ဖားကန့် – ၂၀၂၂ မတ် ၂၂ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်အာဏာရှင်ကို ဆန္ဒပြချီတက်ကြတဲ့ ပြည်သူဟာ ၄၀၀ ဝန်းကျင်ရှိကြောင်း သပိတ်စစ်ကြောင်းမှာ ပါဝင်သူဆီကနေ သတင်းရရှိပါတယ်။
ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားပေမယ့်လည်း မြို့ခံပြည်သူလူထုတွေကတော့ နေ့စဉ်ချီတက်ဆန္ဒပြနေဆဲပါ။
သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လူမျိုးအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြိုဆိုကြောင်း ပြသခဲ့ကြပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

