ရန်ကုန် – ၂၀၂၃ ဧပြီ ၁၀ (မော်ကွန်း)
ရန်ကုန်မြို့အခြေစိုက် တော်လှန်ရေးမြေအောက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ရဲ့ ထုတ်ပြန်ချက်အတုတစ်စောင် ဒီကနေ့ညမှာထွက်ရှိလာပါတယ်။
Dark Shadow ဘက်ကတော့ ဒီစာဟာ အတုဖြစ်ကြောင်း သူတို့ရဲ့တယ်လီဂရမ်ချန်နယ်ကနေ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
စာအတုမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေရှိတဲ့ တစ်မိုင်ပတ်ချာလည်အတွင်းက ပြည်သူတွေဟာ နေအိမ်ကနေ မနက်ဖြန်ကစလို့ အမြန်ဆုံးထွက်ခွာဖို့အထိ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ လမ်းညွှန်ချက်တွေအရ ပြည်သူတွေရဲ့အသက်အိုးအိမ်၊စည်းစိမ်တွေကို ကာကွယ်ချင်လို့ ဒီလိုအကြောင်းကြားရတာဆိုပြီးလည်း ထည့်သွင်းထားပါသေးတယ်။
Dark Shadow ဘက်ကတော့ NUG အပါအဝင် ဘယ်အဖွဲ့အစည်းနဲ့မှ ချိတ်ဆက်ထားတာမရှိဘူးလို့ ပြောထားပါတယ်။
စာအတုထွက်ပေါ်လာတာနဲ့ပတ်သက်လို့ Dark Shadow အဖွဲ့ဝင်တွေ ဘေးကင်းကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
Dark Shadow ဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က စမ်းချောင်းမြို့နယ် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲစခန်းရှေ့ ရေကစားမဏ္ဍပ်နဲ့ စစ်ရေးပစ်မှတ် ကင်းလှည့်ကားတစ်စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို ရန်ကုန်တိုင်းလွှတ်တော်ရှေ့ မဏ္ဍပ်ကိုလည်း ဖောက်ခွဲဖို့စီစဉ်ခဲ့ပြီီး ပြည်သူနဲ့မလွတ်ကင်းတာကြောင့် လက်လွှတ်ခဲ့ရပါတယ်။
ပုံစာ – Dark Shadow စာအတု
#Dailynews

