သတင်းများ

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းအပြီး နှစ်လကျော်ကြာလာတဲ့အထိ အကူအညီလိုအပ်ချက်တွေ မြင့်မားနေဆဲဖြစ်

July 18, 2023

ရန်ကုန်-၂၀၂၃၊ ဇူလိုင် ၁၈ (မော်ကွန်း) မိုခါမုန်တိုင်းအပြီး နှစ်လကျော်ကြာလာတဲ့အထိ ရခိုင်ပြည်နယ်ကဒေသခံတွေ အကူအညီလိုအပ်ချက်တွေ မြင့်မားနေဆဲဖြစ်တယ်လို့ ဝံလတ်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောပါတယ်။ “ ဒေသခံအချို့ဟာ အခုချိန်ထိ ယာယီအမိုးအကာတွေအောက်မှာပဲရှိသေးတယ်။ မိုခါမုန်တိုင်းဖြစ်သွားတယ်ဆို အခြေခံအားဖြင့် အရေးပေါ်စားနပ်ရိက္ခာသုံးလစာထောက်ပံ့ရမှာ။ အခုချိန်ထိဘယ်မြို့နယ်၊ ဘယ်ရွာကမှမရသေးဘူး။ အရေးပေါ်အကူအညီပေးရေးတောင်မလုပ်နိုင်ခဲ့တာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆိုတာ ဘာမှမတွေ့ရသေးဘူး ”လို့သူကပြောပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) စာရင်းတွေအရ ရခိုင်ပြည်နယ်မြို့နယ်အများအပြားက စစ်ရှောင်စခန်းတွေရဲ့ ယာယီတဲ ၁,၇၀၀ နီးပါး ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သလို အရေးပေါ်အမိုးအကာနဲ့တာပေါ်လင်စတွေ မုန်တိုင်းတိုက်ပြီးနှစ်လအကြာတဲ့ထိ လိုအပ်နေတယ်လို့ ဇူလိုင် ၁၅ ရက်ကထုတ်ပြန်ပါတယ်။ “အကူအညီတွေကတော့ မုန်တိုင်းတိုက်ပြီးကတည်းကအတိုင်းပဲ ဘာမှမရောက်သေးဘူး။ ဖြစ်သလိုစား ဖြစ်သလိုနေနေကြတာ။ ဘုန်းဘုန်းတို့ကျောင်းဆိုလည်း မိုးတွေရွာ အမိုးတွေလန်ကုန်လို့ အခုစစ်တွေမှာလာနေနေရတယ်၊ ပြန်ပြင်ဖို့လည်းမတတ်နိုင်သေးဘူး”လို့ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာက ကျောင်းထိုင်ဆရာတော်ကမိန့်ပါတယ်။ ဇူလိုင် ၁၄ […]

အပြည့်အစုံဖတ်ရန်

အရှေ့တောဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဥဩထုတ်ပြန်

July 17, 2023

ထားဝယ် – ၂၀၂၃ ဇူလိုင် ၁၇ (မော်ကွန်း) ထားဝယ်အရှေ့တောဒေသမှာ စစ်ကောင်စီနဲ့ ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ဇွန်နှောင်းပိုင်းနဲ့ဇူလိုင်အစပိုင်းမှာ တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တစ်ဦးကျဆုံးခဲ့တယ်လို့ အဲဒီဒေသမှာဦးဆောင်လှုပ်ရှားနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က ဒီနေ့ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၉ ကနေ ဇွန် ၂ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးကားလမ်းကြောင်းတည်ရှိတဲ့ အရှေ့တောဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး သင်္ကန်းတုံးနဲ့လိပ်ကြယ်ပြောင်ရွာတွေမှာ အဓိက ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ တာလို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီယာဉ်တန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက လက်နက်ကြီးတွေ၊ မိုင်းတွေ အသုံးပြုတိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြတဲ့ပြည်သူတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုပြီး တော်လှန်းရေးအဖွဲ့တွေကို ခုခံခဲ့တယ်လို့ ဖော်ပြပါတယ်။ “ ဒီတိုက်ပွဲတွေအတွင်း အရပ်သားတွေထိခိုက်တာမျိုးတော့ မရှိပါဘူး။ တိုက်ပွဲဖြစ်နေချိန် ခဏ […]

အပြည့်အစုံဖတ်ရန်

မကွေးလေတပ်စခန်းကို ပကဖတွေ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်

July 17, 2023

မကွေး-၂၀၂၃ ဇူလိုင် ၁၇ (မော်ကွန်း) စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်စခန်းကို ဒီနေ့မနက်အစောပိုင်းက မကွေးဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေတပ်ရဲ့ဆီဂိုထောင်ထိမှန်ကာ စစ်ကောင်စီတပ်သားတချို့လည်းထိခိုက်သေဆုံးကြောင်း တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ မကွေးခရိုင် အမှတ် ၂ တပ်ရင်းက တပ်ရင်းမှူးဗိုလ်စံသျှားက မော်ကွန်းကို ပြောပါတယ်။ “မနက်အစော ၁ နာရီဝန်းကျင်မှာ ကျွန်တော်တို့မကွေးခရိုင်၊ အမှတ်၂ တပ်ရင်းနဲ့ မဟာမိတ်တွေအတူပူးပေါင်းပြီး မကွေးလေတပ်ကို ၁၀၇ မမငါးလုံးနဲ့သွားပစ်တယ်။ လေးလုံးကလေတပ်ထဲကျရောက်ပေါက်ကွဲပြီး ကျန်တစ်လုံးကတော့ Errorဖြစ်သွားတယ်။ မကွေးလေတပ်စခန်းက ဆီဂိုဒေါင်ကိုထိမှန်တယ်လို့ လေတပ်နားကသတင်းရင်းမြစ်တစ်ခုကနေ အတည်ပြုနိုင်တယ်။လေတပ်ကနေတော့ ကျွန်တော်တို့ဘက်ကို ပြန်ပစ်တာမျိုးမရှိဘူး။ ကျွန်တော်တို့လည်း ဘေးကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။ ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရထားပေမယ့် ဘယ်နှစ်ဦးသေဆုံးပြီး ဘယ်လောက်ထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ MKCDF(Mountain […]

အပြည့်အစုံဖတ်ရန်

ရွှေကျင်မှာ စစ်ကောင်စီစစ်ကြောင်းထိုးတာကြောင့် ဒေသခံတစ်သောင်းခွဲနီးပါးထွက်ပြေး

July 17, 2023

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၇ (မော်ကွန်း) ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံဦးရေ တစ်သောင်းခွဲနီးပါးဟာ စစ်ဘေးရှောင်နေကြရတယ်လို့ အဆိုပါစစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။ KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရွှေကျင်မြို့နယ်(ဆောထိမြို့) ကို ဇူလိုင်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး တိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့ KNU က ယခုလ ၁၅ ရက်က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေပြီး ရွှေကျင်မြို့နယ်အတွင်းက ကျေးရွာ ၁၆ ရွာခန့်က ဒေသခံ ၁၄,၁၁၇ ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထွက်ပြေးလာတဲ့ ဒေသခံတွေဟာ ရွှေကျင်မြို့ပေါ်နဲ့ နီးစပ်ရာ […]

အပြည့်အစုံဖတ်ရန်

မေတ္တာ-ထီးခီးလမ်းပိုင်းပေါ်မှာ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးတင်းမာနေတယ်လို့ဆို

July 17, 2023

ထားဝယ်- ၂၀၂၃ ဇူလိုင် ၁၇ (မော်ကွန်း) KNU တပ်မဟာ(၄)၊ ရင်း(၁၀) လက်အောက်ခံ တပ်ခွဲတစ်ချို့က KTLA တပ်ဖွဲ့တစ်ခုကို လာရောက် တိုက်ခိုက်ခဲ့ပြီးနောက် လတ်တလော နှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိုင်းနယ်စပ်သွား မေတ္တာ-ထီးခီးနယ်စပ်လမ်းကို အသုံးမပြုကြဖို့ KTLA က အများပြည်သူကို သတိပေးထားတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ ကျွန်တော်တို့ KTLA ကို သူတို့က အရင်ပစ်တယ်လေ၊ ဒီဘက်ကတော့ ပြန်မပစ်ပါဘူး။ ဟိုးအရင်တုန်းကဖြစ်တဲ့ တိုက်ပွဲတွေမှာတော့ နှစ်ဖက်အပြန်အလှန်ပစ်တဲ့အခြေအနေရှိတယ်။ ကျွန်တော်တို့အဖွဲ့က ကျတဲ့သူတွေလည်းရှိတာပေါ့ ” လို့ KTLA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာ-ထီးခီးလမ်းပိုင်းပေါ်က ပျားဆေးချောင်းဆိုတဲ့အရပ်အနီးမှာ ကော်သူးလေတပ်မတော်(KTLA) တပ်ဖွဲ့တစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၄)၊ တပ်ရင်း(၁၀) […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းချိန်ကစလို့ အခုချိန်ထိ မကွေးတိုင်းအတွင်းက ပြည်သူသုံးရာကျော်ကို စစ်ကောင်စီတပ်သတ်ဖြတ်ခဲ့

July 14, 2023

ရန်ကုန်-၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း) မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ် ဇူလိုင် ၁၃ ရက်(မနေ့က)အထိ ပြည်သူသုံးရာကျော်ကိုသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ စစ်ကောင်စီတပ်တွေဟာ နှစ်နှစ်ကျော်ကာလအတွင်း မကွေးတိုင်းက အမျိုးသမီး ၅၅ ဦးနဲ့ အမျိုးသား ၂၅၀ ဦး စုစုပေါင်း ၃၀၅ ဦးကို သတ်ဖြတ်ခဲ့တာပါ။ သတ်ခံရသူတွေထဲက ၁၁၂ ဦးဟာ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ပြီး ၉၉ ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် သတ်ဖြတ်ခံခဲ့ရတာလို့ AAPP ကဆိုထားပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း မကွေးတိုင်းမှာ အမျိုးသမီး ၂၆၉ ဦးနဲ့ အမျိုးသား ၁,၃၃၄ ဦး စုစုပေါင်း ၁,၆၀၃ ဦး ဖမ်းဆီးခံရကာ အဲဒီထဲက […]

အပြည့်အစုံဖတ်ရန်

လေးလနဲ့အထက် မီတာကြွေးကျန်ရင် မီတာပုံးဖြုတ်သိမ်းမည်

July 14, 2023

ရန်ကုန်-၂၀၂၃၊ ဇူလိုင် ၁၄ (မော်ကွန်း) လေးလနဲ့အထက် မီတာအကြွေးကျန်ရှိနေတဲ့အိမ်တွေကို လာမယ့်စက်တာဘာ ၁ ရက်ကစပြီး မီတာပုံးအပြီးဖြုတ်သိမ်းသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကညွှန်ကြားထားပါတယ်။ “သုညယူနစ်ခြောက်လရယ်၊ လေးလနဲ့အထက် မီတာမဆောင်တဲ့အိမ်တွေကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဖြုတ်သိမ်းမယ်လို့ ညွှန်ကြားချက်ထွက်ထားပါတယ်။ အရင်ဆို မီတာဖြုတ်ပေးရင် ပြန်တပ်ပေးတယ်လေ။ အခုက အဲလိုမဟုတ်တော့ဘူး၊ အစားထိုးတပ်ဆင်ခ ပြန်ပေးတော့မှ မီတာကိုပြန်တပ်ပေးမှာ” လို့ သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ရုံးတာဝန်ကျဝန်ထမ်းတစ်ဦးကပြောပါတယ်။ မီတာသုညယူနစ်အိမ်တွေဆိုတာဟာ လျှပ်စစ်မီးလုံးဝသုံးစွဲမှုမရှိတဲ့အိမ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ လျှပ်စစ်မီးသုံးစွဲသူတွေဟာ အကြွေးကျန်တွေကို ဩဂုတ်လနောက်ဆုံးထားပေးဆောင်ရမှာ ဖြစ်ပြီး စက်တင်ဘာ ၁ ရက်ကစတင်ပြီး မီတာဖြုတ်သိမ်းသွားမယ်လို့သိရပါတယ်။ အသေးစိတ်အချက်အလက်တွေကို မြို့နယ်လျှပ်စစ်ရုံးအသီးသီးမှာ မေးမြန်းနိုင်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပုံမှန်မရရှိတော့သလို ရန်ကုန်မြို့မှာဆိုလည်း မြို့နယ်အလိုက်အုပ်စုခွဲပြီး လေးနာရီအလှည့်ကျ ဓာတ်အားလွှတ်ပေးနေတာပါ။ YESC ရဲ့စာရင်းတွေအရ […]

အပြည့်အစုံဖတ်ရန်

ကန့်ဘလူက ညောင်ပင်ရွာမရွာကို စစ်ကောင်စီတပ်တွေ မီးဝင်ရှို့

July 14, 2023

ကန့်ဘလူ-၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းက ညောင်ပင်ရွာမရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “အသေးစိတ်အချက်အလက်တော့ ကျွန်တော်တို့ မသိရသေးဘူး။ လတ်တလောတော့ (စစ်ကောင်စီတပ်တွေ) ရွာထဲကနေမှ ပြန်ပြီးထွက်သွားပြီလို့ သိထားတယ်။ အကြောင်းမဲ့ သက်သက်ဝင်ပြီးတော့ရှို့သွားတာမျိုးပါခင်ဗျ။ ဒေသခံတွေ ဖမ်းဆီးခံရတာမျိုးတွေတော့ မကြားမိသေးဘူး။ လက်ရှိတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေက ငါးထောင်လောက်တော့ ကျွန်တော်တို့ခန့်မှန်းတာပေါ့” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲကပြန်ထွက်သွားပေမယ့် ဒေသခံတွေကတော့ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲပြန်မဝင်နိုင်သေးဘူးလို့ သူကဆိုပါတယ်။ စစ်ကောင်စီတပ်တွေ ညောင်ပင်ရွာမရွာကို မီးရှို့ဖျက်ဆီးတာကြောင့် အနီးကရွာတွေဖြစ်တဲ့ ဉာဏ်အင်း၊ ရွာသစ်စတဲ့ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ […]

အပြည့်အစုံဖတ်ရန်

မီးပြတ်သွားလို့ မပိတ်မိခဲ့တဲ့ထမင်းအိုး မီးပြန်လာတော့ဝါယာရှော့ခ်ဖြစ်ပြီးမီးလောင်

July 14, 2023

ရန်ကုန်- ၂၀၂၃၊ ဇူလ်ိုင် ၁၄ (မော်ကွန်း) ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၅၂ လမ်း၊အောက်ဘလောက်က နေအိမ်တစ်ခုမှာ ထမင်းအိုးတည်ရင်းဝါယာရှော့ခ်ဖြစ်ရာကနေမီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။ “ထမင်းအိုးတည်ထားတာ၊ မီးပြတ်သွားတော့ ပြန်မပိတ်လိုက်ဘဲ ကလေးကျောင်းသွားကြိုတာ။ မီးပြန်လာတော့ ထမင်းအိုးကဝါယာရှော့ခ်ဖြစ်ပြီးထလောင်တာ” လို့ အနီးနားနေထိုင်သူတစ်ဦးကပြောပါတယ်။ နေ့လယ် ၁:၀၀ နာရီကျော်လောက်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁:၃၀ နာရီ ကျော်မှာမီးငြိမ်းသွားပါတယ်။ အနီးအနားနေထိုင်သူတွေပြောဆိုချက်အရလူအထိအခိုက်တော့မရှိဘူးလို့ကနဦးသိရပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်လေးစီးဖြင့်လာရောက်ငြိမ်းသတ်ခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ နဲ့ စစ်ကောင်စီတပ်သားတွေလည်းရောက်လာခဲ့တာပါ။ စစ်ကောင်စီက ရန်ကုန်မြို့မှာမီးအလှည့်ကျပေးတဲ့စနစ်စတင်ပြီးနောက် နေအိမ်အချို့မှာ အခုလိုဖြစ်စဉ်မျိုးတွေမကြာခဏကြုံနေရတာပါ။ #Dailynews

အပြည့်အစုံဖတ်ရန်

အွန်လိုင်းစနစ်ရောင်းချမှု စီး/ကူးကိုင်တွယ်မည်

July 14, 2023

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း) အွန်လိုင်းစနစ်နဲ့ဈေးရောင်းချခြင်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုင်တွယ်ခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက အမိန့်ကြော်ငြာစာတစ်စောင် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အွန်လိုင်းကနေဈေးရောင်းတဲ့လုပ်ငန်းကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ (ဂ) အရ အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာခဲ့တာပါ။ ဒါ့အပြင် အဲ့ဒီဝန်ဆောင်မှုကိစ္စရပ်များနဲ့ပတ်သက်တဲ့ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်စေတဲ့ အမိန့်ထုတ်ပြန်ခွင့်တွေကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အာဏာအပ်နှင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် အဲ့ဒီဈေးကွက်အတွင်းမှာ ကုန်စည်တွေကို ဈေးနှုန်းမြှင့်တင်ရောင်းချမှု၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်မှုတွေကို ထိန်းချုပ်အရေးယူလာနိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အွန်လိုင်းလုပ်ငန်းတွေနဲ့ပတ်သက်လို့ ထုတ်ပြန်လာမယ့် ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ရမှာဖြစ်ပြီး အွန်လိုင်းပေါ်က ဈေးရောင်းချနေတဲ့ ဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက […]

အပြည့်အစုံဖတ်ရန်

အညာမှာ မီးရှို့လို့ ပြောင်းလာသူ မိုးကုတ်မှာ ရဲစခန်းကပစ်တဲ့ကျည်ထိမှန်ပြီး သေဆုံး

July 14, 2023

မိုးကုတ် – ၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း) အညာဒေသမှာ အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မီးရှို့နေတာကြောင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ပြောင်းရွှေ့လာသူတစ်ဦးဟာ ရဲစခန်းထဲကနေပစ်ခတ်လိုက်တဲ့ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ အခုလ ၁၂ ရက်က မိုးကုတ်မြို့၊ ကျပ်ပြင်ရဲစခန်းမှာ ပေါက်ကွဲမှုလေးကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ရဲစခန်းထဲကနေ သေနတ်နဲ့ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာကြောင့် သေဆုံးသွားခဲ့ကာ ဒီကနေ့မှာတော့ သဂြိုလ်လိုက်တယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတွေဆီက သိရပါတယ်။ သေဆုံးသူဟာ စစ်ကိုင်းဘက်မှာနေထိုင်ခဲ့တဲ့ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျပ်ပြင်ရဲစခန်းအနီးမှာနေထိုင်ကာ ‌ရဲစခန်းထဲက သေနတ်နဲ့ ရှစ်ချက်ပစ်ခတ်တဲ့အချိန် ထိမှန်သွားတာပါ။ ” သူက အောက်ရပ်ကနေပြောင်းလာတာ၊ အောက်ရပ်မှာမီးရှို့လို့ဆိုပြီး ဒီမှာအမျိုးအိမ်လာနေတာကို၊စခန်းထဲက သေနတ်ရမ်းပစ်တော့ထိသွားတာ၊ စခန်းနဲ့သူတို့အိမ်နဲ့ကလမ်းပဲခြားတာ”လို့ နီးစပ်သူကပြောပါတယ်။ ရဲစခန်းထဲက ရမ်းပစ်ခတ်တဲ့ကျည်ထိမှန်ပြီး ကလေးနှစ်ဦးလည်းရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သူကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုတွေအရ […]

အပြည့်အစုံဖတ်ရန်

ဝက်လက်မှာ နှစ်ရက်အတွင်း ရွာလေးရွာကို အာဏာသိမ်းစစ်တပ် မီးရှို့ ၊ သက်ကြီးသေဆုံးသူနှစ်ဦးရှိ

July 14, 2023

ဝက်လက် – ၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မနေ့က သုံးဆင့်ကန်နဲ့ ပေါက်ကန်ရွာက နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့ပြီး ဒီနေ့မှာ နောက်ထပ်ရွာနှစ်ရွာကို မီးရှို့လိုက်ပြန်ပါတယ်။ ဝက်လက်မြို့နယ်၊ ထန်းကြီးရွာနဲ့ ခက်ခရွာတွေကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မနက်ခင်းပိုင်းမှာ ထပ်မံမီးရှို့ခဲ့တာပါ။ “စစ်ကြောင်းက ဒီမနက်မှာထန်းကြီးနဲ့ ခက်ခရွာကိုမီးတင်ပြီးတော့ ပဒူကျေးရွာကိုပြန်ဝင်သွားတယ်၊ သူတို့ဝင်တဲ့ရွာတိုင်း လက်နက်ပစ်ခတ်ပြီးဝင်တာ၊ စစ်ကြောင်းစထိုးကတည်းကမိုးရွာနေတာ၊ မိုးထဲပြေးကြရတယ်”လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့၊ တာဝန်ရှိသူ ကိုဖေဖော်ဝါရီဝမ်းက မော်ကွန်းကိုပြောပါတယ်။ ဒီနေ့ မီးလောင်ပျက်စီးတဲ့နေအိမ်အရေအတွက်ကိုမသိရသေးပါဘူး။ ပြီးခဲ့တဲ့လက Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ် အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်လို့ ပျက်စီးခဲ့ရတဲ့ နေအိမ်အရေအတွက်ဟာ ၅၄,၀၀၀ နီးပါးရှိနေပါတယ်။ အခုလည်း အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ဝက်လက်မြို့နယ်ကနေ အင်အား […]

အပြည့်အစုံဖတ်ရန်
1 … 113 114 115 116 117 118 119 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."