ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၁၇၀ကျော် USDPပါတီ တင်သွင်းထား

ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၁၇၀ကျော် USDPပါတီ တင်သွင်းထား

စည်သူ
ရန်ကုန် -၂၀၂၀ ဇန်နဝါရီ ၂၁ (မော်ကွန်း)

ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက တရားမဲ့ပြုကျင့်မှုကိစ္စတွေနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာ ၁၇၀ ကျော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်းတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မော်ကွန်းကိုပြောပါတယ်။

ဘာသာရေးကိုခုတုံးလုပ်ပြီး မဲဆွယ်မှုတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ငြိစွန်းတာတွေကို ကန့်ကွက်ထားတာလို့ သူကပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က တကယ့်ကိုသမာသမတ်ကျကျ လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ပါတီကတော့ တိုင်ထားတဲ့ဟာ အများစု၊ ရာနှုန်းပြည့်လောက် နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

USDP ပါတီရဲ့ ကန့်ကွက်လွှာတင်သွင်းခံထားရတဲ့သူတွေထဲမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည် မဲဆန္ဒနယ်က အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြည်သူ့လွှတ်ဝောာ်ကိုယ်စားလှယ် ဒေါက်တာခင်မိုးမိုးကြည်လည်း ပါပါတယ်။ သူက မဲကွာခြားချက် ၈၃,၀၀၀ ကျော်နဲ့ အနိုင်ရခဲ့တာပါ။ ကန့်ကွက်လွှာတင်သွင်းခံရမှုကို ဥပဒေအတိုင်းပဲ ဖြေရှင်းသွားမယ်လို့ သူက ပြောပါတယ်။

” ၁ရက်နေ့ကျရင် ချေပလွှာတင်ပါမယ်။ ကျွန်မတို့က ဥပဒေဘောင်အတွင်းက တကယ့်ကိုသေသေချာချာလုပ်ခဲ့တဲ့အတွက် ၁၀၀ရာခိုင်နှုန်းယုံကြည်ပါတယ်”လို့ ဒေါက်တာခင်မိုးမိုးကြည်က မော်ကွန်းကို ပြောပါတယ်။
ရွေးကောက်ပွဲကန့်ကွာလွှာတင်သွင်းတဲ့အမှုတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၁ရက်ကစပြီး စတင်ကြားနားမှာဖြစ်ပါတယ်။

ပုံစာ – နိုဝင်ဘာ ၅ရက်နေ့ ဒေါပုံမြို့နယ်အတွင်း USDPပါတီက မဲဆွယ်လှည့်လည်စဉ်
ဓာတ်ပုံ – စည်သူ


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."