မိတ္ထီလာ – ၂၀၂၁ မေ ၂၀ (မော်ကွန်း)
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က ငွေထုတ်ရခက်နေတဲ့ ပြည်သူတွေအဆင်ပြေစေဖို့ မိုတယ်တစ်ခုမှာ K Pay ကနေ ရာခိုင်နှုန်းမယူဘဲ ထုတ်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Kpay အပါအဝင် mobile banking နဲ့ ငွေသားထုတ်ယူရာမှာ ရာခိုင်နှုန်းပမာဏတွေ မတန်မဆများစွာပေးနေရတာကြောင့် မိတ္ထီလာက ပြည်သူတွေ အဆင်ပြေစေဖို့ မလှိုင် – မိတ္ထီလာလမ်းမကြီးပေါ်က Novia မိုတယ်ကနေ K Pay ငွေသားထုတ်ခြင်းကို ရာခိုင်နှုန်းမယူဘဲ ထုတ်ပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
သောကြာ၊ စနေ၊ တနဂ်နွေ သုံးရက်နားပြီး ကျန်တဲ့ရက်တွေမှာ ငွေထုတ်ပေးမှာဖြစ်ကြောင်း၊ တစ်ဦးကို ငွေကျပ်ငါးသောင်းအထိ ထုတ်ပေးနေကြောင်း ပါဝင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး မြန်မာပြည်ဒေသအသီးသီးမှာ ပြည်သူတွေဟာ ဘဏ်တွေအပေါ်ယုံကြည်မှု ကျဆင်းလာတာကြောင့် အပ်နှံငွေတွေကို ရတဲ့နည်းနဲ့ထုတ်နေကြပါတယ်။
ဘဏ်စနစ်တွေ နှောင့်နှေးနေတဲ့အတွက် ပြည်သူများ ငွေကြေးကိစ္စဆောင်ရွက်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
K Pay၊ Wave Money အပါအဝင် Moblie Banking စနစ်နဲ့ ပြင်ပမှာ ငွေထုတ်ရာမှာလည်း ထုတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထက် အခကြေးငွေ ပေးနေကြရပါတယ်။
ဓာတ်ပုံ- ထီလာဆား
#Dailynews

