မန္တလေး – ၂၀၂၁ မေ ၁၄ (မော်ကွန်း) ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်ခံနေရသော်လည်း မန္တလေးမြို့က သပိတ်စစ်ကြောင်းတွေစုပေါင်းထားတဲ့ မဟာမိတ်သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အတွက် ဒီနေ့မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက ချီတက်ကာ ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအပါဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ဒေါင်းစစ်သည်သပိတ် စစ်ကြောင်း၊ပညာရေးမိသားစု သပိတ်စစ်ကြောင်း၊ စိန်ပန်း သပိတ်စစ်ကြောင်း၊ဘုရားကြီးငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ ၊တက္ကသိုလ်ဆရာဆရာမများသပိတ်စစ်ကြောင်း၊ ခွပ်တဲ့ဒေါင်း GZစစ်ကြောင်း၊ သမဝါယမ တက္ကသိုလ် ကျောင်းသားများသပိတ်၊ အမရပူရမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်းစတဲ့ သပိတ်စစ်ကြောင်းတွေစုပြီး စစ်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတက်ကာဆန္ဒပြခဲ့ကြပါတယ်။ မေလ ၁၂ရက်နေ့က မဟာမိတ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမှာ ကျောင်းသားကျောင်းသူလူငယ်တွေ ၃၀ ကျော် ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။ ဓာတ်ပုံ – Simulation #Dailynews
ရန်ကုန်- ၂၀၂၁ မေ ၁၄ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့၊လှိုင်မြို့နယ်၌ လူငယ်များက ချီတက်ဆန္ဒပြခဲ့သည်။ #Dailynews
ရန်ကုန်-၂၀၂၁ မေ ၁၄ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဆင်မင်းဈေးအနီးတွင် ယနေ့မနက်က လူငယ်များ ချီတက်ဆန္ဒပြသည်။ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည့်တိုင် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် ပျောက်ကျားသပိတ် များ ပြုလုပ်ကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း နေ့စဉ်ရက်ဆက် လူငယ်များက ချီတက်ဆန္ဒပြနေဆဲ ဖြစ်သည်။ #Dailynews
ဓါတ်ပုံသတင်း မန္တလေး – ၂၀၂၁ မေ ၇ (မော်ကွန်း) ဒီကနေ့ မန္တလေးမြို့က စုပေါင်းပြီး ထွက်လာတဲ့ စစ်အာဏာရှင်တော်လှန်ရေး”စက်မှုစုပေါင်းသပိတ်”ရဲ့ သပိတ်စစ်ကြောင်းတွေဖြစ်ပါတယ်။ ဓါတ်ပုံများ – CJs #Dailynews
မန္တလေး – ၂၀၂၁ မေ ၇ (မော်ကွန်း) မန္တလေးမြို့က ရတနာပုံ တက္ကသိုလ် သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေချိန် ပထမစုရပ်မှာ စစ်ကောင်စီတပ်တွေ လာရောက်ဖြိုခွဲမယ့်သတင်းကြားလို့ တခြားနေရာတစ်ခုမှာ လူပြန်စုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ပထမစုရပ်မှာ အကြောင်းကြောင်းကြောင့်လူစုခွဲခဲ့ရပေမဲ့ လူပြန်စုပြီးရအောင်သပိတ်ထွက်ခဲ့ပါတယ်” လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ရတနာပုံ တက္ကသိုလ် သပိတ်စစ်ကြောင်းအပြင် အရှေ့မြို့သစ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးစစ်ကြောင်းတစ်ခု ထွက်ခဲ့ကြပါတယ်။ ဓါတ်ပုံများ -MBCJ #Dailynews
မန္တလေး – ၂၀၂၁ မေ ၆ (မော်ကွန်း) မန္တလေးမြို့မှာ သပိတ်စစ်ကြောင်းတွေစုပေါင်းပြီး စစ်ကောင်စီကဖွင့်လှစ်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ မတက်ဖို့ ၊ စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ဖို့ ဒီကနေ့ မေလ ၆ ရက် နံနက်မှာ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။ ပညာရေးမိသားစု သပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၊ အမပူရမြို့နယ်သမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၊ အထက-၇ (မန်း)ကျောင်းသား/သူဟောင်းများသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ ချမ်းမြသာစည်သပိတ်စစ်ကြောင်း၊ အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြု သပိတ်စစ်ကြောင်း၊ တက္ကသိုလ်ဆရာဆရာမများ ဝန်ထမ်းများ သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဒီကနေ့ နံနက်မှာ မန္တလေးမြို့ လမ်း၆၀ ၊၂၆လမ်း၂၇ကြားနဲ့ ၂၂လမ်း ၈၉လမ်းထောင့်အနီးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မိတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဓါတ်ပုံ -Burma Post […]
ကလေး – ၂၀၂၁ မေ ၆ (မော်ကွန်း) ကလေးမြို့က စစ်အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထောက်ခံကြောင်း ဒီကနေ့မှာ ပြသလိုက်ကြပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ ထိပါး ဖျက်ဆီးခံနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ဖွဲ့စည်းလိုက်တယ်လို့ NUG က ကြေညာချက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့က ထုတ်ပြန်ချက်အရ စစ်ကောင်စီလက်ချက်နဲ့ ကျဆုံးသူ ၇၆၉ ဦးရှိနေပါပြီ။ ဓာတ်ပုံများ – CJs #Dailynews
မန္တလေး – ၂၀၂၁ မေ ၅ (မော်ကွန်း) မန္တလေးမြို့က မဟာမိတ်သပိတ်စစ်ကြောင်းများ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့စစ်ကျွန်ပညာရေးစနစ်တိုက်ဖျက်ရေး အတွက် ဒီကနေ့ မေလ ၅ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးပညာရေးမိသားစုသပိတ်စစ်ကြောင်းအပါဝင် မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ အ.ထ.က( ၂၆) ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊အ.ထ.က( ၇) ကျောင်းသားဟောင်းများသပိတ်စစ်ကြောင်း၊မန္တလာတက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊သမဝါယမတက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊DTM (မန္တလေး)ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊၊MIITကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊တက္ကသိုလ်ဆရာဆရာမများသပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊စိန်ပန်းလူထုသပိတ်စစ်ကြောင်း၊တပ်ပေါင်းစုသပိတ်စစ်ကြောင်း၊အဖမ်းဆီးခံပြည်သူများကိုယ်စားပြုသပိတ်စစ်ကြောင်း ဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။ စုပေါင်းသပိတ်စစ်ကြောင်းအပြင် မြို့တွင်းအခြားနေရာမှာလည်း ရတနာပုံတက္ကသိုလ် ကျောင်းသား/သူများသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် ကျဆုံးရေး လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြို့မှာ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ဖိအားပေးတာတွေရှိလာလို့ ဆရာဆရာမတွေ တိမ်းရှောင်နေရကြောင်း ဒေသခံပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဓာတ်ပုံများ -MBCJ #Dailynews
အမရပူရ – ၂၀၂၁ မေ ၅ (မော်ကွန်း) အမရပူရမြို့ အ.ထ.က ၁ ကျောင်းရှေ့မှာ ဆေးသပိတ်ပြုလုပ်ထားတာကြောင့် စစ်ကောင်စီတပ်တွေ ဒေါသထွက်ကာ သေနတ်ပစ်ဖောက်ပြီး လာသမျှလူကို ဒီနေ့နံနက်မှာ ရိုက်နှက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ “သူတို့က ကျောင်းရှေ့က ဆေးသပိတ်တွေကို ထုံးနဲ့ပြန်သုတ်ပြီး ဖျက်ပြီးသား။ ညရောက်တော့ ဆေးသပိတ်ထပ်လာလုပ်သွားလို့ ဒေါသထွက်ပြီး လာသမျှလူ ရိုက်နှက်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဆိုင်ကယ်တွေကို စစ်ဆေးတာ၊ လူအချို့ကို လမ်းပေါ်ဝမ်းလျားမှောက်ခိုင်းတာ၊ ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုံစာ – စစ်ကောင်စီက ထုံးပြန်သုတ်ပြီးချိန် ထပ်လာလုပ်သွားတဲ့ ဆေးသပိတ် ဓာတ်ပုံများ – CJ #Dailynews
မိုးကုတ် – ၂၀၂၁ မေ ၅ (မော်ကွန်း) မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းရပ်ကွက်တွေစုပေါင်းပြီး စစ်အာဏာရှင်ကျဆုံးရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံကြောင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဖမ်းဆီးထားတဲ့ ကျောင်းသားများနဲ့ ပြည်သူများ ချက်ချင်းလွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ကျဆုံးရေး စတဲ့ တောင်းဆိုကြွေးကြော်သံတွေနဲ့အတူ မိုးကုတ်ဒေသခံလူငယ်တွေ လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံများ -CJ #Dailynews
ရပ်ကွက်ထဲ ရဲအင်အား အလုံးအရင်းသုံးခြင်းကို ဆန့်ကျင်ဆန္ဒပြနေသော ရပ်ကွက်နေပြည်သူများ ဓာတ်ပုံ – မော်ကွန်း ရန်ကုန် – ၂၀၂၁၊ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) မနေ့ညပိုင်းက တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေပြည်သူ အယောက် ၂၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားမှန်း မသိရသေးပေ။ ဖမ်းဆီးခံမိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာမွေမြို့နယ်ရဲစခန်းက ထိုသို့ ပြောခြင်းဖြစ်သည်။ တာမွေရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ကျွန်တော်တို့ ဖမ်းတာလည်းမဟုတ်ပါဘူးဗျ။ တာမွေစခန်းက မဖမ်းပါဘူး။ အင်းစိန်မှာ ချုပ်တယ်လို့တော့ ကြားရပါတယ်။ ဂဃနဏ တော့မသိပါဘူး။ ဘယ်ပုဒ်မနဲ့ ဖွင့်တယ်ဆိုတာလည်း မသိပါဘူး။ ကျွန်တော်တို့စခန်းက ဘာမှကို မသိရဘူးဖြစ်နေတယ်။” ဟုပြောသည်။ မနေ့ညက ဖြစ်ရပ်တွင် တာဝန်ယူဆောင်ရွက်သည့် ရဲတပ်ဖွဲ့များသည် တာမွေရဲစခန်းမှ မဟုတ်ဘဲ […]
ရန်ကုန်- ၂၀၂၁ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) ပြည်ပမှ လောင်စာဆီတင်သွင်းနေဆဲဖြစ်ပြီး ကမ္ဘာ့ရေနံစျေးနှင့် ဒေါ်လာစျေးတက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမြင့်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူးက မော်ကွန်းကို ပြောသည်။ ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ဆက်တိုက်မြင့်တက်လာခဲ့ရာ ယနေ့အထိ ရက်ပေါင်း ၂၀ အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၂၀ အထိ ခုန်တက်လာသည်ကိုတွေ့ရသည်။ ” အဓိက ဆီစျေးတက်တာကတော့ နိုင်ငံခြားဆီစျေးတက်လာတယ်။ ဆီတင်သွင်းမှုကတော့ ရှိနေဆဲပါပဲ” ဟု စက်သုံးဆီလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြည်တွင်း၌ ဒေါ်လာစျေးသည် တစ်ရာကျော် ခုန်တက်သွားခဲ့ပြီး ရေနံစျေးသည်လည်း တက်လာခြင်းကြောင့် ယခုအခါ စက်သုံးဆီဈေးနှုန်းတတ်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ယခင်က နေ့စဉ်အဝင်ရှိတတ်သည့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."