အက်ဆေးများ

အညာဒေသက မွေးဌာနီ

May 16, 2019

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ မြန်မာသံစဉ် အဆိုတော်တွေထဲမှာ သန်းထွန်းလေးက  ထင်ရှားတဲ့ အဆိုတော်ဖြစ်တယ်။ မွေးဌာနီ၊ မမေ့သော အညာ၊ ကျွန်တော့် ရည်မှန်းချက်၊ ကျွန်တော့်မမ ပုသိမ်သူ၊ မမလယ်တောသူ၊ ညီလေးတို့ရွာ စတဲ့ သီချင်းတွေနဲ့ မြန်မာသံစဉ်ပရိသတ် အခိုင်အမာရရှိထားသူဖြစ်တယ်။ အဆိုတော် သန်းထွန်းလေးရဲ့ သမီး အဆိုတော်ပိုးအိစံကလည်း ဖခင်သီချင်းတွေ ပြန်ဆိုပြီး မြန်မာသံစဉ်ပရိသတ်ရဲ့ မေတ္တာကို ရရှိထားသူဖြစ်တယ်။ သားအဖနှစ်ယောက် ၂ဝ၁၉ နှစ်ဆန်းပိုင်းက ကျောက္ကာရွာကို အရောက်လာခဲ့ ကြပြီး ရွှေဂူဖြူဘုရားမှာ ထီးတော်တင်ခဲ့ကြတဲ့ သတင်းတွေ မီဒီယာအချို့မှာ ဖတ်ခဲ့ရသေးတယ်။ သန်း ထွန်းလေးရဲ့ သီချင်းတွေထဲမှာ ကျောက္ကာရွာရဲ့ သာယာပုံကို ရေးဖွဲ့ထားတဲ့ သီချင်းတွေလည်း ရှိတယ်။ ၂ဝ၁၉ […]

အပြည့်အစုံဖတ်ရန်

မီးပ်က္တဲ့ည

May 13, 2019

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Essay ဖြစ်ပါသည်။ လက်သွေးရေးသည် အနာဂတ်မှာ လျှပ်စစ်မရ တော့ ရင် ကျွန်တော်တို့ ဘယ်လိုနေကြ မလဲ။ မိတ်ဆွေတို့ စဉ်းစားမိကြ သလား။ ကျွန်တော်ကတော့ စဉ်းစားတုန်းပဲ။ အဲဒီ အတွေးဝင် တာလည်း မကြာသေးဘူး။ တွေးလိုက်တိုင်း တော်တော် စဉ်းစားရကျပ်တယ်။ အဲဒီအတွေး စဖြစ်လာတာက ကျွန်တော့်အိမ်မှာ သုံးနာရီ လောက်ကြာအောင် မီးပျက်တာက စတာပဲ။ ပျက်တဲ့အချိန်က ကျွန်တော်တို့ လင်မယား နှစ်ယောက်အတွက် တကယ့် အချိန် ကောင်းပါ။ ည ၈ နာရီကနေ ၁၁ နာရီအထိပါ။ ကျွန်တော်ရယ် ကျွန်တော့်ဇနီးရယ်က နှစ်ဦးစလုံး အလုပ် ပြီးချိန် အိမ်ပြန်ပြီဆိုရင် လိုင်းကားစီးရတာ တစ်နာရီခွဲလောက် ကြာတဲ့အတွက် အိမ်ကို […]

အပြည့်အစုံဖတ်ရန်

သားရှင်တစ်ယောက်ဖြစ်ခဲ့သော်

March 12, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Essay ဖြစ်ပါသည်။ မြတ်စုမွန် မကြာသေးခင်တစ်နေ့က ကျွန်မနှင့် အဒေါ်ဝမ်းကွဲ ဖြစ်သူတို့ စကားနိုင်လုရင်း စကားအချေအတင် များ ကြသည်။ စိတ်ဆိုးရလောက် အောင် မပြင်းထန်သော် လည်း မျက်နှာပျက်လောက် တဲ့အထိတော့ အငြင်းပွားခဲ့ ကြသည်။ ထိုနေ့က ထိုအဒေါ်နှင့် အိမ်နီးချင်းအမျိုးသမီးကြီး တစ် ယောက်တို့ သူတို့ကြည့်နေကျ ကိုရီးယားဇာတ်လမ်းတွဲအကြောင်း ဝေဖန်လျက်ရှိသည်။ ထိုဇာတ်လမ်းတွဲထဲတွင် ယောကျ်ားလေး များနှင့် မိန်းကလေးများ အဖွဲ့လိုက် ယှဉ်ပြိုင်ကစားကြသည့် အားကစားပွဲတော်တစ်ခု ကျင်းပကြသည်။ ကစားပွဲတော်တွင်ပါဝင်သည့် ကစားနည်းများအနက် တစ်ဖက်နှင့်တစ်ဖက် ခြေထောက်နှင့် ကန်ကြသည့် ကစားနည်း ကို မကြိုက်ကြောင်း၊ ယောက်ျားလေးမှာ ဘုန်းကံမြင့်ပြီး၊ မိန်း ကလေးကဘုန်းနိမ့်သူများ ဖြစ်သည့်အတွက် ဘုန်းမြင့်သူများကို ခြေထောက်နှင့် မကန်သင့်ကြောင်း […]

အပြည့်အစုံဖတ်ရန်

PHOTO ESSAY(62)

March 8, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ PhotoEssay ဖြစ်ပါသည်။ Photo – Shwe Paw Mya Tin မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်  (KIA) တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ သည့် ၂၀၁၁ မှစတင်ကာ  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရွှေစက်စစ်ရှောင်စခန်း စတင်ပေါ်ပေါက်လာခဲ့ပြီး စစ်ဘေးရှောင်သူပေါင်း ၅၀၀ ကျော် နေထိုင်လျက်ရှိသည်။ ၎င်းင်းစစ်ရှောင် စခန်းမှ မြန်မာနိုင်ငံကိုယ်စားပြု  အသက် ၁၆ နှစ် အရွယ် ကရာတေးအားကစားမယ်တစ်ဦးထွက်ပေါ်ခဲ့ ပြီး စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်Invitational Friendship Tournament Singapore 2018 တွင် ချန်ပီယံဆု ရယူနိုင်ခဲ့သည်။   မိဘနှစ်ပါးစလုံး ဆုံးပါးသွားပြီး အဒေါ်ဖြစ်သူနှင့်အတူ စစ်ရှောင်စခန်းတွင် နေထိုင်ခဲ့ရာမှ နိုင်ငံ့ဂုဏ်ဆောင် ချန်ပီယံဖြစ်ခဲ့သည့်အပြင် […]

အပြည့်အစုံဖတ်ရန်

မြစ်ဆုံက ခံတပ်ကြီးများ

March 6, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။   မြန်မာနိုင်ငံရဲ့ ကျောရိုးသဖွယ်စီးဆင်းနေတဲ့ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်မှာ ရှေးမြန်မာကြီးတွေ အမြော် အမြင်ရှိရှိ ခံတပ်ကြီးတွေ ဆောက်လုပ်ခဲ့ကြတယ်။ မင်းလှ ခံတပ်(မင်းလှ)၊ ဆင်ကျုံးခံတပ်(အင်းဝ)၊ အစေခံ ခံတပ် (စစ်ကိုင်း)၊ သပြေတန်းခံတပ် (အမရပူရ) စသဖြင့် ခံတပ် တွေ အများအပြား တည်ဆောက်ခဲ့ကြတာပါ။ နယ်ချဲ့တွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ရင် ခံတပ်ကြီး တွေကတစ်ဆင့် ခုခံတိုက်ခိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ခဲ့ကြတာဖြစ်တယ်။ ခံတပ်အားလုံး ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ မြန်မာ မှူးကြီးမတ်ရာတွေနဲ့ ပြည်ပပညာရှင်တွေ ပူးပေါင်းပြီး တည် ဆောက်ခဲ့ကြတာပါ။ ဇန်နဝါရီ ပထမပတ်မှာ သပြေတန်းခံတပ်ကို ကျွန်တော်နဲ့ ကိုညီ နှစ်ယောက် သွားခဲ့ကြတယ်။ မန္တလေးမြို့နဲ့ […]

အပြည့်အစုံဖတ်ရန်

မိန်းမဖျက်လို့ပြည်ပျက်ရသတဲ့လား

February 9, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Essay ဖြစ်ပါသည်။ မြတ်စုမွန်ရေးသည်။ ဇန်နဝါရီ၊ ၂၀၁၉                    “မိန်းမဖျက်တော့ ပြည်ပျက်တယ်” ဆိုသည့် အဆိုအမိန့် လိုလို၊ တဘောင်လိုလို စွပ်စွဲချက်တစ်ခုကို ကျွန်မငယ်စဉ် ကတည်းက မကြာခဏ ကြားဖူးနားဝရှိခဲ့သည်။                  မူလတန်းအရွယ်က အိမ်အနီးရှိ ဘုန်းကြီးကျောင်းသို့ သွားကာ ဦးလေးဘုန်းကြီးထံတွင် ကျူရှင်တက်ခဲ့ရသည်။ ထိုစဉ်ကတည်းက ထို စကားလုံးကို စတင်၍ ကြားဖူးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ပါတော်မူနေ့ အကြောင်း ကျောင်းစာထဲတွင်ပါဝင်ရာ အသံပြာအောင် ကုန်းရုန်း အော်ဟစ်အလွတ်ကျက်ခဲ့ကြရသည့် […]

အပြည့်အစုံဖတ်ရန်

Photo Essay(61)

February 8, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Photo Essay ဖြစ်ပါသည်။ Photo-Zayar Min                 ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၁.၉၂၀ မှာရှိတဲ့ ဖုန်ကန်ရာဇီရေခဲတောင်ကို စိမ်းလန်းဖုန်ကန်ရေခဲတောင်သာယာလှပရေး အဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းမှာ တက်ရောက်ခဲ့ပါတယ်။   မိုင် ၁၀၀ ဝန်းကျင်ရှိတဲ့ ဒီတောင်တက်တောင်ဆင်းခရီးစဉ်ကို ၁၀ ရက်ကြာ လမ်းလျှောက် ခရီးဆက်ခဲ့ ကြပါတယ်။  ပူတာအိုအနီးအထက်ဆန်ဂေါင်ဆိုတဲ့ရွာကနေ ဖုန်ကန်ရာဇီ တောင်ထိပ် အထိ ခရီးစဉ်တစ်လျှောက်မှ   ဓာတ်ပုံအချို့ကို ဖိုတို တင်ဆက်လိုက်ပါတယ်။ #Zayar_Min #mawkun #magazine #chronicle

အပြည့်အစုံဖတ်ရန်

ရှိမ္မကား ဟန်လင်းနဲ့ မုဆိုးခြုံ

February 7, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။                           စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေထဲမှာရှိမ္မကား ဆရာခြိမ့်အကြောင်း ဖတ်ဖူးစဉ်ကတည်း က ရှိမ္မကားက ကျွန်တော့်စိတ်မှာ စွဲထင်နေတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က ရှိမ္မကားကို အလုပ်ကိစ္စနဲ့ ပထမဆုံး ရောက်ဖူးခဲ့တယ်။ အဲဒီတုန်းက ဧရာဝတီမြစ်ရိုးအတိုင်း မန္တလေး မရမ်းခြံဆိပ်ကနေ မော်တော်နဲ့ ဆန်တက်ခဲ့ကြတာပါ။ နိုဝင်ဘာ ဒုတိယပတ်ထဲမှာ ရှိမ္မကားကို အလည်သွားကြဖို့ 7DAYသတင်းထောက် ကိုညီက အဖော်စပ်တယ်။ ကျွန်တော်နဲ့ ကိုညီ ခရီးတွေ ထွက်ခဲ့ပေါင်းများပြီ။ သူက […]

အပြည့်အစုံဖတ်ရန်

ပျောက်ဆုံးသွားတဲ့လွမ်းစရာ့အသံတွေ

December 3, 2018

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Essay ဖြစ်ပါသည်။ မောင်ဥယျာဉ်ရေးသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘာတွေက တွန်းအားပေးနေတယ်လို့ ထင်ပါသလဲ။ ကျွန်တော်ကတော့ အသံတွေက တွန်းအားပေးနေတယ် ထင်တာပဲ။ အနည်းဆုံးတော့ ဆာလောင် မွတ်သိပ်မှုကြောင့် ဝမ်းဗိုက်က တဂွီဂွီ မြည်သံကြောင့် ကျွန်တော်တို့ အားလုံး အလုပ်လုပ်နေကြရတာ မဟုတ်လား။ ကျွန်တော့် ဘဝမှာ  အမှတ်ထင်ထင် လွမ်းရတဲ့ အသံတွေ ရှိတယ်။ မနက် ဝေလီဝေလင်းတွေမှာ ဘုန်းတော်ကြီးကျောင်းတွေ ရဲ့ တုံးခေါက်သံက ကျွန်တော့်အတွက်တော့ လွမ်းဖွယ်ပါပဲ။ အခုတော့ တုံးခေါက်သံတောင် မကြားရတာ ကြာလေလှပြီ။ တုံး ခေါက်သံရဲ့ အဓိပ်္ပာယ်က မနက်အရုဏ်တက်ပြီ၊ ဒီနေ့အတွက် ပြုဖွယ်ကိစ်္စ မှန်သမျှကို ဆောင်ရွက်နိုင်ဖို့ မင်္ဂလာရှိရှိ နိုးထကြကုန်လော့လို့ ဆော်သြလိုက်တာနဲ့ တူတယ်။ […]

အပြည့်အစုံဖတ်ရန်

Photo Essay

December 2, 2018

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Photo Essay ဖြစ်ပါသည်။ ဓာတ်ပုံ – ဇေယျာမင်း အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် မချမ်းဘော့၊ ပူတာအိုနဲ့ ခေါင်လန်ဖူး မြို့နယ်သုံးမြို့နယ်ထဲက ဂျိန်းဖောနဲ့ ရဝမ်တိုင်းရင်းသား ၃၀၀ ဝန်းကျင်ဟာ  ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ်အတွင်းက   လုံးစွတ် စစ်ဘေး ရှောင်စခန်းမှာ တိမ်းရှောင်နေထိုင်ကြ ပါတယ်။ စခန်းမှာရှိတဲ့ လူဦးရေရဲ့ တစ်ဝက်လောက်ဟာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက်္ခာအဖွဲ့  (WFP)နဲ့ ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က လစဉ် စားနပ်ရိက်္ခာတွေ ထောက်ပံ့ပေးနေပါတယ်။  ကိုယ့်နေရပ်ဒေသ မဟုတ်တဲ့အတွက် အလုပ်အကိုင် ရှားပါးမှုတွေ ရှိနေတာကြောင့် တစ်နိုင်တစ်ပိုင် လက်မှုလုပ်ငန်းတွေကို လုပ်ကိုင်နေကြ ရပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မန်ကျည်းတုံသို့ အလည်တစ်ခေါက်

December 2, 2018

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။                                   မြန်မာစာပေရဲ့ ပထမဆုံး ဝတ္တုတိုကို ပုံနှိပ်စာလုံးအဖြစ် ဖော်ပြခံခဲ့ရတာ နှစ် ၁၀၀ တင်းတင်း ပြည့် မြောက်ခဲ့ပါပြီ။ သုတေသီတွေရဲ့ အဆိုအရ မြန်မာ့ပထမဆုံးဝတ္တုတိုကဆရာကြီးရွှေဥဒေါင်းရဲ့   “မောင် သိန်းတင် မသိန်းရှင်” ဝတ္တုတိုဖြစ်ပြီး ၁၉၁၇ မတ် ထုတ် သူရိယမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့တာဖြစ်ပါ တယ်။ ဝတ္တုတိုဖန်တီးရှင် ဆရာကြီး ရွှေဥဒေါင်းက ဆာအာသာကိုဒင်နွိုင်းရဲ့ စုံထောက်ရှားလော့ဟုမ်းကို စုံထောက် မောင်စံရှား […]

အပြည့်အစုံဖတ်ရန်

ကိုယ်ဝန်ဆောင် အမျိုးသမီးဆိုတာ

December 2, 2018

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Essay ဖြစ်ပါသည်။ မြတ်စုမွန်ရေးသည်။ တစ်ရက်ခါက ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ နာရေးဖြစ်တယ်။ ရပ်ကွက်ထဲက ဆွေတစမျိုးတစ ခင်မင်ရင်းနှီးသူတချို့က ကိုယ်ဝန်ဆောင်ဆိုတာ နာရေးအိမ် မသွားကောင်းဘူးလို့ ပြောကြတယ်။ ဘာကြောင့်လဲလို့ ကျွန်မက ပြန်မေးတော့ သူတို့ မှာ ရေရာ တိကျတဲ့ အဖြေမရှိဘူး။ အိမ်နဲ့လည်း သိပ်မဝေးတာတစ်ကြောင်း၊ ငယ်စဉ်က နေ ထိုင်ခဲ့တဲ့ အိမ်ဘေးကပ်လျက်ဆိုတော့ အိမ်နီးနားချင်း ခင်မင် ရင်းစွဲရှိတဲ့ အိမ်ဖြစ်တာက တစ်ကြောင်းကြောင့် နာရေးအိမ်ကို အရောက်သွားခဲ့ပါတယ်။ ကွယ်လွန်သူအတွက် ရည်စူးပြီး ကျန်ရစ်ကြသူတို့က အလှူဒါန ပြုနိုင်ကြစေဖို့ အလှူငွေလည်း ထည့်ရင်း၊ သတင်း လည်း မေးရင်းဆိုတော့ နာရေးအိမ်မှာ အချိန်ကြာကြာနေခဲ့ပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ ကျွန်မရဲ့ မိခင်ကို နာရေးအိမ်သွားခဲ့ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5 12

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."