ရန်ကုန်- ၂၀၂၃ ဧပြီ ၁၃ (မော်ကွန်း)
ဒီနေ့ကျရောက်တဲ့သင်္ကြန်အကြိုနေ့မှာတော့ ရန်ကုန်မြို့အတွင်းလမ်းမတွေပေါ်မှာရေပက်ခံထွက်တာတွေ၊လူအသွားအလာတွေမရှိသလောက်နည်းပါးခြောက်ကပ်နေပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်တ်ောတော်များများရှိ ရပ်ကွက်တွေထဲမှာ ကစားစရာလေထိုးရေကူးကန်လေးတွေ နဲ့ ကလေးငယ်တစ်ချို့သာရေကစားကြသလို၊ လူငယ်တော်တော်များများကလည်း ရန်ကုန်မြို့အတွင်းက ဟိုတယ်တွေမှာ သူငယ်ချင်းအုပ်စုလိုက်အပန်းဖြေအနားယူကြပြီးသင်္ကြန်အကြိုနေ့ကိုဖြတ်သန်းနေကြတယ်လို့သိရပါတယ်။
“သင်္ကြန်မှာပွဲလမ်းသဘင်တွေမသွားချင်လို့၊ ကိုယ့်သူငယ်ချင်းတွေစုပြီး ဟိုတယ်မှာ staycation နေကြပြီး အေးဆေးဖြတ်သန်းဖြစ်တာ” လို့ ရန်ကုန်မြို့နေထိုင်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီကတော့ရန်ကုန်မြို့လယ်ခေါင်ရှိ မြို့တော်ဝန်မဏ္ဍပ်နဲ့ ပြည်သူ့ရင်ပြင်မှာလုံခြုံရေးအထူးတင်းကြပ်ထားတာကိုတွေ့ရပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာ့နှစ်သစ်ကူးင်္သကြန်ကို ပျော်ရွှင်စွာမဆင်နွှဲခဲ့ကြတာ အခုဆိုရင် သုံးနှစ်ရှိပါပြီ။
တော်လှန်ရေးအင်အားစုတွေကလည်းစစ်ကောင်စီကပြုလုပ်တဲ့အတုအယောင်သင်္ကြန်မှာမပါဝင်ကြဖို့ တိုးတိုးတိတ်တိတ်ပျော်ကြဖို့၊ လူသားချင်းစာနာမှုဖြင့်သင်္ကြန်ကာလကိုဖြတ်သန်းကြဖို့တိုက်တွန်းထားပါတယ်။
Photo: Mawkun
#Dailynews

