ရန်ကုန်- ၂၀၂၃၊ ဇူလ်ိုင် ၁၄ (မော်ကွန်း)
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၅၂ လမ်း၊အောက်ဘလောက်က နေအိမ်တစ်ခုမှာ ထမင်းအိုးတည်ရင်းဝါယာရှော့ခ်ဖြစ်ရာကနေမီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။
“ထမင်းအိုးတည်ထားတာ၊ မီးပြတ်သွားတော့ ပြန်မပိတ်လိုက်ဘဲ ကလေးကျောင်းသွားကြိုတာ။ မီးပြန်လာတော့ ထမင်းအိုးကဝါယာရှော့ခ်ဖြစ်ပြီးထလောင်တာ” လို့ အနီးနားနေထိုင်သူတစ်ဦးကပြောပါတယ်။
နေ့လယ် ၁:၀၀ နာရီကျော်လောက်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁:၃၀ နာရီ ကျော်မှာမီးငြိမ်းသွားပါတယ်။
အနီးအနားနေထိုင်သူတွေပြောဆိုချက်အရလူအထိအခိုက်တော့မရှိဘူးလို့ကနဦးသိရပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်လေးစီးဖြင့်လာရောက်ငြိမ်းသတ်ခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ နဲ့ စစ်ကောင်စီတပ်သားတွေလည်းရောက်လာခဲ့တာပါ။
စစ်ကောင်စီက ရန်ကုန်မြို့မှာမီးအလှည့်ကျပေးတဲ့စနစ်စတင်ပြီးနောက် နေအိမ်အချို့မှာ အခုလိုဖြစ်စဉ်မျိုးတွေမကြာခဏကြုံနေရတာပါ။
#Dailynews

