၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ Photo Essay ဖြစ်ပါသည်။ Photo – Aung Naing Soe ရမ်းခဲဆေးဖြတ်စခန်းကို မူးယစ်ဆေးဝါးနွံ အတွင်း မှ ပြန်လည်ရုန်းထွက်လာသူ အသက် ၄၃နှစ်အရွယ် ဦးတန်ရောက လွန်ခဲ့သည့်ရှစ်နှစ်ခန့်တွင် စတင် ထူထောင်ခဲ့သည်။ ညီအစ်ကို ငါးဦးရှိသည့်အနက် ဦး တန်ရောတစ်ဦးသာ သက်ရှိထင်ရှား ကျန်ရှိခဲ့ပြီး ကျန်သူ အားလုံးမှာမူးယစ်သားကောင်များအဖြစ် ဘဝဆုံးပါးခဲ့ကြသည်။ ဖားကန့်ကျောက်စိမ်းမြေ တွင် ရေမဆေးအလုပ်သမားအဖြစ် လုပ်ကိုင်ရင်း အသက်၁၅နှစ်အရွယ်ခန့်ကတည်းက မူးယစ် ဆေး နွံအတွင်းနစ်ခဲ့သည့် ဦးတန်ရောက ၎င်းင်းအသက်၃၀ ခန့်တွင် မြစ်ကြီးနားမြို့နယ်၊ နမ်ကျင်ရွာရှိ ၎င်းင်း၏မိဘများပိုင်ဘိုးဘွားမြေပေါ်တွင် ရမ်းခဲဆေးဖြတ် စခန်းကို စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းင်းဆေးဖြတ်စခန်းတွင် ကချင်ပြည်နယ်နေရာ အနှံ့အပြားမှ အသက်အရွယ်စုံမူးယစ် […]
၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ အက်ဆေး ဖြစ်ပါသည်။ မြတ်စုမွန်ရေးသည် ကျွန်မတို့မြို့လေးမှာ ရုပ်ရှင်ရုံ အဟောင်းကြီး နှစ်ရုံရှိတယ်။ ငယ်ငယ်တုန်းကတော့ ရုပ်ရှင်ပြတယ်။ ရန်ကုန်က ရုံကြီးတွေမှာ ပြပြီးလို့ လနဲ့ချီ ကြာတော့မှ အဲဒီဇာတ်ကားကို ကျွန်မတို့မြို့မှာ ကြည့်ကြရတယ်။ အဲဒီတုန်းကဆိုရင် ရန်ကုန်ရောက်ဖူးလို့၊ ရန်ကုန်မှာ ရုပ်ရှင် ကြည့်ဖူးသူတွေက ”အမယ်လေး၊ ဒီကားကို အရင်လတုန်းက ရန်ကုန်မှာ ငါကြည့်ပြီးသား”လို့ ပြောတဲ့လူကိုဆိုရင် အထင်တကြီး ငေးကြည့်ရဖူးတာ မှတ်မိသေးတယ်။ တယ်လီဗေးရှင်း(ရုပ်မြင်သံကြား) ရှားပါးတဲ့ခေတ် ဖြစ်တဲ့အပြင် ရပ်ကွက် ဗီဒီယိုရုံဆိုတာလည်း မပေါ်သေးတဲ့အချိန်ဆိုတော့ မြို့ကလူတွေ အတွက် ဖျော်ဖြေရေးက ဒီရုပ်ရှင်ရုံကြီး နှစ်ရုံပဲ ရှိတယ်။ မြို့သူမြို့သားတွေက ဟိုးတုန်းက ရုံပိုင်ရှင်တွေကို အစွဲပြု ပြီး ‘အထုံရုံ’လို့ခေါ်တဲ့ ‘ရတနာရုံ’နဲ့ ‘မဇော်ရုံ’လို့ခေါ်တဲ့ ‘သိန်း’ […]
၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ အက်ဆေး ဖြစ်ပါသည်။ သန်းစိုးနိုင်ရေးသည် လူတိုင်း ဘဝမှာ လွတ်လပ်ပျော်ရွှင်ရတဲ့ ဘဝတွေ ကိုယ်စီရှိခဲ့မှာ သေချာတယ်။ ဘဝမှာ အပျော်ရွှင်ဆုံး အချိန်တွေကို အမျိုးမျိုး ဆစ်ပိုင်းပြသူတွေရှိတယ်။ ၁ဝ တန်းစာမေးပွဲ အောင်ချိန်က ဘဝမှာ အပျော်ရွှင်ဆုံးပဲလို့ ဆိုတဲ့သူလည်း ရှိဖူးတယ်။ ချစ်သူရည်းစားဆီက အဖြေရတဲ့ အချိန်ကသာ အပျော်ဆုံးလို့ ဘီယာဝိုင်းမှာ အာပေါင်အာရင်း သန်သန်နဲ့ ပြောခဲ့ဖူးတဲ့ သူငယ်ချင်းလည်းရှိခဲ့တာပဲ။ လူဆိုတာ ကိုယ့်ဖြတ်သန်းမှုနဲ့ ကိုယ်ပဲ မဟုတ်လား။ ရှင်လိင်ပြန်၊ ထောင်ထွက်၊ အိမ်ထောင်ကျတဲ့ရက်လို့ ပျော်ရွှင်ရတဲ့ ရက်တွေကို မှတ်ကြသူတွေလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ ငယ်ဘဝ နွေဦးရက်တွေက ဘဝမှာ ပျော်ရွှင်ကြည်နူး အမှတ်ထင်ထင် ရှိခဲ့ရတဲ့ ရက်မြတ်မင်္ဂလာတွေ ဖြစ်ခဲ့တယ်။ ငယ်ဘဝ နွေဦးတွေက […]
#MawKunMagazine #လက်သွေး ၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅)မှ Essay ဖြစ်ပါသည်။ ခရီးတစ်ခုသွားခါနီးမှာပဲ ကျွန်တော့် လက်ကိုင်ဖုန်း လက်က လွတ်ကျတာ မှန်ကွဲပြီး အလုပ် မလုပ်တော့ဘူး။ ဖုန်းလည်း ကိုင်လို့မရ၊ သုံးလို့လည်းမရနဲ့ အတော် စိတ်ကသိကအောက်ဖြစ်ရတယ်။ ဒီဖုန်းထဲမှာ ခရီးစဉ်အတွက် အချိန်ဇယား မှတ်ထားတာတွေ၊ ဆက်သွယ်ရမှာတွေနဲ့ အခြားအသုံးဝင်မယ့်အရာတွေ ပါတာကြောင့် စိတ်တွေ ရှုပ်ထွေးသွားခဲ့တယ်။ ဖုန်းဆိုင်တွေမှာ လိုက်ရှာပြင်ပေမယ့် တစ်ရက် စောင့်ရမယ်ဆိုတာကြောင့် အဆင်မပြေခဲ့ဘူး။ ဒါကြောင့် ဆက်သွယ်ဖို့ keypad ဖုန်းတစ်လုံး ဝယ်လိုက် ရတယ်။ ပျက်တဲ့ဖုန်းကတော့ နယ်ရောက်မှပဲ ပြင်လိုက် ရပါတယ်။ ဖုန်းမရှိတဲ့အချိန်က တစ်ရက်သာသာပဲ။ ဒါ တောင် keypad ဖုန်းနဲ့ ဆက်သွယ်လို့ ရသေးတာ။ ဒါပေမဲ့ မျက်နှာပြင်ကို ကိုင်တွယ်ပွတ်သပ်ပြီး ဆော့ဖ်ဝဲလ် […]
ဆိတ်သားဟင်းကို ကျွန်မအလွန်ကြိုက်သည်။ တိတိကျကျပြောရလျှင် ဆိတ်သားချက်ထက် ဆိတ်သား ခြောက်ကို ပို၍ ကြိုက်သည်။ ဆိတ်သားခြောက်ဆီဆမ်း၊ ဆိတ်သားမွကြော်၊ ဆိတ်သား တုံးကြော်၊ ဆိတ်သားထောင်း စသဖြင့် သရေစာအဖြစ် စားသုံးရသည့် အရသာကို ကျွန်မ အကြိုက်ဆုံးဖြစ်သည်။ အညာဒေသသည် ဆိတ်မွေးမြူရေးများ လွန်စွာ ပေါများသည်ဖြစ်ရာ အညာသို့သွားလျှင် ဆိတ်သားခြောက်ကို အီနေအောင် စားရသည်။ ပုဂံဘက်သို့သွားလျှင် ဆိတ်သားခြောက် ကြော်ဖြစ်စေ၊ ဆိတ်သားမွကြော်ဖြစ်စေ မှာ၍ စားလေ့ရှိ သည်။ တစ်ခါတစ်ရံ နှစ်မျိုးစလုံး မှာစားလေ့ရှိသည်။ ပါးစပ်ထဲသို့ လက်မအရွယ် ဆိတ်သားဖဲ့တစ်ဖဲ့ ထည့်ထား ပြီး တမြုံ့မြုံ့ ဝါးနေရသည့် အရသာ၊ ဝါးရင်းကပင် ထွက်လာသည့် ချိုမြမြအရသာ၊ ထိုအရသာတို့ကို ကြိုက်လွန်း၍ ပါးစပ်ထဲမှ ဆိတ် သားဖဲ့ ကုန်သွားမည်ကိုပင် နှမြောမိသည်။ […]
မိုးကုတ်မြို့ လယ်ဦးကျောက်လုပ်ကွက်တစ် နေရာမှာရှိတဲ့ ကျောက်တူးသမားတွေရဲ့ လုပ် ကွက်တစ်ခုဖြစ်ပါတယ်။ နေ့စဉ် ကျောက်တူး လို့ ငါးထောင်နဲ့ တစ်သောင်းကြား ဝင်ငွေရှိ ပေမယ့် အလုပ်မရှိလို့ ဝင်ငွေမရှိတဲ့ ရက်တွေ လည်းရှိပါတယ်။ ယခုလို မိုးတွင်းကာလတွေ မှာတော့ ကျောက်လုပ်ကွက်အများစု နား နေတဲ့အတွက် အလုပ်အကိုင်ရှားပါးပါတယ်။ ယခုနောက်ပိုင်း မိုးကုတ်မြို့မှာ ကျောက်မျက် အရောင်းအဝယ် ပါးလာသလို အရည်အသွေး ကောင်းတဲ့ ပတ္တမြားလည်း နည်းပါးလာတဲ့ အတွက် ကျောက်တူးတဲ့ လုပ်ငန်းကို လုပ် ကိုင်တဲ့ လူ နည်းပါလာပါတယ်။ ကျောက်မျက် တူးဖော်ရေးကို အကျိုးတူ ဖက်စပ်လုပ်ငန်း တွေ အများအပြားရှိလာတဲ့အတွက် တနိုင် ကျောက်တူးဖော်တဲ့ လုပ်ငန်းတွေ တဖြည်း ဖြည်း ပျောက်ကွယ်ကုန်ပါတယ်။ ၂ဝ၁၈၊ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း […]
Illustration – MAUNG NOE ကျွန်တော့်မှာ လိုတရ အိတ်တစ်လုံး ရှိတယ်။ အိတ်ပုံစံကအမျိုးမျိုး ပြောင်းနေပေမယ့် အိတ်ရဲ့ ဝိသေသဖြစ်တဲ့လိုတရမှုက ပြောင်းမသွားဘူး။ လိုတရဆိုပေမယ့် ပေါပေါများများ လျှံလျှံပယ်ပယ် တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်တယ်။ အခုအချိန်ထိ ကျွန်တော့်အတွက် လိုတိုင်းတရနိုင်နေတုန်းပဲ။ အဲဒီအိတ်က အခြားတော့မဟုတ်ဘူး။ ကျွန်တော့်အမေရဲ့ ပိုက်ဆံအိတ်ကလေးပါ။ ကျွန်တော် လူမှန်းသိတတ်စကတည်းက ကျွန်တော့်လိုအပ်ချက်တွေကို ဒီအိတ်ကလေးက အတိုင်းအတာ တစ်ခုထိ ဖြည့်ဆည်းပေးခဲ့တာ။ မုန့်ဖိုး၊ ကျူရှင်ဖိုး၊ အဝတ်အစားဖိုးအပြင် အခြားသော ကုန်ကျမှုတွေအတွက် ဒီအိတ်ထဲကပဲ ထွက်လာခဲ့တာ။ အမေ့ရဲ့ အိတ်ကလေးထဲကို ပိုက်ဆံတွေ ဘယ်သူထည့်ပေးသလဲ။ ပြန်စဉ်းစားမိတယ်။ အရင်ကတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကျွန်တော့်အဖေက ထည့်ပေးတယ်။ ဒါပေမဲ့ ကျွန်တော် လေးတန်းလောက်ရောက်တော့ ကျွန်တော့်ရဲ့ […]
Photo – THIHA 2017 ဒီနေ့ ကမ္ဘာကြီးက ရောဂါတွေ တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် ရှိနေ တယ်။ ဖြစ်လိုက် ရင်လည်း မရှူနိုင်မကယ်နိုင်ချည်းပဲ။ ဆား (SARS) ရောဂါဖြစ်လို့မှမကြာသေးဘူး၊ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပြီလို့ ဆိုကြပြန်တယ်။ အမောပြေမယ်ကြံကာရှိသေး အီဘိုလာဖြစ်ပြန်ပြီဆိုတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရပြန်ရော။ ဗိန္ဓောဆရာ သြဠာရိက ဆရာတုတ်ကြီး ပြောသလို ပြောရရင် ဥပါဒ်၊ ဌီ၊ ဘင် ကိုး။ လူပြိန်းနားလည်အောင် ပြောရရင် ဖြစ်၊ တည်၊ ပျက် မမြဲတဲ့ ကမ္ဘာကြီး ပေပဲ။ အရင်ကတော့ ၉၆ ပါးရောဂါလို့ အလွယ်ခေါ်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာ ၉၆ ပါး မကလောက်တော့ဘူး ထင်တာပဲ။ လေနာတာ တစ်မျိုးတည်းကိုပဲ လေထိုး၊ လေအောင့်၊ […]
Photo – Than Naing Oo မြို့ပြနိုင်ငံတော်ဟောင်း ညောင်ရမ်းကို ရန်ကုန်-မ္တနလေး မီးရထားစီးတိုင်း ဖြတ်သန်းရတဲ့ တောမြို့လေးအဖြစ် သတိထားမိတာကြာပါပြီ။ ဒီမြို့လေးမှာ အထူးအမြန်ရထားတွေ မရပ်နားပေမယ့် ရထားစီးတိုင်း ဖြတ်သန်းနေကျမို့ ရင်းနှီးနေတယ်။ သမိုင်းစာမျက်နှာတွေမှာလည်း ခေတ်တစ်ခေတ် ထူထောင်နိုင်ခဲ့တဲ့ မြို့ မို့ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်နေတဲ့ တောမြို့လေး ဖြစ်တယ်။ ညောင်ရမ်းက မ္တနလေးတိုင်း၊ သာစည်မြို့နယ်ထဲက တိုက်နယ်အဆင့်ရှိတဲ့ တောမြို့လေးဖြစ်တယ်။ မ္တနလေးမြို့ရဲ့ တောင်စူးစူး မိုင် ၁ဝဝ စွန်းစွန်းအကွာမှာ ရှိတယ်။ ဒီမြို့လေးမှာ ညောင်ရမ်းခေတ်လက်ရာတွေ အခုထက်တိုင် တွေ့နေရဆဲ ဖြစ်တယ်။ အထူးသဖြင့် သာသနိက အဆောက်အအုံတွေနဲ့ လယ်ယာတွေထဲမှာ ထွန်ယက်စိုက်ပျိုးရင်း တွေ့ရတဲ့ ညောင်ရမ်းခေတ် ရှေးဟောင်းပစ္စည်းအကျိုးအပဲ့တွေက ညောင်ရမ်းမှာ ယဉ်ကျေးမှုထွန်းကားခဲ့ကြောင်း သက်သေပြနေကြတယ်။ မြန်မာနိုင်ငံရဲ့ […]
(၂၉) ကြိမ်မြာက် ဆီးဂိမ်းပြိုင်ပွဲတွေကို နိုင်ငံပိုင် မီဒီယာတွေက ထုတ်လွှင့်ပေးနေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပြိုင်ပွဲအမျိုးအစား တော်တော်များများ ဝင်ပြိုင်ပေမယ့် ပရိသတ်အများဆုံး အားပေးတဲ့ အားကစားက ထုံးစံအတိုင်း ဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း ထောက်ပံ့မှုတွေ လုပ်ပေးနေတယ်။ ဘောလုံးအဖွဲ့ချုပ်ကလည်း အစွမ်းကုန် ကူညီပေးနေတယ်။ ပြည်သူတွေရဲ့ အားပေးမှုက ပြောစရာမလိုအောင် ပြည့်စုံပြီးသား။ ကစားသမားလေးတွေလည်း ခြေစွမ်းရှိသလောက် အစွမ်းကုန်ထုတ် ကစားကြတယ်။ ဒါပေမဲ့ မြန်မာဘောလုံးအသင်း တူတူတန်တန် ဆုတံဆိပ်တွေ မရတာ ကြာပြီ။ မြန်မာဘောလုံးအသင်း လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ် ရခဲ့ဖူးတာ ရှိပေမယ့် ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့တာ နှစ်ပေါင်း ၄ဝ ကျော်ရောပေါ့။ ဘောလုံးအကြောင်း စဉ်းစားတိုင်း ငယ်ငယ်က ရွာရိုးကိုးပေါက် သူငယ်ချင်းတွေနဲ့ […]
Illustration – MAUNG NOE ရာသီသုံးပါးတွင် ကျွန်တော် အမုန်းဆုံးက မိုးရာသီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလုပ်တက်အလုပ်ဆင်း မိုးရွာထဲ လမ်းလျှောက်ရသည့် ဒုက္ခ၊ ကားတိုးစီးရသည့် ဒုက္ခကို မခံစားနိုင်၍ ဖြစ်သည်။ လမ်းလျှောက်နေတုန်း ကားများ မဆင်မခြင်မောင်း၍ ရေတွေ စင်ကုန်သည့်အခါလည်း ဒေါသထွက်ရသည်။ မိုးသည်းသည်းမှာ အဝတ်အစားတွေ ရေစိုသောကြောင့် လဲရသည်ကိုလည်း စိတ်ကုန်၏။ အဆိုးဆုံးက လူကျပ်ကျပ် ဘတ်စ်ကားထဲ ထီး ရေစို၊ လူရေစိုတွေနဲ့ ကားတိုးစီးရတာပဲ ဖြစ်သည်။ ယခင် မထသခေတ်တုန်းကဆို ဘတ်စ်ကားတွေက ပြတင်းပေါက်မကောင်း၊ ခေါင်မိုးက မလုံ။ ကားပေါ်မှာတင် မိုးရေချိုးခဲ့ရသည်။ ယခုတော့ YBS အဲကွန်းကားတွေနှင့်မို့ မိုးလုံလေလုံတော့ရှိသည်။ သို့သော်မိုးရေစိုစိုနှင့် အဲကွန်း တွေ့ပါက အအေးမိနိုင်သည်။ ယခုတလောဖြစ်နေသည့် ရာသီတုပ်ကွေးရောဂါ(H1N1) ကူးမယ်ဆို […]
ကိုယ်တိုင်ဖန်တီးမှုတွေက လေးစားတန်ဖိုးထားစရာ ကောင်းတဲ့အကြောင်း၊ တခြားသူတွေရဲ့ တီထွင်ဖန်တီးမှုတွေကိုလည်း အသိအမှတ်ပြုပေးဖို့လိုကြောင်း နားဝင်အောင် ပြောတဲ့သူတွေ ဖြစ်စေချင်တယ်။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."