၂၀၁၄၊နိူဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၈)မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။
တတိယတန်းစား ရွှေပြည်ကြီးမှာ
တတိယတန်းစား သမ္မတကြီးဟာ
တတိယတန်းစား ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့အညီ
တတိယတန်းစား ပြည်သူပြည်သားတွေကို အုပ်ချုပ်
တတိယတန်းစား ထုတ်ကုန်တွေဟာလည်း
တတိယတန်းစား စက်ရုံတွေကနေ အမြောက်အမြား ထွက်
တတိယတန်းစား စက်မှုလယ်ယာစနစ်နဲ့
တတိယတန်းစား စပါးသီးနှံတွေ စိုက်ပျိုးအောင်မြင်
တတိယတန်းစား မြို့ပြနဲ့ ကျေးလက်တစ်ခွင်မှာ
တတိယတန်းစား အဆောက်အအုံသစ်တွေ ပြည့်နှက်ဝင့်ကြွား
တတိယတန်းစား လူနေမှုဘဝတွေ မြင့်မားကာ
တတိယတန်းစား ကိုယ်ကျင့်တရားတွေ မြဲမြံလာကြ
တတိယတန်းစား အလှူဒါနတို့ လက်နဲ့ မကွာ
တတိယတန်းစား သာသနာရောင်ဝါ ထွန်းလင်းပြီး
တတိယတန်းစား ပွင့်လင်းလူ့အဖွဲ့အစည်းမှာ
တတိယတန်းစား ဆန္ဒထုတ်ဖော်ပွဲတွေနဲ့
တတိယတန်းစား ရွေးကောက်ပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပ
တတိယတန်းစား ဒီမိုကရေစီအပြည့်အဝပဲလို့ ဆိုရမလောက်
တတိယတန်းစား တရားဥပဒေစိုးမိုးမှုအောက်မှာ
တတိယတန်းစား ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ထားသမို့
။ ။
တတိယတန်းစား ရာဇဝတ်မှုတွေ ဆိတ်သုဉ်းကွယ်ပျောက်
တတိယတန်းစား ရပ်ရွာအေးချမ်းသာယာရေးအတွက်
တတိယတန်းစား လုံခြုံရေးတွေက အချိန်ပြည့်စောင့်ကြပ်
တတိယတန်းစား အဂတိလိုက်စားမှုတွေ ပပျောက်အောင်လည်း
တတိယတန်းစား စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ ဖွဲ့စည်းထား
တတိယတန်းစား ပြည်တွင်းပြည်ပကုမ္ပဏီများလည်း
မှိုလိုပေါက်လို့
တတိယတန်းစား ဘဏ်များ အာမခံလုပ်ငန်းများ
ပေါ်ထွန်းခေတ်စား
တတိယတန်းစား မော်တော်ကားများ ဈေးပေါပေါနဲ့
ဝယ်ယူနိုင်သလို
တတိယတန်းစား ဟန်းဖုန်းများလည်း လူတိုင်းနီးပါး ကိုင်နိုင်
တတိယတန်းစား စားသောက်ဆိုင်တွေနဲ့
တတိယတန်းစား ဈေးဝယ်စင်တာတွေမှာ
တတိယတန်းစား လူငယ်တွေ သွားကြ လာကြ စားသောက်ကြ
တတိယတန်းစား တက္ကသိုလ်တွေ တိုးချဲ့ဖွင့်လှစ်လို့
တတိယတန်းစား ပညာရေးကို အဆင့်မြှင့်တင်
တတိယတန်းစား ပြည်သူ့ဆေးရုံတွေမှာလည်း
တတိယတန်းစား ဆေးဝါးနဲ့ စက်ကိရိယာအစုံအလင်ပေါ့
တတိယတန်းစား လမ်းပန်းဆက်သွယ်မှုမှာတော့
။ ။
တတိယတန်းစား အမြန်လမ်းမကြီးနဲ့
တတိယတန်းစား ခုံးကျော်တံတားတွေ တစ်ခုပြီး တစ်ခု စံပြုဖွယ်
တတိယတန်းစား နိုင်ငံရေးနယ်ပယ်ဟာလည်း ရေရေ လည်လည်
မိုက်
တတိယတန်းစား အတိုက်အခံပါတီတွေက
တတိယတန်းစား နယ်လှည့်ဟောပြောပွဲတွေ လုပ်ပြီး
စည်းရုံးလိုက်
တတိယတန်းစား တစ်သီးပုဂ္ဂလတွေက
တတိယတန်းစား ဟိုအဆို ဒီအဆိုတွေ တင်သွင်းလိုက်နဲ့
တတိယတန်းစား လူတွေ အကြိုက်တွေ့လို့ စည်စည်ကားကား
တတိယတန်းစား ဝန်ကြီး ဝန်ကလေးများနဲ့
တတိယတန်းစား လွှတ်တော်ကိုယ်စားလှယ်များရဲ့
စကားဟာလည်း
တတိယတန်းစား အဖိုးတန်စကားများမို့ မှတ်သားထိုက်ဖွယ်
တတိယတန်းစား မဏ္ဍိုင်ကြီးသုံးရပ်နဲ့ အပြိုင်
တတိယတန်းစား စတုတ္ထမဏ္ဍိုင်ဟာ အားကောင်းခိုင်မတ်
တတိယတန်းစား ဝေဖန်ရေးသားချက်များ ဖတ်မကုန် ရှုမကုန်
တတိယတန်းစား အမှိုက်ပုံကို ယင်တွေအုံသလို
တတိယတန်းစား အန်ဂျီအိုနဲ့ အိုင်အန်ဂျီအိုတွေကလည်း
တတိယတန်းစား ရွှေပြည်ကြီး အဘက်ဘက်က
။ ။
ဖွံ့ဖြိုးတိုးတက်စေရေး
တတိယတန်းစား အကူအညီတွေ ဝိုင်းဝန်းကာပေး
တတိယတန်းစား ယဉ်ကျေးမှုရေးရာမှာ
တတိယတန်းစား က္ဘာ့အမွေအနှစ်စာရင်းတွေ ဘာတွေ ဝင်ပြီး
တတိယတန်းစား ဂုဏ်ပြု ဂုဏ်ယူပွဲသဘင်တွေ ဆင်လို့
တတိယတန်းစား အနုပညာလောကဟာလည်း
တတိယတန်းစား ပရိသတ်ထုကြီး အထူးခံစားစေဖို့
တတိယတန်းစား အနုပညာပစ္စည်းတွေ ဖောဖောသီသီ ထုတ်လုပ်
တတိယတန်းစား အားကစားများ ပြန်လည်သက်ဝင်လှုပ်ရှား
တတိယတန်းစား ဒေသတွင်း ဘောလုံးပြိုင်ပွဲတချို့မှာ
တတိယတန်းစား ဆုဖလားကြီးများတောင် ရရှိခဲ့
တတိယတန်းစား ဖော်ရွေအပြုံးတွေနဲ့
တတိယတန်းစား စည်းလုံးညီညွတ်ခြင်းတွေနဲ့
တတိယတန်းစား ငြိမ်းချမ်းသာယာခြင်းတွေနဲ့
တတိယတန်းစား နိုင်ငံသားတို့ရဲ့ ပျော်ရာမြေ
တတိယတန်းစား ဟောဒီ ရွှေပြည်ကြီးရယ်လေ
တတိယတန်းစား ခေတ်တွေ စနစ်တွေကို ဖြတ်သန်းလို့
တတိယတန်းစား အောင်မြင်မှုပန်းတိုင်ဆီ လှမ်းနေတဲ့အကြောင်း
တတိယတန်းစား ကဗျာတစ်ပုဒ်နဲ့ မှတ်တမ်းတင်ထားလိုက်ပါရဲ့။
[ ပြီးပါပြီ။ ]

