ကျောက်မှော်-၂၀၂၃ ဇန်နဝါရီ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျောက်မှော်ကျေးရွာအုပ်စုကရွာတွေကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မနေ့ကနေ့လယ်ပိုင်းမှာ မီးရှို့ဖျက်ဆီးတာကြောင့်အိမ်ခြေခုနစ်ဆယ်ကျော်မီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“နေ့လယ် ၁၁ နာရီလောက်ကစပြီးရွာတွေကိုမီးပတ်ရှို့နေတာ။အိမ်တွေအကုန်ဖောက်ပြီး ရွေငွေတွေလည်းအကုန်မသွားတယ်” လို့ ကျောက်မှော်ဒေသခံတစ်ဦးကပြောပါတယ်။
မီးရှို့ခံရတဲ့ ကျောက်မှော်ကျေးရွာအုပ်စုကရွာတွေဟာ ကျောက်မှော်၊ ကျောက်ကုန်း၊ အင်းပက်၊ ကြက်ကြာ၊ နှောပင်၊ ကျွန်းပေါ် စတဲ့ရွာတွေဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမှုကြောင့် အဲဒီရွာတွေက ဒေသခံထောင်နဲ့ချီထွက်ပြေးနေရပြီး လူအသေအပျောက်တော့ မရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ချင်းတွင်းမြစ်ကြောင်းကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတယ်လို့ဆိုပါတယ်။
Photo – Supplied
#Dailynews

