မိုးကုတ် – ၂၀၂၃ မတ် ၂၇ (မော်ကွန်း)
မန္တလေးတ်ိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်မှာ မနေ့ည ၈း၀၀ နာရီဝန်းကျင်က အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
သေဆုံးသူက ကိုအေးမင်းဆိုသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် သပိတ်တွေမှာဦးဆောင်ပါဝင်ခဲ့သူဖြစ်တယ်လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“သူကသပိတ်မှာပါလို့ PDF တွေကိုထောက်ပို့လုပ်တယ်ဆိုပြီးဖမ်းခံရသေးတယ်၊ မကြာဘူးပြန်လွှတ်လာတာ၊ ခုကဘယ်သူကပစ်သွားလဲ၊ ဘာကြောင့်ပစ်သွားတယ်ဆိုတာမသိရသေးဘူး”လို့ရပ်ကွက်နေဒေသခံတစ်ဦးကဆိုပါတယ်။
ကျပ်ပြင်ရပ်ကွက်အတွင်း သေနတ်ပစ်ခတ်သံကြားရပြီးနောက် လူနာတင်ကားအသံတွေကြားခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။
က်ိုအေးမင်းကို ဒလန်လို့စွပ်စွဲသတ်သွားတဲ့အဖွဲ့တွေအနေနဲ့ သတ်ဖြတ်ရှင်းလင်းခဲ့ရတဲ့ အကြောင်းရင်းကို စာထုတ်ပြန်ပေးဖို့ မိုးကုတ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Red Wolf Of Mogok ကဒီနေ့ ထုတ်ပြန်ထားပါတယ်။
#Dailynews

