တမူး – ၂၀၂၃ မတ် ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ကလေး-တမူးလမ်းပေါ်က အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲကင်းတစ်ခုကို ဒီကနေ့ နံနက်ပိုင်းမှာ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းပါသိမ်းနိုင်ခဲ့တယ်လို့ NLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “စခန်းပါသိမ်းနိုင်တယ်၊ အဲဒီစခန်းကိုပါ မီးရှို့ပစ်ခဲ့လိုက်တယ်”လို့ NLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီနေ့စခန်းသိမ်းခံခဲ့ရတဲ့ ဘုက္ကန်ရဲကင်းဟာ တမူးမြို့နဲ့ ၁၈ မိုင်လောက် ကွာဝေးပြီး “ဘုတ်ငှက်စစ်ဆင်ရေး”လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးကို NLA ရဲ့ စစ်ဆင်ရေးမှူး မင်းခေါင်က ဦးစီးတိုက်ခိုက်ခဲ့ကာ တိုက်ပွဲကြာချိန် ၄၅ မိနစ်လောက်ရှိခဲ့တယ်လို့ NLA ဘက်က ထုတ်ပြန်ပါတယ်။ တိုက်ခိုက်ခံနေရချိန်မှာ ရဲတွေကို အာဏာသိမ်းစစ်တပ်ဘက်က စစ်ကူလုံးဝမလာသလို နောက်ဆုံးမှာ ရဲတွေဟာ စခန်းကိုပါ စွန့်ခွာပြီးထွက်ပြေးသွားကြတယ်လို့ […]
ရန်ကုန်-၂၀၂၃ မတ် ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မြကန်ကျေးရွာကိုစစ်ကောင်စီတပ်တွေ ဒီကနေ့မနက်ပိုင်းက မီးရှို့ပြီးပြန်အထွက်မှာ ရိုက်သတ်ခံထားရတဲ့ဒေသခံတစ်ဦးအလောင်းနဲ့ ရွာခံတစ်ချို့ပျောက်ဆုံးနေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို အတည်ပြုပြောပါတယ်။ “ပျောက်ဆုံးနေတဲ့ဒေသခံနှစ်ဦး သုံးဦးရှိတယ်။ ဖမ်းသွားတာလား ဘာလားတော့မသိဘူး။ အဆက်သွယ်မရသေးတဲ့ဒေသခံတွေရှိတယ်။ အသတ်ခံလိုက်ရတဲ့ဒေသခံရှိတယ်။ ကနဦး တစ်ဦးလို့သိရတယ်။ အခုမှနယ်မြေရှင်းလင်းရေးဝင်တုန်းဆိုတော့ စာရင်းအတိအကျမသိရသေးဘူး။ သေနတ်ဒင်နဲ့ရိုက်နှက်သတ်သွားတာ၊ သေနတ်ဒဏ်ရာတော့မတွေ့ဘူး၊ ရိုက်ခံရတဲ့အနေအထား သေနတ်ဒင်ရာတွေတွေ့တယ်၊ ဖိနပ်ရာတွေတွေ့တယ်”လို့ သူကပြောပါတယ်။ အသတ်ခံထားရတဲ့သူဟာ အသက် ၆၅ နှစ်ခန့် မြကန်ရွာခံအမျိုးသားတစ်ဦးဖြစ်ပြီး အမည်စုံစမ်းနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။ မြကန်ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ ဒီမနက် ၈ နာရီ မိနစ်၂၀ ဝန်းကျင်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး နေအိမ်တစ်လုံး မီးရှို့ခံရကာ မြကန်ရွာခံတွေအပြင် အနီးနားက အင်းပက်၊ ကုန်းသာ စတဲ့ရွာတွေက […]
ရန်ကုန် – ၂၀၂၃ မတ် ၂၃ (မော်ကွန်း) ကြည်မြင့်တိုင်မြို့နယ်၊ ရွှေလှိုင်လမ်းထိပ်၊ တရားရုံးအနီးကအမှိုက်ပုံမှာ ဒီနေ့လယ် ၁၂:၁၀ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ “တရားရုံးနားကအမှိုက်ပုံမှာပေါက်တာပါ။ အုန်းကနဲပဲ။ အခုဒီကောင်(စကစ)တွေရောက်နေတယ်။ ကြည့်မြင်တိုင်လာမယ့်သူတွေတစ်ခြားလမ်းကသွားကြ” လို့ အနီးအနားနေထိုင်သူတစ်ဦးကပြောပါတယ်။ ဒီပေါက်ကွဲမှုကြောင့်ထိခိုက်မှုကိုတော့ဆက်လက်စုံစမ်းနေဆဲပါ။ လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေရောက်နေပြီး ရွှေလှိုင်လမ်းအနီးအနားက မယ်ဇလီပင်လမ်းမှာ ကန့်လန့်ဖြတ်ကားရပ်ကာ လာသမျှကားတွေကိုစစ်ဆေးနေတယ်လို့သိရပါတယ်။ ဗုံးပေါက်ကွဲတဲ့ ရွှေလှိုင်လမ်းအတွင်းရှိ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်သားတွေလိုက်လံစစ်ဆေးနေတယ်လို့သိရပါတယ်။ ဒီပေါက်ကွဲမှုကိုမည်သည့်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကိုတော့လတ်တလောမသိရှိရသေးပါ။ #Dailynews
ရန်ကုန်- ၂၀၂၃၊ မတ် ၂၃ (မော်ကွန်း) ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက်ို ယမန်နေ့ညနေ ၆:၀၀ ကျော်လောက်က အရပ်ဝတ်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေအင်အားအများအပြားနဲ့လာရောက်ဖမ်းဆီးသွားတယ်လို့ရပ်ကွက်နေသူတွေကပြောပါတယ်။ “စာရင်းအတိအကျနဲ့ရောက်လာပြီးခေါ်သွားတာ။ ထောက်ပို့လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပါ” လို့ ၎င်းရပ်ကွက်သားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ရပ်ကွက်အတွင်းဒလန်သတင်းပေးမှုကြောင့်မဟုတ်ဘဲ အဲဒီအမျိုးသမီးရဲ့နေရပ်လိပ်စာအတိအကျနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အနီးနားနေထိုင်သူတစ်ဦးကပြောပါတယ်။ အဲဒီအမျိုးသမီးကိုဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရသေးပါ။ ရန်ကုန်မြို့မှာ မနေ့ညက ဗိုလ်တထောင်မြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ သာကေတ၊ တောင်ဒဂုံ၊ လှည်းတန်း ဦးထွန်းလင်းခြံလမ်းထိပ်နဲ့ မြို့ထဲရှိတစ်ချို့မြို့နယ်တွေမှာ စစ်ကောင်စီက အနက်ရောင်ဝတ်ထားတဲ့လူငယ်တွေကို ကျောပိုးအိတ်ဖွင့်စစ်တာတွေ၊ မိုဘိုင်းဖုန်းစစ်ဆေးတာတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေပြီး နေရာအနှံ့ လုံခြုံရေးတင်းကြပ်လာနေပါတယ်။ #Dailynews
ရန်ကုန်-၂၀၂၃ မတ် ၂၂ (မော်ကွန်း) မန္တလေးမြို့၊ မန္တလေးဘီယာစက်ရုံအနီး လမ်း၈၀နဲ့ ၈လမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ရာအိမ်မှူးနှစ်ယောက်ကို ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင်က ဆိုင်ကယ်မောင်းလာတဲ့လူတချို့လာရောက်ပစ်ခတ်ခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။ “အကုန်ဝပ်နေ ဝပ်နေဆိုပြီး စိုးနိုင်တို့ကိုဝင်ပစ်တာ။ သူ့မိန်းမကိုတော့လုံးဝပစ်မသွားဘူး။ ဝင်းကိုလည်းပစ်ခံရတယ်”လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။ ပစ်ခတ်ခံရတဲ့ရာအိမ်မှူးနှစ်ယောက်ဟာ အောင်မြေသာစံမြို့နယ်၊ ဥယျာဥ်ကုန်းရပ်ကွက်၊ အကွက် ၁၉ (က) ရာအိမ်မှူးစိုးနိုင်နဲ့ ၁၉ (ခ) ရာအိမ်မှူးဝင်းကိုတို့ ဖြစ်ပါတယ်။ ၁၉(ခ) ရာအိမ်မှူး ဝင်းကိုက နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး စိုးနိုင်ကလည်း သေနတ်ဒဏ်ရာအများအပြားရရှိထားတာကြောင့် သေဆုံးနိုင်ဖွယ်ရှိတယ်လို့ မျက်မြင်တွေ့သူတွေကဆိုပါတယ်။ အခုပစ်သတ်ခံခဲ့ရတဲ့ ရာအိမ်မှူးနှစ်ယောက်ဟာ အရင်အစိုးရလက်ထက်ကတည်းကရာအိမ်မှူးတာဝန်ယူခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကိုသတင်းပေးတာကြောင့် လူပေါင်း ၅၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရပ်ကွက်တွေထဲကိုဝင်ရောက်ရှာဖွေမှုတွေပြုလုပ်နေပြီး လမ်းကိုလည်းပိတ်ဆို့စစ်ဆေးနေတယ်လို့သိရပါတယ်။ #Dailynews
ရန်ကုန်- ၂၀၂၃၊ မတ်လ ၂၂ (မော်ကွန်း) မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိခရိုင်တရားရုံးမှာ ဒီနေ့လယ် ၁၂:၀၀ နာရီ ဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ “အမရပူရခရိုင်တရားရုံးဗုံးကွဲတယ်။ ရခတွေ တစ်ယောက်က သေတယ်။ တစ်ယောက်က မျက်စိထိတယ်ကြားတယ်” လို့ အနီးအနားက ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးသာထိခိုက်ခဲ့ပြီးအရပ်သားတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ပေါက်ကွဲပြီး ၁၀ မိနစ်အကြာမှာရောက်ရှ်ိလာကာ ခရိုင်တရားရုံးအနီးမှာလမ်းပိတ်စစ်ဆေးခဲ့ပြီး အခုတော့ပြန်ဖွင့်ပေးလိုက်ပြီလို့ဆိုပါတယ်။ ဒီဗုံးကွဲမှုကို ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာကိုတော့လတ်တလောမသိရှိရသေးပါ။ #Dailynews
ရန်ကုန်- ၂၀၂၃ မတ် ၂၂ (မော်ကွန်း) ရန်ကုန်မြို့ရှိပြည်သူတွေလာမယ့်သင်္ကြန်မှာအပြင်မထွက်ဘဲ တိတ်တဆိတ်ဖြတ်သန်းပြီး စစ်ကောင်စီကို တော်လှန်ကြဖို့ရန်ကုန်ရှိတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းလိုက်ပါတယ်။ “တစ်နိုင်ငံလုံး အပူမီးတွေလောင်နေပါတယ်၊အတာရေလည်းမအေးနိုင်ပါဘူး။ ရန်သူက သူ့ရဲ့ဘောင်ဝင်မှုကိုပြသချင်လို့ အတင်းကိုစည်ကားအောင်လုပ်ပါလိမ့်မယ်။ တစ်ကမ္ဘာလုံးကို လိမ်ပါလိမ့်မယ်။ ဒါကြောင့် ရန်သူကစည်ကားစေချင်တဲ့အချိန်မှာ အပြင်မထွက်ဘဲနေခြင်းဖြင့် တော်လှန် နှစ်သစ်ကို ကူးကြရအောင်လို့ပဲပြောချင်ပါတယ်” လို့ ရန်ကုန်တိုင်းပြည်သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဗဟန်းမြို့နယ်အခြေစိုက်ပျောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Bahan Guerrilla Force ကလည်း “ ပျော်ချင်ကြလည်း ကြိတ်ငိုနေရသူတွေကိုတွေးပြီး တိုးတိုးတိတ်တိတ် ပျော်ပေးကြပါ။ တိုးတိုးတိတ်တိတ်ဆိုတာ ခိုးကြောင်ခိုးဝှက်လို့အဓိပ္ပါယ်မရပါဘူး။ ကိုယ်ချင်းစာတရားကို ကိုယ်စားပြုပါတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီဟာ မြို့တော်ခန်းမရှေ့နဲ့ပြည်သူ့ရင်ပြင်မှာ ရေကစားမဏ္ဍပ်တွေဆောက်လုပ်နေသလို မြို့နယ်အလိုက်ရေကစားမဏ္ဍပ်ဆောက်လုပ်လိုသူတွေကိုလည်းဖိတ်ခေါ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာနဲ့ပြည်တွင်းက ဒီဂျေတွေလာရောက်ဖျော်ဖြေကြမယ့် Rangoon Water Festival၊ Myanmar Thingyan Music […]
ရန်ကုန်-၂၀၂၃ မတ် ၂၂ (မော်ကွန်း) ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာကို ကင်းထောက်သွားတဲ့ အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို အမှတ် ၁၁၀၂ PDF တပ်ရင်းကရဲဘော်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေကာ PDF တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ ” စစ်ခွေးလှုပ်ရှားမှုအခြေနေသွားကင်းထောက်ရင်းနဲ့ စကားပြောစက်ကနေလှမ်းပြောတာ၊ သူတို့ကိုလည်းမြင်သွားတာပေါ့၊ အဲဒီမှာအထိတွေ့ နည်းနည်းလေးဖြစ်သွားတာ။ ကျွန်မတို့ရဲဘော်တစ်ယောက်တော့ လက်မှာဒဏ်ရာရသွားတယ်။ကုသမှုတော့ခံယူနေပါတယ်။ စစ်ကောင်စီဘက်ကတော့ တစ်ယောက်ကျသွားတယ်”လို့ သူကပြောပါတယ်။ တပ်ရင်း ၁၁၀၂က တပ်ဖွဲ့ဝင်ဟာ တံတောင်ဆစ်မှာ ကျည်ဆန်မှန်ပြီး အရိုးကြေမွဒဏ်ရာရသွားတာလို့ သူကဆိုပါတယ်။ ဒေါငံခါးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတော်လှန်ရေးအဖွဲ့တွေဟာ အခုလ ၂၀ ရက်ကလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မကြာခဏစစ်ကြောင်းထိုးတာကြောင့် အနီးနားက ဒေသခံပြည်သူတွေသတိထားကြဖို့လည်း တပ်ရင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ […]
ရေစကြို – ၂၀၂၃ မတ် ၂၁ (မော်ကွန်း) မကွေးတ်ိုင်း၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းရွာသစ်ကို အာဏာသိမ်းစစ်တပ်ဝင်ရောက်လာပြီးနောက် ရွာထဲတပ်စွဲထားချိန်မှာ ပြည်သူနှစ်ဦးကို သတ်ဖြတ်ထားခဲ့တယ်လို့ မီးလောင်ကျွန်းရွာဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကို ကြောက်ရွံ့လို့ ဘုန်ကြီးကျောင်းကို လာရောက်ကြတဲ့ စစ်ရှောင်တွေအတွက် ထမင်းချက်တာဝန်ယူရတဲ့ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးနဲ့ ရွာထဲက စိတ်ကျန်းမာရေးမကောင်းသူ ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်သွားခဲ့တာပါ။ “စိတ်ကျန်းမာရေးမကောင်းတဲ့သူကို စစ်ဆေးပြီးတော့ဓားတွေနဲ့လည်ပင်းတွေခုတ်တယ်၊ ခေါင်းတွေလည်းထိုးတယ်၊ ရင်ဘတ်တွေကောဗျ၊ တစ်ကိုယ်လုံးပေါင်တွေကောခြေထောက်တွေကော ညှင်းပန်းနှိပ်စက်ပြီးသတ်သွားခဲ့တာ၊ သတ်ပြီးတော့သူ့ကို PDF ဝတ်စုံဝတ်ပေးခဲ့တာ”လို့ ဒေသခံကပြောပါတယ်။ ထမင်းချက်တာဝန်ယူရသူကိုတော့ သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် နွေဦးတော်လှန်ရေးမှာ သေဆုံးခဲ့ရသူ အနည်းဆုံး ၃,၁၅၀ နီးပါးရှိလာပါပြီ။ အာဏာသိမ်းစစ်တပ်က မီးလောင်ကျွန်းရွာထဲကို စစ်ကြောင်းထိုးဝင်လာချိန်မှာ […]
ရေစကြို – ၂၀၂၃ မတ် ၂၁ (မော်ကွန်း) မကွေးတိုင်းရေစကြိုမြို့နယ် မီးလောင်ကျွန်းရွာသစ် ပြည်သူတွေဆီကနေ ငွေကြေးနဲ့ လက်ဝတ်ရတနာတွေသိမ်းယူသွားပြီး တပ်စွဲတဲ့ ဘုန်းကြီးကျောင်းမှာ ဖဲရိုက်ခဲ့ကြတယ်လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။ မီးလောင်ကျွန်းရွာသစ်မှာ အာဏာသိိမ်းစစ်တပ်ဟာ မတ််၁၉ ကနေ ဒီကနေ့ထိ တပ်စွဲခဲ့ပြီး အရပ်သားနှစ်ဦးကိုသတ်ခဲ့သလို မပြေးနိုင်ဘဲပိတ်မိနေတဲ့ပြည်သူတွေဆီက လက်ဝတ်ရတနာတွေနဲ့ ငွေတွေကို သိမ်းဆည်းခဲ့တာပါ။ ” ကျွန်တော်တို့ရွာကိုလာရှောင်နေတဲ့စစ်ရှောင်ပေါ့၊ သူ့ဆီကပိုက်ဆံ ၇၁ သိန်း၊ တခြားပိတ်မိနေတဲ့ပြည်သူတွေဆီက လက်စွပ်တွေနားစွဲတွေအကုန်ချွတ်သွားတယ်၊ အိမ်တွေကနေလည်းရွှေတွေငွေတွေရှာပြီးယူသွားတယ်”လို့ ဒေသခံကဆိုပါတယ်။ ပြည်သူတွေဆီကယူလာတဲ့ပိုက်ဆံတွေနဲ့ဘုန်းကြီးကျောင်းထဲမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့စစ်သားတွေ ဖဲရိုက်ခဲ့ကြတယ်လို့ ဒေသခံကပြောပါတယ်။ “ဘုန်းကြီးကျောင်းပေါ်မှာ ဘုန်းကြီးတွေလည်းစစ်ရှောင်ရတာဆိုတော့ သူတို့ကကျောင်းပေါ်မှာ ပြည်သူတွေဆီကယူလာတဲ့ပိုက်ဆံတွေနဲ့ဖဲတွေရိုက်ကြတယ်၊ရှုံးတဲ့စစ်သားတွေတောင် ဆယ်သိန်း၊ဆယ့်ငါးသိန်းအဲလိုကြေးတွေနဲ့ရိုက်ကြတယ်”လို့ ဒေသခံကပြောပါတယ်။ ကျေးရွာအတွင်းက နေအိမ်တွေရဲ့ထရံတွေရိုက်ဖျက်ပြီး နေအိမ်အတွင်းက ရွှေငွေတွေလည်းရှာယူသွားကာ ဆေးဆရာတစ်ဦးရဲ့နေအိမ်က ဆေးပစ္စည်းတွေကိုလည်းမီးရှို့ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အင်အား ၁၀၀ […]
မတ္တရာ – ၂၀၂၃ မတ် ၁၉ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေခဲပြန်ရွာကို အာဏာသိမ်းစစ်တပ်ဝင်ရောက်လာပြီးနောက် မနေ့က ရွာထဲမှာ မီးရှို့သတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦးရဲ့အလောင်းကိုတွေ့ခဲ့ရတယ်လို့ ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၁၇ရက်က အိုင့်ဒိုင်ကျေးရွာ၊ ရွှေခဲပြန်ကျေးရွာနဲ့ မယ်ဇလီချောင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မနေ့က ပြန်ထွက်သွားချိန်မှာအလောင်းကိုတွေ့ခဲ့ရတာလို့ ဗိုလ်ကျားကြီးကပြောပါတယ်။ ” သူတို့ရွာတွေထဲကိုရှင်းလင်းရေးဝင်တာ၊ ဝင်ပြီးတော့ပြည်သူတွေနေအိမ်တွေလည်းရိုက်ဖျက်ထားခဲ့တယ်၊ ရွှေခဲပြန်ရွာကအမျိုးသမီးတစ်ဦးကို စော်ကားပြီး သတ်ဖြတ်ထားခဲ့တာ၊ဗိုက်တွေမှာလည်းမီးရှို့ထားတယ်”လို့ဗိုလ်ကျားကြီးကပြောပါတယ်။ တွေ့ရှိရချိန်မှာ သေဆုံးသူအမျိုးသမီးရဲ့ အဝတ်အစားတွေဟာ ဖရိုဖရဲဖြစ်နေပြီး မျက်နှာနဲ့ ရင်ဘတ်တွေမှာမှာလည်း ကုတ်ခြစ်ထားတဲ့ဒဏ်ရာတွေလည်းတွေ့ရတာကြောင့် မသတ်ခင်မှာ အဓမ္မပြုကျင့်ခဲ့တာဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။ အသတ်ခံရသူဟာ အသက် ၃၀အရွယ်ရှိပြီး စစ်ကြောင်းဝင်လာချိန်် နေအိမ်မှာထမင်းအိုးတည်ခဲ့ပြီး မီးမပိတ်ခဲ့ရတာကြောင့်ပြန်လာချိန်မှာ အာဏာသိမ်းစစ်တပ်ကဖမ်းမိသွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် နွေဦးတော်လှန်ရေးမှာ […]
ရေစကြို – ၂၀၂၃ မတ် ၁၉ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသ မီးလောင်ကျွန်းရွာသစ်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက်ပိုင်းမှာ စတင်မီးရှို့ခဲ့ပြီး ရွာထဲက ပြည်သူအချို့ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မီးလောင်ကျွန်းရွာသစ်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက်အစောပိုင်းမှာ သေနတ်တွေနဲ့ပစ်ဖောက်ဝင်ရောက်လာပြီးနောက် ထွက်မပြေးနိုင်တဲ့ ပြည်သူ ၁၅ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံက ဆိုပါတယ်။ “စစ်သားတွေက ပစ်ဝင်တာဆိုတော့ ကြောက်တာရော မပြေးနိုင်တာရောကြောင့်ဖမ်းခံလိုက်ရတာ၊ထွက်ပြေးကြတဲ့သူတွေရှိတယ်၊ တစ်ယောက်ဆိုပြန်ဖမ်းခံရပြီး လက်မောင်းနှစ်ဘက်လုံးတေ့ပစ်ခံရတာ၊မသေလို့ကံကောင်း”လို့ ဒေသခံကပြောပါတယ်။ အဲဒီစစ်ကြောင်းကပဲ မြောင်နယ်ကနေ ဖမ်းဆီးလာခဲ့သူတစ်ဦးဆိုရင် သေနတ်ဒဏ်ရာကြောင့်သွေးထွက်လွန်နေလို့လွှတ်ပေးဖို့ ဘုန်းကြီးက တောင်းဆိုခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ ဒီကနေ့ မီးရှို့ခံရတဲ့ရွာဟာ အနီးအနားတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားတာမျိုးမရှိဘဲ မီးရှို့ခံခဲ့ရတာလို့ ဒေသခံကပြောပါတယ်။ ရွာထဲမှာစစ်သားတွေကအခုထိရှိနေသေးတာကြောင့် မီးလောင်ပျက်စီး ဆုံးရှုံး မှုအခြေနေကိုမသိရသေးသလို ပြည်သူတွေလည်းဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."