ရန်ကုန်- ၂၀၂၃၊ မတ်လ ၂၂ (မော်ကွန်း)
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိခရိုင်တရားရုံးမှာ ဒီနေ့လယ် ၁၂:၀၀ နာရီ ဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။
“အမရပူရခရိုင်တရားရုံးဗုံးကွဲတယ်။ ရခတွေ တစ်ယောက်က သေတယ်။ တစ်ယောက်က မျက်စိထိတယ်ကြားတယ်” လို့ အနီးအနားက ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦးသာထိခိုက်ခဲ့ပြီးအရပ်သားတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပေါက်ကွဲပြီး ၁၀ မိနစ်အကြာမှာရောက်ရှ်ိလာကာ ခရိုင်တရားရုံးအနီးမှာလမ်းပိတ်စစ်ဆေးခဲ့ပြီး အခုတော့ပြန်ဖွင့်ပေးလိုက်ပြီလို့ဆိုပါတယ်။
ဒီဗုံးကွဲမှုကို ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာကိုတော့လတ်တလောမသိရှိရသေးပါ။
#Dailynews

