပြသပိတ်မှောက်နေသည့် နည်းလမ်းများသည်လည်း ထိရောက်သည်ဟု ထုတ်ပြန်သည်။ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် လက်ရှိ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက လည်း “ မတရားမှုများလာတာနဲ့အမျှ လူထုတိုက်ပွဲက မြင့်လာမှာပဲ။ တစ်ဖက်ကလည်း အင်အားသုံးဖြေရှင်းတဲ့နည်းလမ်းကိုပဲ […]

အပြည့်အစုံဖတ်ရန်

သမ္မတကို ဘေးစီမံဥပဒေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန်ဥပဒေများဖြင့်အမှုဖွင့်

February 3, 2021

ဓါတ်ပုံ- ဦးဝင်းမြင့် ဖေ့ဘွတ်စ် ရန်ကုန်-၂၀၂၁ ဖေဖော်ဝါရီ ၃ (မော်ကွန်း) နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို တည်ဆဲဥပဒေများဖြင့် အမှုဖွင့်ကာ ချုပ်ရက်ရီမန်ယူသည့် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြိုနယ်၊အမှတ်(၁)မြို့မရဲစခန်း၏ ရဲမှတ်တမ်း ကြေးနန်းများ လှုမှုကွန်ရက်တွင်ထွက်ပေါ်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီဝင် ဦးကြည်တိုးက ထိုသတင်းမှန်ကြောင်း သူ၏လူမှုကွန်ယက်တွင် ထုတ်ပြန်သည်။ “ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့်လည်းကောင်း၊ ဦးဝင်းမြင့်ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့်လည်းကောင်း နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှ ချုပ်ရမန် ၁၄ ရက် ( ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ) ပေးလိုက်ကြောင်း ခိုင်လုံသည့်သတင်းအရ သိရှိရပါသည်”ဟု ဦးကြည်တိုးက ရေးသားထားသည်။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် စက်တင်ဘာလအတွင်းက ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးမှုတွင် အိမ်ရှေ့မှထွက်ပြီး ထောက်ခံသူများကို ငါးမိနစ်ကြာ […]

အပြည့်အစုံဖတ်ရန်

Mytel စစ်ကိုင်းတိုင်းဌာနခွဲမှ အင်ဂျင်နီယာများ အလုပ်ထွက်

February 3, 2021

Photo: Ray Kin ရန်ကုန် – ၂၀၂၁ ဖေဖေါ်ဝါရီ ၃ (မော်ကွန်း) စစ်တပ်အာဏာသိမ်းခြင်းကို ကန့်ကွက်သည့်အနေဖြင့် မြန်မာစစ်တပ်ပိုင် တယ်လီဖုန်းအော်ပရေတာ Mytel စစ်ကိုင်းတိုင်းဌာနခွဲမှ အင်ဂျင်နီယာ ၇၁ ဦး ယနေ့တွင် အလုပ်တာဝန်များမှ နှုတ်ထွက်လိုက်သည်။ တပ်မတော်၏ အာဏာသိမ်းလုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံသားများ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုခြင်းဖြစ်သောကြောင့် ရှုတ်ချသည်ဟု ၎င်းတို့က လက်မှတ်ထိုး၍ သဘောထားထုတ်ပြန်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် Mytel နှင့်အတူ စစ်တပ်၏ စီးပွားရေးထုတ်ကုန်များကို မသုံးရန် တိုက်တွန်းမှုများသည် အများပြည်သူကြား ပျံ့နှံနေသည်။ တပ်မတော်မှလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့်ကုမ္ပဏီအဖွဲ့အစည်းများကို နိုင်ငံတကာလုပ်ငန်းရှင်များ သပိတ်မှောက်ရန် Burma Campaign UK က စာရင်းပြုစုကာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက အသစ်ထပ်မံဖြည့်စွက်ထားသည်။ ထိုစာရင်းတွင် ဘဏ်နှင့်ငွေကြေးလုပ်ငန်းများ၊ […]

အပြည့်အစုံဖတ်ရန်

ငွေစက္ကူများရုတ်သိမ်းမည်ဆိုသောသတင်းများမှာ ကောလာဟလ သာဖြစ်ဟု ဗဟိုဘဏ်ထုတ်ပြန်

February 3, 2021

ရန်ကုန်- ၂၀၂၁ ဖေဖော်ဝါရီ ၃ ( မော်ကွန်း ) ကျပ်ငါးထောင်တန်နှင့် ကျပ်တစ်သောင်းတန်များကို ရုတ်သိမ်းမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ဗဟိုဘဏ်၊ ငွေကြေးဌာနက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောသည်။ “ သတင်းက မဟုတ်ပါဘူး။ (သတင်းမှားဖြစ်ကြောင်း) ဗဟိုဘဏ်ကလည်း ကြေညာချက်ထုတ်ထားပါတယ်” ဟု အထက်ပါငွေကြေးဌာနမှ အမည်မဖော်လိုသူဦးစီးမှူးတစ်ဦးက ပြောသည်။ ထိုကောလာဟလ သတင်းသည် ယနေ့မနက်ပိုင်းတွင် လှုမှုကွန်ရက်ပေါ်မှ ပျံ့နှံ့လာပြီးနောက် အများပြည်သူကြား စိုးရိမ်ထိန့်လန့်စရာဖြစ်လာခဲ့သည်။ ဗဟိုဘဏ်၏ ကြေညာချက်တွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုကို စိုးရိမ်စရာမရှိဘဲ ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်သုံးစွဲနိုင်ပါကြောင်း၊ ဝန်ဆောင်မှုများကို ပုံမှန်ဆောင်ရွက်ရန် ဘဏ်များအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ တပ်မတော်က အာဏာသိမ်းသည်ဟု ကြေညာပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အတည်ပြုမရသည့် သတင်းများသည် စာဖိုင်များဖြင့်လည်းကောင်း၊ အသံဖိုင်များဖြင့်လည်းကောင်း အရှိန်အဟုန်ဖြင့်ပျံ့နှံ့နေပြီး တရားဝင်သတင်းဌာနမဟုတ်သည့် ကိုယ်ပိုင်အကောင့်များမှ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းခြင်းကို ထောက်ခံသည့်လူနာများအား လက်ခံကုသပေးမည်မဟုတ်ဟု ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနမှဆရာဝန်များထုတ်ပြန်

February 3, 2021

Photo – Mawkun ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမှဆရာဝန်များယနေ့မနက်ပိုင်းတွင် ဖဲကြိုးနီလှုပ်ရှားမှုပြုလုပ်ကာ အာဏာသိမ်းတပ်မတော်အစိုးရကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေသည့်မြင်ကွင်း။ ရန်ကုန်- ၂၀၂၁ ဖေဖော်ဝါရီ ၃ (မော်ကွန်း) ဆူပူသောင်းကျန်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် လူနာများနှင့် အာဏာသိမ်းတပ်မတော်ကို ထောက်ခံသည့်လူနာများကို လက်ခံကုသပေးမည်မဟုတ်ကြောင်း ရန်ကုန်ပြည်သူဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်များက ယနေ့ထုတ်ပြန်သည်။ အများပြည်သူရွေးချယ်တင်မြှောက်ထားသည့်အစိုးရအား ဖမ်းဆီးပြီး အာဏာရယူမှု အပေါ် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ Civil Disobedence Campaign နှင့် ဖဲကြိုးနီလှုပ်ရှားမှု Red Ribbon Movement တွင် ပါဝင်လှုပ်ရှားသည့် နိုင်ငံအနှံ့မှ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တစ်သားတည်း ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် အရေးပေါ်ဌာနဖြစ်သည့်အတွက် အများပြည်သူအား ဆေးကုသမှု ဆက်ပေးမည်ဖြစ်ပြီး မနိုင်းနင်းသည့် ဆရာဝန်အင်အားဖြင့် ကုသပေးနေရသည့်အတွက် ပြည်သူများအနေဖြင့် […]

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့စည်း

February 2, 2021

ရန်ကုန်-၂၀၂၁ ဖေဖော်ဝါရီ ၂ (မော်ကွန်း) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခေါင်းဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းကြောင်း ယနေ့ညဦးပိုင်းက ထုတ်ပြန်လိုက်သည်။ မဲစာရင်းမှားယွင်းမှုများကြောင့် အာဏာသိမ်းရခြင်း ဖြစ်သည်ဟု တပ်မတော်ကအကြောင်းပြထားသည်။ သမ္မတအပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးခဲ့သည့် အာဏာသိမ်းတပ်မတော်သည် တစ်နှစ်အတွင်း ရွေးကောက်ပွဲများကျင်းပမည်ဟု ထုတ်ပြန်ထားသည်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 240 241 242 243 244 245 246 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."