မဲစာရင်းတွေ ဘာကြောင့် အမှားများရတာလဲ အပိုင်း(၁)

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
သန်းထိုက် ရေးသည်။
အထွေထွေရွေးကောက်ပွဲများကျင်းပရန်သုံးလဝန်းကျင်လောက် သာလိုတော့သော်လည်း မဲစာရင်းအမှားအယွင်းကိစ္စမှာ ဖြေရှင်း ၍ မရသေးသောအခြေအနေဖြစ်နေဆဲပင်။
ယမန်နှစ် နိုဝင်ဘာမှ စတင်ပြုစုခဲ့သည့် မဲစာရင်းများမှာ ယနေ့အထိအမှားများစွာရှိနေပြီး မဲဆန္ဒရှင်များက ပြန်လည်ပြင် ဆင်ရန်လည်း အခက်အခဲများ ရှိနေသေးဆဲဖြစ်သည်ဟု ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူများက ထောက်ပြကြသည်။
မေ ၂၅ ရက်တွင် ဒုတိယအဆင့် အခြေခံမဲစာရင်းများ ထုတ်ပြန်ပြီးချိန်၌ မဲစာရင်းမှားယွင်းမှုမှာ ၃ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းအထိရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဇွန် ၃ ရက်က ထောက်ပြခဲ့သည်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းမှာ ၁၅ ရာခိုင်နှုန်းခန့်သာ မှားယွင်းသည်ဟု ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မဲစာရင်းတွင် အတွေ့ရများသော အမှားများမှာ အိမ် ထောင်စုလိုက် အမည်မပါခြင်း၊ ဖခင်နာမည်လွဲနေခြင်း၊ မှတ်ပုံ တင်နံပါတ် မပါရှိခြင်း၊ မွေးသက္ကရာဇ်များ မှားနေခြင်း စသည်တို့ ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရန်ကုန်ရုံး ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်အောင်က ပြောသည်။
မဲစာရင်းမှားယွင်းမှုဖြစ်စေသောအကြောင်းများမှာ မဲ စာရင်းပြုစုရာတွင် ကိုးကားသောစာရင်းဇယားများ ခိုင်မာမှုမရှိ ခြင်း၊ စာရင်းပြုစုစဉ် သတ်ပုံသတ်ညွှန်းများ မှားယွင်းရေးသွင်း မိခြင်းနှင့် ကွန်ပျူတာနှင့် စာရင်းသွင်းစဉ် ခေါ်ဆိုပေးမှုကို နား ကြားလွဲမှားခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇူလိုင် ၂၂ ရက်က ရန် ကုန်မြို့၊ ရွှေလီလမ်းရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းအချက်အလက်ဌာနတွင် ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
၎င်းတို့အခြေခံသည့် စာရင်းများမှာ လွန်ခဲ့သည့် ငါးနှစ်ခန့် က စာရင်းများကို ယူသုံးမိသည့်အတွက် ယခုအချိန်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသော်လည်း မဲစာရင်းတွင် ပါဝင်မှုမရှိခြင်းနှင့် သေဆုံးပြီးသူများ ပါဝင်ခြင်းတို့ဖြစ်နေရကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးတင်အေးက ရှင်းပြသည်။
မဲစာရင်းတွင် သေဆုံးသည့် လူများ ပါနေပါက စာရင်းဖျက် ရန် ရပ်ကွက်နှင့်ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများကို ညွှန်ကြားထားသော်လည်း ပြည်သူ များအနေဖြင့် လူသေဆုံးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ လည်း အကြောင်းမကြား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန (လဝက) တွင်လည်း မဖျက်ကြသောကြောင့် ယခုပြုစုသော အခြေခံမဲစာရင်းတွင် သေဆုံးပြီးသူများပါနေရ ကြောင်း ဦးသန့်ဇင်အောင်က မဲစာရင်းလွဲချော်မှုများကို ရှင်းပြ သည်။
”တချို့ကျတော့သူတို့(ရပ်/ကျေးကော်မရှင်)ကလည်း (သေဆုံးသလား)မသေချာဘူးလေ။ မသေချာတော့ သူတို့က လည်း မဖျက်ဖြစ်တာပါတာပေါ့”ဟုဆိုသည်။
ရွေးကောက်ပွဲနည်းဥပဒေများအရ မဲစာရင်းပြုစုရာတွင် ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏စာရင်းနှင့် မြို့နယ် လဝက အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ကို အခြေခံပြီး ပြုစုရခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းမှားယွင်းမှုကို လဝက ၏ အိမ်ထောင်စုစာရင်းနှင့် ထွေ/အုပ်(အထွေထွေအုပ်ချုပ်ရေး)စာရင်းများကို ပြန်လည်အပြစ်တင်ခြင်းများရှိသကဲ့သို့ လေ့လာ စောင့်ကြည့်သူများကလည်း မဲစာရင်းမှားယွင်းမှုသည် လဝကနှင့် အုပ်ချုပ်ရေးယ္တနရား၏ လာဘ်ပေးလာဘ်ယူမှုများနှင့် ရှုပ်ထွေး သော စနစ်များကြောင့်ဖြစ်သည်ဟု ထောက်ပြကြသည်။
လူတစ်ယောက်သေဆုံးသွားပါက သင်္ဂြိုဟ်နိုင်ရန် ထောက် ခံစာယူခြင်းလောက်သာ ပြုလုပ်လေ့ရှိကြပြီး လဝကရုံးရှိ အိမ် ထောင်စုစာရင်းတွင် သွားရောက်ပယ်ဖျက်သည့် အဆင့်အထိဆို လျှင် ရုံးအဆင့်ဆင့် သွားရသောကြောင့် ပြုလုပ်သူနည်းပါး ကြောင်း ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာမှုများပြုလုပ် နေသော ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျုမှ ရွေးကောက်ပွဲအစီ အစဉ်အရာရှိ ဦးဖြိုးတင်ဦးက ပြောသည်။
”ထုတ်ပေးတဲ့ လဝကက အဆင့်ဆင့် ကြိုးနီစနစ်သွားတော့ လူတွေက မလုပ်တော့တာလည်းပါတယ်။ အဲဒီအိမ်ထောင်စု စာရင်းကိုကြည့်ပြီး မဲစာရင်းကောက်တဲ့အခါမှာ အချက်အလက် တွေ ကွာသွားတယ်”ဟု ၎င်းက သူ့အမြင်ကို ပြောသည်။
(အိမ်ထောင်စုစာရင်း(၆၆/၆)ပြောင်းရွှေ့လိုပါက ပြောင်း ရွှေ့လိုသည့်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူးတို့ဆီမှ သတ်မှတ်ပုံစံထောက်ခံစာများ၊ အိမ်နီးနားချင်း အသိသက်သေတို့၏ထောက်ခံစာများ၊ ပိုင်ဆိုင်မှု အထောက် အထားများ၊ နှစ်ဖက်သော ဆယ်အိမ်မှူး ရာအိမ်မှူးတို့၏ထောက် ခံစာများ၊ မှတ်ပုံတင်များနှင့် အိမ်ထောင်စုစာရင်းတို့ လိုအပ်သည် ဟု ပန်းဘဲတန်းမြို့နယ် လဝကရုံးက အတည်ပြုပြောကြားသည်။)
နောက်ပြ ဿ      နာတစ်ခုမှာ အိမ်ထောင်စုဇယားရှိပြီး မဲဆန္ဒ ရှင်အရည်အချင်းနှင့်လည်း ပြည့်စုံသူအချို့ မဲစာရင်းတွင် မပါ ဝင်မှုများလည်း ရှိနေသည်။
ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ ကိုတင်ရွှေသည် သူ့ မြို့နယ်တွင် မဲစာရင်းမကပ်မီ အခြားမြို့နယ်များတွင် မဲစာရင်း ကပ်စဉ်ကပင် မဲစာရင်းကြည့်ရှုရန် စိတ်အားထက်သန်နေသည်။ သူတို့မြို့နယ်တွင် ဇွန် ၂၂ ရက်က မဲစာရင်းကပ်ရာတွင်တော့ မဲ စာရင်းကို ‘အောင်စာရင်းကြည့်သလို’ရပ်ကွက်ကော်မရှင်ရုံးသို့ သွားကြည့်ခဲ့သည်။
သို့သော် သူ့နာမည်ကို မတွေ့။ သူတင်မက သူတို့ တစ်မိသားစုလုံးပင် မပါပေ။ သူနေထိုင်သည့်တိုက်တွင် အခန်းခြောက် ခန်းရှိသည့်အနက် သူ၏အခန်းတစ်ခန်းသာ ကွက်၍ ကျန်နေ ခဲ့ခြင်းဖြစ်သည်။
ကိုတင်ရွှေသည် မွေးကတည်းက ယင်းတိုက်ခန်းတွင် နေ ထိုင်ခဲ့သူဖြစ်ပြီး ရပ်ကွက်တွင်း သာရေး၊ နာရေးကိစ္စများ လိုက်လံ ဆောင်ရွက်လေ့ရှိသဖြင့် ရပ်ကွက်အတွင်း လူသိများသူတစ်ဦး လည်းဖြစ်သည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သော သူသည် ၁၉၉ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲများတွင်လည်း မဲပေး ခွင့်ရရှိခဲ့သူဖြစ်သည်။
”ဘာဖြစ်လို့ ကျန်ခဲ့လဲဆိုတာ ကျွန်တော်တော့ စဉ်းစားလို့ မရတော့ဘူး”ဟု သူက ဝေခွဲမရပြောသည်။
ပန်းဘဲတန်းမြို့နယ်ပါဝင်သည့် ရန်ကုန်အနောက်ပိုင်းခရိုင် မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူးတစ်ဦး ကတော့ ယင်းသို့ကိစ္စမျိုးမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စမျိုးသာ ဖြစ် ကြောင်း ပြောသည်။
”ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဆင်မပြေလို့မပါတာတို့ ဒီလိုမျိုးတော့မရှိရပါဘူး။ ပုဂ္ဂိုလ်ရေးဆန်ဆန်နဲ့ ဒီကောင့်ကို မဲ စာရင်း မထည့်ပေးဘူးလို့ မရှိပါဘူး”ဟု ၎င်းကပြောသည်။
ထို့ပြင် တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်လျက်ရှိသည့် မွေးနေ့နှင့် မွေးလတူညီနေသည့်ကိစ္စရပ်သည် မဲစာရင်းပြုစုရာတွင် အသုံး ပြုသည့် ဆော့ဖ်ဝဲလ်ကြောင့်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ပြောသည်။
”(မဲစာရင်းမှာ) မွေးနေ့သက္ကရာဇ်ပါ ရိုက်ထည့်ရတယ်။ မွေးနေ့သက္ကရာဇ်မပါတဲ့လူတွေကျတော့ သူ့ ှStandard (စံနှုန်း) ဖြစ်တဲ့ ၆ လပိုင်း ၃ဝ ရက်နေ့၊ နှစ်တစ်နှစ်ရဲ့ အလယ်ပေါ့။ နိုင်ငံ တကာStandard လည်းဖြစ်တာပေါ့။ အဲဒါကို ရိုက်ထည့်လိုက် မှသာ ဆော့ဖ်ဝဲလ်က မှတ်သွားမှာ” ဟု လက်ထောက်ညွှန်ကြားရေး မှူး ဦးသန့်ဇင်အောင်က ရှင်းပြသည်။
”အဓိကက နာမည်ပါသွားဖို့ပဲ။ အဲဒါ (ကျန်တဲ့အချက် အလက်) တွေက ပြင်လို့ရတယ်လေ။ နာမည်မပါရင်သာ မဲမပေး ရဘူး”ဟု ဦးသန့်ဇင်အောင်က ပြောသည်။
အချို့အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများတွင် မွေးနေ့သက္ကရာဇ်ကို မြန်မာသက္ကရာဇ်ဖြင့် ဖော်ပြ လေ့ရှိပြီး ယင်းဆော့ဖ်ဝဲလ်သည် မြန်မာခုနှစ်ကိုသာ အင်္ဂလိပ်သို့ပြောင်းလဲနိုင်သောကြောင့် ရက်နှင့် လ ပြောင်းရန် အဆင်မပြေ သဖြင့် လုပ်ငန်းလမ်းညွှန်များတွင် ညွှန်ကြားထားသည့် အတိုင်း ယင်းသို့ ထည့်ပေးလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မွေးသက္ကရာဇ် မှားယွင်းမှုများနှင့်ပတ်သက်၍ တာဝန်ရှိ သူများက အထက်ကကဲ့သို့ဖြေရှင်းချက်များပေးထားသော် လည်း ပြည်မြို့၊ ခေတ္တရာမြို့သစ်တွင်နေထိုင်သော ကိုဇော်ဇေယျ တို့ မဲစာရင်းမှားယွင်းမှုကတော့ ၎င်းတို့ပြောသည့်ပုံစံမျိုး မဟုတ်ပေ။
မိသားစု ငါးယောက်ရှိသော သူတို့အိမ်ထောင်စုစာရင်းထဲ တွင်သာမက မှတ်ပုံတင်များထဲတွင်ပါ မွေးသက္ကရာဇ်ကို အင်္ဂလိပ် ခုနှစ်များနှင့် အတိအကျ ဖော်ပြထားသော်လည်း မဲစာရင်းတွင် တော့ ၎င်းတို့အားလုံး၏ မွေးနေ့မှာ ဇွန် ၃ဝ ရက်သာဖြစ်နေ ကြသည်။
သူတို့မိသားစုတစ်စုတင်မကဘဲ တစ်ရပ်ကွက်လုံးနီးပါး၏ မွေးသက္ကရာဇ်များမှာ မဲစာရင်းတွင် ဇွန် ၃ဝ သာဖြစ်နေသည်ကို မြင်ခဲ့ရကြောင်း သူကပြောသည်။
မွေးနေ့သက္ကရာဇ်အမှားနှင့် ပတ်သက်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ဗဟိုမဲစာရင်းစိစစ်ရေးအဖွဲ့မှ အတွင်း ရေးမှူး ဦးဇာနည်စိန်ဝင်းက မမှားသင့်သော အမှားတစ်ခုကို သူ၏လက်ထဲတွင်ရှိသော မဲဆန္ဒရှင်စာရင်းကိုထောက်ပြ၍ ယခု ကဲ့သို့ ပြောသည်။
”ဒီမှာ ၃၁ ရက် ၆ လတဲ့။ ဇွန်မှာ ၃၁ ရက် ရှိလို့လားဗျာ” ရွေးကောက်ပွဲကော်မရှင်သည် ”အီဂျစ်မှ ထုတ်သော ပြက္ခဒိန်ကိုများ အသုံးပြုနေသလား”ဟု မေးခွန်းထုတ်ရင်း အရွှန်း ဖောက်သည်။

Photo: Than Htike       သတင်းစာရှင်းလင်းပွဲတွင် မဲစာရင်းမှားယွင်းမှုများအကြောင်း ရှင်းလင်းပြေပြနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး

ဘယ်လိုပြင်ဆင်ရမလဲ
မဲစာရင်းတွင် မိမိနာမည်မပါလျှင်သော်လည်းကောင်း၊ အမှားအယွင်းများရှိလျှင်သော်လည်းကောင်း ပြင်ဆင်ဖြည့်စွက် လိုပါက မဲစာရင်းကြေညာသည့်အချိန်မှစတင်ကာ ၁၄ ရက် အတွင်း ပြင်ဆင်ဖြည့်စွက်ခွင့်ပုံစံတို့ဖြင့် ဖြည့်စွက်လျှောက်ထား ရမည် ဖြစ်သည်ဟု ကနဦးကြေညာထားပြီး ဇူလိုင် ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်တော့ ဇွန် ၂၂ ရက်က ထုတ်ပြန်ခဲ့သည့် စတုတ္ထအဆင့် အခြေခံမဲစာရင်းများကို ဇူလိုင် ၃ဝ ရက်အထိ ပြင်ဆင်ခွင့်ပြုထားကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
တင်သွင်းလာသည့် ပြင်ဆင်ခွင့်ပုံစံကို ရပ်/ကျေးကော် မရှင်များက ပြင်ဆင်ရန်၊ သို့မဟုတ် မူလအတိုင်းထားရန် ဆုံးဖြတ် ချက်ချပြီး ခုနစ်ရက်အတွင်း သက်ဆိုင်ရာ မဲပေးလိုသည့် ပုဂ္ဂိုလ် ထံသို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။
မဲစာရင်းတွင် မပါဝင်သင့်သည့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့်လည်းကောင်း၊ အချက်အလက်မှားယွင်းမှုများရှိနေပါ က ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ အမြဲအခြေချနေထိုင်ပြီး မဲဆန္ဒ ရှင် အရည်အချင်းနှင့် ပြည့်စုံပါလျက် အမည်စာရင်းမပါဝင်လျှင် ပုံစံ (၃) ဖြင့် လည်းကောင်း လျှောက်ထားရမည်ဟု ညွှန်ကြား ထားသည်။
ပြည်မြို့ရှိ ကိုဇော်ဇေယျကတော့ မဲစာရင်းမှားယွင်းမှုကို ပြင်ရန် နှစ်ကြိမ်တိုင်တိုင် တာဝန်ရှိသူများထံ သွားရောက် ပြော ဆိုခဲ့သော်လည်း မော်ကွန်းက ဆက်သွယ်ခဲ့သည့် ဇူလိုင် ၈ ရက် (မဲစာရင်းကပ်ပြီး ၁၆ ရက်အကြာ)အထိ ပြင်ဆင်ရန် လျှောက် လွှာတင်ခွင့်လည်း မရ၊ ဖြည့်စွက်ပြင်ဆင်ရန် စာရင်းလည်း လာ ရောက်ကောက်ခြင်းမရှိကြောင်း ပြောပြသည်။
လက်ရှိပြုစုထားသော အခြေခံ မဲဆန္ဒရှင်စာရင်းသည် အိမ် ထောင်စုစာရင်းကို အခြေခံပြုစုထားသောကြောင့် အိမ်ထောင်စု စာရင်းရှိသူများသာ ¤င်းတို့အိမ်ထောင်စုစာရင်းရှိရာ မြို့နယ်တွင် မဲစာရင်းပါဝင်နေမည်ဖြစ်ပြီး မှတ်ပုံတင်မရှိသူများ၊ အိမ်ထောင်စု စာရင်း မရှိသူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရန် ဇူလိုင် ၈ ရက်မှစတင်၍ ကိုယ်တိုင်လျှောက်ထားခွင့် ပြုထားပြီး ဖြစ်သည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ အိမ်ထောင်စု စာရင်းမရှိသော်လည်း ယင်းဒေသတွင် အမှန်တကယ်နေထိုင်သူ ဖြစ်ပါက မဲပေးခွင့်ရမည်ဖြစ်ကြောင်း ယခုကဲ့သို့ ပြောကြားသည်။
”၆၆/၆(အိမ်ထောင်စုစာရင်း) မရှိလို့ ဒီမှာနေတယ်ဆိုရင် ထည့်ပေးလိုက်ပါလို့ ကျွန်တော်တို့ ကော်မရှင်က ပြောထားတာရှိ တယ်။ ထည့်ပေးပါ။ သံသယရှိရင် အစည်းအဝေးထိုင်လိုက်ပါ။ထိုင်ပြီးတော့ ဆုံးဖြတ်ပေးပါ။ ထည့်လို့ရပါတယ်လို့ပြောထားတယ် အဲဒီအတွက်တော့ မပူပါနဲ့လို့ပြောထားတယ်”
ရပ်ကွက်တွင်း အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက် ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ သို့မဟုတ် ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ထောက်ခံမှုဖြင့် ရပ်/ကျေးရွေး ကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် ထည့်ပေး သွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင် အောင်က ပြောသည်။
အကယ်၍မိမိသည် မဲဆန္ဒနယ်ပြင်ပတွင် ရောက်ရှိနေပြီး မိမိရောက်ရှိရာ မဲဆန္ဒနယ်တွင်ပင် မဲပေးလိုပါက ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲများထံတွင် လျှောက်ထားနိုင်သည်။
သို့သော် အဆိုပါမဲဆန္ဒရှင်သည် မိမိမဲဆန္ဒနယ်ပြင်ပတွင် တစ်နေရာတည်း ရက် ၁၈ဝ (ခြောက်လ) နေထိုင်ခဲ့သူဖြစ်ရမည်ဟု ဦးသန့်ဇင်အောင်က ပြောသည်။
ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာလုပ်ငန်းတာဝန်ခံ၏ထောက်ခံချက်၊ အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာလုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင်ကိုယ်စားလှယ်၏ ထောက်ခံချက်၊ အခြား ပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်ဖြင့် ရပ်/ကျေး အုပ်ချုပ်ရေး မှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် ကြေ ညာသည့်နေ့မှစ၍ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၃ဝ အလို အထိ (အောက်တိုဘာ ၁ဝရက်နောက်ဆုံးထား၍) ပုံစံ(၃-က) ဖြင့် လျှောက်ထားနိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ကြေ ညာချက်တွင် ဖော်ပြထားသည်။
ယခင်နေထိုင်ရာမြို့နယ်တွင် မဲစာရင်းပါနေပါကလည်း မဲဆန္ဒရှင် လျှောက်ထားသော ရပ်/ကျေး ကော်မရှင်မှ ယခင် မဲ စာရင်းပါနေသော နေရာရှိ မဲစာရင်းကို ဖျက်သိမ်းပေးရန် အကြောင်းကြားပြီး လက်ရှိနေထိုင်ရာတွင် ထည့်သွင်းပေးမည် ဖြစ်ကြောင်း ဇူလိုင် ၁ဝ ရက်စွဲဖြင့် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ထားသည်။
သို့သော် တစ်နေရာမှ တစ်နေရာသို့ ခဏခဏ ကူးပြောင်း နေထိုင်သူများအတွက်တော့ အခက်အခဲရှိလိမ့်မည်ဟု စောင့် ကြည့်လေ့လာသူများက ထောက်ပြသည်။
ရန်ကုန်မြို့၊ လှည်းတန်းတွင် သူငယ်ချင်းများနှင့် နေထိုင် သော မရွှေရည်ဝင်းတို့အတွက်လည်း တစ်နေရာတည်းတွင် ခြောက်လဆက်တိုက်နေထိုင်မှ မဲပေးခွင့်ရမည်ဆိုခြင်းမှာ အခက် အခဲတစ်ခုဖြစ်နေသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး အဆောင်တွင် တစ်နှစ်ခွဲခန့် နေထိုင်ခဲ့သည်။ ယခု အချိန်တွင်တော့ သူငယ်ချင်းများနှင့် စုပေါင်း၍ တိုက်ခန်းငှား နေသည်မှာ လေးလခန့်သာ ရှိသေးသည်။
တစ်နေရာတည်းနေထိုင်သည်မှာ ခြောက်လမပြည့်ပါက မူလအိမ်ထောင်စုစာရင်းရှိရာတွင်ပင် ပြန်လည်မဲပေးရမည် သို့ မဟုတ် ကြိုတင်မဲပေးခြင်းကိုသာ ပြုလုပ်ရတော့မည်ဖြစ်သည်။
”ရွေးကောက်ပွဲရက်မှာ မဲမပေးနိုင်ဘူးဆိုရင်တော့ ကြို တင်မဲ သွားပေးရမှာပေါ့ အဲဒီနှစ်နည်းပဲရှိတယ်”ဟု ဦးသန့် ဇင်အောင်က ဆိုသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ ဇူလိုင် ၂၂ ရက်တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ရက် ပေါင်း ၁၈ဝ သည် ဥပဒေအရ သတ်မှတ်ထားသဖြင့် ၎င်းအနေ ဖြင့် ပြင်ဆင်၍မရကြောင်းပြောသည်။
”ရက်ပေါင်း ၁၈ဝ မပြည့်ရင် ပြန်မဲပေးပါ။ မပေးမနေရ စနစ်မဟုတ်တဲ့အတွက် စရိတ်ကုန်ပါတယ်ကွာ မပေးဘဲနေမယ် ဆို လည်း ဖြစ်ပါတယ်၊ ဘယ်သူမှတရားမစွဲပါဘူး”ဟု ဦးတင်အေး က ဆိုသည်။
ကြိုတင်မဲဆိုသည်မှာ ရန်ကုန်ရောက်နေသည့် ရှမ်းပြည်မှ လူတစ်ဦးသည် ရှမ်းပြည်၏ သက်ဆိုင်ရာမြို့နယ်တွင် ကြိုတင်မဲ ပေးခွင့်ရရန် ပုံစံ ၁၅ ဖြင့် တောင်းခံရမည်ဖြစ်ပြီး ယင်းမြို့တွင်ပင် ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလိုတွင် မဲပေးခွင့်ရမည်ဖြစ်သည်။
ထိုသို့ ရွှေ့ပြောင်းနေထိုင်ကြသည့် လူဦးရေသည် စာရင်း ဇယားများဖြင့် အတိအကျကောက်ထားခြင်းမရှိဘဲတစ်နိုင်ငံ လုံးတွင် ယင်းသို့ လူများ အများအပြားရှိသဖြင့် ၎င်းတို့၏ မဲပေး ခွင့် ဆုံးရှုံးသွားမည်ဖြစ်ကြောင်း ဗေဒါအင်စတီကျုမှ ဦးဇေယျာဦး က ပြောသည်။
ရွေးကောက်ပွဲရက် ကြေညာအပြီးတွင်တော့ ရွှေ့ပြောင်း လုပ်သားများ၊ ကျူးကျော်များ၊ ယာယီသန်းခေါင်းစာရင်းနှင့် နေထိုင်သူများနှင့် ပြည်ပသို့ တရားဝင်ရောက်ရှိနေသူများအနေ ဖြင့် သတ်မှတ်ပုံစံအတိုင်း လျှောက်ထားရမည်ဖြစ်သည်။ ရွေး ကောက်ပွဲကျင်းပမည့်ရက်ကို ဇူလိုင် ၈ ရက်က တရားဝင် ကြေ ညာပြီး ဖြစ်သည်။

Photo: Than Htike  ရွှေပြည်သာမြို့နယ်အတွင်း မဲစာရင်း လိုက်လံစစ်ဆေးနေသော NLD  မဲစာရင်းစိစစ်ရေးအဖွဲ့ဝင်များ

အထောက်အပံ့ မလုံလောက်
နောက်ထပ်အခက်အခဲတစ်ခုမှာ ပြင်ဆင်ရန် လျှောက်လွှာ ပုံစံများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုံ လောက်အောင် ချထားပေးခြင်းမရှိသည့် ကိစ္စဖြစ်သည်။
ပြင်ဆင်ဖြည့်စွက်ရန်ပုံစံ တစ်ရွက်စီလောက်သာ ပေးထား သဖြင့် လျှောက်လွှာပုံစံ မိတ္တူကူးရန် ငွေကြေး အခက်အခဲဖြစ် နေကြကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ မြို့နယ်ရွေးကောက် ပွဲ ကော်မရှင် အတွင်းရေးမှူးတစ်ဦးက ပြောသည်။
ယင်းသို့ အခြေခံမဲစာရင်းအမှားများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် လျှောက်လွှာပုံစံများအတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တွင် ဘတ်ဂျက်မရှိကြောင်း မော်ကွန်း မဂ္ဂဇင်း၏ မေးမြန်းမှုကို ဦးတင်အေးက ပြောကြားသည်။
”ဖောင်(လျှောက်လွှာပုံစံ)တွေကတော့ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်တို့ဘတ်ဂျက်မပါဘူး”ဟု သူက ဆိုသည်။
ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို အကူအညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် IFES(International Foundation for Electoral Systems) အနေဖြင့် ကွန်ပျူတာ များ၊ မိတ္တူကူးစက်များ၊ ပရင်တာများနှင့် မင်တောင့်များကို မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများသို့ ကူညီပေးထားသဖြင့် ၎င်းစက်ပစ္စည်းကိရိယာများနှင့် လျှောက်လွှာပုံစံများကို ကူးယူ စေကြောင်း ဦးတင်အေးက ပြောသည်။
ထိုသို့ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသော်လည်း လက်ရှိ အချိန်တွင် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရုံးစာ ရေးများကပင် စာရွက်စာတမ်းတို့ကို ၎င်းတို့အိတ်ကပ်ထဲမှ စိုက် ထုတ် လုပ်ပေးနေရခြင်းဖြစ်သည်ဟု ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးတစ်ဦးက ဆိုသည်။
ကော်မရှင်လုပ်ငန်းများ လုပ်ကိုင်ပေးနေရသော်လည်း မည်သည့်အထောက်အပံ့မှ မရကြောင်း ”ကျွန်တော်တို့ကို ဘာ လစာမှ မပေးဘူး။ ဘာထောက်ပံ့ကြေးမှလည်း မရပါဘူး။ လော လောဆယ် ကိုယ့်အိတ်…”ဟု ပြောရင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။
မဲစာရင်းမှားယွင်းသူအချို့သည်လည်း လျှောက်လွှာတင် ခြင်းကိစ္စရပ်များကို ပြုလုပ်လိုစိတ်မရှိကြကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင်မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်း ရေးမှူးတစ်ဦးက ပြောသည်။
” ‘မင်းတို့ရုံးက လုပ်လို့ကျန်တာ၊ မင်းတို့ဟာ မင်းတို့လုပ်။ ငါက ဘာလို့ပြန်လျှောက်ရမလဲ’ဆိုပြီးပြောတာရှိတယ်”ဟု သူ့ အတွေ့အကြုံကို ပြန်ပြောပြသည်။
ပြင်ဆင်စရိတ် ဘယ်လောက်ကျနိုင်လဲ
ထို့ပြင် ယင်းသို့မဲစာရင်းများ မှားယွင်းနေမှုများကို ပုံစံများ ဖြည့်၍ ပြင်ဆင်ရခြင်းကြောင့် ဘဏ္ဍာငွေလေလွင့်မှုများစွာ ဖြစ် ပေါ်လာမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့ လာရေးအဖွဲ့တစ်ခုဖြစ်သည့် TSI(The Serenity Initiative) အဖွဲ့ ၏ ညွှန်ကြားရေးမှူး ဦးသန်းဌေးက ထောက်ပြသည်။
ပြင်ဆင်ဖြည့်စွက်မှုပြုလုပ်ရန် လျှောက်လွှာတစ်ရွက် အတွက် ခုနစ်ကျပ်ကျသင့်မည်ဖြစ်သောကြောင့် လက်ရှိအချိန် တွင် မဲပေးခွင့်ရှိသူ ၃၂ သန်းကျော်ရှိနေရာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် မှားယွင်းမှု ၁၅ ရာ ခိုင်နှုန်းအတွက်ဆိုလျှင်ပင် ငွေကျပ် ၃၄ သန်းခန့် ကျသင့်နေမည် ဖြစ်ပြီး NLD ကပြောဆိုထားသည့် ထက်ဝက်ကျော် မှားယွင်းမှု အရဆိုလျှင် ငွေကျပ် ၁၁၂ သန်းကျော်ဖိုး ကုန်ကျနေမည်ဖြစ်သည်။
လျှောက်လွှာများကိုထောက်ပံ့ပေးလျှင်ပင် နယ်စွန်နယ် ဖျားဒေသများတွင် မြန်မာစာမတတ်သောတိုင်းရင်းသားများစွာ ရှိသဖြင့် မှားယွင်းမှုများ၊ မဲစာရင်းမပါဝင်မှုများကို ဖြည့်စွက်ရန် များစွာ ခက်ခဲမည်ဖြစ်ကြောင်း TSI မှ ဦးသန်းဌေးက ပြောသည်။
၎င်းတို့အဖွဲ့သည် ၂ဝ၁၄ ခုနှစ်အတွင်း မဲဆန္ဒရှင်စာရင်းပြုစု ခြင်းရှေ့ပြေးစီမံချက် (Pilot Project) လုပ်ငန်းတွင်ပါဝင်ခဲ့ပြီး အထက်ပါ အခက်အခဲများကို ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် တွေ့ကြုံခဲ့ရသည်။
ထို့ပြင် မြစ်ကြီးနားမြို့တွင်လည်း မဲစာရင်းပြုစုရာ၌ အိမ် ထောင်စုစာရင်းကိုအခြေမခံဘဲ တစ်ရွာလုံးတွင်ရှိသော လူများ ကို အကုန်ထည့်သွင်းခိုင်း၍ မဲစာရင်းပြုစုခြင်းတို့ကိုပါ လုပ် ဆောင်ခဲ့ဖူးသည်ဟု ဆိုသည်။
ထိုသို့ ဆယ်အိမ်ခေါင်းများက သက်ဆိုင်ရာ ဆယ်အိမ်စီ ကောက်ယူထားသော မဲစာရင်းသည် အမှန်ကန်ဆုံးနှင့် အကောင်း ဆုံးဖြစ်ကြောင်းပြောဆိုထောက်ပြခဲ့သော်လည်း နောက်ပိုင်းတွင် အိမ်ထောင်စုစာရင်းကို အခြေခံပြုစုသော စာရင်းကိုသာ အသုံး ပြုလိုက်ကြသည်ဟု ဦးသန်းဌေးက ပြောသည်။
”သူတို့(ရွေးကောက်ပွဲကော်မရှင်)က ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဆိုတော့ သူတို့ပဲလုပ်တာပေါ့”ဟု ၎င်းက မှတ်ချက် ပြုသည်။
ရွေးကောက်ပွဲပညာပေး အလုပ်ဖြစ်ရဲ့လား
ရွေးကောက်ပွဲအပေါ် ပြည်သူများစိတ်ဝင်စားမှုနည်းနေ ခြင်းနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတ နည်းနေခြင်းများကလည်း ယခုကဲ့သို့ အမှားများ ဖြစ်ပေါ်လာစေ သည်ဟု စောင့်ကြည့်လေ့လာသူများက ထောက်ပြပြောဆိုသည်။
ရွေးကောက်ပွဲ အသိပညာဗဟုသုတ ဖြည့်ဆည်းပေးရန်မှာ လူထုကိုသာမက ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကိုပါ ပြု လုပ်ပေးရန်လိုသည်ဟု ဆိုကြသည်။
မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ပေါင်း ၃ဝ တွင် မဲဆန္ဒရှင်ပညာ ပေးလုပ်ငန်းများ လုပ်နေသည့် MYNFREL (Myanmar Network for Free and Fair Elections) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်ဇင်မာဦးကတော့ ကော်မရှင်အနေဖြင့် မဲ စာရင်း လာရောက်ကြည့်ရှုရန် လှုံ့ဆော်သည့်ကိစ္စရပ်များ ကျယ် ကျယ်ပြန့်ပြန့်လုပ်ရန် လိုအပ်နေသကဲ့သို့ ယင်းသို့လုပ် ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများကိုလည်း အဆင်ပြေအောင် ပြုလုပ်ပေးသင့်သည်ဟု ဆိုသည်။
”ကော်မရှင်အဖွဲ့ ခွဲတွေက တချို့နေရာတွေဆို အရပ်ဘက် အဖွဲ့အစည်းဆိုတာ မကြားဖူးဘူး။ ပါတီပဲ ကြားဖူးတာ။ ကျွန်မ တို့သွားပြီဆိုရင် ပါတီပဲ ထင်တာ။ အဲဒီတော့ ကွဲကွဲပြားပြားပေါ့၊ သူ့ရဲ့လူတွေကို သေချာလေးအသိပေးထားဖို့လိုတယ်”
ထို့ပြင် ရွေးကောက်ပွဲအသိပညာပေးရေးလုပ်ငန်းများ သည် ကော်မရှင်၏တာဝန်သာ ဖြစ်ပြီး အရပ်ဘက်အဖွဲ့များအနေ ဖြင့် ကော်မရှင်ကို ဝိုင်းဝန်းကူညီပေးခြင်းသာဖြစ်ကြောင်းနှင့် ကော်မရှင်အနေဖြင့် ကျနစွာ နှိုးဆော်မှုလုပ်ငန်းများ လုပ်သင့် ကြောင်းပြောသည်။
ဒေါ်ဇင်မာဦးကတော့ ကျေးရွာများတွင် မဲစာရင်းကြည့်ရှုသူ အရေအတွက် အလွန်နည်းနေပြီး မြို့ပေါ်မှလူများကလည်း လမ်း ကြုံ၍ ဝင်ကြည့်ခြင်း လောက်သာ ရှိကြောင်းပြောသည်။
”ကျွန်မဒေသ(ဝန်းသိုမြို့နယ်)မှာဆိုရင် ဘယ်သူမှကို သွား မကြည့်ဘူး။ ကျွန်မအမေကို သွားကြည့်ဖို့ ပြောတဲ့အခါကျတော့ သွားကြည့်တဲ့အခါ ကျွန်မအမေကို သူတို့(ကော်မရှင်ရုံး)က ထူး ထူးဆန်းဆန်းကြည့်ကြတယ်”ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေး ကလည်း ၎င်းတို့ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ဆောင် နိုင်စွမ်း (Capacity) နည်းနေသည့်အပြင် ရွေးကောက်ပွဲအတွေ့ အကြုံမရှိသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူ အညီယူနေရကြောင်း ဇူလိုင် ၂၂ ရက်က ပြုလုပ်သောသတင်း စာရှင်းလင်းပွဲတွင် ဝန်ခံပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဝန်ထမ်း များကို စနစ်တကျသင်တန်းပေးနိုင်မှု အားနည်းနေပြီး လုပ်ငန်း ဆောင်တာများနှင့် ၎င်း၏ဝန်ထမ်းများဟန်ချက်ညီရန် လိုအပ် သည်ဟု ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျုမှ ဦးဖြိုးတင်ဦးနှင့် New Myanmar Foundation မှ ဒေါ်မြနန္ဒာတို့က ထောက်ပြသည်။
ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်များသည် အောက်ခြေကို နှံ့နှံ့စပ်စပ် ရောက်ရှိ၊ မရှိဆိုသည်မှာလည်း မေး ခွန်းထုတ်စရာ ဖြစ်နေသည်။
ပြည်မြို့က ကိုဇော်ဇေယျသည် တစ်အိမ်သားလုံး မဲစာရင်း မှားယွင်းမှုများအတွက် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်တွင် ပြင်ဆင်ခွင့်ပုံစံများတောင်းရာ ဆယ်အိမ်ခေါင်းက တစ်အိမ်တက် ဆင်းလိုက်လံကောက်၍ မဲစာရင်းပြင်ဆင်ပေးမည်ဖြစ်ကြောင်း သာ အကြောင်းပြန်ပြောခဲ့သည်ဟု ကိုဇော်ဇေယျက ဆိုသည်။
လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်အောင်ကတော့ ကွန်ပျူတာအတွင်းသို့ မဲစာရင်းရေးသွင်းသူများကို သုံးရက်သင် တန်းပေးထားကြောင်း ပြောသည်။
”ကျွန်တော်တို့သုံးမယ့် ဆော့ဖ်ဝဲလ်တွေကို ဘယ်လိုရိုက်ရ မယ်ဆိုတာ သင်တန်းပေးပြီးမှ ဒီလူတွေကို သုံးတာပါ”ဟုရှင်း ပြသည်။
အချိန်တိုတွင်းပြီးစီးအောင်လုပ်ရမည်ဟု ညွှန်ကြားချက် ပြုလုပ်သောကြောင့် အောက်ခြေဝန်ထမ်းများအနေဖြင့် အလျင် အမြန်လုပ်ပေးလိုက်ရခြင်းကြောင့်လည်း အမှားအယွင်းများရ ခြင်းဖြစ်သည်ဟု NLD မဲစာရင်းစိစစ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးဇာနည်စိန်ဝင်းက ဆိုသည်။
”မုံရွာမှာဆိုရင် အပြင်က မိတ္တူဆိုင်မှာ သွားရိုက်ခိုင်းတာ။ အချိန်မီအောင်ပေါ့လေ။ အသည်းအသန်။ အဲဒီလိုလုပ်တယ် ဆို တော့လေ နဂိုအမှားလည်း ရှိမယ်၊ User False (ရေးသွင်းသူ အမှား) Typing Error (စာလုံးပေါင်းအမှား) လည်း ဖြစ်နိုင် တယ်” ဟု သူ့အတွေ့အကြုံကို ပြောသည်။
TSI အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသန်းဌေးကတော့ ကော် မရှင်ခွဲအဖွဲ့ဝင်တို့သည် ရွေးကောက်ပွဲဥပဒေများကို သိရှိမှု အား နည်းသကဲ့သို့ ကော်မရှင်၏ အကြောင်းကိုပင် ဂနစွာမသိမှုများ လည်း ရှိနေကြောင်း ပြောသည်။
”ကော်မရှင်ကို အစိုးရတစ်ရပ်လို့ ထင်နေတာတွေလည်း ရှိတယ်”ဟု သူက ဆိုသည်။
ဦးသန့်ဇင်အောင်ကတော့ နိုင်ငံတော်ဘတ်ဂျက်အရ ရွေး ကောက်ပွဲကော်မရှင်တွင် လိုအပ်သည့်အင်အား၏ သုံးပုံတစ်ပုံ သာ ခန့်အပ်နိုင်သေးကြောင်းနှင့် ရှိသမျှ အင်အားလေးနှင့် မဲ စာရင်းပြုစုရခြင်းလည်း ဖြစ်ကြောင်း ပြောသည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများတွင် မြို့နယ်ဒုဦးစီးမှူး များမှ လွဲ၍ ကျန်သောအောက်ခြေဝန်ထမ်းအဆင့်များကို လစာ ပေးမခန့်နိုင်ဘဲ အားလုံးသည် စေတနာ့ဝန်ထမ်းများသာ ဖြစ်နေ ကြောင်း ဦးဖြိုးတင်ဦးက ပြောသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်ရွေးကောက်ပွဲကော် မရှင် အတွင်းရေးမှူးတစ်ဦးက ပြောသည်မှာ ၎င်းတို့မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းဟူ၍ စာရေးတစ်ဦးသာ ရှိ ကြောင်းနှင့် ကျန်သူများသည် အခြားသောဌာနများမှ ဝန်ထမ်း များနှင့် လုပ်အားပေးခေါ်ယူထားသူများဖြစ်ကြောင်း ပြောပြသည်။       အပိုင်း(၂)သို့

[:en]

မဲစာရင်းတွေ ဘာကြောင့် အမှားများရတာလဲ
သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
သန်းထိုက် ရေးသည်။
အထွေထွေရွေးကောက်ပွဲများကျင်းပရန် သုံးလဝန်းကျင်လောက် သာ လိုတော့သော်လည်း မဲစာရင်းအမှားအယွင်းကိစ္စမှာ ဖြေရှင်း ၍ မရသေးသောအခြေအနေဖြစ်နေဆဲပင်။

ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်ရွေးကောက်ပွဲကော် မရှင် အတွင်းရေးမှူးတစ်ဦးက ပြောသည်မှာ ၎င်းတို့မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းဟူ၍ စာရေးတစ်ဦးသာ ရှိ ကြောင်းနှင့် ကျန်သူများသည် အခြားသောဌာနများမှ ဝန်ထမ်း များနှင့် လုပ်အားပေးခေါ်ယူထားသူများဖြစ်ကြောင်း ပြောပြသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."