ရန်ကုန်- ၂၀၂၁-ဇန်နဝါရီ-၂၂( မော်ကွန်း)



အိန္ဒိယနိုင်ငံကနေ ပေးပို့တဲ့ ပထမဆုံး COVID-19 ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးတွေဟာ ဒီနေ့ နေ့လည် ၂နာခွဲမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ကနေ Air India Airline နဲ့ ရောက်လာတာပါ။ ဒီကာကွယ်ဆေးတွေကို ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ရှေ့တန်းက တိုက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို စတင်ထိုးနှံ့မယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မနေတုန်းက ပြောထားပါတယ်။
အလုံးရေ တစ်သန်းခွဲ စတင်ရောက်ရှိမှာ ဖြစ်ပြီး လူဦးရေ ခုနှစ်သိန်းခွဲလောက်အတွက် လုံလောက်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့မိန့်ခွန်းမှာ ရှင်းပြထားပါတယ်။
ဓါတ်ပုံ – မော်ကွန်း
#Dailynews

