မြင်းမူ – ၂၀၂၃ ဇူလိုင် ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အရှေ့ခြမ်း နဘဲကြူးကျေးရွာမှာ ဇူလိုင် ၇ ရက်၊ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပြည်သူသုံးဦးကို အာဏာသိမ်းစစ်တပ်က ဗုံးနဲ့အတူမီးရှို့ပြီးသတ်ခဲ့တယ်လို့ နယ်မြေကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
စစ်ကြောင်းထိုးလာချ်ိန်မှာ ထိပ်တိုက်တွေ့တဲ့ အမျိုးသားသုံးဦးနဲ့ သေနတ်လွယ်ထားတာကိုမိတဲ့ လူငယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ကို စစ်တပ်က နဘဲကြူးကျေးရွာသင်္ချိုင်းမှာ သတ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဗုံးတွေနဲ့အတူ မီးရှို့သတ်တာကြောင့် ပေါက်ကွဲခဲ့ပြီး “ခုနကပြောတဲ့လူငယ်လေးဆိုရင် ခေါင်းနဲ့လည်ပင်းပဲရှိတော့တယ်၊အောက်ပိုင်းကရှာမရတော့ဘူး၊ ဖောက်ခွဲခံထားရတာဆိုတော့ အူတွေကသစ်ပင်တွေမှာချိတ်နေတာ”လို့ သူကပြောပါတယ်။
စစ်ကြောင်းထိုးလာတာကြောင့် နဘဲကြူးကျေးရွာသင်္ချိုင်းအနီးက ထုတ်လုပ်ရေးစခန်းတစ်ခုပါစီးနင်းခံလိုက်ရပြီး ထုတ်လုပ်ရေးစခန်းက ဗုံးသီးတွေနဲ့အတူ အဖမ်းခံရသူတွေကို မီးရှို့သတ်ခဲ့တာလို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင် ၇ ရက်နေ့မှာပဲ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရွာက နေအိမ်နှစ်ရာကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၅ရက်နေ့ကစတင်ပြီး မြင်းမူမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဇူလိုင် ၇ ရက် ညပိုင်းက စစ်ကြောင်းပြန်ထွက်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။
ပုံစာ – ဗုံးနဲ့အတူမီးရှို့သတ်ခံရသူများ
ဓါတ်ပုံ – Supplied
#Dailynews

