ရန်ကုန်- ၂၀၂၃ မတ် ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်ထဲကို ဒီကနေ့မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလို့ ကျေးရွာခုနစ်ရွာဝန်းကျင်က ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “ခုလောလောဆယ်တော့ အဲဒီ့စစ်ကြောင်းက သူတို့လာခဲ့တဲ့ အင်းပတ်ကွေ့ဈေးတန်းနဲ့ ရွာသစ်ကုန်းပျူခြံကို ပြန်ရောက်သွားပြီ။ ညောင်ပင်ခြံကျေးရွာနဲ့ ဆည်ကြီးကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေ ဆန်ဆီတို့ကိုယူသွားတယ်။ ချမ်းသာကုန်းရွာရဲ့အနောက်ဘက်မှာရှိတဲ့ တောတဲတစ်လုံးမီးရှို့သွားတယ်။ နောက်ပြီးတော့ ကောက်ရိုးပုံ သုံးပုံ၊ အိမ်တွေလည်းရှို့ထားခဲ့ပေမယ့် ကာကွယ်ရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြန်ဝင်တဲ့အခါမှာ အချိန်မီပြန်ငြှိမ်းသတ်နိုင်ခဲ့တယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ချမ်းသာကုန်းရွာကပြန်အဆုတ်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။ “ကာကွယ်ရေးတပ်သားတွေနဲ့ ထိပ်တိုက်တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်ကနှစ်ယောက်ကျတယ်။ ကိုယ်တွေဘက်က ပြည်သူတွေကော ရဲဘော်တွေကော အထိအခိုက်မရှိဘူး” လို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာစတဲ့ရွာတွေနဲ့ […]
ရန်ကုန်- ၂၀၂၃ မတ် ၁၇ (မော်ကွန်း) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် အရေပြားရောဂါကူးစက်ခံထားရတဲ့ စစ်ဘေးရှောင် ကလေးတွေကိုဆေးကုသဖို့ ဆေးဝါးအခက်အခဲဖြစ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ Job for Kayah အဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “ဆေးက တိုက်ပွဲအခြေအနေအရ လမ်းကြောင်းတွေပိတ်နေလို့ ဆေးရရှိဖို့ကခက်ခဲတယ်။ ရရှိဖို့အတွက်လည်းလုပ်နေတယ်။ ဒီရောဂါမှ မဟုတ်ဘူး။ တခြားရောဂါတွေ တခြားဖြစ်စဉ်တွေအတွက် ကုဖို့လည်းအဆင်မပြေဘူး။ ဆေးဝါးလုံလောက်မှုမရှိဘူး” လို့ သူကပြောပါတယ်။ အရေပြားရောဂါကူးစက်ခံထားရတဲ့ ကလေးတွေကို ဒီကနေ့ ဆရာဝန်တွေနဲ့ ဆေးအဖွဲ့တွေက ကုသမှုတွေလုပ်ပေးနေပြီး စိုးရိမ်စရာအခြေအနေမရှိဘူးလို့ သိရပါတယ်။ လက်ရှိအချိန်အထိ ကူးစက်ခံထားရသူ ၄၀ ကျော်ရှိပြီး လသားအရွယ်ကလေးငယ်အပါအဝင် လူကြီးတချို့လည်း ကူးစက်ခံထားရတယ်လို့ သူကဆိုပါတယ်။ “ဒီလိုမျိုးမကုသဘူး၊ ကလေးတွေကို တစ်ကိုယ်ရေသန့်ရှင်းရေးမလုပ်ဘူးဆိုရင် တခြားသော ကလေးတွေကိုပါကူးစက်နိုင်တယ်။ အဲ့ဒီအတွက် သူတို့ကို […]
ဆားလင်းကြီး – ၂၀၂၃ မတ် ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ နံနက်အစောပိုင်းကစလို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်တွေက ချင်းတွင်းမြစ်တစ်လျှောက်စစ်ကြောင်းထိုးနေပြီး ပြည်သူတစ်ဦးကို ခေါင်းဖြတ်သတ်သွားကာ ဦးခေါင်းရှာမတွေ့သေးလို့ ခုချိန်ထိ ဘယ်သူဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။ “တစ်ယောက်အသတ်ခံရတာ ခေါင်းရှာမတွေ့သေးလို့ ဘယ်သူမှန်းအတည်မပြုရသေးဘူး၊ နတ်ကျွန်း၊ နတ်ဆက်ရွာနားက မြစ်ထဲမှာတွေ့တာ”လို့ ဒေသခံကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ ပြည်သူဟာ အနည်းဆုံး ၃,၁၅၀ လောက်ရှိလာပါပြီ။ ဒီကနေ့ နံနက်အစောပိုင်းက ဆားလင်းကြီးမြို့နယ်၊ ဝဲကွဲရွာကို အာဏာသိမ်းစစ်တပ်က အင်အား ၁၆၀ လောက်နဲ့ စစ်ကြောင်းထိုးပြီး နေအိမ်နှစ်လုံးကို မီးရှို့သွားတယ်လို့ ဒေသခံကပြောပါတယ်။ စစ်ကြောင်းထိုးတဲ့စစ်တပ်ဟာ ဆားလင်းကြီးမြို့နယ် တုံ၊တောကျောင်းက စစ်ရှောင်ပြည်သူ ၂၀ ဝန်းကျင်ကိုလည်း […]
ရန်ကုန်- ၂၀၂၃ မတ် ၁၆ (မော်ကွန်း) လှိုင်မြို့နယ်၊ ဘူတာရုံလမ်းမ၊ဗေဒါစု (၁) လမ်းထိပ်က ဇွဲမင်းရွှေဆိုင်မှာ ညနေ ၃ နာရီခွဲလောက်က ဗုံးတွေ့လို့ စစ်ကောင်စီတပ်တွေလာရောက်ဖောက်ခွဲသွားတယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။ “ဇွဲမင်းရွှေဆိုင်မှာဗုံးတွေ့လို့ ချစ်တီးဘုရားကျောင်းကွင်းထဲမှာ လာဖောက်သွားတယ်။ အကျယ်ကြီးပဲ။” လို့ အနီးနားနေထိုင်သူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီက အိမ်စီးကားတစ်စီး၊ စစ်ကားနှစ်စီး၊ ရဲကားတစ်စီး၊ ရဲဂျစ်ကားတစ်စီး တို့နဲ့ အင်အားအများအပြားလာပြီး ညနေ ၄:၀၀ နာရီ ကျော်လောက်မှာ အနီးအနားက ချစ်တီးဘုရားကျောင်းထဲမှာပဲ ဗုံးကိုဖောက်ခွဲခဲ့တာပါ။ ဗုံးတွေ့ခဲ့တဲ့ ဘူတာရုံလမ်းမပေါ် ဗေဒါစု (၁)လမ်းထိပ်မှာ စကစတပ်သားတွေက လမ်းပိတ်ပြီးလာသမျှကားတွေပြန်လှည့်ခိုင်းခဲ့ပါတယ်။ အခုတော့ လမ်းတွေပြန်ဖွင့်ပေးလိုက်ပြီလို့သိရပါတယ်။ ဒီဗုံးတွေ့ရှိမှုမှာ ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာကိုတော့လတ်တလောမသိရှိရသေးပါဘူး။ #Dailynews
ရန်ကုန်- ၂၀၂၃၊ မတ်လ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ သံဘိုကျေးရွာကို စစ်ကောင်စီ တပ်စစ်ကြောင်းထိုးလို့ သံဘိုကျေးရွာအပါအဝင်အနီးအနားရွာငါးရွာက ဒေသခံငါးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံကပြောပါတယ်။ “မနေ့ကတည်းကရောက်နေတာ။ ဒီနေ့လည်းအဲဒီ့ဘက်ပတ်ဝန်းကျင်မှာပဲ ကင်းပုန်းတွေဝပ်ပြီးတော့ကင်းတိုးနေတာပေါ့။ ကျေးရွာတွေအနီးထိကပ်ပြီးတိုးနေတဲ့အခါမှာ ဒေသခံတွေအနေနဲ့စိုးရိမ်ကြီးပြီးထွက်ပြေးနေရတာပေါ့။ လက်နက်ကြီးပစ်တာတွေတော့မရှိသေးဘူး” လို့ သူကပြောပါတယ်။ အခုသံဘိုရွာအနီးအနားမှာစခန်းချထားတဲ့စစ်ကြောင်းနှစ်ကြောင်းလုံးဟာ သံဘိုရွာတောင်ဘက်ရှိ ရွှေဘ်ိုနယ် လေ့ကျင့်ရေး ၈ က ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့က စစ်ကောင်စီတပ်သား အင်အား ၇၀ နဲ့ဝင်ရောက်ခဲ့ပြီး ဒီနေ့မှာတော့ နောက်ထပ်အင်အား ၈၀ ထပ်တိုးလာကာ စုစုပေါင်းအင်အား ၁၅၀ နဲ့ စစ်ကြောင်းထိုးလာတာလို့ သူကပြောပါတယ်။ မနေ့က စစ်ကောင်စီတပ်က ရုတ်တရတ် စစ်ကြောင်းထိုးလာချိန်မှာ သံဘိုရွာက ဒေသခံတွေထွက်ပြေးလာရင်း နေအိမ်ရှိဆိုလာမီး အပူလွန်ကဲခဲ့တာကြောင့် နေအိမ် ၁၅ လုံး မီးလောင်သွားတယ်လို့ […]
ရန်ကုန်- ၂၀၂၃ မတ် ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ရဲ့တပ်ဖွဲ့ဝင်နှစ်ဦး မနေ့ကမနက်ပိုင်းက စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်လို့ CNDF က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့ CNDF ကရဲဘော်သုံးယောက်ကို မစ်ရှင်တစ်ခုလုပ်ခိုင်းတယ် အဲဒီ့ဘက်မှာ၊ ခရီးသွားခိုင်းတယ်။ ခရီးသွားပြီးပြန်အလာမှာ ဘုတလင်နဲ့ရွှေဘိုကြား ဇရပ်လေးမှာ ပင်ပန်းတယ်ဆိုပြီးခဏနားကြာတာ၊ သိပ်မကြာဘူး ဇရပ်ကို စစ်ကောင်စီတပ်တွေက လာဝိုင်းပြီးပစ်သွားတာ။ ကျွန်တော်တို့ဆီက နှစ်ယောက်ရယ်၊ PDF တစ်ယောက်ရယ် သုံးယောက် အဲ့နေရာမှာ ချက်ချင်းပစ်သတ်ခံရတယ်။ ရုပ်အလောင်းတွေတော့ ကျွန်တော်တို့ပြန်ယူနိုင်ပါတယ်” လို့ CNDF တာဝန်ရှိသူကပြောပါတယ်။ စစ်ကောင်စီတပ်တွေလာရောက်ပစ်ခတ်ချိန်မှာ CNDF ရဲဘော်တစ်ဦးက အခြားတစ်နေရာရောက်နေတဲ့အတွက်လွတ်မြောက်သွားတယ်လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ CNDF ရဲဘော်နှစ်ဦးဟာ ဆလိုင်းဟာခွီအမ်(ခ) ဇာနည်အောင် အသက်၂၀၊ […]
ရန်ကုန်၊၂၀၂၃မတ်၁၅(မော်ကွန်း) ကယားပြည်နယ်မှာစစ်ကောင်စီရဲ့ထိုးစစ်ကြောင့် စစ်ရှောင်စခန်းတွေကနေအရေးပေါ်နေရာထပ်ပြောင်းရတဲ့ စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာအခက်ခဲကြုံတွေနေရတယ်လို့ စစ်ရှောင်ပြည်သူတွေကို အကူညီပေးနေတဲ့ဒေသခံလူမှုကူညီရေးအဖွဲ့စည်းတွေကပြောပါတယ်။ လက်ရှိမှာ ဘေးလွတ်ရာကိုအရေးပေါ်ရွှေ့ပြောင်းဖို့သာအာရုံစိုက်နေရတာကြောင့် ရိက္ခာပစ္စည်းတွေကို နိုင်သလောက်သာသယ်ယူပြီးရွှေ့ပြောင်းနေကြရတာပါ။ လတ်တလောအခြေနေအရ ဒေသတွင်းအရေးပေါ်အခြေ အနေမှာသုံးဖို့သိုလှောင်ထားတဲ့စားနပ်ရိက္ခာနဲ့စက်သုံးဆီတွေကိုထုတ်သုံးနေရပြီး လာမယ့်ရက်သတ္တပတ်အတွင်း ရိက္ခာပြတ်လပ်မှုကြုံလာနိုင်တယ်လို့ဆိုပါတယ်။ “စစ်ရှောင်တွေကနေရာသုံးလေးနေရာပြောင်းနေရတော့ တစ်ပူပေါ်နှစ်ပူဆင့်သလိုဖြစ်နေတာ၊ ဘာမှလည်းမသယ်နိုင်ဘူး။ အရေးပေါ်ဆိုတော့ရှိတဲ့ဆန်ပဲထမ်းပြေးရတာ။ အခုကအရေးပေါ်အခြေအနေမှာသုံးဖို့ သိုလှောင်ထားတာတွေထုတ်သုံးနေရတယ်။ လာမယ့်တစ်ပတ်၊နှစ်ပတ်လောက်ဆိုရိက္ခာအခက်ခဲကြုံလာ တော့မှာအခုတောင်တစ်ချို့စခန်းတွေမှာနေရာမလောက်လို့ဖြစ်သလိုအိပ်ရ၊စားရတာတွေဖြစ်နေတယ်”လို့ စစ်ရှောင်တွေကိုအကူညီပေးနေတဲ့နွေဦးဂုရုလေးများအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ စစ်ရှောင်ပြည်သူတွေထဲမှာသက်ကြီးရွယ်အိုနဲ့ကလေးတွေလည်းအများအပြားပါ၀င်နေတာကြောင့် အရေးပေါ် လိုအပ်နေတဲ့စားနပ်ရိက္ခာ၊စက်သုံးဆီနဲ့အမိုးအကာတွေကို တတ်နိုင်သလောက်ပါ၀င်ကူညီဖို့ပေးဖို့ ၎င်းကထည့်သွင်းပြောဆိုပါတယ်။ စစ်ကောင်စီထိုးစစ်ကြောင့် ဒီမော့ဆိုအရှေ့ဘက်ခြမ်းကစစ်ရှောင်တွေခိုလှုံနေတဲ့ရွာကြီးလေးရွာထဲက ကျေးရွာတွေနဲ့စစ်ရှောင်စခန်းတွေအပါအ၀င် နေရာကိုးခုကဒေသခံတွေဟာ အခုတစ်ပတ်ကစတင်ပြီး အရေးပေါ်ရွှေ့ပြောင်းနေကြရတာဖြစ်ပါတယ်။ လက်ရှိမှာအရေးပေါရွှေ့ပြောင်းရတဲ့စစ်ရှောင်ဦးရေ တစ်သောင်းဝန်းကျင်ထိရှိလာပြီး ဆက်လက်ရွှေ့ပြောင်းပေးနေရဆဲဖြစ်ပါတယ်။ #Dailynews
ရန်ကုန်- ၂၀၂၃၊ မတ်လ ၁၅ (မော်ကွန်း) မကွေးတိုင်း၊ပခုက္ကူမြို့အနောက်အရပ်၊အမှတ် ၁၅ ရပ်ကွက်၊ဗိုလ်ချုပ်လမ်း၊ ကပ်ကျော်ဓမ္မာရုံအနီးရှိနေအိမ်မှာ ဆရာမနှစ်ယောက်ကို မနေ့ကနေ့လယ် ၁:၄၅ နာရီလောက်က လူသုံးဦး၊ သေနတ်အတိုဖြင့် ထုရိုက်၊ဓါးပြတိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ “အမျိုးသားသုံးယောက်က မီနီအိုးဝေနဲ့လာတာ။ ခြံဝန်းထဲမှာရပ်ထားတဲ့ဆရာမတွေရဲ့ကားနှစ်စီးရဲ့သော့တောင်းတာ၊ မပေးလို့ဆိုပြီး သေနတ်အတိုနဲ့ မပစ်ဘဲနဲ့ထုလိုက်တာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဆရာမနှစ်ယောက်ကို ထုရိုက်နေစဉ်မှာဆရာမတွေက ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခဲ့တာကြောင့်ဘာပစ္စည်းမှမယူဘဲ ထုရိုက်ကာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ အဲဒီဆရာမနှစ်ဦးဟာ ပခုက္ကူမြို့နယ် အ.ထ.က (၂) နဲ့ အ.မ.က (၁၄) မူလွန်ကျောင်းတွေမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဆရာမတွေပါ။ နှစ်ဦးလုံးဟာ ပခုက္ကူမြို့ဒေသခံတွေဖြစ်တယ်လို့သိရပါတယ်။ ဖြစ်စဉ်ဖြစ်ပွါးချိန်မှာ အဲဒီဆရာမတစ်ယောက်ရဲ့နေအိမ်ကိုနောက်ထပ်ဆရာမတစ်ယောက်ကအလည်လာတဲ့အချိန်ဖြစ်ပွါးခဲ့တာဖြစ်ပြီး တစ်ခြားမိသားစုဝင်တွေကိုတော့ နေအိမ်မှာမတွေ့ရဘူးလို့မျက်မြင်တစ်ချို့ကပြောပါတယ်။ သူတို့နှစ်ဦးဟာ ဦးခေါင်းနဲ့ နားထင်မှာ ဒဏ်ရာအသီးသီးရရှိထားပြီး ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးမှာဆေးကုသနေတယ်လို့သိရပါတယ်။ ဓားပြတိုက်သူအမျိုးသားသုံးဦးဟာလွတ်မြောက်နေဆဲဖြစ်သလို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာလည်းစုံစမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေပြောကြားချက်အရသိရပါတယ်။ #Dailynews
မုံရွာ-၂၀၂၃ မတ် ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်တွေ ဒီကနေ့မနက်ပိုင်း ၆ နာရီဝန်းကျင်က ဝင်ရောက်မီးရှို့တာကြောင့် လူဦးရေထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနက်အစောပိုင်းကမီးဝင်ရှို့တာ၊ တိုက်ပွဲလည်းမရှိဘူး။ လောလောဆယ်အထိ အိမ်ဘယ်လောက်ပါသွားလဲမသိရသေးဘူး၊ အဖမ်းခံရတဲ့သူတွေလည်းရှိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တဲ့ ထနောင်းတောရွာဟာ အိမ်ခြေနှစ်ရာကျော်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိအချိန်မှာတော့ ထနောင်းတောရွာအပြင် အနီးနားကကျေးရွာ ၁၀ ရွာဝန်းကျင်ကဒေသခံပြည်သူထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဆိုကြပါတယ်။ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အခုနှစ်ဖေဖော်ဝါရီကထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း လေးသောင်းသုံးထောင်ကျော်အထိရှိလာပြီလို့ သိရပါတယ်။ Photo – မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး #Dailynews
ခင်ဦး- ၂၀၂၃ မတ် ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပေါ်မှာ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကင်းသွားထောက်တဲ့ ခင်ဦးဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး မနေ့မနက်ပိုင်းက သတ်ဖြတ်ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “သံဘိုရွာအနီးမှာ ပိတ်ဖမ်းခံရပြီးသတ်ခံရတယ်။ တစ်ဦးက ခေါင်းဖြတ်သတ်ခံရတယ်။ နောက်တစ်ဦးက ခေါင်းတွေကြေမွသွားအောင်ရိုက်ခံရတယ်။ မျက်နှာမပီတော့ဘူး။ ပြီးမှသေနတ်နဲ့ နဖူးတေ့ပစ်သွားတယ်။ ခေါင်းဖြတ်သတ်ခံရတဲ့ ရဲဘော်ရဲ့ခေါင်းကို နွယ်ကြိုးနဲ့ သစ်ပင်မှာချိတ်သွားတယ်”လို့ ပြောပါတယ်။ အသတ်ခံရတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးဟာ ရဲဘော်ကျော်ရဲနဲ့ ရဲဘော်သက်နိုင်ဖြိုးတို့ဖြစ်ပြီး အသက်လေးဆယ်ဝန်းကျင်အရွယ်ရှိတယ်လို့ သိရပါတယ်။ သတ်ဖြတ်သွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ကညနေပိုင်းကပဲ ရွှေဘိုနယ် ဘုတ်ကုန်းပျူရွာကနေ ရွှေဘိုလေ့ကျင့်ရေး-၈ ထဲ ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။ ခင်ဦးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ အသတ်ခံရတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူပေါင်း ၂၇၅ ဦးအထိရှိလာပြီဖြစ်ပြီး စစ်ရှောင်နေရတဲ့ ပြည်သူပေါင်းနှစ်သောင်းကျော်ရှိလာပြီလို့ သိရပါတယ်။ […]
ရန်ကုန်၊၂၀၂၃မတ်(၁၄)(မော်ကွန်း) ရှမ်း၊ကယားနယ်စပ် စစ်ရှောင်စခန်းကိုစစ်ကြောင်းထိုး၀င်ရောက်လာတဲ့စစ်ကောင်စီတပ်က ဖမ်းဆီးခံစစ်ရှောင်ပြည်သူသုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဖယ်ခုံPDF တပ်ရင်း၂က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ အခုလ ၁၂ ရက်က မိုးဗြဲအရှေ့ဘက်ကမ်းတောင်ပေါ်စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီရဲ့ တပ်မ ၆၆ က ကစစ်ကြောင်းထိုး၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်သူအချို့ကိုလူသားဒိုင်းအဖြစ်ဖမ်ဆီးကာ အဲ့ထဲကအသက် ၈၁ နှစ်နဲ့အသက် ၇၈ နှစ်အရွယ်သက်ကြီးနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ခုနှစ်တန်းကျောင်းသားတစ်ဦးကိုတော့ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ ဖမ်းဆီးခံစစ်ရှောင်တွေကိုကယ်ဆယ်ဖို့ ဖယ်ခုံPDF တပ်ရင်း၂ ၊KNDF B03 ၊URFပူးပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီစစ်ကြောင်းတို့ အဲဒီနေ့မှာပဲ လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူ၊ တိုက်လေယာဥ်နှစ်စီးသုံးကာတိုက်ခိုက်ခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့၀င်တွေရဲ့ကယ်ထုတ်မှုကြောင့် ဖမ်းဆီခံစစ်ဘေးရှောင်အချို့ပြန်လည်လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။ အခုလဆန်းကစပြီးကယားပြည်နယ်ကို စစ်ကြောင်းသုံးကြောင်းနဲ့ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရှောင်စခန်းတွေကိုပါစစ်ကြောင်းထိုးတာနဲ့လေကြောင်းကတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာဘေးလွတ်ရာစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းမှုတွေလုပ်ဆောင်နေရတာပါ။ အခုလ၁၁ရက်ကလည်း စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့၊ နမ်းနှိမ်ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့အရပ်သား ၁၉ ဦးနဲ့ကျောင်းရှိသံဃာသုံးပါးကို အစုအလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ […]
ရန်ကုန်- ၂၀၂၃၊ မတ်လ ၁၄ (မော်ကွန်း) ရန်ကုန်၊ ဗဟန်းမြို့နယ်အခြေစိုက် Bahan Guerrilla Force BPDF က တော်လှန်ရေးရဲဘော်အသစ်တွေခေါ်ယူနေပါတယ်။ “အဓိကကတော့ အင်အားတိုးချဲ့ပြီး ကျယ်ကျယ်ပျံ့ပျံ့ တိုက်ပွဲဝင်နိုင်ဖို့ပါဗျ။ ပြီးတော့ အားဖြည့်ပါဝင်လိုတဲ့သူတွေအတွက် BPDF လည်း စိတ်ချရတဲ့ တပ်တစ်ခုအနေနဲ့ ရှိတယ်ဆိုတာ ပြောချင်လို့ပါ” လို့ Bahan Guerrilla Force မှ တာဝန်ခံကပြောပါတယ်။ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ချင်တဲ့ ဗဟန်းမြို့နယ်ကပြည်သူတွေသာမက နေရာအနှံ့က မည်သူမဆိုလာရောက်ပူးပေါင်းပါဝင်ကြဖို့သူကဖိတ်ခေါ်ပါတယ်။ လာရောက်လျှောက်ထားသူတွေအနေနဲ့ Bahan Guerrilla Force BPDF ရဲ့ တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ https://t.me/BPDF_Office မှ တစ်ဆင့်လာရောက်ဆက်သွယ်နိုင်တယ်လို့သူကပြောပါတယ်။ လျှောက်ထားသူတွေရဲ့ အချက်အလက်တွေကိုသိမ်းဆည်းထားပြီး ချက်ချင်းလက်မခံသေးဘဲအချိန်ယူကာစောင့်ကြည့်သွားမယ်လို့လည်းဆိုပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်အတွင်း Bahan Guerrilla Force ဟာ ဗဟန်းမြို့နယ်အတွင်းရှိ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."