သတင်းများ

စစ်ကောင်စီရမ်းပစ်တဲ့ကျည်ကြောင့် မြေဆီကြဲနေသူလယ်သမားတစ်ဦးသေဆုံး

October 8, 2024

ဒီပဲယင်း-၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း) တိုက်ပွဲမရှိဘဲ ရမ်းပစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်ကြောင့် စပါးခင်းကို မြေဆီကြဲနေသူ ဒီပဲယင်းမြို့ခံတစ်ဦးဟာ ဦးခေါင်းကျည်ထိကာ သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ” ဒီပဲယင်းမြို့မှာ အထိုင်ချတဲ့ခွေးတွေ(စစ်ကောင်စီ)က မြို့ထဲကို ရမ်းသမ်းပစ်ခတ်တာ။ စပါးခင်းမြေဆီပက်နေတဲ့လူကို ဝင်မှန်တာ။ နေရာတင်ပွဲချင်းပြီးသေသွားတယ်။ ခေါင်းကို ပွင့်သွားတယ် ” လို့ ဒီပဲယင်းမြို့နယ် ပအဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ တောင်ယာပြင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုကျော်ဇင်အောင်ဆိုသူ ဖြစ်ပြီ အောက်တိုဘာ ၆ ရက်က ဖြစ်ပွားခဲ့တာပါ။ တော်လှန်ရေးတပ်တွေရဲ့ တစ်ကြိမ်ဝင်သိမ်းတာကို ခံရဖူးတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက ဒီလို ရမ်းသမ်းပစ်ခတ်နေတာလို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီအောက်တိုဘာ ၆ ရက်မှာပဲ တောင်ယာပြင်ရပ်ကွက်အပါအဝင် မြို့ဝန်းကျင်က ကျေးရွာတွေကို […]

အပြည့်အစုံဖတ်ရန်

ကျိန္တလီချောင်းကူးတံတားကို စစ်ကောင်စီဖောက်ခွဲဖျက်ဆီး၊ သံတွဲမှာ စစ်ရှောင်အများအပြားပိတ်မိ

October 8, 2024

ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲ-ဂွ ကားလမ်းပေါ်မှာရှိတဲ့ ကျိန္တလီချောင်းကူးတံတားကို စစ်ကောင်စီက ဖောက်ခွဲလိုက်တာကြောင့် ဒေသတွင်းခရီးသွားလာရေး အခက်အခဲ ကြုံတွေ့နေတယ်လို့ သံတွဲနဲ့ ဂွဒေသခံတချို့က ပြောပါတယ်။ ဒီလို တံတားကျိုးကျသွားတာကြောင့် သံတွဲဘက်က စစ်ဘေးရှောင်တွေဆင်းလာဖို့ ခက်ခဲသွားပြီး အများအပြားပိတ်မိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ “သံတွဲဘက်ကလူတွေတော့ ဆင်းလာရတာခက်သွားပြီပေါ့။ အရင်က စားသောက်ကုန်တွေ၊ သယ်ယူတာတွေလည်း ဒီလမ်းပဲသုံးနေတာပါ။ အဲဒီဘက်မှာ ပိတ်မိနေတဲ့သူတွေ အများကြီးရှိတယ်” လို့ သံတွဲကနေ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကစပြီး သံတွဲနဲ့ ဂွမြို့ကြားမှာရှိတဲ့ ကျိန္တလီမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် မြေပြင်မှာစစ်ရေးအရရှုံးနေတဲ့ စစ်ကောင်စီဟာ ကျိန္တလီချောင်းကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ကုလားပြင်တံတားကို မနေ့က မနက်အစောပိုင်းမှာ […]

အပြည့်အစုံဖတ်ရန်

ဗုံးကြဲလို့ဒဏ်ရာရသွားတဲ့ ကင်းတောင်ရွာကအဘွားအိုတစ်ဦး ဆေးကုသမှုခံယူနေရင်း ထပ်မံသေဆုံး

October 7, 2024

တောင်ကုတ်- ၂၀၂၄ အောက်တိုဘာ ၇ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြရွာကို လေကြောင်းကနေစစ်ကောင်စီဗုံးကြဲခဲ့လို့ ဒဏ်ရာရသွားတဲ့ လူနာတွေကထဲက အသက် ၈၇ အရွယ် အမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူနေရင်း ထပ်မံသေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ဒီနေ့ပြောပါတယ်။ သူဟာ ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ပဲ မနေ့ကမနက်ပိုင်းမှာဆုံးသွားခဲ့တာလို့ ချွေးမဖြစ်သူက ပြောပါတယ်။ ” အသက်ကလည်းကြီးနေပြီဆိုတော့ အနာဒဏ်တွေကို သူမခံနိုင်ရှာဘူး။ ကိုယ့်ဘာသာကိုယ်တောင် ထမရ၊ ထိုင်မရနဲ့ ပင်ပန်းနေတာ။ လက်နက်ဒဏ်ကြောင့်ဖြစ်လာတဲ့ နာကျင်မှုကို ဘယ်ခံနိုင်မလဲ။ ယောက္ခမဆိုပေမယ် ကိုယ့်အမေလိုပဲ ပြုစုပေးနေတာ။ ဝမ်းလဲနည်းတယ်၊ ဒေါသလည်းထွက်မိတယ်။ ဒါပေမဲ့ကျွန်မတို့က လက်နက်မဲ့ ပြည်သူတွေ ဆိုတော့ ဘာမှမတုံ့ပြန်နိုင်ဘူး” လို့ ချွေးမဖြစ်သူက ပြောပါတယ်။ ဒီလ ၄ ရက်က တောင်ကုတ်- မအီကားလမ်းဘေးမှာရှိတဲ့ ကင်းတောင်စံပြကျေးရွာကို […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးက ဂွမြို့နယ်အထိ တိုက်ပွဲတွေရောက်ရှိလာ

October 7, 2024

ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၇ (မော်ကွန်း) အခုရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ဂွမြို့ကို အာရက္ခတပ်တော် (AA) ထိုးစစ်ဟာ ရောက်လာပြီးနောက် ဂွမြို့ကဒေသခံတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ကျေးရွာတွေက ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရပါတယ်။ သံတွဲ-ဂွ ကားလမ်းပေါ်က ရတနာမြိုင်ရွာ (ဒေသအခေါ် ကုလားပြင်ရွာ) မှာ အခုလဆန်းပိုင်းကစပြီး AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားလာတာဖြစ်ပြီး ဒေသခံတွေ ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်သွားကြပြီလို့ ဒီဒေသခံတွေက ပြောပါတယ်။ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ကျိန္တလီမြို့တွေထိ AA တပ်တွေက ထိန်းချုပ်ထားကာ စစ်ကောင်စီတပ်ကလည်း ကျိန္တလီမြို့ကနေ ဂွမြို့ကိုမရောက်ခင် လမ်းတစ်လျှောက်မှာ ခံစစ်ပြင်ထားတာဖြစ်ပြီး ဒီလမ်းပိုင်းတစ်လျှောက်မှာ အခုလဆန်းပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်လာတယ်လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီမှာ ကျိန်းသေတိုက်ပွဲဖြစ်လာမှာလို့ သိထားတော့ အရင်ထဲကရှောင်တဲ့သူတွေလည်း ရှောင်ပြီးကြပြီ။ အခုထပ်ပြီးတော့ […]

အပြည့်အစုံဖတ်ရန်

မောင်တောမှာ အရပ်သားကားကို ARSA ချောင်းပစ်လို့ တစ်ဦးသေပြီး လေးဦးဒဏ်ရာရ

October 7, 2024

မောင်တော- ၂၀၂၄ အောက်တိုဘာ ၇ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဈေးဝယ်ရာကနေပြန်လာတဲ့ အရပ်သားကားတစ်စီးကို ARSA မွတ်ဆလင် လက်နက်ကိုင်အဖွဲ့က ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မနေ့ညနေလေးနာရီခွဲဝန်းကျင်မှာ မောင်တောမြို့နယ်မြောက်ပိုင်းက တောင်ပြိုမြို့ကနေ ဈေးဝယ်ပြန်လာတဲ့ အရပ်သားကားကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ” နယ်ဘက်တွေကလူတွေစုပြီးတော့ ကားနဲ့ တောင်ပြိုကိုဈေးဝယ်သွားကြတာ။ သွားတာက စုစုပေါင်း ခုနစ်ယောက်လို့ သိရတယ်။ သွားတုန်းက ဘာမှမဖြစ်ဘူး။ ဈေးဝယ်ပြီးအပြန်မှာပဲ တောင်ပြိုနဲ့ မီးတိုက်ရွာအကြားမှာ ချုံခိုတိုက်ခိုက်ခံလိုက်ရတာ။ မိန်းကလေးတစ်ယောက်ကတော့ ခေါင်းကိုကျည်ဖောက်ပြီး ပွဲချင်းပြီးပါ။ ကျန်တဲ့သူတွေလည်း ဒဏ်ရာအတော်ပြင်းကြပါတယ်” လို့ ဒီအကြောင်းကိုသိတဲ့ အထက်ပါ ဒေသခံက ပြောပါတယ်။ စစ်ကောင်စီနဲ့ပေါင်းပြီး အာရက္ခတပ်တော်(AA)ကို ခုခံနေတဲ့ […]

အပြည့်အစုံဖတ်ရန်

ဒီပဲယင်းနဲ့ရေဦးကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊တစ်ဦးဒဏ်ရာရ

October 7, 2024

ဒီပဲယင်း- ၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နဲ့ ရေဦးမြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဒီလ ၅ ရက်က လုပ်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်၊ တောင်ပြင်ရပ်ကွက်နဲ့ ကံပြားရွာတို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ရေဦးမြို့နယ်ထဲက တင်းတိန်ရံရွာကိုလည်း ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ နေ့လယ်ခင်းနဲ့ ညနေပိုင်းအချိန်တွေမှာ တိုက်ခိုက်ခဲ့မှုကြောင့် တင်းတိန်ရံရွာက အမျိုးသမီးတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ” Mi- 35 နှစ်စီးနဲ့ လာပစ်တာ။ မြို့ကိုပြန်သိမ်းမယ်အထင်နဲ့ လာပစ်တာဖြစ်မယ်ဗျ။ စစ်ကောင်စီက ကြောက်ပြီး မည်းမည်းမြင်ရာပစ်နေတာ။ အခုအခြေအနေအရ အပျက်စိီးမသိရသေးဘူး။ အထိခိုက်လည်း မသိရသေးဘူး။ စစ်ကောင်စီတပ်ရှိနေတော့ သွားကြည့်ဖို့လည်းခက်တယ်။ လူထိခိုက်တာ […]

အပြည့်အစုံဖတ်ရန်

နှစ်ကြိမ်ဗုံးကြဲခံရတဲ့ကင်းတောင်ရွာမှာ အရပ်သား ငါးဦးသေပြီး ၁၇ ဦးဒဏ်ရာရ

October 6, 2024

တောင်ကုတ် – ၂၀၂၄ အောက်တိုဘာ ၅ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြရွာကို စစ်ကောင်စီက မနေ့က တစ်ရက်တည်းမှာ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားစုစုပေါင်း ငါးဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီက မနေ့က မနက်၂:၀၀ နာရီမှာ တစ်ကြိမ်၊ ညနေ သုံးနာရီခွဲဝန်းကျင်မှာတစ်ကြိမ် လာကြဲခဲ့တဲ့အတွက် အခုလို ထိခိုက်သေဆုံးသူ ၂၀ ကျော်ထိရှိခဲ့တာဖြစ်ပါတယ်။ ” မနက်ပိုင်း လာပစ်တုန်းက လေးယောက်သေပြီး ငါးယောက် ဒဏ်ရာရလို့ တစ်ရွာလုံး ကြောက်လန့်ပူဆွေးနေတုန်းပဲ ရှိသေးတယ်။ ညနေပိုင်း ထပ်လာပစ်တယ်။ ကလေးတစ်ဦး သေပြီးတော့ ၁၂ ယောက်ဒဏ်ရာထပ်ရတယ်။ သေဆုံးသူတွေကိုတောင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ချိန် မရခဲ့ဘူး။ တစ်ရွာလုံး ထွက်ပြေးလာရတယ်” လို့ […]

အပြည့်အစုံဖတ်ရန်

ဗန်းမော်မှာ အော်ရီဒူးဖုန်းလိုင်း ယနေ့မနက် စတင်အသုံးပြုနိုင်

October 4, 2024

ဗန်းမော် – ၂၀၂၄ အောက်တိုဘာ ၄ (မော်ကွန်း) ဖုန်းလိုင်းများ ဖြတ်တောက်ခံရသည့် လေးလမြောက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ယနေ့ အောက်တိုဘာ ၄ ရက် မနက်မှ စတင်၍ ဖုန်းလိုင်းများ ရရှိနေပြီဖြစ်ကြောင်းဗန်းမော်ဒေသခံများထံမှ သိရသည်။ “လောလောဆယ် နှစ်မိုင်ကနေ မြို့ထဲအထိတော့ တောက်လျှောက်ဆက်လို့ရနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ဖုန်းလိုင်းအသုံးပြုနိုင်ပြီဖြစ်သော်လည်း အင်တာနက်လိုင်း အသုံးပြုနိုင်ခြင်းမရှိသေး‌ဟု ဒေသခံများက ပြောသည်။ ယခင်လများကလည်း တစ်လလျှင် ပျှမ်းမျှ နှစ်ရက် နှုန်းခန့်ဖြင့် MPT, Ooredoo နှင့် Atom ဖုန်းလိုင်းများနှင့် ဗန်းမော်မြို့မှ အခြားမြို့များသို့ မနက် ၄ နာရီနှင့် ၅ နာရီအကြားတွင် ဆက်သွယ်ကြရသည်။ ဗန်းမော်မြို့၌ ပြီးခဲ့သည့် ဇွန်လိုင်လဆန်းမှ စတင်ကာပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရေတာများ၏ဖုန်းနှင့် […]

အပြည့်အစုံဖတ်ရန်

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီက ဗုံးကြဲလို့ ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားလေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

October 4, 2024

တောင်ကုတ် -၂၀၂၄ အောက်တိုဘာ ၄ (မော်ကွန်း) တောင်ကုတ်မြို့နယ်ရှိ တောင်ကုတ်- မအီကားလမ်းဘေးက ကင်းတောင်စံပြကျေးရွာကို စစ်ကောင်စီလေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့လို့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား‌လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ကင်းထောက်စံပြကျေးရွာရှိ မီးသတ်ရုံးအနီးနဲ့အထက်တန်း ကျောင်းအနီးပတ်ဝန်းကျင်ကို ယနေ့မနက် နှစ်နာရီလောက်မှာ စစ်ကောင်စီက Y-12 နဲ့ နှစ်ကြိမ် တိတိလာရောက် ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” မီးသတ်ရုံးအနားက နေအိမ်တွေနဲ့ အထက်တန်း ကျောင်းနားက နေအိမ်တွေမှာ ဗုံးလာကျပြီးတော့ သေဆုံးဒဏ်ရာရသွားကြတာ။ နေအိမ်တွေလည်း ဗုံးစံထိပြီး အကုန်ပျက်စီးသွားတယ်။ ညသန်းခေါင်ကြီး လာကြဲသွားတာ။ သေတဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာပဲပေါ့ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ယခုဗုံးကြဲခံလိုက်ရတဲ့ ကင်းတောင်စံပြကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားတာ […]

အပြည့်အစုံဖတ်ရန်

စစ်ကြောင်းတစ်ခုလုံးပြုတ်သွားသည့် ဘုတလင်တိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သားတစ်ဦးကို ထပ်မံဖမ်းဆီးရရှိ

October 4, 2024

ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦးသေဆုံးပြီး ၄၀ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သော ဘုတလင်တိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သားတစ်ဦးကို ထပ်မံဖမ်းဆီးရရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက မော်ကွန်းကို ပြောသည်။ စက်တင်ဘာလ ၃၀ ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ – ၁၀၆၊ ခမရ-၃၀၉၊ ခမရ-၁၆၊ ခလရ -၂၂၉ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို စီပါရွာ‌အနောက် တောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၉ ဦး သေဆုံးပြီး ဗိုလ်ကြီး နှစ်ဦးပါ […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲအတွင်း ပိတ်မိသည့်ဆီကားများ ဈေးချရောင်းသည့်အတွက် ဖားကန့်တွင် စက်သုံးဆီဈေးကျ

October 3, 2024

ဖားကန့်- ၂၀၂၄ အောက်တိုဘာ ၃ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးက ဆိုင်းတောင်ဒေသတွင် တိုက်ပွဲရပ်နားထားသည့် နှစ်ရက်အတွင်း စက်သုံးဆီ လက်ကားဈေး ထိုးကျသွားသည်ဟု ဆိုင်းတောင်ရှိ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ဩဂုတ်လ ဒုတိယအပတ်မှ စက်တင်ဘာလကုန်အထိ ဖြစ်ပွားခဲ့သော ဖားကန့်၊ ဆိုင်းတောင်တိုက်ပွဲကာလ မတိုင်မီ ဖားကန့်မြို့သို့ တင်ပို့ခဲ့သော စက်သုံးဆီကား ရာဂဏန်းခန့်သည် တိုက်ပွဲအတွင်းပိတ်မိခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲရပ်နားစဉ် ဘေးလွတ်ရာသို့ ပြန်လည်ထွက်ခွာရန် ဈေးလျှော့ရောင်းကြခြင်းကြောင့် စက်သုံးဆီဈေး ကျသွားခြင်းဖြစ်သည်ဟု ဆိုသည်။ အောက်တိုဘာ ၁ ရက်မှစပြီး ဖားကန့်၊ ဆိုင်းတောင်တိုက်ပွဲ ရပ်တန့်နေသည်ဟု ဒေသခံတစ်ချို့ကလည်း ပြောသည်။ “ ဘယ်အချိန် ပြန်တိုက်ကြမလဲ မသိ၊ လမ်းကြောင်းပွင့်တုန်း ပြန်ချင်ကြတာနဲ့ တစ်ပေပါ (ကျပ်)လေးသိန်းနဲ့ ငါးသိန်းကြား ဈေးပြန်ကျလာတာ” ဟု ၎င်းက […]

အပြည့်အစုံဖတ်ရန်

အမ်းမြို့ကို စစ်ဘေးရှောင်လာသူတွေကို စစ်ကောင်စီဖမ်းဆီး

October 3, 2024

အမ်း- ၂၀၂၄ အောက်တိုဘာ ၃ (မော်ကွန်း) တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်ကို စစ်ဘေးရှောင်လာတဲ့ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီဝင်တွေက ဖမ်းဆီးထားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ အမ်းဒေသက သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲဖြစ်ခဲ့ချိန် ကျောက်စကွဲ၊ ရွာသာယာနဲ့ မီးလောင်ချောင်းရွာတွေက ဒေသခံတွေဟာ စစ်ဘေးရှောင်ခဲ့ကြရတာပါ။ အဲဒီ အထဲက တချို့ဟာ ဘေးလွတ်ရာနေရာရဖို့ အမ်းမြို့တွင်းကို စစ်ဘေးရှောင်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ သတင်းရင်းမြစ်က ပြောပြပါတယ်။ ” အဲဒီနေ့က တိုက်ပွဲဖြစ်ကြတော့ အကုန်လုံးကမန်းကတန်းနဲ့ အနီးနားရွာတွေကိုပြေးကြတယ်။ ဒါပေမဲ့ တိုက်ပွဲ အခြေအနေက ပိုဆိုးလာနိုင်ခြေရှိနေတဲ့အတွက် ဒီပတ်ဝန်းကျင်မှာဆက်နေလို့ အဆင်မပြေဘူးဆိုပြီး […]

အပြည့်အစုံဖတ်ရန်
1 … 36 37 38 39 40 41 42 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."