သတင်းများ

တိုက်ပွဲတွေကြောင့် မြိတ်-ထားဝယ်ကားလမ်းပိတ်ထားရပြီး ရေလမ်းကသွားလာရတာကြောင့် ခရီးစရိတ် ၁၀ ဆနီးပါးကုန်ကျနေ

April 25, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၂၄ (မော်ကွန်း) တနင်္သာရီတိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ တိုက်ပွဲတွေကြောင့်လမ်းပိတ်ထားပြီး ဒေသခံတွေဟာ ရေလမ်းခရီးကနေ သွားလာနေရတာကြောင့် ယခင်ကထက် ခရီးစရိတ် ၁၀ ဆနီးပါး မြင့်တက်သွားတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ မြိတ်-ထားဝယ် ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒီလမ်းပိုင်းကိုပိတ်ထားတာ သီတင်းတစ်ပတ်နီးပါးရှိလာပြီဖြစ်ပါတယ်။ ၎င်းကားလမ်း ပိတ်ထားတာကြောင့် မြိတ်နဲ့ ထားဝယ် ခရီးသွားတွေဟာ ခရီးသွားအေဂျင်စီတွေက စီစဉ်တဲ့ Speed Boat တွေကိုအသုံးပြုပြီး ရေလမ်းခရီးကနေသွားလာနေကြရတာပါ။ မြိတ်နဲ့ ထားဝယ်ကို ကားခဟာ ယခင်က ကျပ်သုံးသောင်းနီးပါးပဲ ကျသင့်တယ်ဆိုပေမယ့် ရေလမ်းခရီးကသွားမယ်ဆိုရင် ကျပ်နှစ်သိန်းခွဲကနေ သုံးသိန်းထိ ကျသင့်တာကြောင့် မဖြစ်မနေ အရေးပေါ်သွားရောက်လိုသူတွေပဲ သွားလာနိုင်တယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။ “မြိတ်ဆိပ်ငယ်ဘောတံတားကနေ ထားဝယ်ကြက်စာပြင်တံတားထိကို လူ […]

အပြည့်အစုံဖတ်ရန်

စလင်းမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ

April 23, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၂၃ (မော်ကွန်း) မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ စလင်းမြို့နယ်အနောက်ဘက်က ဝက်သည်းကန်ဘေးမဲ့တောအနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်ဟာ ဒီလ ၁၉ ရက်ကစပြီး စစ်ကြောင်းထိုးလာတာပါ။ ၎င်းစစ်ကောင်စီစစ်ကြောင်းကို ဒီလ ၁၉ ရက် မနက်ပိုင်းကနေ ၂၀ ရက်ထိ တော်လှန်ရေးအင်အားစုတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော် (Bamar Army) အမှတ်(၃) စစ်ဦးစီးကွပ်ကဲရေးက ထုတ်ပြန်ထားပါတယ်။ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် စစ်ကောင်စီစစ်ကြောင်း အထိခိုက်အကျအဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့ထားပြီး […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီက အပစ်ရပ်သက်တမ်းတိုးတယ်ကြေညာပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေဆဲ

April 23, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၂၂ (မော်ကွန်း) ငလျင်ဘေးကြောင့် ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဒီလကုန်ထိ သက်တမ်းထပ်မံတိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာကနေတစ်ဆင့် ထုတ်ပြန်လိုက်ပါတယ်။ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီ ၂ ရက်ကနေ ၂၂ ရက် (ယနေ့) ထိ ရက်ပေါင်း ၂၀ ကြာ ယာယီအပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက ကြေညာထားခဲ့တာပါ။ ဒီနေ့မှာတော့ ၎င်းကြေညာချက် ရက်ပေါင်း ၂၀ ပြည့်သွားပြီဖြစ်တဲ့ ၎င်းအပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ဒီလကုန်ထိ သက်တမ်းတိုးလိုက်ပြီး ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့အတွက်လို့ ထုတ်ပြန်လာတာပါ။ အပစ်ရပ်ကြေညာထားတဲ့ ကာလအတွင်းမှာပဲ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေရဲ့ နယ်မြေတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်ခဲ့ပါသေးတယ်။ စစ်ကောင်စီဟာ ပထမ အပစ်ရပ်ကြေညာချက် ရက်ပေါင်း ၂၀ ပြည့်တဲ့ ဒီနေ့မှာပဲ TNLA […]

အပြည့်အစုံဖတ်ရန်

သင်္ကြန်ပိတ်ရက်အပြီးမှာ ရွှေဈေးနှုန်းတွေခုန်တက်လာ

April 23, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၂၂ (မော်ကွန်း) သင်္ကြန်ပိတ်ရက်ကာလအပြီးမှာ ပြည်တွင်းရွှေဈေးဟာ သင်္ကြန်မတိုင်မီကထက် တစ်ကျပ်သားကို ကျပ်လေးသိန်းနီးပါးထိ မြင့်တက်ခဲ့တယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ သင်္ကြန်ပိတ်ရက်မတိုင်မီ ဧပြီ ၁၁ ရက်က အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၇၁ သိန်းကျော်မှာ ရှိနေရာက သင်္ကြန်ပိတ်ရက်အပြီး ရုံးတွေပြန်ဖွင့်တဲ့ ဒီနေ့မှာ တစ်ကျပ်သားကို ကျပ် ၇၄ သိန်းကျော် ၇၅ သိန်းဝန်းကျင်ထိ ဈေးဖွင့်လှစ်လာတာပါ။ အခုလို ပြည်တွင်းရွှေဈေး ခုန်တက်လာတာဟာ နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၃,၄၀၀ နီးပါးထိ စံချိန်တင်မြင့်တက်နေတာကြောင့်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။ “ကမ္ဘာ့ရွှေဈေးက ကုန်သွယ်ရေးစစ်ပွဲဂယက်ကြောင့် အတက်အကျက ကြမ်းနေတယ်။ အဲဒါကြောင့် ပြည်တွင်းဈေးကွက်ကလည်း လိုက်တက်လာတာပါ။ ဒီအချိန်ဈေးက အတက်အကျမှန်းရခက်တာကြောင့် […]

အပြည့်အစုံဖတ်ရန်

လားရှိုးမြို့‌ပေါ်ကနေ ကိုးကန့်တပ်တွေဆုတ်ခွာ

April 18, 2025

လားရှိုး- ၂၀၂၅ ဧပြီ ၁၈ (မော်ကွန်း) လားရှိုးမြို့ကနေ ကိုးကန့်တပ်(MNDAA) စတင်ဆုတ်ခွာနေပြီး မြို့တွင်းက ဆေးရုံနဲ့ အုပ်ချုပ်ရေးရုံးတချို့ လည်ပတ်မှုရပ်တန့်သွားပေမယ့် မြို့က ပုံမှန်သွားလာလည်ပတ်နေတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ ” ဆေးရုံကြီးကတော့ မနက်ကသွားကြည့်တဲ့အခါ ကိုးကန့်တပ်ကလူတွေနဲ့ စကစဘက်ကလူတွေဖြစ်ပုံရသူတွေ အထဲမှာပြောဆိုနေကြတာတွေ့တယ်။ ဒီနေ့လယ်ဘက်သွားကြည့်တော့ ဆေးရုံကြီးက ပိတ်ထားတာတွေ့တယ်” လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။ ဆေးရုံဝန်ဆောင်မှုရပ်သွားတဲ့အတွက် မြို့ခံတွေက အပြင်ဆေးခန်း သို့မဟုတ် ‌သိန္နီဘက်က ဆေးရုံကိုသွားကြတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတွေ့ရသေးပေမယ့် ကိုးကန့်ရဲတပ်ဖွဲ့ဝင်တွေကိုတော့ ဒီနေ့အထိ တွေ့နေရသေးတယ်လို့ ပြောကြပါတယ်။ ” စကစ အရပ်ဘက်ဝန်ထမ်းတွေတော့ ပြန်ဝင်လာပုံပဲ။ စိုက်ပျိုးရေး ရုံးဘက်မှာ သန့်ရှင်းရေး လုပ်နေကြတာတွေ့ရတယ်။ CDM ဝန်ထမ်းတွေကတော့ ပြန်ရှောင်နေကြပုံပဲ” လို့ လားရှိုးမြို့ခံတစ်ဦးက ဒီနေ့လယ်မှာပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီပစ်ခတ်လို့ ဧရာဝတီမြစ်ထဲမှာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

April 18, 2025

မတ္တရာ- ၂၀၂၅ ဧပြီ ၁၈ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဇီးကုန်းရွာအနီး၊ ဧရာဝတီမြစ်အတွင်း ငါးရောင်းသွားတဲ့ဒေသခံစက်လှေကို စစ်ကောင်စီတပ်က ဒီမနက် ၁၁ နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်ခတ်လို့ စက်လှေပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ အဲဒီဒေသက တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်တဲ့ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ဘေးက ရှိန်းမကားရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဇီးကုန်းရွာက ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာရှိပြီး ရှိန်းမကားရွာက မြစ်ရဲ့ အနောက်ဘက်အခြမ်းမှာရှိတာပါ။ “ အထက်ပိုင်းကနေ မန္တလေးကိုပြန်(ဆင်း)တဲ့ သံခွန်မော်တော်ကို ရှိန်းမကားက စစ်သားတွေက ကမ်းကပ်ခိုင်းတာ။ အခုက လက်နတ်ဖောက်ပြီး ကပ်ခိုင်းတာ။ သံခွန်မော်တော်နားမှာ ငါးရောင်းသွားတဲ့ စက်လှေတစ်စီးရှိတယ်၊ အဲဒီစက်လှေပေါ်က ပြည်သူတွေကို သွားထိမှန်တာ” လို့ သူက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့ ကဆုတ်ကျေးရွာ ဗုံးကြဲခံရ

April 17, 2025

မိုးကုတ်-၂၀၂၅ ဧပြီ ၁၇ (မော်ကွန်း) ပတ္တမြားမြေလို့ ကျော်ကြားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းမှာရှိတဲ့ သဲကျေးရွာ အုပ်စု၊ ကဆုတ်ကျေးရွာကို စစ်ကောင်စီ လေတပ်က ဒီနေ့မနက် ၁၀ နာရီ ၈မိနစ်အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ” ကဆုတ်ရွာ ပတ်ဝန်းကျင် လေကြောင်းတိုက်ခိုက်ခံရလို့ လူနေအိမ်တစ်လုံး အနည်းငယ်ထိခိုက်ပျက်စီးတာရှိပါတယ်၊ လူမထိပါ”လို့ မြေပြင်မှာ ကိုယ်တိုင်သွားကြည့်ခဲ့သူမြို့ခံတစ်ဦးက ပြောပါတယ်။ ဗုံးက ကဆုတ်ရွာက လက်ဖက်ခြံအနီးကို ကျတာကြောင့် ​​နေအိမ်ပျက်စီးမှုရှိခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။ မိုးကုတ်မြို့ အနောက်ပိုင်း၊ ပင့်ကူတောင် အောက်ခြေက ကျောက်တွင်း လုပ်ကွက်နေရာကိုလည်း ဒီလ ၆ရက်က လေကြောင်း ဗုံးကြဲခံခဲ့ပေမယ့် အဲဒီတုန်းကလည်း လူထိခိုက်မှုမရှိခဲ့ပါဘူး။ သယံဇာတပေါကြွယ်တဲ့ မိုးကုတ်ဒေသကို တအာင်းတပ်(TNLA) နဲ့ မဟာမိတ်တွေက […]

အပြည့်အစုံဖတ်ရန်

နှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းသားငါးထောင်ခန့် ပြန်လွှတ်ပေး

April 17, 2025

ရန်ကုန်- ၂၀၂၅ ဧပြီ ၁၇ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ တစ်နိုင်ငံလုံးက အကျဉ်းသားငါးထောင်ခန့်(၄,၈၉၃ ဦး) ပြန်လည်လည်လွတ်မြောက်လာပါတယ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ ဒီနေ့လယ်ပိုင်းမှာ အကျဉ်းသားတွေကို YBS ကားတွေနဲ့ ပြန်လွှတ်ခဲ့ပြီး ထောင်ဗူးဝရှေ့မှာ မိသားစုဝင်အများအပြား လာရောက်စောင့်ဆိုင်းနေကြပါတယ်။ အင်းစိန်ထောင်ကနေ အမျိုးသား၊ အမျိုးသမီး အကျဉ်းသား တစ်ထောင်ခန့် ပြန်လွတ်မြောက်လာခဲ့ပါတယ်။ အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာသူတစ်ဦးကတော့ “အင်းစိန်က အမျိုးသား ၇၀၀၊ အမျိုးသမီး ၃၀၀ လောက်ပါတယ်။ ခြောက်လ၊ ရှစ်လလောက် ကျန်တဲ့သူတွေပါတယ်” လို့ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေကနေ အကျဉ်းသား ၃,၃ဝ၃ ယောက်ကို လွှတ်ခဲ့ပါသေးတယ်။ Photo – Mawkun

အပြည့်အစုံဖတ်ရန်

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံဘုရားဖူးမျှော်သူများ

April 17, 2025

ရန်ကုန်- ၂၀၂၅ ဧပြီ ၁၇ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးနေ့မှာ ရန်ကုန်မြို့က ရွှေတိဂုံဘုရားမှာ ဘုရားဖူးတွေနဲ့စည်ကားနေတာကို တွေ့ရတာဖြစ်ပါတယ်။ Photo – Mawkun

အပြည့်အစုံဖတ်ရန်

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ ဆူးလေ၊ ဗိုလ်တထောင်ဘုရားတို့မှာ ဘုရားဖူးတွေရဲ့ မြင်ကွင်း

April 17, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၁၇ (မော်ကွန်း) ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ ဆူးလေ၊ ဗိုလ်တထောင်ဘုရားတို့မှာ ဘုရားဖူးတွေရဲ့ မြင်ကွင်း ဓါတ်ပုံ – မော်ကွန်း

အပြည့်အစုံဖတ်ရန်

ပြည်သူကို ကိုယ်စားမပြုတဲ့ စစ်ခေါင်းဆောင် ဘေးဒုက္ခကူညီရေးအကြောင်းပြချက်ဖြင့် အာဆီယံနဲ့တွေ့မယ့်အပေါ် စိုးရိမ်ကြောင်း ကေအဲန်ယူအပါအဝင် အဖွဲ့ ရှစ်ဖွဲ့ ကြေညာ

April 17, 2025

ကော်သူးလေ – ၂၀၂၅ ဧပြီ ၁၇ (မော်ကွန်း) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံဖို့ရှိတဲ့အပေါ် စိုးရိမ်မှုတွေရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)အပါအဝင် အဖွဲ့ရှစ်ဖွဲ့က ကြေညာထားပါတယ်။ အဓိကကတော့ မြန်မာစစ်ခေါင်းဆောင်ဟာ ငလျင်ဘေးကျရောက်ပြီး အခါကြီးရက်ကြီးဖြစ်နေတာတောင် မရှောင်ဘဲ ပြည်သူတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ရေးပစ်မှတ်ထား သတ်ဖြတ်နေတဲ့အချိန် အခုလို ဘေးဒုက္ခကူညီရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့်အပေါ် အထူးစိုးရိမ်မကင်းဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ “နေ့စဉ်နဲ့အမျှ ပြည်သူလူထုကို ပစ်မှတ်ထားသတ်ဖြတ်နေတဲ့ ရာဇဝတ်ကောင်ကို ခေါ်ပြီးတော့ ဒီလိုတွေ့တယ်ဆိုတာက ဒါဟာ ကျွန်တော်တို့အနေနဲ့ အများကြီးစိုးရိမ်မိတယ်”လို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက မော်ကွန်းကို ပြောပါတယ်။ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက်တွေထဲက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ဆိုတဲ့မူကို ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်နေတယ်လို့ဆိုပါတယ်။ စစ်ကောင်စီဟာ ငလျင်ဘေးကာလမှာ […]

အပြည့်အစုံဖတ်ရန်

ကိုးကန့်တပ်အုပ်ချုပ်တဲ့ လားရှိုးမြို့ သင်္ကြန်အတက်နေ့ မြင်ကွင်း

April 16, 2025

လားရှိုး – ၂၀၂၄ ဧပြီ ၁၆ (မော်ကွန်း) သင်္ကြန်နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရဲ့ မြင်ကွင်းဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကနေ ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ MNDAA ဟာ လားရှိုးမြို့ကို အပြီးသတ်သိမ်းပိုက်ကာ အုပ်ချုပ်ခဲ့ပေမယ့် မြို့ကို စစ်ကောင်စီလက်ထဲပြန်အပ်ဖို့ တရုတ်အစိုးရက MNDAA ကို ဖိအားပေးခဲ့ပါတယ်။ သတင်းတွေအရတော့ ကိုးကန့်တပ်တွေဟာ လားရှိုးမြို့ကနေ အခုလ ၂၁ ရက်မှာ စတင်ဆုတ်ခွာမယ်လို့ သိရပါတယ်။ ဓါတ်ပုံ – AKM

အပြည့်အစုံဖတ်ရန်
1 … 14 15 16 17 18 19 20 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."