မိုးကုတ် – ၂၀၂၂ မတ် ၂၃ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ သကြန်ရန်ပုံငွေအတွက်လို့ဆိုပြီး ကျောက်တွင်းသမားတွေဆီကနေ အာဏာသိမ်းစစ်တပ်က ငွေကြေးတောင်းရမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
မိုးကုတ်မြို့ ဂေါက်ကွင်းက ကျောက်မျက်လုပ်ကွက်တွေမှာလုပ်ကိုင်နေတဲ့ တွင်းသမားတွေဆီကနေ တစ်ရက်ကို ကိုးသိန်း တောင်းရမ်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
” မိုးကုတ်မှာ သင်္ကြန်ဖြစ်တယ် ၊ ဂေါက်ကွင်းထဲမှာ လုပ်ကြမယ်လို့ပြောတယ်၊ ရန်ပုံငွေအတွက်လည်း
တွင်းသမားတွေဆီကနေကောက်နေတယ် “လို့ အမည်မဖော်လိုသူဒေသခံတစ်ဦးကဆိုပါတယ်။
ကျောက်တွင်းလုပ်ကွက်တွေကို အာဏာသိမ်းစစ်တပ်က ခြယ်လှယ်ထားပြီး သူတို့ခွင့်ပြုတဲ့သူတွေကသာ လုပ်ခွင့်ရကာ အဲဒီကျောက်တွင်းသမားတွေဆီကနေ တစ်ရက်ကို ကိုးသိန်းတောင်းနေတာလို့ ဒေသခံကဆိုပါတယ်။
မိုးကုတ်မြို့က ဂေါက်ကွင်းထဲမှာ သကြန်ပွဲတော်ကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပြီး မြို့တွင်းထဲမှာတော့ မဏ္ဍပ်တည်ဆောက်တာမျိုးတွေမရှိသေးပါဘူး။
မိုးကုတ်မြို့ သင်္ကြန်စည်ကားဖို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံဌာနတွေကို ဖိအားပေးနေတဲ့အနေအထားတွေလည်း တွေ့နေရတယ်လို့ ဒေသခံတွေကဆီကသိရပါတယ်။
#Dailynews

