ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၂၉ (မော်ကွန်း)
စစ်ကောင်စီက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်စျေးရောင်းပွဲတော်ကို လုံခြုံရေးတင်းကြပ်စွာ ဆက်လက်ကျင်းပနေပါတယ်။
စျေးဆိုင်ခန်းရာနဲ့ချီကို ဆိုင်ခန်းငှါးခပေးစရာမလိုဘဲ စစ်ကောင်စီကကျင်းပနေတာလို့ ဆိုင်ခန်းဖွင့်လှစ်ထားသူတွေကပြောပါတယ်။
“လူ မစည်၊ စည်အောင်လုပ်နေတာ” လို့ ပွဲတော်မှာ ဆိုင်ဖွင့်လှစ်ထားသူကပြောပါတယ်။
ရင်ပြင်အတွင်းမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ၊ မိုင်တဲဆင်းကဒ် ဝန်ဆောင်မှုတွေ၊ အစားအစာနဲ့ ငါးလုပ်ငန်းဆိုင်ခန််းတွေဖွင့်လှစ်ထားကြပါတယ်။
ဖျော်ဖြေရေးအစီအစဉ်တွေမှာတော့ ဝါဒဖြန့်အငြိမ့်တွေနဲ့ တေးသံသီဆိုမှုတွေပါဝင်ပါတယ်။ အငြိမ့်အဖွဲ့မှာ လူရွှင်တော်ဒိန်းဒေါင်ကိုလည်း တွေ့ရပါတယ်။
စျေးရောင်းပွဲကျင်းပနေတဲ့ ပြည်သူ့ရင်ပြင်ပရဝုဏ် အတွင်းကော အပြင်မှာလည်း စစ်ကောင်စီတပ်သားတွေ ကလုံခြုံရေးအပြည့်ယူထားတာပါ။
စစ်ကောင်စီက ဒီပွဲတော်ကို ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မနက်ဖြန်ထိကျင်းပဖို့ရှိ တယ်လို့သိရပါတယ်။
ပုံစာ- စစ်ကောင်စီကပြုလုပ်တဲ့ ပြည်သူ့ရင်ပြင်သီတင်းကျွတ်စျေးရောင်းပွဲတော်မြင်ကွင်း
ဓာတ်ပုံ- Mawkun

