ပင်လယ်ချစ်သူများ အပိုင်း(၁)

ပင်လယ်ချစ်သူများ အပိုင်း(၁)

မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၄)မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။
ထင်အောင်ကျော် ရေးသည်။
ပင်လယ်ကြီးက မျက်စိတစ်ဆုံး အဆုံးမရှိ။ အဝေးဆီမှာ ရေပြင်ကျယ်ကြီးက ပြာလဲ့လို့။
မိုးကောင်းကင်က မျက်စိတစ်ဆုံး အဆုံးမရှိ။ လွင့်မျောနေသော စံပယ်ပန်း ကုံးများမှ လွဲလျှင် တစ်မိုးလုံးက ပြာလွင်လို့။
မိုးကောင်းကင်နှင့် အဏ္ဏဝါရေပြင်သည် ဟိုးအဝေးမိုးကုပ်စက်ဝိုင်းဆီမှာ ထိနမ်း နေကြလေသည်။
ကျွန်တော်က ငွေဆောင်ကမ်းခြေ အမ်ဘိုဟိုတယ်ရှေ့ သဲသောင်ခုံပေါ် ရပ်ရင်း ပင်လယ်ကြီးဆီ ငေးရီနေမိပါသည်။ ပြောရလျှင် ပင်လယ်ကို ကျွန်တော်ချစ်သည်။ ပင်လယ်ကို ကြည့်ရင်း ကြီးပြင်းခဲ့ရသည်ကိုး။
ဆောင်းလေပြည်သည် ပင်လယ်ရေပြင်ကို ဖြတ်သန်းရင်း ကုန်းမြေကမ်းကို ပွတ် သပ်ကာ ကလူကျီစယ်သွားလေသည်။ လေထဲမှာတော့ ဆားငန်ရေရနံ့ကလေး စွက် လျက်။ ပင်လယ်ကြီးက ကျွန် တော့်အတွက် စိတ်အပန်းပြေရာ၊ ကြည်နူးစရာ။
ငွေဆောင်အနီးက ဆင်မရွာမှာ လှေသူကြီး ဦးအောင်ဝင်းထိုက်နှင့် ကျွန် တော်ဆုံဖြစ်ပါသည်။ သူက ”ပင်လယ်ကြီး မရှိရင် မလွယ်ဘူး၊ ဒီ့ပြင်အလုပ်အကိုင်က မရှိဘူးလေ၊ လယ်လည်း မရှိဘူး”ဟု ပြော ပါသည်။
ဖျတ်ခနဲဆိုသလို ‘အမျိုးသားပထဝီ ဝင်မဂ္ဂဇင်း’ထဲက ကွဲကြေဆိုမာလီယာ ဆောင်းပါးကို’ နွယ်နီ’မဂ္ဂဇင်းအတွက် ဘာသာပြန်ပေးခဲ့ရတာကို သတိရလိုက်မိ ပါသည်။ အဲသည်မှာ အသက်ဆယ့်ရှစ်နှစ် ရှိ တံငါသည်လေးမိုဟာမက်က မီးပြတိုက် ဟောင်းတစ်ခုပေါ်တက်ပြီး အိန္ဒိယသမုဒ္ဒရာကြီးဆီ မျက်စိစားပွဲထိုင်လေ့ရှိပါ သည်။ ယခု ကျွန်တော့်လိုပဲပေါ့။ သမုဒ် အဏ္ဏဝါကြီးကို အပေါ်စီးကနေ ကြည့်ရ တာ သူ သဘောကျသည်တဲ့။
”ပင်လယ်ကြီးကို ကြည့်ရင်းနဲ့ပဲ အချိန်ကုန်ရတယ်၊ ဘာလို့ဆိုတော့ ကျွန် တော့်အတွက် ရိက္ခာက အဲဒီက လာလို့ပဲ”ဟု သူက ‘အမျိုးသားပထဝီဝင်မဂ္ဂဇင်း’ ဆောင်းပါးရှင်ကို ပြောလိုက်လေသည်။
သြော်…ကျွန်တော်တို့က ပင်လယ် ချစ်သူများရယ်ပါ။ သို့သော် ချစ်ကြပုံချင်း ကတော့ မတူပါလေ။

(၂)
ကျွန်တော်တို့စီးလာသော ဆူပါ ကပ်စတမ်ကားလေးက ရန်ကုန်-ပုသိမ် လမ်းပေါ်မှာ မြားတစ်စင်းနှယ် ပြေးလျက် ရှိပါသည်။ ကားပေါ်မှာ ကျွန်တော်တို့ဇနီး မောင်နှံနှင့် သုံးနှစ်သမီးငယ်။ ပြီးတော့ ကျွန်တော့်ဇနီး၏ ညီမ။
ရန်ကုန်၏ အင်္ဂတေတောအုပ်ကြီး သည် နောက်မှာ ကျန်ခဲ့ပြီ။ ကားလမ်းဘေး တစ်ဖက်တစ်ချက်မှာ မြင်နေရတာက ရွှေ ရောင် ရွှန်းအိနေသော စပါးခင်းများပါ။ လယ် ကွင်းထဲတွင် ယိမ်းသဘင်ဆင်နေကြ ၏။ လယ်တဲငယ်များကတော့ ကွင်းပြင် များထဲမှာ မိုးတိုးမတ်တတ်။
တချို့အခင်းများကတော့ မြရောင် ရွှန်းစိုနေတုန်း။ ‘ရေမြုပ်လယ်များကို ပြန် စိုက်ထားခြင်း ဖြစ်သည်’ဆိုပြီး ဆိုင်းဘုတ် များကို တွေ့ရပါသည်။ ဟုတ်ပါရဲ့၊ ကုန်ခဲ့ သည့်မိုးမှာ တိုင်းဧရာနေရာအတော်များ များတွင် ရေတွေ လွှမ်းခဲ့သည်ကိုး။
လမ်းမှာ အကောက်ဂိတ်များက တစ်ခုပြီး တစ်ခု။ ဆိုင်းဘုတ်များမှာ တစ် တန်အောက် ၂ဝဝ ကျပ်ဟု ရေးထားတာ တွေ့ရပါသည်။ နှုန်းထားအသစ်ဖြင့် ကောက်ခံနေသည်ဟုလည်း ဆိုပါသည်။ ကားဆရာ ကိုခရစ္စတိုဖာက တစ်သောင်း တန်တစ်ရွက်ကို ဖျက်ပြီး ပေးဆောင်နေရ သည်ကတော့ ၅ဝဝ ကျပ်၊ ၇ဝဝ ကျပ်မှ သည် ၁,ဝဝဝ ကျပ်အထိ။ အသွား၊ အပြန် ပေါင်းလိုက်တော့ တစ်သောင်းတန်တစ် ရွက်လုံးနီးပါး ချောသွားသည်ဟု ကိုခရစ္စ တိုဖာက ပြောပါသည်။
ဘာပဲပြောပြော အရင်က ဝီခေါ်ခဲ့ရ သော လမ်းခရီးက ယခုတော့ ချောမွေ့နေ လေပြီ။
ပုသိမ်ကို လွန်တော့ ရှေ့မှာ ငွေ ဆောင်သို့ ၂၉ ဒသမ ၅ မိုင်ဆိုပြီး လမ်းခွဲ ဆိုင်းဘုတ်ကို တွေ့ရပါသည်။ သည့်နောက် တော့ တစ်တောင်ကို တက်ရသည်။ တစ် တောင်ကို ဆင်းရသည်။ ပြီးတော့ တောင် ကို တက်ရပြန်သည်။ ဘယ်ကို ကွေ့ရ သည်။ ညာကို ကွေ့ရသည်။ ပြီးတော့ ဘယ်ကို ကွေ့ရပြန်သည်။
တောင်နံရံကို ပတ်ရသည်။ ချောက်များကို ကျော်ရသည်။ ကားမူးတတ်သော ခယ်မအတွက်တော့ သူ့ခေါင်းထဲမှာ ဘင်တီးဝိုင်းကြီး ဝင်တီးနေပြီထင့်။ မူးသည်၊ မူး သည် ဆိုနေ၏။
မနက်ခြောက်နာရီတွင် ရန်ကုန်မှ ထွက်လာရာ နေ့ခင်းဆယ့်တစ်နာရီခွဲမှာ ငွေဆောင်သို့ ရောက်ခဲ့ပါသည်။ အမ်ဘို တွင် မန်နေဂျာဦးသန့်ဇင်က ဆီးကြိုနေပါ သည်။ သည်ဟိုတယ်ကို ဂျာနယ်လစ်ကြီး ကိုစောလင်းအောင်နှင့် မဂျူလိုင်မိုးတို့၏ ဦးလေး ကိုမိုး(Myanmar Special အားကစားဂျာနယ်) က လျှော့ဈေးဖြင့် ရအောင် စီစဉ်ပေးလိုက်တာပါ။ သူနှင့် ဟိုတယ်ပိုင်ရှင် ကိုအောင်ခိုင်သိန်းတို့က သူငယ်ချင်းတွေကိုး။
ဦးသန့်ဇင်က ပင်လယ်ရှုခင်းကို တိုက်ရိုက်မြင်နေရသော ထိပ်ဆုံး အဆောင်ဆီ ကျွန်တော်တို့ကို ခေါ်သွားပါ သည်။ အဲသည်မှာ ကျွန်တော်တို့ ယူထား တာက လေးယောက်ခန်းပါ။ အခန်း အဆင်အပြင်က ရိုးရိုးရှင်းရှင်း။ ခုတင် လေးလုံး စီချထားပါသည်။ ရေခဲသေတ္တာပု ကလေး၊ ရုပ်သံစက်နှင့် သူတို့ပေါ်မှာ ပန် ကာတစ် လုံး။ ခုတင်များ နောက်ဘက်မှာ စပလစ် အဲကွန်းတစ်ခု။ အိမ်သာ၊ ရေချိုး ခန်းက တွဲလျက်။ ပင်လယ်လေအတိုးမှာ ပြတင်းပေါက်များမှ ခန်းဆီးစများက လွင့် နေသည်။ အခန်းက သူ့အိုးနှင့် သူ့ဆန် တန်ရုံပေါ့။
ပင်လယ်ကြီးကို ထိုင်ကြည့်ရ အောင်ဆိုပြီး ဦးသန့်ဇင်က အခန်းထဲမှ ပလတ်စတစ်ကုလားထိုင်များကို ဝရန် တာဆီ ဆွဲထုတ်သွားပါသည်။ သမီးငယ် နှင့် ခယ်မတို့ကား ပင်လယ်ကြီးကို ကြည့် လို့မဆုံး။ သမီးက ပင်လယ်ကြီးကို လန့် ၍ပင် နေသေးသည်။ ပင်လယ်ဆိုတာကို သူတို့က မမြင်ဖူးသေးဘဲကိုး။ လှိုင်းသံ တဝုန်းဝုန်းသည်ပင် သူတို့၏ ရင်ခုန်သံ။
ပင်လယ်ဆီလှမ်းကြည့်လိုက်တော့ လှိုင်းတို့သည် ပြေးနေ၏။ အနားမရှိ။ ရေ ပြင်သည် ကုန်းကဲ့သို့လည်း မို့မောက်လာ ၏။ ချိုင့်ကဲ့သို့လည်း ခွက်ဝင်သွား၏။ တစ် လုံးကို တစ်လုံး တွန်းကာတိုက်ကာဖြင့် ခရီးပြင်းနှင်လာသော ရေလှိုင်းတို့၏ နား ခိုရာသည်ကား ကျောက်ဆောင်ညို ငွေ သောင်ကမ်းခြေတည်း။
ကမ်းခြေသောင်စပ်သို့ ရောက် လတ်သော် လှိုင်းတို့သည် မာန်မလျှော့ နိုင်သေး။ အမောက်ထောင်၍ ပြေးလာကြ သည်။ သို့သော် သူတို့အတွက် ခရီးက ဆုံး ပြီ။ စိမ်းပြာရေလှိုင်းတို့သည် အမြှုပ်ဖွေး ဖွေးဖြင့် ဖြူလွလွသောင်ပြင်ပေါ်မှာ ဝပ် စင်းကြရသည်သာ။ မာန်စွယ်ကျိုးသော လှိုင်းသံတဗုန်းဗုန်းမူ အဆုံးမရှိသော ဂီတ သံစဉ်တစ်ခုနှယ်။

(၃)
ငွေဆောင်အပန်းဖြေကမ်းခြေကို ၂ဝဝဝ ပြည့်နှစ် မတ် ၁၁ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ပါသည်။ အဲသည်ကတည်းကပင် သည်ကမ်းခြေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရပါ သည်။ ထိုစဉ်က ‘ဓနစီးပွားရေး’မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ဝင်အဖြစ် သတင်းများ၊ ဆောင်းပါးများ ရေးနေတုန်းမို့ ငွေဆောင် အကြောင်းကို ‘ပင်လယ်ပြာ၊ သဲသောင် ဖြူတဲ့ ကမ်းခြေငွေဆောင်’ခေါင်းစဉ်ဖြင့် မျက်မှောက်ဓနရေးရာ သတင်းတစ်ပုဒ် ရေးခဲ့ဖူးပါသည်။
ထိုစဉ်ကတော့ ကားလမ်းက ကြမ်း လှပါဘိ။ အဲသည်ကို သွားခဲ့ဖူးသူ တော်ဝင် နှင်းဆီ ဦးစိုးညွန့်ကို မေးကြည့်တော့ ကြံ့ ခိုင်ရေးကောင်းကောင်းမော်တော်ယာဉ် ကိုမှန်အလုံပိတ်မောင်းသွားသင့်ကြောင်း ပြောပြပါသည်။
ငွေဆောင်ကမ်းခြေနေရာက ရခိုင် ရိုးမတောင်တန်းကြီး၏ ဘင်္ဂလားပင်လယ် အော်ထဲ ငုပ်လျှိုးသွားသည့် ဆင်ခြေလျှော ပိုင်းပါ။ ညီညာပြန့်ပြူးသည်။ လခြမ်းပုံ သဏ္ဌာန်ကမ်းခြေသည် ကိုးမိုင်ကျော် ကျော်ရှိသည်မို့ တခြားကမ်းခြေများထက် အရွယ်အစားကြီးမားပါသည်။
ယခု ဟိုတယ်ဇုန်နေရာက ခုနစ်မိုင် ကျော်ပါသည်။ ဇန်နဝါရီ ၂၇ ရက်ထုတ် ‘နေပြည်တော်တိုင်းမ်’ဂျာနယ်မှာ ဖော်ပြ ထားချက်အရ ဟိုတယ်နှစ်ဆယ်ကျော်၊ အခန်းပေါင်း ၈ဝဝ ရှိပါသည်။
”ချောင်းသာက ရွာနဲ့ ဆက်နေ တော့ ပြည်တွင်းဧည့်သည်တွေက ပို ကြိုက်တယ်၊ ငွေဆောင်ကတော့ သီးသီး သန့်သန့်ပုံစံဆိုတော့ နိုင်ငံခြားသားတွေ က ပိုကြိုက်တယ်”ဟု လုပ်သက်ရှစ်နှစ်ရှိ အမ်ဘို၏ စာရင်းကိုင် ကိုစိုးမင်းဦးက ပြောပြပါသည်။
သည်လို အပန်းဖြေကမ်းခြေအဖြစ် တည်ထောင်ခြင်းတွင် လုံခြုံမှုရေးရာ ကိစ္စတွေလည်း ပါဝင်နေကြောင်း ပါးစပ် ရာဇဝင်များ ရှိခဲ့ပါသည်။ မြန်မာ့ဆန်အိုး ကြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီးသို့ ဘင်္ဂလားပင်လယ်အော်ဘက်မှ နေ၍ ကမ်းတက်မည်ဆိုလျှင် ငွေဆောင်ကမ်း ခြေနေရာက အကောင်းဆုံးဟုဆိုပါသည်။ ယခုလို အပန်းဖြေစခန်းတည်ဆောက် လိုက်တော့ ကမ်းခြေကို စည်းသားလိုက် သလို ဖြစ်သွားသည်ပေါ့။
ကမ်းခြေနေရာတွင် ကရင်၊ ဗမာနှင့် ရခိုင်ရွာများရှိခဲ့ပါသည်။ ဒေသခံများက အုန်း၊ ရေလုပ်ငန်းနှင့် မီးသွေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြပါသည်။ ထို့ပြင် လယ်ယာ အလုပ်၊ ထင်းခုတ်နှင့် တောင်ယာလုပ်ငန်း များလည်း လုပ်ကိုင်ခဲ့ကြပါသည်။ တစ်ဦး တည်းက အုန်းခင်းများကို ခုနစ်ဧက၊ ရှစ် ဧကအထိ လုပ်ကိုင်တာတွေလည်း ရှိခဲ့ ပါသည်။
သည်ကမ်းခြေနေရာကို အနောက် တောင်တိုင်းစစ်ဌာနချုပ်က ယူလိုက်ပြီး ဦးပိုင်ကို လွှဲပေးခဲ့ကြောင်း ဦးသန့်ဇင်က ပြောပြပါသည်။ ထိုမှတစ်ဆင့် တိုင်းရင်းသားလုပ်ငန်းရှင်များကို မဲနှိုက်ပြီး နေရာ ချပေးခဲ့ပါသည်။ ကျွန်တော် ‘ဓန’အတွက် သတင်းရေးခဲ့စဉ်က ဟိုတယ်လုပ်ငန်းများ ကို ကနဦး ရင်းနှီးမြှုပ်နံှလုပ်ကိုင်သူ ဆယ့် ရှစ်ဦးရှိပါသည်။
နေရာစချပေးတုန်းက ဟိုတယ် တစ်ခုကို ဆယ့်ငါးဧက ချပေးခဲ့ပါသည်။ အမ်ဘိုဟိုတယ်ဝင်းကြီးက ဆယ့်ငါးဧက ပါ။ ယခုနောက်ပိုင်းဟိုတယ်များအတွက်မူ ကိုးဧကစီ သတ်မှတ်ချပေးခဲ့ပါသည်။
”ဂရန်မကျသေးတဲ့အတွက် တချို့ က အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ကြသေးဘူး၊ ဂရန်ကျလာရင် တော့ လူတွေက ပိုပြီး ရင်းနှီးမြှုပ်နှံလုပ် ကိုင်လာကြလိမ့်မယ် မျှော်လင့်တာပဲ”ဟု ဦးသန့်ဇင်က ပြောပြပါသည်။
သူက အသားညိုညို၊ လုံးတန်ရပ် တန်။ စကားကို ဖြည်းဖြည်းအေးအေး ပြောတတ်ပါသည်။ ဟိုတယ်လုပ်ငန်းမှာ ကျင်လည်နေသူမို့ ဖော်ရွေပျူငှာတာကို တော့ ထည့်ပြောရန် မလိုတော့။ သူ့ဇာတိ က ပြည်။ ယခုတော့ ငွေဆောင်အမ်ဘိုဟို တယ်မှာ သူတို့ဇနီးမောင်နှံ တာဝန်ထမ်း ဆောင်နေတာ သုံးနှစ်ရှိပြီ။
ဟိုတယ်လုပ်ငန်း ထွန်းကားလာ သဖြင့် ဒေသခံများ၏ အသက်မွေးဝမ်း ကျောင်းမှုသည်လည်း အထိုက် အလျောက် ပြောင်းလာရတော့သည်။ စားသောက်ဆိုင်များ၊ တည်းအိမ်များ၊ အမှတ်တရပစ္စည်းဆိုင်များ၊ ကုန်စုံဆိုင် များ စသဖြင့် လုပ်ငန်းသစ်များကို လုပ် ကိုင်လာကြပါသည်။
တစ်ရက် ဆိုင်တန်းများကိုလျှောက် ကြည့်သောအခါ ငါးခြောက်မျိုးစုံ၊ ပင် လယ်ခရုခွံနှင့် လုပ်ထားသော အမှတ်တရ များ၊ ကြိမ်နှင့် ရက်ထားသော လက်မှု ပစ္စည်းများကို တွေ့ရပါသည်။ ကျွန်တော့် အမျိုးသမီးက ကြိမ်လက်ကိုင်အိတ်လေး တစ်လုံးကို ဈေးမေးကြည့်ရာ ၁၂,ဝဝဝ ကျပ်ပါတဲ့။
ကမ်းခြေသောင်စပ်မှာရှိသော ဘူး ကွဲလေးကျွန်းသည်ပင် ယခုတော့ ချစ်သူ များကျွန်း ဖြစ်နေချေပြီ။ ပင်လယ်ဒီရေကျ ချိန်များဆိုလျှင် အဲသည်ကျွန်းကို လမ်း လျှောက်သွားနိုင်ပါသည်။ တစ်မနက် ကျွန်တော်တို့သွားတော့ ရေက ပေါင်ရင်း လောက်အထိ ရှိနေပါသည်။ ကလေးပါနေ ၍ လှေဖြင့် ကူးခဲ့ပါသည်။
ကျွန်းအနီး ကျောက်ဆောင်နေရာ များတွင် နိုင်ငံခြားသားများက ရေငုပ် အသက်ရှူကိရိယာများဖြင့် ရေငုပ်နေကြ ပါသည်။ သည် ရေငုပ်အသက်ရှူကိရိယာ ကို ကျွန်းကလေးပေါ်က ဆိုင်မှာ ၂,ဝဝဝ ကျပ်ဖြင့် ငှားနိုင်ပါသည်။
ကျွန်တော့်ရှေ့မှာပင် နိုင်ငံခြားသူ တစ်ယောက် လာငှားသည်။ သူက အချိန် အကန့်အသတ်ရှိသလားမေးရာ ဆိုင်ရှင် လူငယ်က တစ်နေ့လုံးသုံးနိုင်ကြောင်း ပြန် ဖြေပါသည်။ အမျိုးသမီးက စပေါ်ပေးရ မလား ထပ်မေးရာ လူငယ်က မလိုပါဟု ပြန်ဖြေပါသည်။ ထို့နောက် သူက ကျွန် တော်တို့ဘက် လှည့်ပြီး…
”ဗမာဆိုရင်တော့ မငှားရဲဘူး၊ နိုင်ငံခြားသားကတော့ ညရောက်လည်း တကူးတကပြန်လာပေးတယ်”ဟု ပြောပြ ပါသည်။
ကျွန်တော့်ဇနီး၊ ခယ်မနှင့် သမီးငယ် တို့က ကျောက်ဆောင်ပေါ်မှာ ထုလုပ်ထား သော ရေသူမရုပ်တုနှင့်အတူ ဓာတ်ပုံရိုက် ကြပါသည်။ အစိမ်းရောင်နှင့် အသား ရောင်ခြယ်သထားသော ရေသူမရုပ်က လက်တစ်ဖက်လက်ဆစ်မှာ ပြတ်နေတာမို့ အနည်းငယ်အလှပျက်နေလေသည်။ ထားတော့။ ချစ်သူများကျွန်းဆိုသော အမည်ကြောင့်ပင် ငွေဆောင်ကို လာသူ ဧည့်သည်များက သည်ကျွန်းကလေးကို အရောက်လာတတ်ကြသည်သာ။
ငွေဆောင်တွင် ဌာနေများအပြင် ရေကြည်ရာမြက်နုရာမို့ ရွှေ့ပြောင်း ရောက်လာသူများကလည်း မနည်း။ ကိုစိုး မင်းဦးတို့မိသားစုက သည်အကြောင်းကို အကောင်းဆုံးပြောပြနိုင်ပေလိမ့်မည်။ သူ တို့ဇာတိက အသုတ်က။ သူ့မိဘနှင့် နှမ ငယ်တို့အားလုံး သည်မှာ အခြေချနေကြ ပြီ။ သူလည်း သည်က ဟိုတယ်ဝန်ထမ်းနှင့် အိမ်ထောင်ကျနေပြီ။
ကိုစိုးမင်းဦးက ၂ဝဝ၂ ခုနှစ်က တည်းက အမ်ဘိုမှာ လုပ်ခဲ့သည်။ ကြားထဲ မှာ နှစ်နှစ်ခန့် မြဝတီဘက်သွား အလုပ် လုပ်လိုက်သေးသည်။ နောက်တော့ ငွေ ဆောင်ကိုပဲ ပြန်လာခဲ့ပါသည်။ ယခုတော့ ငွေဆောင်သည်ပင် သူ့ရဲ့ ပဝတ္တိဖြစ်နေပါပြီ။
သီတာစမ်းစားသောက်ဆိုင်မိသား စုဆိုလျှင်လည်း ဇာတိက မကွေး။ ဟိုတယ် ဇုန်ဆောက်လုပ်ရေးတွင် ငွေဆောင်ကို ပါ လာခဲ့ပါသည်။ ၂ဝဝ၃ ခုနှစ်ကစပြီး စား သောက်ဆိုင်ကလေး တည်ဖြစ်ခဲ့ရာ ဝန် ဆောင်မှုကောင်းသောကြောင့် အတော် ကလေး နာမည်ရနေပေပြီ။
”ဒီမှာ ဘယ်လောက်အထိ အခြေ ချဖြစ်မလဲတော့ မသိသေးဘူး”ဟု ဆိုင် ရှင်အမျိုးသမီးက အရယ်တစ်ဝက်ဖြင့် ပြောပြပါသည်။
ကိုစိုးမင်းဦးအဆိုအရ နိုင်ငံခြား သားအများဆုံးတည်းခိုသော ဟိုတယ် များက ကြယ်သုံးပွင့်၊ လေးပွင့်အဆင့် ရှိ ကြပါသည်။ ထို့အတူ ကြေးလည်း ကြီးပါ သည်။ သူတို့က နေရာထိုင်ခင်းကောင်း ကြောင်း၊ ဝန်ဆောင်မှုလည်းကောင်း ကြောင်း ခရီးသွားလုပ်ငန်းအေဂျင်စီတစ် ခု လုပ်ကိုင်နေသူ မိတ်ဆွေတစ်ဦးက ပြော ပါသည်။ သူတို့ဖောက်သည်များကလည်း နိုင်ငံခြားသားများနှင့် ပြည်တွင်းက လူ့ မလိုင်များသာ ဖြစ်လေသည်။
ကိုခရစ္စတိုဖာက သူ့သူငယ်ချင်း စီမံ ခန့်ခွဲနေသည့် Palm Beach ဟိုတယ်ကို အလည်ခေါ်သွားပါသည်။ ဝန်ထမ်းများက သူတို့တာဝန် သူတို့ ကျွမ်းကျင်ကြဟန်ရှိပါ သည်။ အဆင်အပြင်ကောင်းမွန်သလို ထိန်းသိမ်းစောင့်ရှောက်မှုကောင်းမွန်တာကိုလည်း တွေ့ရပါသည်။ ဧည်သည့်များက တော့ နိုင်ငံခြားသားတွေချည်းသာ။
ငွေဆောင်မှ လူတွေအားလုံးဆီက ကြားရသော စကားတစ်ခွန်းမှာ ”ဒီနှစ် ဧည့်အရမ်းကျတာပဲ”ဟူ၏။ ဟုတ်သည် ကော။ နေရာတကာမှာ နိုင်ငံခြားသားခရီး သွားများကို တွေ့ရပါသည်။
ဇန်နဝါရီနှောင်းပိုင်း ‘ရန်ကုန်ခရော် နီကယ်အွန်လိုင်း’သတင်းတစ်ပုဒ်တွင် ထို လ ၂၁ ရက်ထုတ် ‘တယ်လီဂရပ်’သတင်း စာကြီးထဲမှ သတင်းဆောင်းပါးကို ဘာ သာပြန်ဖော်ပြထားပါသည်။ ၂ဝ၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ဧည့် သည် တစ်သန်းကျော်အထိ စံချိန်တင်ဝင် ရောက်ခဲ့သည်တဲ့။ နိုင်ငံပွင့်လင်းလာပြီး ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် လျှောက်လှမ်းလာသည်ဆိုခြင်း၏ ဆု လာဘ်တစ်ခုပါ။ ဧည့်လုပ်ငန်းမှ ရသော ဝင်ငွေသည် ၂ဝ၁၁ ခုနှစ်က ဒေါ်လာ ၃၁၉ သန်း ရခဲ့ရာမှ ၂ဝ၁၂ ခုနှစ်တွင် ဒေါ်လာ ၅၃၄ သန်းအထိ ရှိခဲ့ကြောင်း ‘တယ်လီ ဂရပ်’က ရေးသားထားပါသည်။
သို့သော် ကျွန်တော်တို့ဆီမှာ ကျော ထောက်နောက်ခံအဆောက်အအုံများ လုံလုံလောက်လောက်ရှိသေးတာ မဟုတ် ပါ။ ဟိုတယ်ခန်းအရေအတွက်က မလုံ လောက်သေး။ ထို့ကြောင့်ပင် ဧည့်သည် များ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင် ရေးအခက်အခဲများနှင့် ကြုံတွေ့နေရ သည်ဟူ၍ ‘တယ်လီဂရပ်’က ဆိုထား ပါသည်။
သည်တော့ ဟိုတယ်အခန်းခဈေး နှုန်းများလည်း မိုးထိုးနေတော့သည်ပေါ့။ တိုင်းပြည်ဂုဏ်သိက္ခာ ထိခိုက်မည်စိုး သောကြောင့် နိုင်ငံခြားသားပိုင်ဟိုတယ် များကို အခန်းခ တစ်ရက် ဒေါ်လာ ၁၅ဝ အထိသာ အများဆုံးကောက်ခံရန် ဟို တယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန် ကြီးဌာနက ညွှန်ကြားခဲ့ရလေသည်။ သို့ သော် ညွှန်ကြားချက်သည် ညွှန်ကြားချက် မျှသာပါ။
နောက်ပြီး ကျွန်တော်တို့အတွက် ပြဿနာကြီးတစ်ခုက လျှပ်စစ်မီးပါ။ ငွေ ဆောင်မှာ လျှပ်စစ်မီးရချိန်က ညနေ ၆ နာရီလောက်မှ ၉ နာရီလောက်အထိသာ။ တကယ်တော့ လျှပ်စစ်မီးပြဿနာက ကျွန်တော်တို့နိုင်ငံအတွက် နာတာရှည် ဝေဒနာကြီးတစ်ခုလို ဖြစ်နေပါသည်။ အစိုးရအဆက်ဆက်ပင် သည်ပြဿနာကို မဖြေရှင်းပေးနိုင်။
ငွေဆောင်မှာ ဟိုတယ်အခန်းခများ ဈေးကြီးသည်ဆိုရာဝယ် လျှပ်စစ်မီးက လည်း အကြောင်းရင်းတစ်ခုပါ။ (ကျွန်တော့်အခန်းကို လျှော့ဈေးပေးထားသည် ပင် တစ်ညကို ငါးသောင်းကျပ် ကျသင့်ပါ သည်။) သည်အကြောင်းကို ဦးသန့်ဇင်က လည်း ယခုလို ပြောပြပါသည်။
”ဒီမှာယူထားတဲ့ပိုက်ဆံနဲ့ တန် အောင် ဝန်ဆောင်မှုတွေ မပေးနိုင်သေးပါ ဘူး၊ ကျွန်တော်တို့မှာက မီးစက်မောင်း ပေးရတဲ့ စရိတ်တွေ ရှိတယ်”
ကမ္ဘာမှာက လျှပ်စစ်မီးကို ခိုင်းစား နေချိန်မှာ ကျွန်တော်တို့က သည်လျှပ်စစ် မီးကို ပူဇော်ပသနေကြရတုန်း။
ဟိုတယ်များက ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ မီးစက်မောင်းပေးနေ ကြရပါသည်။ သည်နှစ် ဒီဇင်ဘာမှာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်။ ငွေဆောင်မှာ လှေ လှော်ရွက်တိုက်နှင့် သဲသောင်ပြင်ဘော လုံးပြိုင်ပွဲများ ယှဉ်ပြိုင်ကြရမည်။ သည့် အတွက် နောက်ထပ် ဟိုတယ်ဆယ့် ခြောက်လုံးကို အားကစားပွဲအမီ ဆောက် လုပ်နေကြောင်း ‘နေပြည်တော်တိုင်းမ်’မှာ ဖော်ပြထားပါသည်။ အဲသည့်အခါ လျှပ်စစ်မီးရလေမလားဟု တချို့က မျှော် နေကြပါသည်။
မျှော်လင့်ချက်ရှိနေသည်ဆိုတော့ ဘဝက အဓိပ္ပာယ်ရှိနေသေးသည်ပေါ့။  အပိုင်း( ၂ )သို့

[:en]ပင်လယ်ချစ်သူများ

မျှော်လင့်ချက်ရှိနေသည်ဆိုတော့ ဘဝက အဓိပ္ပာယ်ရှိနေသေးသည်ပေါ့။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."