ရန်ကုန် – ၂၀၂၃ မတ် ၂၃ (မော်ကွန်း)
ကြည်မြင့်တိုင်မြို့နယ်၊ ရွှေလှိုင်လမ်းထိပ်၊ တရားရုံးအနီးကအမှိုက်ပုံမှာ ဒီနေ့လယ် ၁၂:၁၀ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
“တရားရုံးနားကအမှိုက်ပုံမှာပေါက်တာပါ။ အုန်းကနဲပဲ။ အခုဒီကောင်(စကစ)တွေရောက်နေတယ်။ ကြည့်မြင်တိုင်လာမယ့်သူတွေတစ်ခြားလမ်းကသွားကြ” လို့ အနီးအနားနေထိုင်သူတစ်ဦးကပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့်ထိခိုက်မှုကိုတော့ဆက်လက်စုံစမ်းနေဆဲပါ။
လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေရောက်နေပြီး ရွှေလှိုင်လမ်းအနီးအနားက မယ်ဇလီပင်လမ်းမှာ ကန့်လန့်ဖြတ်ကားရပ်ကာ လာသမျှကားတွေကိုစစ်ဆေးနေတယ်လို့သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့ ရွှေလှိုင်လမ်းအတွင်းရှိ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်သားတွေလိုက်လံစစ်ဆေးနေတယ်လို့သိရပါတယ်။
ဒီပေါက်ကွဲမှုကိုမည်သည့်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကိုတော့လတ်တလောမသိရှိရသေးပါ။
#Dailynews

