ကဗျာများ

ဘာလဲ့ဟဲ့ နိုင်ငံရေး ကဗျာ

July 24, 2015

၂၀၁၄၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၆)မှ ကဗျာ ဖြစ်ပါသည်။ မင်းထက်မောင် ရေးသည်။ ကျွန်တော့်မိတ်ဆွေ အယ်ဒီတာတစ်ယောက်က သူ့မဂ္ဂဇင်းအတွက် ‘နိုင်ငံရေးကဗျာ ရေးပေးပါ’တဲ့ နိုင်ငံရေးကဗျာဆိုတာ ဘယ်လိုကဗျာမျိုးပါလိမ့် နိုင်ငံရေးလုပ်တဲ့သူတွေရေးတဲ့ ကဗျာတွေဟာ နိုင်ငံရေးကဗျာတွေများလား ဒါဆိုရင် နိုင်ငံရေးကဗျာဆိုတာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့၊ ကိုဂျင်မီတို့ ရေးတဲ့ ကဗျာမျိုးတွေ ဖြစ်မှာပေါ့ ဒါမှမဟုတ် နိုင်ငံရေးကဗျာဆိုတာ လူထုခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ခွပ်ဒေါင်းနဲ့ ယှဉ်ကာ ဖွဲ့နွဲ့ရေးသား အဲဒီလိုကဗျာမျိုး ဖြစ်လေမလား ဒါမှမဟုတ်လည်း မကြာခင်ကလေးကမှ ကွယ်လွန်သွားတဲ့ စာရေးဆရာ သတင်းစာဆရာ နိုင်ငံရေးသမားကြီး ဦးဝင်းတင် ထောင်ထဲမှာ တိုက်ပွဲဝင်ရေးသားခဲ့တဲ့   ‘ကျားရဲ’လို ကဗျာမျိုးများ ဖြစ်လေမလား ဒီလိုမှမဟုတ်လည်း သမ္မတကြီးဦးသိန်းစိန် လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်း သူတို့မိန့်ခွန်း သူတို့စကားတွေထဲ ဘာတွေများ […]

အပြည့်အစုံဖတ်ရန်

ဖားမွေးမြု ရေး

July 20, 2015

 ၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ ကဗျာဖြစ်ပါသည်။ မင်းထက်မောင် ရေးသည်။ ကျွန်တော့်မှာ ဖားတစ်ကောင်ရှိတယ် အကောင်ခပ်သေးသေး ဖားမွဲကလေးတစ်ကောင်ပါ အဲဒီဖားမွဲကို ကျွန်တော်မွေးမြူထားတာ မဟုတ်ပါဘူး ဖားမွဲကသာ ကျွန်တော့်ကို မွေးမြူထားခဲ့တာပါ ဖားမွဲဟာ ကျွန်တော့်ကို မွေးမြူပြီး သူ့အလုပ်တွေ လုပ်ဖို့ စေခိုင်းတယ် ကျွန်တော်ဟာ ဖားမွဲသောက်ဖို့ ကော်ဖီဖျော်ပေးရတယ် ကွန်ပျူတာရိုက်ပေးရတယ် အိုက်ရင် ယပ်ခတ်ပေးရတယ် လိုအပ်ရင် အင်တာနက်ထဲက သတင်းအချက်အလက်တွေ ရှာဖွေလို့ အရေးကြီးတာတွေ ထုတ်နုတ် ဘာသာပြန်ပေးရတယ် မလိုအပ်ပါဘဲ အနှိပ်ခန်းကိုလည်း တစ်ခါတစ်ခါ ပို့ပေးရတတ်ပါတယ် ဖားမွဲဟာ ကျွန်တော့်ကို လုပ်အားခငွေတွေ ပေးတယ် ကျွန်တော်နဲ့ ကျွန်တော့်မိသားစု စားဖို့သောက်ဖို့ အဆင်ပြေရုံကလေးပါပဲ ဘာတစ်ခုမှ အပိုအလျှံမရှိဘူး ဒီလောက်နဲ့ပဲ ဖားမွဲရဲ့ ကျေးဇူးတွေဟာ တော်တော်ကြီးလှပါပြီ   တစ်ခါတစ်ရံ ဖားမွဲဟာ […]

အပြည့်အစုံဖတ်ရန်

အမေဟာ နိုင်ငံတော်ဆိုရင် ကျွန်တော့်ကိုနိုင်ငံသားလို့ခေါ်ပါ အမေဟာပြည်ထောင်စုဆိုရင် ကျွန်တော့်ကို တိုင်းရင်းသားလို့ခေါ်ပါ

July 15, 2015

 ၂၀၁၄၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂) မှ ကဗျာဖြစ်ပါသည်။ လင်းသဏ်ညီ ရေးသည်။ အမေ ကျွန်တော်ဟာ အမေ့ရဲ့ နို့ရည်ကြည်လေးတစ်စက်ပါ နှလုံးသဲပွင့်တစ်ပွင့်ပါ၊ အသွေးပါ၊ အသားပါ အမေ့အရိုးလေးထဲ တိုးဝင်စွဲနစ်နေတဲ့ အမျှင်လေးတစ်မျှင်ပါ အစက်လေးတစ်စက်ပါ အမေ့ခန္ဓာကိုယ်ထဲ လှည့်လည်စီးဆင်းနေတဲ့ သွေးမြစ်ခွဲလေးတစ်ခုပါ ကိုယ့်ကိုယ်ကိုယ် ကောမသွားအောင် လေ့ကျင့်နေရတဲ့ ချောင်းကျဉ်းလေးတစ်စင်းပါ အမေ အမေ ကျွန်တော်ဟာ အမေဝမ်းနည်းတဲ့အခါ ပါးပြင်ပေါ် လိမ့်ဆင်းလာတတ်တဲ့ မျက်ရည်လေးတစ်စက်ပါ ပူနွေးမှုစီးကြောင်းလေးတစ်ခုပါ အမေ့ရဲ့ မွေးညင်းပေါက်လေးထဲက စိမ့်စီးတိုးထွက်လာတဲ့ ချွေးပေါက်လေးတစ်ပေါက်ပါ အမေ့ရဲ့ လက်ချောင်းများစွာထဲက ကွေးဖို့၊ ဆန့်ဖို့ ခက်တဲ့ လက်ချောင်းလေးတစ်ချောင်းပါ အမေ အမေသိလား ကျွန်တော်ဟာ သူစိမ်းတွေရဲ့ ရိုင်းပျစော်ကားမှုကို ခေါင်းငုံ့မခံတတ်တဲ့ အမေ့ရဲ့ မျက်စောင်းလေးတစ်ချက်ပါ မေတ္တာကို မေတ္တာနဲ့ တုံ့ပြန်တတ်တဲ့ အမေ့ရဲ့ ပြုံးနေတဲ့ […]

အပြည့်အစုံဖတ်ရန်

ကမ္ဘာသစ်တစ်ခု လိုချင်တယ်

June 29, 2015

 ၂၀၁၄၊အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇) မှ ကဗျာဖြစ်ပါသည်။ လင်းသဏ်ညီ ရေးသည်။ ကမ္ဘာသစ်တစ်ခု လိုချင်တယ် သစ်ပင်တွေလို ရိုးရှင်းနှစ်လိုဖွယ် စိတ်ထားတွေနဲ့ သစ်ပင်တွေလို ရန်လိုမှု ကင်းတဲ့ အသက်ရှင်မှုတွေနဲ့ သစ်ပင်တွေလို ငြိမ်းချမ်းစွာ ဗီဇကွဲပြားမှုတွေနဲ့ သစ်ပင်တွေလို အလိုရမ္မက်နည်းပါးမှုတွေနဲ့ သစ်ပင်တွေလို တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုမှုတွေနဲ့ ။                  ။ သစ်ပင်တွေလို လောဘ ဒေါသ ကင်းမဲ့မှုတွေနဲ့ သစ်ပင်တွေလို အသုံးမကျတဲ့ မာန်မာနကင်းမဲ့မှုတွေနဲ့ သစ်ပင်တွေလို ကိုယ့်ကိုယ်ပိုင်အလှတရားတွေနဲ့ကိုယ် သစ်ပင်တွေလို သစ်ရွက်လေးတွေ ခြွေချလို့ သစ်ရွက်လေးတွေလို ဝေပြလို့ အချိန်တန်ရင် ကိုယ့်အပွင့်အခက်လေးတွေနဲ့ ကိုယ် ကိုယ့်အသီးအကင်းလေးတွေနဲ့ ကိုယ် ။                 ။ ကိုယ့်အပင်ပေါက်လေးတွေနဲ့ ကိုယ် ဆက်လက်မျိုးပွားလို့ အချိန်တန်ရင် အရိုးပြိုင်းပြိုင်း ခန္ဓာကိုယ်နဲ့ ကမ္ဘာမြေကို […]

အပြည့်အစုံဖတ်ရန်

တတိယတန်းစား ရွှေပြည်မှတ်တမ်း

June 29, 2015

၂၀၁၄၊နိူဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၈)မှ ကဗျာ ဖြစ်ပါသည်။ မင်းထက်မောင် ရေးသည်။ တတိယတန်းစား ရွှေပြည်ကြီးမှာ တတိယတန်းစား သမ္မတကြီးဟာ တတိယတန်းစား ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့အညီ တတိယတန်းစား ပြည်သူပြည်သားတွေကို အုပ်ချုပ် တတိယတန်းစား ထုတ်ကုန်တွေဟာလည်း တတိယတန်းစား စက်ရုံတွေကနေ အမြောက်အမြား ထွက် တတိယတန်းစား စက်မှုလယ်ယာစနစ်နဲ့ တတိယတန်းစား စပါးသီးနှံတွေ စိုက်ပျိုးအောင်မြင် တတိယတန်းစား မြို့ပြနဲ့ ကျေးလက်တစ်ခွင်မှာ တတိယတန်းစား အဆောက်အအုံသစ်တွေ ပြည့်နှက်ဝင့်ကြွား တတိယတန်းစား လူနေမှုဘဝတွေ မြင့်မားကာ တတိယတန်းစား ကိုယ်ကျင့်တရားတွေ မြဲမြံလာကြ တတိယတန်းစား အလှူဒါနတို့ လက်နဲ့ မကွာ တတိယတန်းစား သာသနာရောင်ဝါ ထွန်းလင်းပြီး တတိယတန်းစား ပွင့်လင်းလူ့အဖွဲ့အစည်းမှာ တတိယတန်းစား ဆန္ဒထုတ်ဖော်ပွဲတွေနဲ့ တတိယတန်းစား ရွေးကောက်ပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပ တတိယတန်းစား […]

အပြည့်အစုံဖတ်ရန်

ငြိမ်းချမ်းခြင်း ငတ်နေတဲ့အိမ်

June 10, 2015

  ၂၀၁၅၊ဖေဖော်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၂၀) မှ ကဗျာဖြစ်ပါသည်။ ကဗျာဆရာ : လူခက် ရေးသားသည် ။ ငြိမ်းချမ်းခြင်း ငတ်နေတဲ့အိမ် အရုဏ်ဦးကတည်းက မိုးချုပ်ခဲ့တဲ့ နှစ်တွေ လွှတ်တယ်ဆိုပြီး လှောင်ချိုင့်ထဲ ပြန်ရောက်နေတဲ့ ငှက်ကလေးတွေ မွေးမြူရေးလို့ အမည်တပ်ခံထားရတဲ့ ဟင်းခွက်ထဲက အသားစတွေ ဥပဒေဟာ လက်တံရှည်တယ်ဆိုပြီး အမှန်တရားကို သေနတ်ပြောင်းက အမြဲချိန်ထားတယ် နှလုံးသားမရှိတဲ့ ကျည်ဆန်တွေကြောင့် မာနမရှိတဲ့ တဲအိမ်လေးတွေ လက်တွေ ပြတ်တယ် ခြေတွေ ပြတ်တယ် ဘဝတွေ ပျက်တယ် ဆွေမျိုးကို အလဲထိုးမှ ရမယ့်သရဖူလား ထင်းသွားခုတ်ရင်း ပြန်ခုတ်ခံလိုက်ရတဲ့ ခြေထောက်တွေ မျှစ်သွားချိုးရင်း ပြန်ချိုးခံလိုက်ရတဲ့ လက်တွေ စာသင်ခန်းထဲ လာစိုက်နေတဲ့ ကျည်ဆန်တွေ ဒေါသတွေ အတောင်ပေါက်ပြီး ထပျံသွားရင် […]

အပြည့်အစုံဖတ်ရန်
1 2 3 4

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."