တမူး – ၂၀၂၃ မတ် ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တမူး၊ ကဘော်ဒေသပြည်သူကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ကနေ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA) အဖြစ် ပြောင်းလဲဖွဲ့စည်းရတာဟာ တော်လှန်ရေးကာလမှာကတည်းက ဖက်ဒရယ်စနစ်ကို မျိုးစေ့ချဖို့လိုအပ်တာကြောင့်လို့ NLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “ပြောင်းလဲပြင်ဆင်ဖွဲ့စည်းတာဖြစ်တယ်၊ အဓိကသွားချင်တာကတော့ တို့ပြောပြောနေတဲ့ဖက်ဒရယ်ပေါ့နာ်၊ တော်လှန်ရေးအပြီးကာလဖက်ဒရယ်ထက် လက်ရှိတော်လှန်ရေးတွင်းကာလဖက်ဒရယ်ကိုလည်းလိုအပ်တယ်” လို့ NLA တာဝန်ရှိသူကပြောပါတယ်။ လက်နက်ကိုင်ထားတဲ့စစ်တပ်တစ်ခုဖြစ်တဲ့အတွက် တပ်ရဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဖွဲ့စည်းပုံတွေ၊ လမ်းစဉ်တွေ လိုအပ်နေတာကြောင့်လည်း ပြင်ဆင်ဖွဲ့စည်းရတာဖြစ်တယ်လို့ သူကပြောပါတယ်။ ၂၀၂၃ မတ် ၅ ရက်က ထုတ်ပြန်တဲ့ NLA ရဲ့ ထုတ်ပြန်ချက်မှာ NLA အနေနဲ့ NUG အပါအဝင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ၊ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်ဆက်ဆံရေးပြုလုပ်ပြီး အာဏာရှင်ကို […]
ခင်ဦး – ၂၀၂၃ မတ် ၇ (မော်ကွန်း) ယမန်နေ့က ခင်ဦးမြို့နယ်၊ ကလုံရွာကိုစစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်လာတာကြောင့် အနီးအနားရွာတွေမှဒေသခံတွေတိမ်းရှောင်ရင်း အသက် ၉၀ အရွယ်အဖွားအိုတစ်ဦးအအေးမိပြီး ဒီနေ့နံနက်မှာတင်သေဆုံးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “စကစတွေလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်လို့ပြေးလာကြတာ။ အဖွားအိုကလည်းအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာရတော့လမ်းမှာအအေးမိပြီးဆုံးသွားတာ။ အခုထိအဖွားအိုရုပ်အလောင်းကိုနာရေးမလုပ်ပေးနိုင်သေးဘူး”လို့သူကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က ကလုံကျေးရွာကိုဝင်ရောက်စခန်းချထားပြီး ဒီနေ့နံနက်ပိုင်းမှာတင် ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ မုံလှကျေးရွာမှာလည်း အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး မနေ့ကလက်နက်ကြီးထိမှန်ပြီးသေဆုံးသွားခဲ့သလို အမျိုးသားနှစ်ဦးလည်း ဒဏ်ရရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုကြောင့် ကလုံကျေးရွာအပါအဝင် အနီးအနားကရွာ ငါးရွာရှိ ဒေသခံ ရှစ်ထောင်ကျော်လောက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ အဲဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ ကလေးငယ် တစ်ရာကျော်လောက်ပါဝင်ပြီး နေစရာ၊စားစရာနဲ့ ဆေးဝါးတွေအရေးပေါ်လိုနေတယ်လို့ သိရပါတယ်။ ပုံစာ – ကလုံရွာမီးရှို့ခံနေရတဲ့မြင်ကွင်း ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ #Dailynews
ရန်ကုန်- ၂၀၂၃၊ မတ်လ ၇ ရက် (မော်ကွန်း) စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့အကြားတိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့မှ စစ်ရှောင်ပြည်သူတွေ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကြုံတွေနေရတယ်လို့ စစ်ရှောင်တွေကိုလိုက်လံကူညီပေးနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “မွေးရပ်မြေကိုစွန့်ပြီးနေရာအသစ်မှာရှောင်နေရတော့ ရေမသန့်တာတွေ၊အစားအစာတွေကြောင့်တော်တော်များများဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်နေတယ်။ အကုန်လုံးကလည်းစိတ်ဒုက္ခရောက်နေကြတယ်” လို့သူကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ်တောင်မဲသင်းကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် တောင်မဲသင်းရွာအပါအဝင် လုံးပျဉ်၊ နန်းနိမ့်၊ တောင်စလုံး၊ မြောက်စလုံးရွာတွေမှဒေသခံတွေတိမ်းရှောင်ခဲ့ရတယ်လို့ အဲဒီကဒေသခံတွေကပြောပါတယ်။ ပင်လောင်းမြို့က ပြည်သူတွေ စစ်ရှောင်နေရတာ ၁၀ ရက်နီးပါးရှိလာသလိုစစ်ရှောင်ဦးရေကလည်း ရှစ်ထောင်နီးပါးရှိလာပြီလို့ဆိုပါတယ်။ ပင်လောင်းမြို့နယ်မှ စစ်ရှောင်လာတဲ့ဒေသခံတွေကို အနီးအနားကျေးရွာတွေက နေစရာစားစရာကူညီပေးကြပေမယ့် တစ်ချို့ရွာတွေမှာတော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာဟာ နှစ်ရက်၊ သုံးရက်စာလောက်ပဲကျန်တော့တယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူကပြောပါတယ်။ ပုံ – ပင်လောင်းမြို့နယ်မှဒေသခံစစ်ဘေးရှောင်များ Photo: Supplied #Dailynews
ယင်းမာပင် – ၂၀၂၃ မတ် ၆ (မော်ကွန်း) တိုက်ပွဲတွေပြင်းထန်နေတဲ့ ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာမှာ အာဏာသိမ်းစစ်တပ်နဲ့တွေ့ပြီး ပစ်သတ်ခံထားရတဲ့ ပြည်သူတစ်ဦးရဲ့အလောင်းကို တွေ့ရှိရကြောင်း ဒေသတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဆီကမော်ကွန်းကိုပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် ကျေးစာကျရွာကနေထွက်ခွာသွားချိန်မှာ စာသင်ကျောင်းတောင်ဘက်၊ အမှိုက်ကျင်းထဲမှာ အလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပြီး အနောက်ကနေ ပစ်ခတ်ထားတဲ့ပုံစံလို့ Regional Friend Fighters (RFF) အဖွဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။ “သေသွားတော့ ကြိုးတွေနဲ့တုတ်ပြီးတရွတ်တိုက်ဆွဲသွားတာ၊ ဆိုင်ကယ်ကိုတော့ တွင်းတူးပြီး ချ၊ အလောင်းကိုအပေါ်ကတင်ပြီး သစ်ရွက်တွေနဲ့ဖုံးထားခဲ့တာ၊ လမ်းပေါ်က သွေးကွက်တွေကနေစသိတာ၊ သဲနဲ့ဖုံးထားလည်းမပျောက်ဘူးလေ၊ တရွတ်ဆွဲသွားတဲ့ အရာကိုတွေ့ပြီးလိုက်ရှာရတာ”လို့ RFF ရဲဘော်ကပြောပါတယ်။ သေဆုံးသူဟာ အသက် ၃၈ နှစ်အရွယ် ကိုဉာဏ်ဝင်းဆိုသူဖြစ်ပြီး အမျိုးသမီးဖြစ်သူနဲ့ သားနှစ်ဦး၊ သမီးတစ်ဦးကျန်ရစ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ နောက်ဆုံးတွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ်နဲ့အပေါင်းအပါတွေ […]
ရန်ကုန်-၂၀၂၃ မတ် ၆ (မော်ကွန်း) စစ်အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ဧရာဝတီလင်းပိုင်း ထိန်းသိမ်းရေးလုပ်ငန်းတွေထိခိုက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မင်းကွန်းအထက်၊ ဆင်ကျွန်းရွာအနီးမှာ ဧရာဝတီလင်းပိုင်အထီးတစ်ကောင် ပြင်ပဒဏ်ရာနဲ့သေဆုံးခဲ့ပါတယ်။ ဒီလိုဧရာဝတီလင်းပိုင် သေဆုံးမှုတွေဖြစ်ပေါ်နေပေမယ့် ဆုံးရှုံးမှုအတိအကျကိုသိရှိဖို့မလွယ်ကူဘူးလို့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးပညာရှင်တွေကဆိုပါတယ်။ “ဒီနှစ်နှစ်မှာ ဧရာဝတီလင်းပိုင်သေဆုံးတဲ့သတင်းတွေကြားသိရပေမယ့် ထိန်းသိမ်းကာကွယ်တာ၊စာရင်းကောက်တာတွေမလုပ်နိုင်တော့ ဘယ်လောက်ဆုံးရှုံးနေတယ်ဆိုတာမသိနိုင်ဘူး “လို့ ဧရာဝတီလင်းပိုင်ထိန်း သိမ်းရေးပညာရှင်တစ်ဦးကပြောပါတယ်။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် ဒေသခံတွေကိုသာအဓိကအားကိုးရတာဖြစ်ပြီး လက်ရှိဧရာဝတီလင်းပိုင်ကျင်လည်ကျက်စားရာ ဒေသအချို့ရဲ့အခြေနေအရ ဒေသခံတွေမပါဝင်နိုင်တာက ထိန်းသိမ်းရေးလုပ်ငန်းတွေကို အားနည်းစေတာဖြစ်ပါတယ်။ “အရင်ကဆို လင်းပိုင်သေတယ်ဆို ဒေသခံတွေကသတင်းပို့ကြတယ်။အဲဒီတော့ဘာကြောင့်သေတယ်ဆိုတာကို နောက်ကြောင်းလိုက်လို့ရပြီး ထိန်းသိမ်းကာကွယ်ရေးကိုသေချာလုပ်လို့ရတယ်။ အခုကတော့ ဒေသခံတွေကိုယ်တိုင်တောင်ခက်ခက်ခဲခဲရပ်တည်နေရတော့ သတင်းမပို့နိုင်ကြတော့ဘူး”လို့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့သူ ပညာရှင်တစ်ဦးကပြောပါတယ်။ မြန်မာနိုင်ငံလိုပဲ ဧရာဝတီလင်းပိုင်ကိုတွေ့ရှိနိုင်တဲ့ လာအိုနိုင်ငံရဲ့ နောက်ဆုံးကျန်ရှိတဲ့ဧရာဝတီလင်းပိုင်ဟာ ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ငါဖမ်းပိုက်နဲ့ညိကာ သေဆုံးသွားခဲ့ပြီး လာအိုနိုင်ငံမှာဧရာဝတီလင်းပိုင်မျိုးတုန်းပျောက်ကွယ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနရဲ့၂၀၂၀ ဖေဖော်ဝါရီအထိစာရင်းကောက်ယူခဲ့မှု ထုတ်ပြန်ချက်အရ […]
ခင်ဦး-၂၀၂၃ မတ် ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ကလေးငယ်နှစ်ဦးထိရှိလာပြီလို့ ခင်ဦးဒေသခံတွေကပြောပါတယ်။ အလယ်ရှိုရွာက ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မုံလှရွာက အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဒီနေ့မနက် ရေဦး- ခင်ဦး- ကန့်ဘလူအစပ် ကျေးရွာတွေကို တက်လာပြီးတော့ ခင်ဦးနယ် ငါးရုံကြီးရွာ၊ ရှားတောရွာ၊ မုံလှကျေးရွာတွေက တောတွေထဲမှာ စစ်ကြောင်းလာလို့ စစ်ရှောင်နေတဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ မုံလှရွာက ရှစ်နှစ်အရွယ်ကလေးငယ် လက်နက်ကြီးမှန် သေဆုံးသွားတယ်။ လောလောဆယ်အထိကို လက်နက်ကြီးတွေပစ်ခတ်နေတုန်း၊ မနေ့က အလယ်ရှိုရွာက ကလေးငယ်တစ်ဦးသေဆုံးထားတယ်” လို့ သူကပြောပါတယ်။ အလယ်ရှိုရွာက လက်နက်ကြီးကြောင့်သေဆုံးခဲ့တဲ့ကလေးငယ်ဟာ နွားကျောင်းရင်း စစ်ကောင်စီတပ်တွေ […]
ယင်းမာပင် – ၂၀၂၃ မတ် ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒီကနေ့နံနက် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလို့ ရွာပေါင်း ၁၂ ရွာဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီကနေ့ နံနက် ၇း၀၀ နာရီအချိန်လောက်ကစလို့ ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာက ထွက်လာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ စည်လောင်းချောင်း၊ ထန်းတောကြီး၊ ရေကြည်ပင်၊ မြရိပ်ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီးလမ်းတလျှောက် မီးရှို့ဖျက်ဆီးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ နံနက် ၁၀း၀၀ နာရီဝန်းကျင်မှာတော့ ပုသိမ်-မုံရွာလမ်းပေါ်တက်ပြီး ရွာစဉ်အလိုက်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာကြောင့် ဒေသခံတွေထွက်ပြေးနေရတာပါ။ လတ်တလောထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာတွေကတော့ ရွာသာ၊ ဂုဏ်တော၊ ဘိန်းနွယ်ချောင်၊ ဒုန်းတော၊ ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီး၊ ရေကြည်ပင်၊ မြရိပ်၊ စည်လှောင်၊ အောင်ချမ်းအေးနဲ့ အောင်ချမ်းသာရွာတွေဖြစ်ပါတယ်။ ပုံစာ – ယင်းမာပင်မြို့နယ်တွင် ယနေ့ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ […]
ယင်းမာပင် – ၂၀၂၃ မတ် ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာက စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးတစ်ဦးကို အာဏာသိမ်းစစ်တပ်က မီးရှို့သတ်ဖြတ်ထားတာကိုတွေ့ရှိရတယ်လို့ ဒေသခံဆီကနေ သတင်းရရှိပါတယ်။ မနေ့က ယင်းမာပင်၊ သပြေအေးရွာကို အာဏာသိမ်းစစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်လာလို့ ရွာသားတွေထွက်ပြေးခဲ့ကြရပြီး ဒီကနေ့ ရွာထဲကို ပြန်ဝင်ချိန်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးကိုတွေ့ရှိခဲ့တာလို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။ “အမျိုးသမီးကအပေါ်ပိုင်းမလောင်ဘဲ ခြေထောက်ပိုင်းသာမီးလောင်ခဲ့တာ၊ ပါးစပ်မှာလည်း အဝတ်စည်းထားတယ်၊ အိမ်ပါမီးရှို့တာ”လို့ ဒေသခံ ကပြောပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အသက် ၃၉ နှစ်ခန့်ရှိပြီး မုဒိန်းကျင့်သွားတာဖြစ်နိုင်တယ်လို့ အလောင်းကိုတွေ့ရှိသူတွေက သုံးသပ်ကြကြောင်း ဒေသခံကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ ပြည်သူဟာ ၃,၁၀၀ နီးပါးရှိလာပါပြီ။ အာဏာသိမ်းစစ်တပ်ဟာ သပြေအေးရွာကို […]
ရန်ကုန် – ၂၀၂၃ မတ် ၃ (မော်ကွန်း) စစ်ကိုင်းတိုင်းအတွင်းမှာ ရွာလုံးကျွတ်မီးလိုက်ရှို့နေတဲ့စစ်ကောင်စီဟာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆွေးနွေးပွဲကို မုံရွာမြို့မှာတိုင်းမီးသတ်ဦးစီးဌာနနဲ့သစ်တောဦးစီးဌာနတို့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆွေးနွေးပွဲနဲ့မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲကို ယခုလ ၁ ရက်က စစ်ကိုင်းတိုင်းမုံရွာမြို့မှာပြုလုပ်ခဲ့တာလို့ ဒီနေ့ထုတ် စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။ မီးသတ်ဦးစီးဌာနအနေနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်ပစ္စည်းတွေ၊နိုင်ငံအတွင်းရှိကုန်ထုတ်အရင်းအနှီးတွေကို မီးဘေးအန္တရာယ်ကနေကာကွယ်တားဆီးဖို့နဲ့သဘာ၀ဘေးအန္တရာယ်အပါအ၀င် တခြားဘေးအန္တရာယ်တွေ ကျရောက်ရင်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတာဝန်ယူဆောင်ရွက်နေတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှုးက အထက်ပါဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။ ဒီပြောဆိုမှုဟာလက်တွေ့မြေပြင်အခြေနေနဲ့ကွာခြားနေပြီး လက်ရှိ စစ်ကိုင်းတိုင်းအတွင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်းထိုး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေကဆက်တိုက်မြင့်တက်နေတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံတွေကဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကုန်ပိုင်းမှာ စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်အတွင်းရှိ မိရိုးဖလာရက်ကန်းလုပ်ကိုင်တဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီး လူနေအိမ်တွေနဲ့ရက်ကန်းရုံရာချီ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ စစ်အာဏာသိမ်းချိန်ကနေ ယခုနှစ်ဇန်နဝါရီလလယ်ထိ နိုင်ငံတဝှန်းမီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်၊အဆောက်အဦစုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းအတွင်းမှာဖြစ်ပေါ်ခဲ့ပြီး နေအိမ်၊အ ဆောက်အဦလေးသောင်းသုံးထောင်ကျော်ထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar)ရဲ့ထုတ်ပြန်ချက်မှာ ဖာ်ပြထားပါတယ်။ #Dailynews
ရန်ကုန်၊ ၂၀၂၃ မတ် ၃(မော်ကွန်း) CDMကျောင်းသားတွေတက်ရောက်နေတဲ့ နာမည်ကြီးကြားကာလအွန်လိုင်းစာသင်ကျောင်းအချို့ လုံခြုံရေးအချက်အလက် ပေါက်ကြားမှုတွေကြောင့် လာမယ့်ကျောင်းဖွင့်ရာသီအွန်လိုင်းကနေပညာသင်ကြားရေးနဲ့ပတ်သက်လို့ ပြန်လည်စဉ်းစားရတော့မယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။ အခြေခံပညာကျောင်းသားသုံးသောင်းကျော်ပညာသင်ကြားနေတဲ့ FOEIMအွန်လိုင်းအခြေပြုကြားကာလ စာသင်ကျောင်းဟာငွေကြေးအငြင်းပွားမှု၊ကျောင်းသားအချို့ရဲ့အချက်လက်ပေါက်ကြားမှုတွေဖြစ်ပေါ် ပြီးနောက်လုံခြုံရေးအခြေနေအရ ကျောင်းကိုအပြီးပိတ်သိမ်းကြောင်း အခုလ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလဲ နာမည်ကြီးအွန်လိုင်းစာသင်ကြောင်းတစ်ခုဖြစ်တဲ့ K4Uမှာတက်ရောက်နေတဲ့ ကျောင်းသားတွေနဲ့သင်ကြားပေးတဲ့ CDMဆရာ၊ဆရာမတွေရဲ့အချက်လက်တွေ ပေါက်ကြားပြီး ကျောင်းတည်ထောင်သူနဲ့ဆရာဆရာမအချို့ ဖမ်းဆီးခံခဲ့ရကာကျောင်းပိတ်သိမ်းခဲ့တဲ့ဖြစ်စဉ်ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် လာမယ့်နှစ်ဖွင့်လှစ်မယ့်ကြားကာလအွန်လိုင်းစာသင်ကျောင်းတွေမှာထားရှိဖို့ကို ပြန်လည်စဉ်းစားသွားတော့မယ်လို့ ကျောင်းသားမိဘတွေဘက်ကပြောဆိုလာတာပါ။ ကြားကာလပညာရေးစနစ်ကိုအားကိုးပြီးကလေးတွေကိုအွန်လိုင်းကနေစာသင်ဖို့ရွေးချယ်ခဲ့ပေမယ့် အငြင်းပွားဖွယ်အချက်အလက်ပေါက်ကြားမှုတွေနဲ့ကျောင်းပိတ်သိမ်းတာတွေက ကလေးတွေအတွက် အခက်ခဲဖြစ်စေလို့ အခုလိုစဥ်စားတာဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ်က ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။ “အချက်အလက်တွေအခုလိုပေါက်ကြားလာတော့ ကလေးအတွက်ရော မိဘအတွက်ရောအဆင်မပြေဘူး။ ဒီရက်ပိုင်းထဲဖုန်းနံပါတ်အစိမ်းလာရင်တောင် မကိုင်ရဲဘူးဖြစ်နေတယ်။ အစကတော့ အဆင်ပြေရင် နောက်နှစ်တွေပါဆက်ထားမယ်ဆိုပြီးစဥ်းစားထားတာ အခုကသူတို့ပြန်ဖွင့်မယ်ဆိုရင်တောင် ပြန်ထားဖို့ကခက်နေပြီ”လို့ ၎င်းကဆိုပါတယ်။ လက်ရှိမှာတော့ FOEIM မှာတက်ရောက်နေတဲ့ မူလတန်းကျောင်းသားတွေအတွက် […]
ယင်းမာပင် – ၂၀၂၃ မတ် ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညတစ်ညတည်းမှာ နှစ်ကြိမ်မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ရွာမီးလောင်တာ ကုန်သလောက်ရှိပြီ”လို့ ဒေသခံကပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်ဟာ ယင်းမာပင်မြို့နယ်၊ မြောက်နုံးနဲ့ ကျွဲကျရွာကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဘက် ငါးဦးလောက်သေဆုံးပြီးတဲ့အခါ မြောက်နုံးရွာထဲကို ဝင်ရောက်ကာ ဖျက်ဆီးမှုတွေစတင်ပြုလုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ည ၇း၀၀ နာရီဝန်းကျင်မှာတော့ မြောက်နုံးကို စတင်မီးရှို့ခဲ့ပြီး ည ၉း၀၀ နာရီလောက်မှာ မီးညွန့်မမြင်ရတော့ဘူးလို့ ဒေသခံကပြောပါတယ်။ ည ၁၀း၂၀ လောက်မှာ ထပ်မံမီးရှို့ကာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ မြောက်နုံးရွာဟာ အခုအချိန်မှာတော့ တစ်ရွာလုံးကုန်သလောက်ဖြစ်နေပြီလို့ ဒေသခံကပြောပါတယ်။ ယင်းမာပင်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ […]
ယင်းမာပင်-၂၀၂၃ မတ် ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကုန်းရွာကို စစ်ကောင်စီတပ်တွေ ယမန်နေ့မနက်ပိုင်းက ထပ်မံ မီးရှို့ဖျက်ဆီးတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “ကုန်းရွာကတော့ တစ်ရွာလုံးကျွတ်နီးပါး မီးထဲပါသွားပြီ။ မနေ့ကတည်းကရှို့နေတာ၊ ဒီကနေ့မနက်လည်းထပ်ရှို့တာ။ ပုလဲဘက်ကထွက်တဲ့စစ်ကြောင်းက ဝင်ရှို့တာ။အင်အားတော့ မခန့်မှန်းနိုင်ဘူး။ မနက်ကလေယာဉ်နဲ့လည်း တစ်နာရီလောက်ပစ်တာ။ ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်တယ်” လို့ အဲဒီဒေသခံက လက်ရှိအခြေအနေကိုပြောပြပါတယ်။ စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့ ကုန်းရွာဟာ အိမ်ခြေ ခြောက်ရာကျော်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ကုန်းရွာကဒေသခံတွေအပြင် ကုန်းရွာအနီးပတ်ဝန်းကျင်က ကျေးရွာ ၁၀ ရွာကျော်က ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပစ္စည်းတွေယူဆောင်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."