ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂၂ (မော်ကွန်း) ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ လားရှိုးမြို့တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒီဒေသတွေက စစ်ဘေးရှောင်အများစုဟာ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ လားရှိုးမြို့ကို MNDAA က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ အခုနှစ် ဇူလိုင်လပိုင်းထဲက လားရှိုးကနေ စွန့်ခွာလာသူတစ်ဦးကတော့ လက်ရှိမှာ မြို့ခံတချို့ မြို့ထဲကိုပြန်ဝင်တာရှိပေမယ့် အများစုက မပြန်ရဲကြသေးဘူးလို့ ပြောပါတယ်။ ဒါ့ပြင် စစ်ကောင်စီက အရပ်သားလူနေရပ်ကွက်တွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လားရှိုးမြို့က စစ်ဘေးရှောင်လာသူအများစုဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ ၎င်းကပြောပါတယ်။ “လားရှိုးဒေသခံအများစုပေါ့ ကျွန်တော်အပါအဝင် မပြန်ဖြစ်ကြသေးတာများပါတယ်။ ပြန်သွားလည်း အိမ်တစ်ချက်ပြန်ကြည့်တာ။ လိုတဲ့ပစ္စည်းတစ်ချက်ပြန်ယူတာလောက်ပဲ ပြန်ကြတာ။ စိတ်မချရသေးဘူးလေနော်။ နေ့တိုင်းဗုံးတွေကြဲနေတာ” လို့ ၎င်းဒေသခံက ပြောပါတယ်။ ဒါ့ပြင် ဒီဒေသတွေမှာ […]
တောင်ကုတ်-၂၀၂၄ အောက်တိုဘာ ၂၂ ( မော်ကွန်း) ဒီလအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နှစ်ရက်ကို အရပ်သားသုံးဦးနှုန်း သေဆုံးနေရတာကို မော်ကွန်းကပြုစုထားတဲ့ မှတ်တမ်းတွေအရတွေ့ရပါတယ်။ ဒီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ ရခိုင်ပြည်နယ်တစ်ဝှန်းမှာ လေကြောင်းကနေ စစ်ကောင်စီဗုံးကြဲတာကြောင့် အရပ်သား ၃၆ ဦး သေဆုံးခဲ့ကာ ၅၂ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ကျောက်တော်၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာမှာ အခုလို အရပ်သားသေဆုံးမှုတွေ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ တောင်ကုတ်မြို့နယ်က ခေါင်းလောင်းတူ၊ ကင်းတောင်နဲ့ တန်းလွှဲရွာမမြို့တို့ကို ဒီလအတွင်း လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့သလို မောင်တောမြို့နယ်ကို သုံးကြိမ်နဲ့ ကျောက်တော်မြို့ကို တစ်ကြိမ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “ ညဆို အိပ်မပျော်တာ ကြာပီ။ […]
ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂၃ (မော်ကွန်း) အခုရက်ပိုင်းမှာ မိုးသည်းထန်စွာရွာခဲ့ပြီး ရွှေပြည်သာမြို့နယ်မှာ မကြုံစဖူးရေကြီးနစ်မြုပ်တာကြောင့် နေအိမ် ၃၀ ထက်မနည်း ပျက်စီးကာ လူဦးရေ ၃,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတချို့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ရန်ကုန်မှာ သုံးရက်ဆက်တိုက် မိုးသည်းထန်စွာရွာခဲ့ပြီး ရန်ကုန်မြို့က မြို့နယ်အများအပြားမှာလည်း ရေကြီးနစ်မြုပ်တာတွေ ရှိခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှာ နေအိမ်ကိုးလုံး ရေစီးကြောင့် လုံးဝပြိုကျပျက်စီးသွားခဲ့သလို နောက်ထပ်နေအိမ် ၂၀ ကျော်ဟာလည်း လေပြင်းတိုက်ခတ်မှုကြောင့် အမိုးတွေလန်သွားခဲ့တယ်လို့ အဲဒီမှာ ကူညီနေတဲ့ ရွှေမေတ္တာလူမှုကူညီရေးအသင်းက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဒါ့ပြင် အဲဒီရက်ပိုင်းအတွင်း ရေကြီးနစ်မြုပ်တာကြောင့် ရွှေပြည်သာမြို့နယ်က လူဦးရေ ၃,၀၀၀ ကျော်ဟာ […]
ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၂၃ (မော်ကွန်း) ဒီလဆန်းကတည်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးကာ ၆၀ ခန့် လူသားဒိုင်းအဖြစ် အဖမ်းခံထားရဆဲဖြစ်တယ်လို့ ဒေသတွင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလုပ်နေသူတချို့က ဒီနေ့ပြောပါတယ်။ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်ကျေးလက်ဒေသတွေကို ဒီလ ၄ ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးဖျက်ဆီးနေခဲ့တာဖြစ်ပြီး ဒီနေ့အထိ ဘုတလင်မြို့ အနောက်မြောက်ဘက်ဒေသက စိုင်ပြင်လေးရွာမှာ တပ်စွဲအခြေချနေဆဲဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။ ” ဘုတလင်ကနေ မုံရွာ နမခကို ပြန်ဝင်ပြီး ကျေးရွာတွေကိုတော့ အောက်တိုဘာ ၈ ရက်က စထိုးတာ။ အခုအချိန်ထိ စစ်ကြောင်းက ပြန်မဆုတ်သေးဘူး။ ကျေးရွာတွေ မီးရှို့ခံရတာက လက်ရှိ စိုင်ပြင်လေးရွာမပါသေးဘူး အိမ်ခြေ ၄၀၀ ကျော်နေပြီ ။ […]
မောင်တော – ၂၀၂၄ အောက်တိုဘာ ၂၃( မော်ကွန်း) ရခိုင်ပြည်နယ်က မောင်တောမြို့နယ်ထဲမှာနေထိုင်ကြတဲ့ ရခိုင်နဲ့မွတ်ဆလင်ဒေသခံတွေဟာ စစ်ကောင်စီကိုသာမက ARSA ၊ RSO နဲ့ ARA စတဲ့ မွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်တွေရဲ့ အန္တရာယ်ကိုပါ ကြောက်လန့်ကာနေထိုင်နေရတယ်လို့ မောင်တောဒေသခံတချို့က ပြောပါတယ်။ ” လေယာဉ်ကို ကြောက်ရတာတစ်မျိုး၊ မွတ်ဆလင်လက်နက်ကိုင်တွေကို ကြောက်နေရတာတစ်မျိုး။ AA က လုံခြုံရေးတွေ ချထားပေမယ့် နေရာတိုင်းတော့ မဟုတ်ဘူး။ ပြီးတော့ ARSA တွေကလည်း AA တွေမရှိတဲ့ နေရာတွေကိုမှ ခြုံခို တိုက်ခိုက်ဖို့ ချောင်းနေကြတာ။ သွားရေးလာရေး လုံခြုံမှုမရှိတော့ စားဝတ်နေရေးတွေလည်း ထိခိုက်တယ်။ တောတောင်ထဲကို သွားဖို့ မပြောနဲ့ ရွာနားပတ်ဝန်းကျင်ကိုတောင် မသွားရဲကြဘူး” လို့ မောင်တောမြို့နယ်မြောက်ပိုင်းဒေသက ဒေသခံ အမျိုးသမီးတစ်ဦးက ဒီနေ့ပြောပါတယ်။ […]
ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၂၃ (မော်ကွန်း) ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဒါနာ(DANA) အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရိတ်သိမ်းကာနီးလယ်ယာတချို့ ရေနစ်မြုပ်ပျက်စီးကုန်တယ်လို့ ဧရာဝတီနဲ့ ရန်ကုန်တိုင်းက လယ်သမားတစ်ချို့ကပြောပါတယ်။ “ ရိတ်နေတဲ့လူတွေလည်း မိုးကြောင့် ရပ်ထားရတယ်။ ရိတ်ကာနီးစပါးခင်းတွေလည်း ရေမြုပ်ပြီး အနှံတွေ ရေစိုကုန်တာပေါ့။ ဒီနှစ်ကတော့ အဘက်ဘက်ကခံရတဲ့နှစ်ပဲ” လို့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။ အဲဒီမြို့နယ်ဟာ ပြီးခဲ့တဲ့ရေဘေးကာလအတွင်း ဧရာဝတီတိုင်းအတွင်းမှာ လယ်တွေရေမြုပ်ပျက်စီးမှု ဆိုးဆိုးရွားရွားကြုံ ထားရတဲ့ မြို့နယ်တွေထဲ ပါဝင်ပါတယ်။ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ဘက်က လယ်သမားတချို့ကတော့ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် စပါးပင်တွေလဲပြီး ရေမြုပ်ကုန်တဲ့အတွက် အထွက်နှုန်း ထိခိုက်မယ့် အခြေအနေ ကြုံရတယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဒါနာဟာ(DANA) ဟာ မြန်မာနိုင်ငံကိုဝင်ဖို့မရှိတာကြောင့် မိုးဇလက အဝါရောင်အဆင့်သတ်မှတ်ထားပေမယ့် […]
ဘုတလင် – ၂၀၂၄ အောက်တိုဘာ ၂၀ (မော်ကွန်း) ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီနယ်က စီပါရွာကိုမီးရှို့သလို ရွာသားခြောက်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတချို့က ပြောပါတယ်။ အဲဒီရွာဟာ စက်တင်ဘာ ၃၀ ရက်က စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံးပြုတ်သွားအောင် တော်လှန်ရေးအင်အားစုတွေ စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့ ကူတော်ရွာအနီးမှာရှိတာပါ။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စီပါရွာသား စိတ်ဝေဒနာရှင်တစ်ဦးအပါဝင် အမျိုးသားခြောက်ဦးကို စစ်ကောင်စီကသတ်ဖြတ်ခဲ့ပြီး အိမ်ခြေ ၃၀၀ ခန့်ကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ ” အမျိုးသားခြောက်ဦး သတ်ခံရတာဗျ။ စိတ်မနှံ့တဲ့လူ တစ်ယောက်ပါတယ်။ သုံးယောက်ကိုတော့ ခြေဖြတ်၊ လက်ဖြတ်၊ အူနှုတ်၊ ခေါင်းဖြတ်ပြီး ထန်းလက်ပြားဝန်းထရံတွေမှာ ချိတ်ဆွဲပြီး ကျန်တဲ့ သုံးယောက်ကိုတော့ သေနတ်နဲ့ပစ်သတ်ခဲ့တယ်။ မြင်ရတာစိတ်ထဲကိုမကောင်းဘူး။ ပက်ပက်စက်စက်ကို လုပ်သွားတာ” လို့ ရပ်ကျေးပကဖအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ […]
ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၁၉ (မော်ကွန်း) ဘုတလင်နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေသလို ရွာတွေကို မီးရှို့နေတဲ့အတွက် အရပ်သားထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မှာလည်း အဲဒီဒေသက ဆယ်ဝရွာကို မီးရှို့နေတယ်လို့ ဒေသခံတချို့ကဆိုပါတယ်။ ” အောက်တိုဘာလ ၁၆ ရက် ညကတည်းက တက်လှိုင်း ကနေပြီးတော့ ရွာရှည်ကို ထွက်ပြီးတော့မှ အောက်တိုဘာ ၁၇ ရက် မနက်ခင်းကျတော့ ရွာရှည်ကနေ စီပါရွာကိုမီးရှို့ပြီး မနေ့က ၁၈ ရက် နေ့လယ်မှာတော့ ဆယ်ဝရွာကို မီးရှို့ခဲ့တယ်။ အိမ်ခြေတော်တော်များများပါတယ်။ တက်လှိုင်းရွာကိုလည်းရှို့ခဲ့တယ်။ လတ်တလော စစ်ကြောင်းထိုးနေတဲ့အတွက် အိမ်ခြေအတိကျမသိရသေးဘူး”လို့ သူကဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ် တက်လှိုင်းကျေးရွာမှာ […]
ကော့ကရိတ် – ၂၀၂၄ အောက်တိုဘာ ၁၈ (မော်ကွန်း) ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီ ခလရ ၂၃၁ က ဟောင်ဝစ်ဇာ တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၇၀ အရွယ်အမျိုးသားနှစ်ဦးကို ထိမှန်ပြီး တစ်ဦးသေဆုံးသွားပါတယ်။ ဒီနေ့ မွန်းလွဲ ၁၂း၄၅ မိနစ်အချိန်မှာ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၃၁ လက်အောက်ခံ အမြောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ တောင်ကြာအင်းရွာထဲကို သုံးလုံး၊ မြောက်ကြာအင်းရွာထဲကို သုံးလုံးကျရောက်ခဲ့တာပါ။ လက်နက်ကြီးထိမှန်တဲ့အထဲက မြောက်ကြာအင်းရွာနေ ဦးဖိုးအို (အသက် ၇၁) ဟာ နေရာမှာတင် ကိုယ်အင်္ဂါတွေ အပိုင်းပိုင်းပြတ်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ဦးဖိုးသိန်း (အသက် ၇၀) ကတော့ ခြေသလုံးမှာ လက်နက်ကြီးစထိမှန်ခဲ့ပါတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်တစ်လုံးနဲ့ ကွမ်းခြံထဲကိုကျရောက်ပြီး ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။ […]
မန္တလေး – ၂၀၂၄ အောက်တိုဘာ ၁၄ (မော်ကွန်း) မတ္တရာမြို့ကနေ မိုးကုတ်ကိုသွားတဲ့ ကားလမ်းပိုင်းမှာရှိတဲ့ ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အခုရက်ပိုင်းထဲမှာ မတ္တရာမြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏပြုလုပ်နေပြီး မြေပြင်မှာလည်း တိုက်ပွဲတွေ နေ့စဉ်ရှိနေတယ်လို့ မတ္တရာမြို့နယ်က စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။ “မတ္တရာရဲ့ မြောက်ဘက်ပေါ့ မိုးကုတ်လမ်းပေါ်မှာ လေယာဉ်တွေနဲ့ ခဏခဏ လာကြဲတယ်။ အဲဒီနားမှာ ရွာလေးတွေရှိတယ်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပေါ့။ သစ်တောကြီးတွေလည်း ရှိတယ်။ အဲဒီကို လက်နက်ကြီးတွေလည်း ပစ်နေတာ နှစ်ရက်လောက်ရှိပြီ။ အိမ်တွေလည်း မီးရှို့ခံရတယ်ကြားတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ကလည်း မတ္တရာမှာ မန္တလေး […]
ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၁၅ (မော်ကွန်း) ကချင်အထူးဒေသ(၁)က ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါမြို့တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ် ဒီလပိုင်းမှာ ရောက်ရှိလာပြီးနောက် အဲဒီဒေသမှာထုတ်လုပ်နေတဲ့ မြေရှားသတ္တုထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားရပြီး ဝန်ထမ်းတွေလည်း တရုတ်နယ်စပ်က ပန်ဝါမြို့နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်ခြမ်းကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ “အကုန်ပန်ဝါဘက် ပြေးလာကြတာ။ လောလောဆယ်တော့ ဆေးရုံတို့၊ ဘုရားကျောင်းတို့မှာ ခိုလှုံတဲ့သူရှိတယ်။ ဟိုဘက် (တရုတ်နိုင်ငံ) ကို ကူးသွားတဲ့သူတွေလည်းရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီ သတ္တုထုတ်လုပ်ရေးစက်ရုံတွေနဲ့ အလုပ်ရုံတွေမှာ လုပ်ကိုင်သူတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်ခြားစောင့်တပ်စခန်းအနီးနားကျေးရွာတွေက ဒေသခံ ၅၀၀ ကျော်ဟာ ပန်ဝါမြို့ပေါ်ကို ထွက်ပြေးလာကြပြီး တချို့ကလည်း တရုတ်နိုင်ငံဘက်ကို ထွက်ပြေးနေတာရှိတယ်လို့ ဒေသခံတချို့က […]
ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၁၇ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်း ရွှေတိဂုံစေတီတော်မှာ လာရောက်ဖူးမျှော်သူတွေများပြားကာ စည်ကားနေတဲ့မြင်ကွင်း ဓာတ်ပုံ – မော်ကွန်း 🌐 Website မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ 🌐 Telegram https://t.me/MawkunMM 🌐 Facebook https://facebook.com/mawkunmagazine 🌐 Youtube https://youtube.com/@mawkunmagazine494/community 🌐 TikTok https://tiktok.com/@mawkun.magazine 🌐 X https://x.com/MawKunMM 🌐 Substack https://mawkunmagazine.substack.com/ 🌐 Linktree https://linktr.ee/MawKunMagazine @mawkunmagazine #Chronicle #dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."