၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Photo Essay ဖြစ်ပါသည်။ Photo – Kaung Htet San မိုးကုတ် ဒေသသည် ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာ ရတနာနယ်မြေဖြစ်သည်။ မိုးကုတ်ဒေသမှထွက်ရှိသည့် သံယံဇာတ ကျောက်မျက်ရတနာများကို ခေတ်အဆက်ဆက်က တူးဖော်ထုတ်ယူခဲ့ကြပြီး ယခုအချိန်အခါတွင် လုပ်ငန်းများကို သက်တမ်းတိုးခွင့် မပြုတော့ပေ။ မိုးကုတ်မြို့တွင် ကျောက်မျက်ရတနာ တူးဖော်မှုနှင့် ပတ်သက်၍ အလွှာစုံကို တွေ့မြင်နိုင်သည်။ ကုမ္ပဏီလုပ်ကွက်များ၊ ဗြုန်းဆေးလုပ်ကွက်များ၊ ခဲကျင်းများ၊ ကျောက်ဝိုင်းများ အစရှိသည်ဖြင့် လုပ်ကိုင်လျှက် ရှိကြသည်။ ထိုအထဲမှ ဗြုန်းဆေးကာ ကျောက်ရှာသည့် လုပ်ကွက်များအကြောင်း ယခုလအတွက် ဓာတ်ပုံမှတ်တမ်းအဖြစ် ဖော်ပြလိုက်ပါသည်။ အသက်၃၀ကျော်ပြီဖြစ်တဲ့ လီဆူးတိုင်းရင်းသား အားဆာကတော့ ဗြုန်းဆေးတဲ့လုပ်ငန်းကိုလုပ်ကိုင်လာတာနှစ်၂၀ရှိပါပြီ တူးလို့ရတဲ့ကျောက်တွေကိုတော့ ဒီလိုပြုလုပ်ထားတဲ့ကန်ထဲမှာမီးစက်ငယ်နဲ့ရေထိုးပြီးအရည်ဖျော်ရပါတယ် […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ စာရေးဆရာ မောင်စွမ်းရည်က မြန်မာစာပေ လောကမှာ ထင်ရှားတယ်။ အနီနဲ့ အပြာ ကဗျာ စာအုပ်နဲ့ အမျိုးသားစာပေဆုကို မန်းတက်္ကသိုလ် ကျောင်းသားဘဝကတည်းက ရရှိခဲ့တယ်။ ပြည် သူ့ရှုဒေါင့် ဝေဖန်ချက်များ စာအုပ်နဲ့ စာပေဝေဖန် ရေးနယ်ပယ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ ဗမာစာပေ ဘာလဲ ဘယ်လဲလို စာတမ်းမျိုး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ စာတမ်းဖတ်ပွဲမှာ တင် သွင်း ဖတ်ကြားခဲ့တယ်။ နံ့သာသူခိုးလို ဝတ်္ထုတို တွေ ရေးသားခဲ့တယ်။ လူထုသတင်းစာမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သလို ကျောင်း ဆရာအဖြစ်လည်း အသက်မွေးဝမ်းကျောင်း ခဲ့သေးတယ်။ ကျောင်းသုံးစာအုပ်ကော်မတီမှာ အစိုးရအမှုထမ်းအဖြစ် လုပ်ကိုင်ခဲ့တယ်။ဟော… အခု တတိယအရွယ်ရောက်တော့ […]
၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ အက်ဆေး ဖြစ်ပါသည်။ ကျော်ဇေယျာထွန်းရေးသည်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ပြုတ်ကျပြီး ဒီမိုကရေစီ အစိုးရသာ တက်လာ မယ်ဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမှာ ကျိန်းသေပဲလို့ ရိုးရိုးရှင်းရှင်း တွေးခဲ့ဖူးတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီအစိုးရ တက်လာဖို့ကို လှိုက်လှိုက်လှဲလှဲ မျှော်လင့်ခဲ့ဖူးတယ်။ အားကြိုးမာန်တက် ထောက်ခံခဲ့ဖူးတယ်။ ကျွန်တော် ကျောင်းသားဘဝက ဒီမိုကရေစီတွေ၊ စစ်အစိုးရ တွေဆိုတာ နားလည်ခဲ့တာ မဟုတ်ဘူး။ ကိုယ့်ကို အုပ်ချုပ်နေတဲ့ လူတွေဆိုတာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ၊ ကြီးကျယ်တဲ့သူတွေ ဖြစ် တယ်။ သူတို့လို နေရာရောက်ချင်ရင် သူတို့လိုဖြစ်အောင် ကြိုး စားရမယ်ဆိုတာပဲ သိခဲ့တယ်။ သူတို့လို ဖြစ်ချင်ရင် ဆယ်တန်းအောင်အောင် ကြိုးစား၊ ဗိုလ်သင်တန်း လျှောက်၊ […]
၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Forgotten ဖြစ်ပါသည်။ မောင်ဥယျဉ် ရေးသည်။ အောက်တိုဘာလ နောက်ဆုံးပတ်ရဲ့ ညနေခင်းတစ်ခုက သာမန် ညနေခင်းတစ်ခုလို ပါပဲ။ မိုးအကုန် ဆောင်းအကူးမို့ အအေးဓာတ်လည်း မဆိုစလောက်သာ ရှိနေခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်လက်ကိုင်ဖုန်းကို အမည်မှတ်မထားတဲ့ နံပါတ်အစိမ်းဖုန်း အဝင်ကောလ်တစ်ခု ဝင်လာတယ်။ တယ်လီဖုန်း လက်ခံဖြေဆိုချိန်မှာ ဖုန်းထဲက အမျိုးသမီးအသံက ကျွန်တော် ဟုတ်၊ မဟုတ် အလောတကြီး မေးတယ်။ ကျွန်တော်က ဟုတ်ပါတယ်လို့ ပြန်ဖြေချိန်မှာ သူ့မောင် (ကျွန်တော့်ငယ်သူငယ်ချင်း) အခုပဲ ဆုံးသွား ပြီလို့ ငိုကြီးချက်မနဲ့ ပြောတယ်။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိအောင် ကြက်သေ သေသွားခဲ့တယ်။ ဖုန်း ဘယ်အချိန် ချသွားမှန်းပင် မသိလိုက်ဘူး။ သူတို့မိသားစုက မြို့သစ်ကို ပြောင်းရွှေ့သွားကြတာနှစ် […]
၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Photo Essay ဖြစ်ပါသည်။ ဓာတ်ပုံ – ဇေယျာမင်း 2015 ခုနှစ် အောက်တိုဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြန်မာ့တပ်မတော်နှင့် SPP/SSA တို့တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ဘေးရှောင်တစ်သောင်းခန့်ဟာ နေရပ်ကို စွန့်ခွာပြီး ဟိုက်ပါကျေးရွာနဲ့ ဝမ်ဝကျေးရွာတို့မှာ ခိုလှုံခဲ့ပါတယ်။ ကလေးတွေပညာရေးနဲ့စစ်ပွဲတွေ ထပ်ဖြစ်လာမှာကြောက်ပြီးတော့ အချို့ကတော့ ခုအချိန်အထိ ဟိုက်ပါရွာအနီးမှာ ဝမ်မိုင်အမည်နဲ့ ရွာသစ်တည်နေထိုင်နေကြပါတယ်.. ဒီစစ်ဘေးရှောင် ရွာသစ်ကလေးရဲ့ မြင်ကွင်းတွေကို သွားရောက်ရိုက်ကူးတင်ဆင်ပေးထားပါတယ်….. Photo-Zayar Min ဝမ်မိုင်ရွာအသစ်မှာ နမ့်ပါမွန်း ကုန်းနင်နဲ့ လီဆူရွာတွေက စစ်ရှောင်လာရတဲ့ မလောင်နှင့် လီဆူတိုင်းရင်းသား ၄ဝဝကျော်နေထိုင်လျက်ရှိပြီး ကလေးငယ် ၁ဝဝ ဝန်းကျင်ပါဝင်ပါတယ် Photo-Zayar Min Photo-Zayar Min အများစုကတော့ ပြောင်းဖူးစိုက်တာတွေ တောင်ယာစိုက်တာနဲ့အမဲလိုက်တာတွေ လုပ်ကိုင်ကြပါတယ်.. Photo-Zayar Min […]
၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာ မောင်သာရက ဝက်လူးကျေးရွာသွား တောလား ဆိုတဲ့ လုံးချင်းဝတ်္ထုစာအုပ်တစ်အုပ် (၁၉၇၀ ခုနှစ် ဝန်းကျင်မှာ) ရေးသားခဲ့တယ်။ အဲဒီခေတ်က ပြည် သူ့ကြားမှာ အမှန်ရှာ၊ ဘဝသရုပ်ဖော်စာပေသည်သာ ပြည်သူ့စာပေ၊ ပြည်သူ့ဘ၀ ကွင်းဆင်းလေ့လာကြ စတဲ့ ကြွေးကြော်သံတွေ မြန်မာစာပေလောကမှာ မင်းမူနေချိန် ဖြစ်တယ်။ ဆရာမောင်သာရကိုယ်တိုင် လည်း အသားနက်မကြီး အောင်လံထူ (ရေနံမြေက အလုပ်သမားတွေအကြောင်း)၊ နောက်ဆုံးတော့ ကျော်ဟိန်းဟာ ကျော်ဟိန်းပါပဲ (လေးကောင်ဂျင် ကစားကြတဲ့ လောင်းကစားသမားတွေအကြောင်း)၊ မတ်တတ်ရပ်လို့ လမ်းမှာ ငို (ရန်ကုန်မြို့က လေးဘီးအငှားယာဉ်မောင်းတွေအကြောင်း) စတဲ့ စာအုပ် တွေအတွက် ကိုယ်တိုင် ကွင်းဆင်းပြီး […]
၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Essay ဖြစ်ပါသည်။ စက်တင်ဘာ ၂ဝ၁၈ ညဘက်တွင်အိပ်ရန်နေရာရှိပြီး နေ့ခင်းတွင် ချက်ပြုတ်စားသောက် ရန် မီးဖို၊ ဧည့်သည်အပေါင်းအသင်းလာလျှင် ဧည့်ခံစရာ နေရာထိုင် ခင်း အနည်းအကျဉ်းရှိသည့်နေရာကို အိမ်ဟု ခေါ်ကြေးဆိုလျှင် ရန် ကုန်မြို့၊ လှည်းတန်းရပ်ရှိ အိပ်ခန်းလေးတစ်ခန်းသည် ကျွန်မအတွက် ဒုတိယအိမ် ဖြစ်ခဲ့ဖူးသည်။ ၁ဝ ပေပတ်လည် ခန့် ကျယ်နိုင်သည့် ထိုအိပ်ခန်းကျဉ်း လေးသည် အိမ်ကြီး တစ်အိမ်၏ အစိတ် အပိုင်းတစ်ခု ဖြစ်သည်။ ထိုအိမ်ကြီးသည် အိပ် ခန်း ကျဉ်းလေးပေါင်းများ စွာဖြင့် ဖွဲ့စည်းတည် ဆောက်ထားသော အိမ်ဖြစ် သည်။ ကျွန်မကဲ့သို့ပင် ဇာတိ မြေကို စွန့်ခွာလာသူများကို အမိုး၊ အကာ၊ ကျောခင်းစရာ […]
၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Forgotten ဖြစ်ပါသည်။ ခေတ်က အဆက်မပြတ်တိုးတက်နေတယ်။ မနေ့ကနဲ့ ဒီနေ့မတူသလို ဒီနေ့နဲ့ မနက်ဖြန်လည်း ကွာ ခြားတယ်။ ရှော့ ပင်းမောလ်က နောက်ဆုံးပေါ် ကုန် ပစ္စည်းတစ်ခု ကိုယ့်လက်ထဲရောက်သွားတာနဲ့ ဒိတ်အောက်တဲ့ ခေတ်ဖြစ်နေပြီ။ ၂၁ ရာစု လူသားတွေက တီထွင်မှုမှာ ဝါသနာထုံကြ တယ်။ ဆန်းသစ်မှုမှာ ပါရမီပါကြ တယ်။ သူ့ထက်ငါ အပြိုင် ဆန်း သစ် တီထွင် နေကြတယ်။ လူတို့တီထွင်ခဲ့တဲ့ ကုန်ပစ္စည်း တွေထဲမှာ အချိန် ကာလတာရှည်ကြာအောင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို လွှမ်း မိုးခဲ့တဲ့ကုန်ပစ္စည်းတစ်ခု ရှိခဲ့ဖူးတယ်။ တောရော မြို့ပါ အသုံး တည့်တဲ့ ပစ္စည်းဖြစ်ခဲ့ရုံမက သုံးစွဲသူတွေကို အမှန် […]
၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Photo Essay ဖြစ်ပါသည်။ ဓာတ်ပုံ – အောင်နိုင်စိုး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးရသူပေါင်း သိန်းနဲ့ချီရှိခဲ့ပါတယ်။ ယခုနှစ်ဇူလိုင်အတွင်း နိုင်ငံတော်အစိုးရခရီးစဉ်အတွင်း ရိုက်ကူးခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်များလုံခြုံရေးယူပုံ၊ နိုင်ငံတကာအခေါ် ရိုဟင်ဂျာ၊ မြန်မာအစိုးရအခေါ် ဘင်္ဂါလီ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အခေါ် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းတို့၏ ဒုက္ခသည်စခန်းများ၊ နယ်စပ်နှင့်ပြန်လည်ထူထောင်ရေးစခန်းများကို ဖော်ပြလိုက်ပါတယ်။ နယ်မြေရဲကင်းတစ်ခုအား စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး No Man’s Land အတွင်းမှ ရိုဟင်ဂျာ(မြန်မာအစိုးရအခေါ်ဘင်္ဂါလီ)များ မြန်မာ ဘင်္ဂလားဒေ့ရှ်ခြံစည်းရိုးတွင် လုံခြုံရေးစောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြန်လည်ကြိုဆိုရေးစခန်းကို လုံခြုံရေး ယူထားသော တပ်ဖွဲ့ဝင်တစ်ဦး ပြန်လည်ကြိုဆိုရေးစခန်းတွင် လက်ခံထားသော […]
၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ အညာတစ်ခွင်ကိုသွားဖို့ ကျွန်တော် ဘယ်တုန်းကမှ မပျင်းရိခဲ့ဘူး။ အဖော်ကောင်းသည် ဖြစ်စေ၊ အဖော်မပါဘဲ တစ်ကိုယ်တည်း ဖြစ်စေ အညာခရီးတွေကို ကျွန်တော် မကြာခဏ သွားဖြစ်တယ်။ အခုတစ်ခေါက်လည်း ချောင်းဦး၊ ရေစကြို၊ မြိုင်နယ်တစ်ကြောကို သွားဖို့ အကြောင်းဖန်လာတယ်။ ဇူလိုင်အတွင်းမှာ အညာတစ်ခွင် ခရီးနှင်ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကူးတံတား […]
၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ Essay ဖြစ်ပါသည်။ မြတ်စုမွန်ရေးသည် လူမှုကွန်ရက် စာမျက်နှာမှာ အမျိုးသမီးတွေ သီးသန့်စုဝေးတဲ့ စာမျက်နှာလေးတစ်ခု ရှိတယ်။ အဲဒီစာမျက်နှာထဲမှာ အမျိုးသမီးတွေနဲ့ ပတ် သက်တဲ့ ကျန်းမာရေး၊ ခံစားချက်နဲ့ အတွေ့အကြုံ လေးတွေကို ရေးကြတယ်။ ဖလှယ်ကြတယ်။ တစ်နေ့က အဲဒီစာမျက်နှာထဲမှာ ကိုယ် ဝန်ဆောင် အမျိုးသမီးငယ်တစ်ယောက်ရဲ့ မေး ခွန်းလေးတစ်ခုကို ဖတ်ရတယ်။ သူက အဲဒီနေ့က သူ့ဗိုက်ထဲက ကလေးလေးဟာ မိန်းကလေးဖြစ် တယ်ဆိုတာ သိရတဲ့နေ့ပါ။ မိန်းကလေးဆိုတာ သိရတော့ အစကတည်းက ယောက်ျား လေးပဲ လိုချင်တဲ့ သူ့ခင်ပွန်းက တူးတူးခါးခါးပဲ။ လုံး၀ သဘော မကျဘူး။ မိန်းကလေး မလိုချင်ဘူး။ အိမ်ထောင်ရေးမှာ ပဋိပက်္ခ တွေ ဖြစ်လာနိုင်တာတွေကို […]
၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ forgotten ဖြစ်ပါသည်။ လူတိုင်းမှာ ချစ်ခင်မြတ်နိုး တွယ်တာတတ်တဲ့ စိတ် အခံလေးတွေ ရှိကြတယ်။ ချစ်မိပြီဆိုမှဖြင့် တန်ဖိုး ထားကြတာချည်းပဲ။ စကားမပီကလာ ပီကလာ ပြောတတ်တဲ့ သာလိကာလေးတစ်ကောင်ကို ချစ် ခင်မြတ်နိုးတာ ဖြစ်နိုင်သလို ဆံပင်ကုပ်ဝဲလေးနဲ့ အသံစာစာ စာစာ ပြောတတ်တဲ့ အမျိုးသမီး ငယ်တစ်ယောက်ကို ချစ်နေတာလည်း ဖြစ်နိုင်တာပဲ။ ဖမ်းယူ ဆုပ်ကိုင်လို့ မရတဲ့ ကဗျာ စာပေ ဂီတသံစဉ် တစ်ခုခုကို မြတ်နိုး တန်ဖိုးထားတာလည်း ဖြစ်နိုင်တာပဲ။ စာအုပ် လေးတစ်အုပ်၊ ဘောလ်ပင်လေးတစ်ချောင်း၊ မီး ခြစ်လေးတစ်လုံး၊ တံဆိပ်ခေါင်းလေးတစ်ခုလည်း ဖြစ်နိုင်တယ်လေ။ သင်းပျံ့ပျံ့လေး မွှေးနေတဲ့ စံပယ်ရနံ့၊ အသံသာသာ တွန်တတ်တဲ့ ဥသြငှက်ရဲ့ တွန်သံ၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."