ရန်ကုန် – ၂၀၂၃ ဇူလိုင် ၆ (မော်ကွန်း) ဒီနေ့ ထိုင်း-မြန်မာနယ်စပ်မှာဖြစ်နေတဲ့ ငွေလဲလှယ်နှုန်းဟာာ မြန်မာငွေကျပ်တစ်သိန်းကို ၁,၁၅၀ ဝန်းကျင်ထိမြင့်တက်လာတယ်လို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက ကျပ်တစ်သိန်းကို ဘတ် ၁,၁၈၀ ကျော်မှာရှိနေခဲ့ပြီး အခုဇူလိုင်လမှာ ထပ်မံမြင့်တက်လာခဲ့ပြီး ယခုနှစ်အတွင်း အမြင့်ဆုံးဖြစ်လာတာလို့ မြဝတီမြို့က ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “ပြီးခဲ့တဲ့ ၂၀၂၁ က မြန်မာကျပ်ငွေတစ်သိန်းကို ထိုင်းဘတ် ၁,၆၀၀ ဝန်းကျင်ရတယ်၊ အခုက ၁,၁၀၀ ဘတ်ကျော်ထိဖြစ်သွားတာ၊ တခါမှ မကြားဖူးတဲ့ ဈေးနှုန်းတွေဖြစ်နေတယ်၊ နှစ်နှစ်အတွင်း မြန်မာပိုက်ဆံတန်ဖိုးက ထိုးကျသွားတာ” လို့ သူက ပြောပါတယ်။ အဲ့ဒီလို ထိုင်းဘတ်ငွေဈေးနှုန်းမြင့်တက်နေတဲ့အတွက် ထိုင်းနိုင်ငံဘက်က တင်သွင်းရောင်းချတဲ့ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း ယခုရက်ပိုင်းမှာမြင့်တက်မှုတွေရှိလာတယ်လို့ သိရပါတယ်။ အထူးသဖြင့် […]
ဝက်လက် – ၂၀၂၃ ဇူလိုင် ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့အရာတော်မြို့နယ်အစပ် သမရိုးရွာနဲ့ ကတို့ကိုင်းရွာက ပြည်သူခုနစ်ဦးကို အာဏာသိမ်းစစ်တပ်စစ်က ဒီနေ့မနက် ၆:၀၀ နာရီဝန်းကျင်မှာ ပစ်သတ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့ဆီကသိရပါတယ်။ ရွာသာကြီးရဲ့အနောက်ဖက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းကရွှေပန်းကုန်းကျေးရွာနဲ့ သမရိုးရွာကြားမှာ စျေးသည်တွေကိုပစ်သတ်ခဲ့တာလို့ ထောက်ပို့အဖွဲ့တာဝန်ရှိသူကပြောပါတယ်. ” စစ်ကြောင်းကနံနက် ၃း၀၀ နာရီလောက်မှာထိုးတော့မသိလိုက်တာပါ၊ စျေးသည်တွေဆိုတော့စောစောထွက်ကြတာ၊ သူတို့အလောင်းတွေကိုတော့ဒီအတိုင်းထားခဲ့ပါတယ်”လို့ သူကပြောပါတယ်။ ပစ်သတ်ခံလိုက်ရတဲ့သူတွေဟာ ဝက်လက်မြို့နယ်သမရိုးရွာက အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးနဲ့ အရာတော်မြို့နယ်၊ ကတို့ကိုင်းရွာက အမျိုးသမီးတစ်ဦးတို့ဖြစ်ပါတယ်။ ဈေးသည် ခုနစ်ဦးကိုပစ်သတ်သွားတဲ့စစ်ကြောင်းဟာ အရာတော်မြို့နယ်၊ ကတို့ကိုင်းရွာက နေအိမ်တစ်လုံးကိုမီးရှို့ပြီးနောက် အရာတော်မြို့နယ်ငွေတွင်းပျူရွာကိုဝင်ရောက်သွားခဲ့တယ်လို့ပြောပါတယ်။ #Dailynews
ရန်ကုန် – ၂၀၂၃ ဇူလိုင် ၅ (မော်ကွန်း) ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာအုပ်စု သစ်နီကျေးရွာအနီးက မေတ္တာကမ်းလက် ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှာ မနေ့ကနေ့လယ်ပိုင်းက ခေါက်ဆွဲကြော်စားပြီး အစာအဆိပ်သင့်တဲ့ ကလေး ၁၂၆ ယောက် ပြန်သက်သာလာလို့ ဒီနေ့ဆေးရုံဆင်းမှာဖြစ်တယ်လို့ ပဲခူးကလျာဏမိတ္တ လူမှုကူညီရေးအသင်း အကျိုးတော်ဆောင် ဦးတင်ဆွေမြင့်က မော်ကွန်းကိုပြောပါတယ်။ “မနေ့ကနေ့လယ်ခင်းမှာ စားရင်းနဲ့ အစာအဆိပ်သင့်တဲ့သဘောမျိုးဖြစ်ပြီး အကုန်မူးမော်အန်ပေါ့၊ ပဲခူးဆေးရုံ အကုန်ရောက်လာတာ။ ဆေးသွင်းပြီး ညနေသုံးနာရီခွဲလောက်မှာ တော်တော်များများက လန်းလန်းဆန်းဆန်းဖြစ်လာတယ်။ ညက ခုနစ်နာရီလောက်ရောက်တော့ အားလုံးကျန်းမာရေးကောင်းသွားတယ်။ ဒီနေ့မနက်မှာတော့ ကျွန်တော်တို့ပရဟိတအဖွဲ့တွေအားလုံးပူးပေါင်းပြီးတော့ ဒီကလေးတွေကို ပြန်ပို့ဖို့ ဆောင်ရွက်နေပါတယ်။ အကုန်လုံးသက်သာသွားကြပါပြီ။ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူ တစ်ယောက်မှ မရှိပါဘူး” လို့ သူကပြောပါတယ်။ ကလေးတွေအစာအဆိပ်သင့်ရတဲ့ အကြောင်းရင်းဟာ ခေါက်ဆွဲကြော်ထဲထည့်တဲ့ ဂေါ်ဖီကို ရေသေချာမဆေးတာကြောင့် ဂေါ်ဖီကိုဖြန်းထားတဲ့ […]
ရန်ကုန် – ၂၀၂၃ ဇူလိုင် ၅ (မော်ကွန်း) ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ Novotel Yangon Max ဟိုတယ်မှာ ဇူလိုင် ၂၁ ရက်မှာ ပြုလုပ်မယ့် Iron Cross အဖွဲ့ရဲ့အဆိုတော် မျိုးကြီးနဲ့ဝိုင်ဝိုင်းရဲ့ ဖျော်ဖြေပွဲကို ဝေဖန်မှုတွေမြင့်တက်လာပြီးနောက် ဖျက်သိမ်းလိုက်ကြောင်း Novotel Yangon Max ဟိုတယ်က မနေ့ကကြေညာလိုက်ပါတယ်။ “ A Night With Myo Gyi & Wyne Wyne ပွဲအား ပြုလုပ်တော့မည်မဟုတ်ပါကြောင်း ရိုသေလေးစားစွာအသိပေးအပ်ပါသည်။ အဆင်မပြေမှုများအတွက် Novotel Yangon Max မှ သက်ဆိုင်သူ အားလုံးအား အနူးအညွှတ်တောင်းပန်အပ်ပါသည်” လို့ ဟိုတယ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ရန်ကုန်မြို့နေ IC ပရိသတ်တစ်ဦးက”ငယ်ငယ်ကတည်းက IC […]
ရန်ကုန် – ၂၀၂၃ ဇူလိုင် (မော်ကွန်း) နယ်စပ်ကနေပြည်ပကိုကုန်တင်ပို့ရာမှာ ပို့ကုန်ရငွေကို ကုန်သွယ်ရေးဦးစီးဌာနဆီ ကြိုတင်ငွေပေးသွင်းရတဲ့စနစ်ကို တစ်နှစ်ကြာပြီးနောက် စစ်ကောင်စီဟာ ပြန်ဖြေလျှော့ပေးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ကုန်သွယ်ရေးဦးစီးဌာနဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပို့ကုန်ရငွေကို ကြိုတင်ငွေပေးသွင်းရမယ့်ကန့်သတ်ချက်ကို ဖြေလျော့ပေးလိုက်ပြီး ကြိုတင်ငွေသွင်းဖို့မလိုဘဲ ကုန်ပစ္စည်းတွေတင်ပို့ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ နယ်စပ်ကနေ ပို့ကုန်တင်သွင်းရာမှာ ပို့ကုန်ရငွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို ကုန်သွယ်ရေးဦးစီးဌာနကို ကြိုတင်ငွေတင်သွင်းရမယ့်စနစ်အစား သက်တမ်းသုံးနှစ်အထက်ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း၊ သက်တမ်းသုံးနှစ်အောက် ကုမ္ပဏီတွေက ၃၀ ရာခိုင်နှုန်းကို အာမခံကြေး ( Deposit ) သွင်းရမယ်လို့ ဖြေလျော့ပေးခဲ့တာပါ။ အဲ့ဒီလို ပို့ကုန်ရငွေကြိုတင်သွင်းရမယ့် အာမခံကြေးကိုဖြေလျော့ပေးလိုက်တဲ့အတွက် ပို့ကုန်သမားတွေ အနည်းငယ်အသက်ရှူချောင်သွားပေမယ့် အပြောင်းအလဲကတော့ ကြီးကြီးမားမားမရှိဘူးလို့ ရေထွက်ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “နည်းနည်းအသက်ရှူချောင်သွားတယ်ပေါ့၊ အရင်က အဲ့ဒီကိုယ့်ပို့ကုန်အတွက် […]
စစ်တွေ – ၂၀၂၃ ဇူလိုင် ၅ (မော်ကွန်း) အခုလ ၁ ရက်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဒုဥက္ကဌ ခိုင်နီရောင်အပါအဝင် တပ်ဖွဲ့ဝင်အရာရှိသုံးဦးပစ်ခတ်ခံရပြီးနောက် စစ်တွေမြို့အဝင်အထွက်တွေမှာ လုံခြုံရေးပိုမိုတင်းကျပ်လာနေတယ်လို့ မုန်တိုင်းသင့်ရခိုင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။ ဝံလတ်ဖောင်ဒေးရှင်းတာဝန်ရှိသူ ဦးခိုင်ကောင်းစံက”ဒီရက်ပိုင်းလမ်းမှာစစ်ဆေးမှုတွေများတယ်။ အဲဒါကတော့ စစ်တွေတက္ကသိုလ်ပစ်ခတ်မှုကြောင့်ပါ။ စစ်တွေအထွက်ဂိတ်မှာ လူငယ်တွေ၊ ဆိုက်ကယ်တွေ၊ ကားတွေကို ရှာဖွေစစ်ဆေးမေးမြန်းတာတွေလုပ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပစ်ခတ်မှုပြီးတော့ပိုပြီးလုံခြုံရေးတင်းကျပ်လာတဲ့သဘောပါ” လို့ ပြောပါတယ်။ အခုလိုလုံခြုံရေးပိုမိုတင်းကျပ်လာတာကြောင့် အကူအညီပေးရေးလုပ်ငန်းတွေမှာ ကြန့်ကြာမှုတွေရှိနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။ ပေါက်တောမြို့နယ်မှာကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကလည်း “စစ်တွေက ကူညီကယ်ဆယ်ရေးလုပ်နေတဲ့အသိတစ်ယောက်နဲ့ အဆက်အသွယ်ရတယ်၊ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အစကပြန်ခွင့်ပြုပေးတယ်၊ အခုတော့သွားလို့မရဘူး” လို့ပြောပါတယ်။ ALP အရာရှိတွေပစ်ခတ်ခံရမှုနဲ့ပတ်သတ်ပြီး ALP က ရက္ခိုင့်တပ်တော် AA ကိုစွပ်စွဲထားပြီး AA ပြောရေးဆိုခွင့်ရှိသူ […]
စစ်တွေ- ၂၀၂၃၊ ဇူလိုင် ၅ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင်း နေအိမ်ပျက်စီးပြီး စားစရာပါမရှိတော့လို့ တောင်းရမ်းသူတွေပိုများလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကျွန်တော်တို့ပေါက်တောမြို့ပေါ်မှာဆို အနီးအနားရွာတွေကထင်တယ်၊ တောင်းနေကျ မြင်နေကျလူတွေမဟုတ်ဘူး၊ ကလေးတွေတောင်မဟုတ်ဘူး၊ လူကြီးတွေပါတွေ့လာရတယ်။ ကျွန်မတို့စားစရာမရှိတော့လို့ကူညီကြပါဆိုပြီးလာတောင်းကြတာ” လို့ ပေါက်တောမြို့နယ်မှာကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ စာရင်းတွေအရ မိုခါမုန်တ်ိုင်းကြောင့် ကျေးရွာပေါင်း နှစ်ထောင်ကျော်၊ နေအိမ် သုံးသိန်းနီးပါးထိခိုက်ပျက်စီးသွားတယ်လို့ဖော်ပြပါတယ်။ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေဟာ မိုးရာသီအတွက်သိုလှောင်ထားတဲ့ စပါးကျီတွေလည်း မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သလို၊ ကျွဲနွားတွေလည်းဆုံးရှုံးသွားခဲ့ရပြီး နေအိမ်တွေပါပျက်စီးသွားလို့ စားဝတ်နေရေးပြဿနာကိုအကြီးအကျယ်ကြုံတွေ့နေရတယ်လို့ မုန်တိုင်းဒဏ်ကိုအပြင်းထန်ဆုံးခံစားခဲ့ရတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ နဲ့ စစ်တွေမြို့နယ်တွေက အကူအညီပေးရေးလုပ်နေသူတွေကမော်ကွန်းကိုပြောပါတယ်။ “စစ်တွေ့မြို့ပေါ်မှာလည်း တောင်းရမ်းတဲ့သူတွေပိုများလာနေတယ်။ အရင်လိုလမ်းမပေါ်ထိုင်ပြီးတောင်းရမ်းနေတာမဟုတ်တော့ဘူး။ တစ်ချို့ဆိုကလေးလေးပိုက်ပြီးလိုက်တောင်းရမ်းနေကြတာ။” လို့ ဝံလတ်ဖောင်ဒေးရှင်းတာဝန်ရှိသူ ဦးခိုင်ကောင်းစံကပြောပါတယ်။ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာမှာဆိုလည်း ဘာအကူအညီမှမရောက်သေးလို့ ဒေသခံတွေဟာ […]
အရာတော် – ၂၀၂၃ ဇူလိုင် ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့ လူထုအင်အား ၅၀၀ ဝန်းကျင်ဟာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” သပိတ်ဆောင်ပုဒ်နဲ့အတူ ဒေသခံလူထုဟာ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော် မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(အရတ ပကဖ)၊ အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများ အဖွဲ့ချုပ်) တို့နဲ့ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန် – ၂၀၂၃ ဇူလိုင် ၄ (မော်ကွန်း) ပြည်တွင်းစားသုံးနေတဲ့ စားအုန်းဆီဈေးနှုန်းဟာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို ၁,၀၀၀ ကျပ်ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ဆီကုန်သည်တွေဆီက သိရပါတယ်။ ဇွန်လကုန်ပိုင်းမှာ တစ်ပိဿာကို ကျပ် ၆,၈၀၀၊ ၇,၀၀၀ ဝန်းကျင်မှာရှိနေတဲ့ စာအုန်းဆီဈေးဟာ လက်ရှိမှာ တစ်ပိဿာကို ၈,၀၀၀ ဝန်းကျင်ထိ ဈေးမြင့်တက်ခဲ့တယ်လို့ တာမွေမြို့နယ်က ဆီလက်လီလက်ကားရောင်းချတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ “ဘုရင့်နောင်မှာတော့ ပေပါလိုက်ဈေးက တစ်ပိဿာကို၊ ၇,၇၀၀ ဈေးကနေ ၈,၀၀၀ ထိ ရှိတယ်၊ အဲ့ကနေ အဆင့်ဆင့်ပေါ့ ရပ်ကွက်ထဲက ဈေးထဲမှာဆို တစ်ပိဿာကို ကိုးထောင်၊ တစ်သောင်းလောက်ဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။ ဒါ့အပြင် စားအုန်းဆီဈေးနှုန်းတွေဟာ ဒေါ်လာဈေးမြင့်တက်မှုနဲ့ တင်သွင်းလာတဲ့ဆီပမာဏနဲ့ ဝယ်လိုအားမမျှမှုတွေကြောင့် အခုလိုမြင့်တက်နေတာဖြစ်တယ်လို့ […]
ပေါက်တော-၂၀၂၃ ဇူလိုင် ၄ (မော်ကွန်း) မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါတွေအဖြစ်များနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ “လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကျွန်တော့်သမီးလေးသွေးလွန်တုပ်ကွေးဖြစ်တာ စစ်တွေက ဆေးရုံမှာတင်လိုက်ရပါတယ်။ အခုကျွန်တော့်သားလေးလည်း သွေးလွန်တုပ်ကွေးလက္ခဏာတွေပြနေလို့ဆေးသွားစစ်နေရတယ် ”လို့ ပေါက်တောမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။ သူ့သမီးလေးလိုပဲပေါက်တောမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာတွေမြင်တွေ့လာနေရတယ်လို့ ဆိုပါတယ်။ ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ဌေးကတော့ “သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေရှိလာတော့ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးကို ကျွန်တော်တို့ခြင်ဆေးဖြန်းသင့်ပြီလားလို့မေးတယ်။ စောသေးတယ်လို့သူကပြောတယ်။ ဖြန်းမယ်ဆိုလည်း ကျွန်တော်တို့မှာရှိတဲ့ရန်ပုံငွေတွေနဲ့ ဆရာတို့နဲ့အကုန်စုပေါင်းလုပ်ကြမယ်ဆိုပြီးပြောထားတယ်။ လောလောဆယ်တော့ ဒီမှာ ခြင်ဆေးဖြန်းတာတွေတော့မရှိသေးဘူး။” လို့ပြောပါတယ်။ မြန်မာနိုင်ငံရဲ့အဆင်းရဲဆုံးပြည်နယ်တွေထဲကတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဒဏ်ကို ခံရလို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့အချိန်မှာပဲသွေးလွန်တုပ်ကွေးပြဿနာကြုံတွေ့နေရတာပါ။ စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ယခုလ ၁ ရက်ထိ သွေးလွန်တုပ် ကွေးရောဂါကြောင့် ဆေးရုံရောက်လာသူ ၄၂၆ ဦးရှိလာပြီလို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားထားပါတယ်။ ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံးခုနှစ်ဟာ ၂၀၁၇ ဖြစ်ပြီး […]
ရန်ကုန် – ၂၀၂၃ ဇူလိုင် ၃ (မော်ကွန်း) ဒရုန်းသုံးပြီးတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ခြောက်လအတွင်း စစ်ကောင်စီဝင် ၅၀ ခန့် သေဆုံးကာ အများအပြားဒဏ်ရာရရှိအောင် လုပ်နိုင်ခဲ့တယ်လို့ Federal Wings အဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ Federal Wings အဖွဲ့အနေနဲ့ ၂၀၂၃ ဇန်နဝါရီကနေဇွန်အထိ ဒရုန်းသုံးတိုက်ခိုက်မှု အကြိမ်ရေ ၂၈၁ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေမှာ အဖွဲ့ဝင်တစ်ဦးကျဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Federal Wings က ထုတ်ပြန်ပါတယ်။ ဒဏ်ရာရခဲ့သူတစ်ချို့ဟာလည်း ပြန်လည်သက်သာလို့ တာဝန်ပြန်လည် ထမ်းဆောင်နေကြပြီလို့ ဆိုပါတယ်။ Federal Wings အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ဒရုန်းတပ်ရင်း ၁၈၀၁ ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ပင်မအခြေပြုဒေသဖြစ်တဲ့ ကရင်ပြည်နယ်မှာသာမက ခုခံတော်လှန်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာပါ စစ်ဆင်ရေးတွေစတင်နိုင်ခဲ့ပြီးလို့ သူတို့ရဲ့ […]
ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၃ (မော်ကွန်း) ရန်ကုန်က Grab တက္ကစီယာဉ်တွေမှာ ခရီးသည်နဲ့ယာဉ်မောင်းအကြား အသံဖမ်းယူမယ့် Audio Protect အစီအစဉ်ကို Grab က ဇွန်၂၉ မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီအစီအစဉ်ဟာ ခရီးသည်နဲ့ယာဉ်မောင်းပြောဆိုမှုတွေကို နှစ်ဦးသဘောတူညီမှုရမှသာ Grab အက်ပလီကေးရှင်းကတစ်ဆင့် ခရီးစဉ် အစ/အဆုံး အသံသွင်းထားမယ့်ဝန်ဆောင်မှုဖြစ်တယ်လို့ဖော်ပြပါတယ်။ “Grab က ကျွန်တော်တို့ဆီကိုမက်ဆေ့ဝင်တယ်။ခရီးစဉ်အတွက် ခရီးသည်နဲ့ကိုယ်နဲ့ပြောဆိုမှုတွေကိုအသံသွင်းမှာလားဆိုပြီး၊ ကျွန်တော်တော့မလုပ်ထားဘူး။ ခရီးသည်ကသူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေပြောနေရင်မကောင်းဘူးလေ။ အဲဒါကြောင့်မို့ပါ။ အဓိကကတော့နှစ်ဦးနှစ်ဖက်လုံခြုံရေးအတွက်လုပ်တာလို့ထင်ပါတယ်။” လို့ ရန်ကုန်မြို့မှာ Grab တက္ကစီမောင်းသူတစ်ဦးကပြောပါတယ်။ အသံဖမ်းချင်တယ်ဆိုရင်တော့ Grab အက်ပလီကေးရှင်းထဲဝင်ကာ Audio Protect ဝန်ဆောင်မှုရယူဖို့အတည်ပြုရမှာပါ။ အသံဖိုင်တွေကို ခရီးသည်နဲ့ယာဉ်မောင်းက ဝင်ရောက်ကြည့်ရှုပြင်ဆင်ခွင့်မပေးထားပါဘူး။ အဲဒီအသံဖိုင်တွေကို Grab အက်ပလီကေးရှင်းကကုဒ်စနစ်ဖြင့်လျှို့ဝှက်ထားမှာဖြစ်ပြီး ဘေးကင်းလုံခြုံရေးပြဿနာတစ်ရပ်ဖြစ်ပွါးတဲ့အခါ Grab ရုံးအဖွဲ့ကသာ စီစစ်သွားမယ်လို့ဆိုပါတယ်။ လုံခြုံရေးပြဿနာဖြစ်ပွါးမှုမရှိပါက […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."