ကန့်ဘလူ – ၂၀၂၃ မတ် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးကို ဒီနေ့မနက် ၆ :၄၀ မိနစ်ဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်ကသေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ကိုးတောင်ဘို့တိုက်နယ်စစ်ရှောင်တွေကိုကူညီပေးနေသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “စစ်ကြောင်းလာလို့ စစ်ရှောင်တဲမှာသွားရှောင်တာ၊ စစ်ကြောင်းကတဲနားရောက်လာလို့ တိမ်းရင်းရှောင်ရင်းထွက်ပြေးကြတာပေါ့၊ အဲ့ဒါကိုပစ်ဖမ်းတာ၊ ပစ်တော့ထိမိရော၊ လက်ပြန်ကြိုးတုပ်ပြီးသူတို့နောက်လိုက်ခိုင်းတာ၊ မလိုက်နိုင်တော့ တရွတ်တိုက်ဆွဲသွားတယ်”လို့ စစ်ရှောင်တွေကို ကူပေးနေသူကဆိုပါတယ်။ ပစ်သတ်ခံရသူက အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးလာချိန်မှာ အခြား ၁၃နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အတူလက်ပြန်ကြိုးတုပ်ဖမ်းဆီးခံခဲ့ရတာလ်ို့ ဒေသခံကဆိုပါတယ်။ “မျက်နှာကိုတေ့ပြီးပစ်သွားတာ၊ ဦးခေါင်းပွင့်သွားတဲ့အနေအထားပါ၊ဒါကလည်း အလောင်းကိုတွေ့လို့အတည်ပြုနိုင်တာ၊ သူတို့ကစုပုံပြီးမီးရှို့ရအောင်လို့မှောက်ခုံထားတယ်၊ သစ်ကိုင်းတွေပါတင်ထားတာ”လို့ ဒေသခံကပြောပါတယ်။ ကျန်ရှိတဲ့ အသက် ၁၃နှစ်အရွယ်အမျိုးသားတစ်ဦးကိုလည်း လက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းနဲ့ အတူဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံကပြောပါတယ်။ “ဒါကပြည်သူတွေကို ပစ်မှတ်ထားတဲ့သဘောပဲ၊ စစ်ရှောင်ဆိုတာ […]
ဆားလင်းကြီး -၂၀၂၃ မတ် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒေသတော်လှန်ရေးပြောက်ကျားတပ်ဖွဲ့တွေက တိုက်ခိုက်လို့ ဒဏ်ရာရတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတချို့ကို ဒီကနေ့ညနေမှာ စက်လှေတွေနဲ့ လမ်းတလျှောက်မှာ သေနတ်တွေထောင်ဖောက်ပြီး မုံရွာမြို့ကို သယ်ဆောင်သွားကြောင်း ဒေသခံတွေဆီကသိရပါတယ်။ “ဒဏ်ရာရတဲ့ စခတွေက ၂၇ ရက်နေ့ညက ပြောက်ကျားတပ်ဖွဲ့တွေရဲ့တိုက်ခိုက်တာကိုခံခဲ့ရတာ၊ ဒရုန်းကိုဗုံးသီးချိတ်ပြီးချတာ”လို့ ဒေသခံကပြောပါတယ်။ လိုက်ပို့ရတဲ့စက်လှေတွေဟာ မုံရွာမြို့၊ နန်ချွန်လှေဆိပ်ကနေ အာဏာသိမ်းစစ်တပ်က အချောဆွဲလာတဲ့စက်လှေတွေဖြစ်ပြီး ခုလည်း ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းရွာကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ နံနက် ၇း၀၀ နာရီလောက်ကစလို့ အာဏာသိမ်းစစ်တပ်က အင်အား ၁၀၀ လောက်နဲ့ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် စစ်ကြောင်းထိုးနေပြီး ညနေ ၄း၃၀ လောက်မှာ လက်ပံတောင်းရွာကိုရောက်ခဲ့ကာ ဒဏ်ရာရတဲ့စစ်သားတွေကို မုံရွာကလာခေါ်တဲ့ အထက်ပါစက်လှေတွေနဲ့တင်ပေးခဲ့တာလို့ ဒေသခံကပြောပါတယ်။ […]
ဆားလင်းကြီး – ၂၀၂၃ မတ် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဒီကနေ့မနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ဆားလင်းကြီးမြို့ပေါ်ကနေ ရေခါးရွာ၊ ရေခါးရွာဘက်ကနေ ဆားထုံးအုပ်စု ဆားထုံးရွာထိပ်ကို သေနတ်တွေဖောက်ပြီးဝင်တာဗျ။ အခုလောလောဆယ်တော့ မီးရှို့တာ၊ဖမ်းဆီးတာလည်း မရှိသေးဘူးဗျ။ စစ်ကြောင်းထိုးလာတဲ့အတွက် ယာယီစစ်ရှောင်ရတဲ့သဘောပါ။ တိုက်ပွဲဖြစ်လို့ရှောင်ရတာမဟုတ်ပါဘူး” လို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာစစ်ကောင်စီတပ်တွေဟာ နားတောင်းရွာတောင်ဘက်မှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေကတော့ ထွက်ပြေးနေရတုန်းပဲလို့ ဆိုပါတယ်။ ဒီမနက် စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးရတဲ့ ကျေးရွာ အုပ်စုသုံးစုဟာ ဆားထုံးအုပ်စု၊ တုံရွာအုပ်စုနဲ့ ဖောင်းကတာကျေးရွာအုပ်စုတို့ဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာကျော်ရှိတယ်လို့ သိရပါတယ်။ #Dailynews
တကောင်း – ၂၀၂၃ မတ် ၂၉ (မော်ကွန်း) မန္တလေးတိုင်း၊ တကောင်းမြို့နယ်၊ တကောင်းလမ်းဆုံမှာ ဖားကန့်ကျောက်စိမ်းတွေသယ်လာတဲ့ စစ်ကားတွေကိုလုံခြုံရေးယူဖို့လာတဲ့စစ်ယာဥ်တန်းကို မနေ့ မွန်းလွဲ ၁:၀၀ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းပ.က.ဖ ဆီကသိရပါတယ်။ တကောင်းလမ်းဆုံကစစ်ကားတွေဆီကို လုံခြုံရေးယူပေးဖို့ တွင်းငယ် တပ်မ ၃၃ ကနေ စစ်ကား ခုနစ်စီးပါ စစ်ယာဥ်တန်းကို မြနန္ဒာရွာအနီးမှာ တကောင်းပ.က.ဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းပကဖ ပြန်ကြားရေးတာဝန်ခံမာမီကပြောပါတယ်။ “ကားတွေကတော့ အပေါ်ပိုင်းပဲထိတာမို့ ဆက်သွားလို့ရပါတယ်၊ လမ်းဆုံမှာပဲအင်အားဖြည့်ထားတာပါ၊ကျောက်စိမ်းကားတန်းကိုလုံခြုံရေးယူဖို့သွားတာပါ၊ လက်နက်ဝယ်မယ်ပေါ့၊ လေယာဥ်ဆီတို့” လို့ ကိုမာမီကပြောပါတယ်။ စစ်ကားတွေကို မိုင်းလေးလုံးဆွဲတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါစစ်သားတွေ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးမှုတွေရှိတယ်လို့သိထားရပြီး တကောင်းလမ်းဆုံကဆီဆိုင်မှာ ဒဏ်ရာရသူတွေကိုချန်ထားခဲ့ပြီး တကောင်းမြို့ဆေးရုံထဲခေါ်သွားတယ်လို့ သူကပြောပါတယ်။ စစ်ကိုင်းတိုင်းကိုစစ်အင်အားဖြည့်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်က စစ်ကား ၄၉စီးကိုတကောင်းပကဖနဲ့ […]
ကလေးမြို့ – ၂၀၂၃ မတ် ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နွေဦးတော်လှန်ရေး တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းခံရခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဒေသတွင်းတစ်နေရာမှာ လူထုတရားဟောပြောပွဲကို ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ)နဲ့ ပင်မသပိတ်တို့က ဦးဆောင်ကာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ သွေးသစ္စာသီချင်းသီဆိုတာ၊ Kalay Civil Army ကပေးပို့တဲ့ ရုပ်သံမှတ်တမ်းကိုကြည့်ရှုတာ၊ သပိတ်တရားဟောတာ၊ ပင်မသပိတ်မှာပထမဆုံးကျဆုံးခဲ့တဲ့ မအားခူရဲ့အတ္ထုပ္ပတ္တိကိုဖတ်ကြားတာနဲ့ ကမ္ဘာမကြေဘူးသီချင်းသီဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။ “ကလေးမြို့ပင်မသပိတ်အနေနဲ့ နွေဦးနဲ့အတူ ရေးထိုးခဲ့တဲ့ ဒေသဆိုင်ရာသမိုင်းတွေကိုဆက်လက်ဖော်ထုတ်သွားမယ်၊ တော်လှန်ရေးကပေးတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်တိုက်ပွဲဝင်ထမ်းဆောင်သွားပါမယ်”လို့ ကလေးမြို့ပင်မသပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။ ကလေးမြို့လူထုဟာ နွေဦးတော်လှန်ရေးသမိုင်းမှာ လက်နက်ကိုင်ခုခံကာကွယ်ရေးကို စတင်ခဲ့တဲ့မြို့တစ်မြို့အဖြစ်မှတ်တမ်းတင်သလို ဒီနေ့ထိ သပိတ်တွေဟာလည်း ပျက်ရက်မရှိဆင်နွှဲနေတုန်းပဲလို့ သူကပြောပါတယ်။ ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်နေတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆို ရက်ပေါင်း ၇၈၀ ရှိလာခဲ့ပါပြီ။ ဓါတ်ပုံ […]
ဆားလင်းကြီး – ၂၀၂၃ မတ် ၂၈ (မော်ကွန်း) လူထုသပိတ်တိုက်ပွဲတွေ မရပ်နားဘဲ ဆက်လက်ချီတက်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဟာ ဒီကနေ့မှာ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမပေါ်ကို တက်ရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆားလင်းကြီးမြို့နယ်ဟာ မကြာခဏဆိုသလို အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကို ခံနေရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီကနေ့မှာ သပိတ်ဟာ “ဖက်ဆစ်စနစ်သပိတ်မှောက် ဖယ်ဒရယ်လမ်းကိုရဲရဲလျှောက်” ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ သပိတ်တင်မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်ရဲ့မီးရှို့မှုကိုခံနေရတဲ့ ပြည်သူတွေကိုလည်း ကူညီထောက်ပံ့မှုတွေပြုလုပ်နေပါတယ်။ “စည်းလုံးခြင်းသည်အင်အားဆိုသလို ပြည်သူလူထုအနေနဲ့စည်းလုံးပေးကြပါ။ကိုယ်နိုင်ရာတာဝန်တွေကို ကျရာနေရာကနေပါဝင်ပေးဖို့ တောင်းဆိုလိုပါတယ်”လို့ သပိတ်က တောင်းဆိုထားပါတယ်။ ဓါတ်ပုံ – အညာပစ်တိုင်းထောင်လေးများအဖွဲ့ #Dailynews
ရန်ကုန်- ၂၀၂၃ မတ် ၂၈ (မော်ကွန်း) တာမွေအဝိုင်းထိပ်ခုံးတံတားအောက်မှာ ဒီနေ့မနက် ၁၀:၀၀ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ယာဉ်ထိန်းရဲမေတစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ တာမွေခုံးကျော်တံတားအောက်၊အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ဝင်းဘရားသားအလူမီနီယံဆိုင်ရှေ့မှာ ယာဉ်ကြောရှင်းလင်းနေတဲ့ ယာဉ်ထိန်းတပ်ကြပ်ကြီးတင်မင်းနဲ့ယာဉ်ထိန်းရဲနှစ်ဦးက်ို တာမွေခုံးကျော်တံတားပေါ်ကနေ အမည်မသိအဖွဲ့တစ်ဖွဲ့ကလက်ပစ်ဗုံးနဲ့ပစ်ခတ်သွားတာလို့စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုကဖော်ပြပါတယ်။ “အကျယ်ကြီးပဲကြားလိုက်တယ်။ အုန်းကနဲပဲ။ အိမ်တော်တုန်တယ်လို့။” လို့ ဖြစ်စဉ်ဖြစ်ပွါးရာအနီးအနားတွင်နေထိုင်တစ်ဦးကပြောပါတယ်။ ဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာတော့မသိရသေးပါဘူး။ ရန်ကုန်မြို့မှာ မနေ့ကကျရောက်တဲ့ တော်လှန်ရေးနေ့တစ်ရက်တည်းမှာပင် အတည်ပြုလို့ရတဲ့ဗုံးပေါက်ကွဲမှု ၁၁ ခု နဲ့ မြေပြင်သပိတ်လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ကင်းထောက်အဖွဲ့ထံမှသိရပါတယ်။ #Dailynews
ကလေးမြို့ – ၂၀၂၃ မတ် ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ တာဟန်းပင်မသပိတ်ခံတပ်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တာ နှစ်နှစ်ပြည့်မြောက်တဲ့အနေနဲ့ ဒီကနေ့ညမှာ လူထုချီတက်ပွဲပြုလုပ်ခဲ့ကြပါတယ်။ တာဟန်းခံတပ်မှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုအမှတ်ရပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သပိတ်လူထုက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကလေးမြို့ပင််မသပိတ်ဟာ နေ့စဉ်ရက်ဆက်ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၇၇၉ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၃ မတ် ၂၇ (မော်ကွန်း) လူထုသပိတ်အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ နယ်မြေဒေသထဲ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်စစ်ကြောင်းထိုးမှုတွေကြားက ၆၅၃ ရက်မြောက်နေ့အဖြစ် ဒီကနေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
မန္တလေး – ၂၀၂၃ မတ််၂၇ (မော်ကွန်း) မန္တလေးတိုင်း၊မန္တလေးမြို့၊ ရတနာပုံခန်းမနားမှာ ဒီနေ့နံနက် ၇:၀၀ ဝန်းကျင်က မိုင်းတွေ့လို့လာရောက်ဖောက်ခွဲတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေမိုင်းခွဲခံရပြီး သေဆုံးမှုရှိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ မန္တလေးမြို့ ၊ဒေါ်အောင်ဆန်းစုကြည်လမ်း၊ ၃၈လမ်းပေါ်က ရတနာပုံခန်းမနားမှာမပေါက်ကွဲသေးတဲ့မိုင်းတွေ့တာကြောင့် စစ်သားတွေ လာရောက်ဖောက်ခွဲချိန်မှာ မိုင်းကွဲခဲ့တာလို့ မြို့ခံတစ်ဦးကဆိုပါတယ်။ ” ဗုံးတွေ့လို့ဆိုပြီးလမ်းပိတ်ဖောက်ခွဲမယ်လုပ်တာ၊ ၃၈လမ်းကိုပိတ်ထားတယ်၊ အိမ်တွေနားမှာလည်း သူတို့ရှိတယ်၊ခဏကြာတော့ပေါက်ကွဲသံနှစ်ချက်ကြားလိုက်ရတာပဲ”လို့ မြို့ခံတစ်ဦးကဆိုပါတယ်။ ပေါက်ကွဲသံနှစ်ချက်ကြားပြီးနောက် လူနာတင်ကားတွေ ရတနာပုံခန်းမထဲဝင်သွားကာ သေဆုံးသူနှစ်ဦးရှိတယ်လို့လည်း မြို့ခံတွေဆီကသိရပါတယ်။ ရတနာပုံခန်းမနားမှာ မြနန္ဒာစစ်ဆင်ရေး Banner ချိတ်ဆွဲပြီး မိုင်းသုံးလုံးထောင်ခဲ့ပြီး စစ်သားတွေလာရောက်ဖောက်ခွဲချိန်မှာ အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာလို့ မြနန္ဒာစစ်ဆင်ရေးက ဒီနေ့ထုတ်ပြန်ထားပါတယ်။ ပုံစာ – ဒီကနေ့ချိတ်ဆွဲခဲ့တဲ့ မြနန္ဒာစစ်ဆင်ရေးဘန်နာ ဓါတ်ပုံ – မြနန္ဒစစ်ဆင်ရေး #Dailynews
မိုးကုတ် – ၂၀၂၃ မတ် ၂၇ (မော်ကွန်း) မန္တလေးတ်ိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်မှာ မနေ့ည ၈း၀၀ နာရီဝန်းကျင်က အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ သေဆုံးသူက ကိုအေးမင်းဆိုသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် သပိတ်တွေမှာဦးဆောင်ပါဝင်ခဲ့သူဖြစ်တယ်လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ “သူကသပိတ်မှာပါလို့ PDF တွေကိုထောက်ပို့လုပ်တယ်ဆိုပြီးဖမ်းခံရသေးတယ်၊ မကြာဘူးပြန်လွှတ်လာတာ၊ ခုကဘယ်သူကပစ်သွားလဲ၊ ဘာကြောင့်ပစ်သွားတယ်ဆိုတာမသိရသေးဘူး”လို့ရပ်ကွက်နေဒေသခံတစ်ဦးကဆိုပါတယ်။ ကျပ်ပြင်ရပ်ကွက်အတွင်း သေနတ်ပစ်ခတ်သံကြားရပြီးနောက် လူနာတင်ကားအသံတွေကြားခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။ က်ိုအေးမင်းကို ဒလန်လို့စွပ်စွဲသတ်သွားတဲ့အဖွဲ့တွေအနေနဲ့ သတ်ဖြတ်ရှင်းလင်းခဲ့ရတဲ့ အကြောင်းရင်းကို စာထုတ်ပြန်ပေးဖို့ မိုးကုတ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Red Wolf Of Mogok ကဒီနေ့ ထုတ်ပြန်ထားပါတယ်။ #Dailynews
ကန့်ဘလူ – ၂၀၂၃ မတ် ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်ကြီးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညနေပိုင်းမှာ မီးရှို့ခဲ့ပြီး စိတ်ကျန်းမာရေးချို့တဲ့သူအမျိုးသားတစ်ဦး အဲဒီမီးထဲမှာ သေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူ ကိုတက်တိုးက မော်ကွန်းကိုပြောပါတယ်။ နေအိမ်တွေကို မီးရှို့ခဲ့တဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းမှာ အင်အား ၁၅၀ ဝန်းကျင်ပါရှိပြီး မီးလောင်နေတဲ့နေအိမ်ထဲမှာ သေဆုံးခဲ့တဲ့ စိတ်ကျန်းမာရေးချို့တဲ့သူဟာ အသက် ၂၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ” သူကစိတ်မနှံ့တဲ့သူဆိုတော့ စစ်ကြောင်းလာတာကို သူ့အိမ်ထဲ ပြန်ဝင်သွားတာ၊ စစ်သားတွေက အိမ်တွေရှို့တော့ သူပါရှို့ခံလိုက်ရတာ၊ ဒီနေ့မနက်တော့အရိုးပြာရခဲ့ပြီ”လို့ ကိုတက်တိုးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့်ညောင်ဇင်ကြီးရွာက နေအိမ်အများပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး နေအိမ်စာရင်းအတိအကျကိုမသိရသေးပါဘူး။ အာဏာသိမ်းစစ်တပ်ဟာ မတ် ၂၂ရက်မှာ ဆူးပုတ်ကုန်းရွာကိုဝင်ရောက်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းကမပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေဆီက ရွှေ၊ ငွေနဲ့ပိုက်ဆံတွေကို အတင်းအကျပ်ယူတဲ့အပြင် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."