ကလေးမြို့ – ၂၀၂၃ မတ် ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ တာဟန်းပင်မသပိတ်ခံတပ်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တာ နှစ်နှစ်ပြည့်မြောက်တဲ့အနေနဲ့ ဒီကနေ့ညမှာ လူထုချီတက်ပွဲပြုလုပ်ခဲ့ကြပါတယ်။
တာဟန်းခံတပ်မှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုအမှတ်ရပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သပိတ်လူထုက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကလေးမြို့ပင််မသပိတ်ဟာ နေ့စဉ်ရက်ဆက်ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၇၇၉ ရက်ရှိလာပါပြီ။
ဓာတ်ပုံ – CJ
#Dailynews

