ကော့ကရိတ် – ၂၀၂၄ အောက်တိုဘာ ၁၈ (မော်ကွန်း)
ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီ ခလရ ၂၃၁ က ဟောင်ဝစ်ဇာ တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၇၀ အရွယ်အမျိုးသားနှစ်ဦးကို ထိမှန်ပြီး တစ်ဦးသေဆုံးသွားပါတယ်။
ဒီနေ့ မွန်းလွဲ ၁၂း၄၅ မိနစ်အချိန်မှာ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၃၁ လက်အောက်ခံ အမြောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ တောင်ကြာအင်းရွာထဲကို သုံးလုံး၊ မြောက်ကြာအင်းရွာထဲကို သုံးလုံးကျရောက်ခဲ့တာပါ။
လက်နက်ကြီးထိမှန်တဲ့အထဲက မြောက်ကြာအင်းရွာနေ ဦးဖိုးအို (အသက် ၇၁) ဟာ နေရာမှာတင် ကိုယ်အင်္ဂါတွေ အပိုင်းပိုင်းပြတ်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ဦးဖိုးသိန်း (အသက် ၇၀) ကတော့ ခြေသလုံးမှာ လက်နက်ကြီးစထိမှန်ခဲ့ပါတယ်။
လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်တစ်လုံးနဲ့ ကွမ်းခြံထဲကိုကျရောက်ပြီး ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။
လတ်တလော ကော့ကရိတ်မြို့မှာ ပြန်လည်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့တောင်ပိုင်းက ကေအဲန်ယူထိန်းချုပ်နယ်မြေထဲကို နယ်မြေတိုးချဲ့မှုတွေပြုလုပ်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပါတယ်။
ကော့ကရိတ်အခြေစိုက် အမြောက်တပ်ကနေ ကော့ကရိတ်တောင်ပိုင်းထဲက ရွာတွေဆီ လက်နက်ကြီးတွေနဲ့ နေ့စဉ်ဆိုသလို ပစ်ခတ်နေတာတွေရှိပြီး အရပ်သားသေဆုံးမှုတွေနဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ထိမှန်ကာ ပျက်စီးဆုံးရှုံးမှုတွေလည်းရှိနေပါတယ်။
ကော့ကရိတ်မြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်မှာ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ကာသိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းအင်အားအလွန်အကျွံအသုံးပြုကာ ပြန်လည်ရယူထားနိုင်ခဲ့ပါတယ်။
ပုံစာ – ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ၊ လက်နက်ကြီးထိမှန်ထားသည့်မြင်ကွင်း
ဓါတ်ပုံ – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

