သတင်းနှင့်ဓါတ်ပုံ ဂေထော
ရန်ကုန် – ၂၀၂၀ မတ် ၃၁ (မော်ကွန်း)





COVID – 19 ရောဂါကို ကာကွယ်ဖို့ ရန်ကုန်မြို့က ဆူးလေနဲ့ ဗိုလ်တထောင်စေတီတော်ကို ၂၈ ရက်နေ့က စတင် ပိတ်ထားလိုက်ပြီး ရွှေတိဂုံစေတီတော်ကိုတော့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီထိသာ ဖူးမျှော်ခွင့်ပြုပါတော့တယ်။
ဗိုလ်တထောင်စေတီအတွင်းမှာရှိတဲ့ ဈေးဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မှ ATM စက်ကိုလည်း ၂၅ ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်ပါပြီ။
လူစုလူဝေးပြုလုပ်တာတွေနဲ့ လူထူထပ်တဲ့နေရာတွေကို သွားလာတာရှောင်ကျဉ်ပြီး အိမ်မှာသာ နေဖို့ အစိုးရကညွှန်ကြားထားပါတယ်။
မနေ့ညက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းများအရ COVID – 19 ရောဂါကူးစက်ခံရသူပေါင်း ၁၄ ဦးရှိပြီး ဒီနေ့ မနက်ပိုင်းက တစ်ဦးကွယ်လွန်သွားပြီဖြစ်ပါတယ်။
#Dailynews

