ထိုင်းငါးဖမ်းသင်္ဘောပေါ်တွင်အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် ( ဓါတ်ပုံ : ဉာဏ်လင်း ) (၂၀၁၆၊ဇန်နဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁) တွင် ပါရှိမည့် အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။) ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ လုံခြုံရေးအတွက် မကြာမီ အစိုးရဖွဲ့ စည်းခွင့်ရမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဘာလုပ်ပေးနိုင်မလဲဟူသော မေးခွန်းသည် အရေးတကြီးမေးမြန်းရ မည့် မေးခွန်းများထဲမှ တစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်ပြီး အစွပ်စွဲခံနေရသော မြန်မာရွှေ့ပြောင်းလုပ် သားနှစ်ဦးအား ထိုင်းတရားရုံးက အငြင်းပွားဖွယ်တရားစီရင်မှုဖြင့် မကြာသေးခင်က သေဒဏ်ပေးလိုက်သည့်ဖြစ်ရပ်သည် အကာအကွယ်မဲ့သော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မလုံခြုံသော ဘဝအခြေအနေကို အထင်ရှားဆုံးနှင့် အနီးကပ်ဆုံး မီးမောင်းထိုးပြလိုက်သည့်ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ လတ်တလောဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်ကြောင့်လည်း အတိုက်အခံလုပ်လာသည့်ကာလတစ်လျှောက်လုံး လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေးတို့အား အစဉ်တစိုက်အရေးဆိုလာခဲ့သော NLD ပါတီ၏ […]
ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ ကေ ျာ်ဇေယ ျ ရေးသည်။ သန်းထိုက် နှင့် မောင်သင်တုန်း ပံ့ပိုးသည်။ စောင့်ကြည့်မှုအားနည်း ငလျင်ဇုန်တွေထဲမှာကျနေတဲ့ ဆည်တွေနဲ့ပတ်သက်ရင် စောင့်ကြည့်လေ့လာမှုမရှိတာဟာ အားနည်းချက်တစ်ခုဖြစ်တယ် လို့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာဘူမိဗေဒဌာနက ဧည့်ပါမောက္ခဖြစ်တဲ့ ဦးကျော်ထွန်းကဆိုပါတယ်။ ပြတ်ရွေ့သေနဲ့ ပြတ်ရွေ့ရှင်ဆိုပြီးရှိတဲ့အထဲမှာ ”ပြတ်ရွေ့ရှင် နဲ့နီးတဲ့ ဆည်တွေကို အမြဲတမ်းလိုလို Monitor (စောင့်ကြည့် တာ)လုပ်ဖို့ လိုတယ်။ ငလျင်လှုပ်ပြီဆိုရင် ဆည်တွေကို ဘယ်လို မျိုးသက်ရောက်မှုရှိလဲ။ အက်ကွဲကြောင်းတွေပေါ်လား၊ မပေါ် ဘူးလား။ နောက်တစ်ခုက အဲဒီငလျင်ဇုန်အတွင်းမှာ ကျနေ တဲ့ဆည်တွေ စဆောက်စဉ်တုန်းက ငလျင်ဒဏ်ခံအောင်လုပ်ခဲ့တာ မှာ ကိုက်ညီမှုရှိလား၊ မရှိဘူးလားဆိုတာကို ပြန်လည်စစ်ဆေးဖို့ လည်းလိုတယ်”လို့ သူက တိုက်တွန်းပါတယ်။ အရင်က […]
ဦးပေါလုချမ်းအယူအဆကတော့ ထိုင်းနိုင်ငံမှာကဲ့သို့ ဝင် ငွေကောင်းသော အလုပ်အကိုင်များကို ဖန်တီးမပေးနိုင်လျှင် တောင်မှ အတိုင်းအတာတစ်ခု အဆင်ပြေအောင် စီစဉ်ပေးနိုင် လျှင် ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်ကို ပြန်လာကြလိမ့်မည်ဟု ဆိုသည်။
ကယန်းကခေါင်းအမျိုးသမီးများသည် ကြေးကွင်းကို အသက် ၁ဝ နှစ်ခန့်မှ စ၍ ဝတ်ကြသည်။ စတင်ဝတ်ဆင်စဉ်က ကြေးကွင်းနှစ်ကွင်း၊ သုံးကွင်းလောက်ဝတ်ကြရင်း နောက်ပိုင်း ရှည်ထွက်လာသော လည်ပင်းပေါ် မူတည်ပြီး တစ်ကွင်းပေါ် တစ် ကွင်းထပ်ရင်းဖြင့် ၂၃ ကွင်း၊၂၄ ကွင်းအထိ ပတ်ကြသည်များ လည်း ရှိပါသည်။
”အာဏာရ ထိပ်တန်း ပုဂ္ဂိုလ်တွေက အဲဒါတွေကို သူ့အဖေလောက် မကဘူး၊ အားကိုးအားထားပြုနေတော့ ခရီးမပေါက် အရာ မရောက် (ပိတ်ပင် တားဆီးလို့ မရ) တဲ့ အခြေအနေတွေ ရှိတယ်” လို့ ဆရာတော်က မိန့်ပါတယ်။
Photo: Htin Aung Kyaw ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၀)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ စိုးယုဇော် ရေးသည်။ သံတောင်ကြီး (ဒီဇင်ဘာ၊ ၂ဝ၁၅) မနော်ထူးစောဆရီးဟာ အိပ်ခန်းတွေထဲ တစ်ခန်းဝင်၊ တစ်ခန်းထွက်သန့်ရှင်းရေးတွေလုပ်ပြီး အိပ်ခန်းထဲက ခြုံစောင်တွေကို ထုတ်ယူကာ နေလှန်းနေပါတယ်။ အိမ်မှာ သူတစ်ယောက်တည်း အလုပ်ရှုပ်နေပေမယ့် သူ့မျက်နှာမှာ အပြုံးတွေဝေလို့ပါ။သူတို့မိသားစုဟာ သူတို့အိမ်ကို Bed & Breakfast(B&B) တည်းခိုခန်းပုံစံပြောင်းပြီး ခရီးသွားတွေကို ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ B & B ဆိုတာကတော့ ဒေသခံတွေရဲ့ နေအိမ်တွေမှာ သူ တို့ဒေသကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေ တည်းခိုဖို့ အိပ်ခန်းတွေထားရှိပြီး ဒေသရဲ့ရိုးရာ မနက်စာတွေ စားသောက်နိုင်အောင် စီစဉ်ပေးတဲ့ […]
ဇန်နဝါရီလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁)မှ အင်တာဗ ျူ းဆောင်းပါးဖြစ်ပါသည်။ နှင်းကို တွေ့မေးသည်။ မော်ကွန်း။ ။ မြန်မာနိုင်ငံဟာ လှူရေးတန်းရေးလုပ်ငန်းတွေမှာ အမေရိကန်ပြီးရင် ကမ္ဘာမှာ အရက်ရောဆုံးနိုင်ငံ ဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ရပ်တည်နေတယ်။ ဒါတွေဟာ ဘာကြောင့် ဖြစ်ရလဲဆိုတာကို ဆရာမရဲ့ ထင်မြင်ချက်လေး ပြော ပြပေးပါ။ ဒေါ်သန်းမြင့်အောင်။ ။ လှူဒါန်းချင်တဲ့စိတ်ကတော့ မြန်မာလူမျိုး တွေရဲ့ ပင်ရင်းကိုယ်ခံအားလို့ပဲ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့မြန်မာလူမျိုးတွေဟာ ကြင်နာတတ်တယ်၊ ဗြဟ္မစိုရ် တရားရှိတယ်။ ဒါကို အခြေခံပြီး နေထိုင်လာတဲ့အတွက်ကြောင့် စာနာတတ်တဲ့စိတ်၊ ပေးကမ်းချင်တဲ့စိတ်က လူတိုင်းမှာရှိပါတယ်။ သို့သော် တချို့ကျတော့ လှူတဲ့နေရာလွဲနေတာ တွေ့ရ တယ်။ ကမ္ပည်းထိုးပြီး […]
ဇန်နဝါရီလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁)မှ အင်တာဗ ျူ းဆောင်းပါးဖြစ်ပါသည်။ နှင်းကို တွေ့မေးသည်။ ဒေါက်တာမင်းတင်မွန်သည် ၁၉၆ဝခုနှစ်တွင် သိပ္ပံပါရဂူဘွဲ့ (Ph.D)ဘွဲ့ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူစသည့်နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အမြို့မြို့ အနယ်နယ်တို့တွင် အဘိဓမ္မာသင်တန်းများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ပို့ချပေးလျက်ရှိသည်။ ¤င်းအား ၁၉၉၄ ခုနှစ်တွင် သဒ္ဓမ္မဇောတိကဓဇဘွဲ့နှင့် ၂ဝဝ၃ ခုနှစ်တွင် မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တို့ကို နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည်။ မော်ကွန်း။ ။ ယူကေ အခြေစိုက်အဖွဲ့တစ်ခုက နှစ်စဉ်ထုတ်ပြန် နေကျ ကမ္ဘာ့အလှူအတန်းအရက်ရောဆုံးနိုင်ငံများစာရင်းအရဆိုရင် ကမ္ဘာ့အလှူအတန်း၊ အပေးအကမ်းအရက်ရောဆုံးနိုင်ငံတွေထဲမှာ အမေရိကန်ပြီးရင် မြန်မာနိုင်ငံဟာ နံပါတ်နှစ် အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံ တွေထဲမှာပဲ ရှိနေသေးတယ်။ အလှူအတန်းရက်ရောတယ်ဆိုပြီး […]
ဇန်နဝါရီလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁)မှ အင်တာဗ ျူ းဆောင်းပါးဖြစ်ပါသည်။ နှင်းကို တွေ့မေးသည်။ (ဗြိတိန်အခြေစိုက် Charities Aid Foundation – CAF ) မှ ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ပေးကမ်းရက်ရော လှူဒါန်းသည့် နေရာ၌ ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျှင် ဒုတိယမြောက် အပေးအကမ်းအရက်ရောဆုံးဖြစ်နေသည့်တိုင် ဘာကြောင့် အဆင်းရဲဆုံးနိုင်ငံများထဲတွင် ပါဝင်နေရသနည်းဟူသော အကြောင်းအရာကို ရွေးချယ်ခဲ့ပါသည်။ ထိုအမေးပုစု္ဆာအတွက် ဆရာတော် ဦးဇဝန (မေတ္တာရှင်-ရွှေပြည်သာ)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ပါမောက္ခဒေါက်တာ မင်းတင်မွန်နှင့် အောင်ဖောင်ဒေးရှင်းတည်ထောင်သူနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ကို ချဉ်းကပ်မေး မြန်းခဲ့သည်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဆရာတော် အရှင်ဇဝန-မေတ္တာရှင်(ရွှေပြည်သာ) နှင့်တွေ့ဆုံမေးမြန်းခြင်း မော်ကွန်း။ ။ […]
Photo: Kyaw Zaya (၂၀၁၅၊ဒီဇင်ဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀) တွင် ထွက်ရှိမည့် အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။) မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ သည် ရှေ့နှစ်အစောပိုင်းတွင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခွင့်ရတော့မည်ဖြစ်ရာ ပြည်သူတို့၏ မျှော်မှန်းချက်များ ဒီရေလို တက်နေစဉ်မှာ တစ်ဖက်တွင်လည်း NLD ၏ စွမ်းဆောင်ရည်ကို ကြိုတင်မေးခွန်းထုတ်စောကြောသူများလည်း ရှိနေပါ သည်။ မြောက်မြားစွာသော စိန်ခေါ်မှုတို့ကလည်း NLD ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန် စောင့်ဆိုင်းနေကြပါသည်။ အစိုးရသစ် ကိုင်တွယ်ဖြေရှင်းရမည့် အဓိကကျသော စိန်ခေါ်မှုများမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီး ရေရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေး၊ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး၊ ရခိုင်ပြည်နယ်ရှိ လူအုပ်စု နှစ်စုအကြား […]
ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ ကေ ျာ်ဇေယ ျ ရေးသည်။ သန်းထိုက် နှင့် မောင်သင်တုန်း ပံ့ပိုးသည်။ ရန်ကုန် ဒီဇင်ဘာ ၂၀၁၅ ပြီးခဲ့တဲ့မိုးတွင်းတုန်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေက ဦးကျော်အောင်လွင်တို့ ဒေသခံတွေရဲ့ ရင်ဘတ်ထဲကို ကြောက် စိတ်တွေ ရိုက်ထည့်ပစ်ခဲ့တယ်။ ”မိုးတွေရွာလာပြီဆိုတိုင်း ကျွန်တော်တို့မြို့သားတွေဟာ အထိတ်ထိတ်အလန့်လန့်နဲ့ အထုပ်အပိုးတွေပြင်၊ တောင်ကုန်း တွေပေါ် ရွှေ့ကြပြောင်းကြနဲ့၊ မိုးတွင်းတစ်လျှောက်လုံး စိုးရိမ် ကြောင့်ကြပူပန်စွာနဲ့ ရှင်သန်ရပ်တည်ခဲ့ကြရတာ”လို့ မကွေး တိုင်းဒေသကြီး၊ စေတုတ္တရာမြို့ခံ အသက် ၄၈ နှစ်အရွယ် ဦးအောင် ကျော်လွင်က ပြောပြတယ်။ စေတုတ္တရာမြို့ဟာ မုန်းချောင်းအနီးမှာတည်ရှိပြီး မုန်း ချောင်းတမံနဲ့ ကြီးအုံကြီးဝတမံကြားမှာ အညှပ်ခံထားရတာ ဖြစ် ပါတယ်။ သာမန်အချိန်မှာ […]
Photo: Lynn Myat ပုဇွန်တောင်မြို့နယ်မှ ဆေးဆိုင်တစ်ဆိုင်တွင် တွေ့ရသည့် OTC ဆေးများ နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉) မှသတင်းဆောင်းပါး ဖြစ်ပါသည်။ သက်ဦးမွန် နှင့် မင်းလွင် ထောက်ပံ့သည်။ သီးသန့်ဥပဒေလိုအပ် ပညာရှင်တွေကစပ်ဆေးအ္တနရာယ်ကို ပြောနေကြပေမယ့် ဆေးဆိုင်အများစုကတော့ ဆေးဝါးတွေကို ရောစပ်ရောင်းချနေကြဆဲပါ။ FDAရဲ့ကိန်းဂဏန်းတွေအရလက်ရှိမြန်မာနိုင်ငံမှာ ဆေးဆိုင်ပေါင်း၈,ဝဝဝခန့်ရှိနေပါတယ်။အစိုးရအသိအမှတ်ပြုထားတဲ့မြို့နယ်ပေါင်း၃၃ဝရှိတဲ့အနက်တစ်မြို့နယ်မှာ ဆေးဆိုင်၂၄ဆိုင်ဝန်းကျင်ရှိတဲ့သဘောပါ။ တကယ်ဆိုရင် ဆေးဆိုင်တွေတင်မကဘဲတချို့ရပ်ကွက် တွေမှာဆိုရင်ကုန်စုံဆိုင်တွေ၊ကွမ်းယာဆိုင်တွေကပါ ဆေးတွေကိုစပ်ပြီးရောင်းနေကြတာရှိပါတယ်။တကယ်တော့ကွမ်းယာဆိုင်တွေ၊ကုန်စုံဆိုင်တွေဟာ ဆေးရောင်းချခွင့်မရှိပါဘူး။ သတ်မှတ်ချက်နဲ့ပြည့်စုံပြီးလုပ်ငန်းအတွေ့အကြုံလည်းရှိသူတွေကြီးကြပ်တဲ့၊အမျိုးသားဆေးဝါးဥပဒေအရ ဆေးဝါး ရောင်းချခွင့် (လက်လီ)လိုင်စင်ရရှိထားတဲ့ ဆေးဆိုင်တွေကသာ ဆေးရောင်းခွင့်ရှိတယ်လို့FDAမှ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ပြောပါတယ်။ ဆေးဆိုင်တွေမှာ ရောင်းချနေတဲ့အနောက်တိုင်းဆေးတွေထဲမှာလည်းအုပ်စုနှစ်စုခွဲခြားထားပါတယ်။ဆရာဝန်ခွင့်ပြုချက်မပါဘဲ ဆေးဆိုင်တွေမှာတင်ရောင်းလို့ရတဲ့ဆေး (OTC – Over the Counter)နဲ့ဆရာဝန်ရဲ့ခွင့်ပြုချက်ပါမှ၊တစ်နည်းအားဖြင့်ဆရာဝန်ရဲ့ ဆေးညွှန်းစာပါမှ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."