လူ့သမိုင်းခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ်
ယဉ်ကျေးမှုသစ်တွေ အဆင့်ဆင့် မြင့်မားရစ်ဖို့
ရင်ဘတ်ပေါ်မှာ အက္ခရာ ထုဆစ်တဲ့သူဟာ သူပါ။
အဖမ်းခံထားရတဲ့ လူဆိုးဟာ အခွင့်ကောင်းယူလို့
ရဲအရာရှိ ခါးမှာ ချိတ်ထားတဲ့ သေနတ်ကို လုယူဆွဲဖြုတ်
ပြီး အဲဒီ ရဲအရာရှိကို ချိန်လို့ ခလုတ်ဆွဲညှစ်ခဲ့။
ပင်လယ်ကမ်းခြေမှာ အပန်းဖြေ ဟန်းနီးမွန်းထွက်နေသူ
ထီဆုကြီးပေါက်ကာ အူမြူးဝမ်းမြောက်လို့ နေလေသူ
ထီးမွေနန်းလျာဆက်ခံပြီး ဘုရင်သစ်အဖြစ် နန်းတက်လေသူ
သူတို့ဟာ လူအများကြီးထဲက အနည်းစုမျှသာလား
အားမငယ်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့
ကံကောင်းခြင်းဟာ တစ်နေ့တော့
သင့်ထံကိုလည်း ဆိုက်ရောက်လို့ လာမှာ မလွဲပါ
ငါတို့ တိုင်းပြည် ငါတို့ လူထုကြီးအတွက်
အလွန်အရေးတကြီး
ရဟတ်ယာဉ်တွေနဲ့ ငါ့ကို လာတိုက်ခိုက်တယ်ဆိုရင်တောင်
ငါ့အသက်ထက် ပိုလို့ အဲဒီကဗျာဟာ
အလွန်အရေးတကြီး။
အာပေတူးတို့တိုင်းပြည်မှာ လူတွေဟာ ခန္တီပါရမီ ရှိလှစွာ သဒ္ဓါတရားပြည့်ဝစွာ အလွန်သည်းခံခွင့်လွှတ်လိုကြရဲ့ ဒါကြောင့် သူတို့ဟာ ရိုင်းပျပြောဆို ဟောက်ဟမ်းတတ်တဲ့ ဘတ်စ်ကားစပယ်ယာတွေကို မသိမမြင်ချင်ယောင်ဆောင်လို့ နေကြပေရဲ့။ အာပေတူးတို့တိုင်းပြည်မှာ လူတွေဟာ သဒ္ဓါတရားပြည့်ဝစွာ အလွန်ကောင်းမှုကုသိုလ် ပြုလိုကြရဲ့ ဒါကြောင့် သူတို့ဟာ အမှန်အကန်လား အကြံအဖန်လား မခွဲခြားဘဲ ရောက်လာသမျှ အလှူခံတိုင်းကို ထည့်ဝင်နိုင်သမျှ ပေးကမ်းလို့ နေကြပေရဲ့။ အာပေတူးတို့တိုင်းပြည်မှာ လူတွေဟာ လွတ်လပ်ပေါ့ပါးစွာ အလွန်ရယ်မောပျော်ရွှင်လိုကြရဲ့ ဒါကြောင့် သူတို့ဟာ အနုပညာအားနည်းစွာ ရိုက်ကူးထားတဲ့ ပေါတောတော ရုပ်ရှင်ဗီဒီယိုတွေကို မလွတ်တမ်း ကြည့်ရှုလို့ နေကြပေရဲ့။ အာပေတူးတို့တိုင်းပြည်မှာ လူတွေဟာ ကိုယ့်အားကိုယ်ကိုးကာ အလွန်ချမ်းသာကြွယ်ဝလိုကြရဲ့ ဒါကြောင့် သူတို့ဟာ ပေါက်မယ်မှန်း မသေချာ မရေရာတဲ့ နှစ်လုံး သုံးလုံး […]
နည်းပညာခေတ်ကြီးမှာ လူတွေ ပိုလို့ သက်သောင့်သက်သာဖြစ်ဖို့ နည်းလမ်းရှာဖွေခဲ့ကြ ဒါပေမဲ့ အဲဒီ နည်းလမ်းရှာဖွေမှုကြောင့်ပဲ လူတွေဟာ ပိုလို့ မောဟိုက်ပင်ပန်းခဲ့ရတယ်။ နည်းပညာခေတ်ကြီးမှာ လူတွေ ပိုလို့ ဆုံဆည်းပျော်ရွှင်စေဖို့ တီထွင်ဖန်တီးခဲ့ကြ ဒါပေမဲ့ အဲဒီ တီထွင်ဖန်တီးမှုကြောင့်ပဲ လူတွေဟာ ပိုလို့ ဝေးကွာအထီးကျန်ခဲ့ရတယ်။ နည်းပညာခေတ်ကြီးမှာ လူတွေ ပိုလို့ ကောင်းမွန်ယဉ်ကျေးစေဖို့ ပုံသွင်းကြိုးပမ်းခဲ့ကြ ဒါပေမဲ့ အဲဒီ ပုံသွင်းကြိုးပမ်းမှုကြောင့်ပဲ လူတွေဟာ ပိုလို့ ညံ့ဖျင်းရိုင်းစိုင်းခဲ့ရတယ်။ နည်းပညာခေတ်ကြီးမှာ လူ့ကမ္ဘာကြီး ပိုလို့ ဖွံ့ဖြိုးတိုးတက်စေဖို့ လောဘကြီးမားခဲ့ကြ ဒါပေမဲ့ အဲဒီ လောဘကြီးမားမှုကြောင့်ပဲ လူ့ကမ္ဘာကြီးဟာ ပိုလို့ ဆုတ်ယုတ်ပျက်စီးခဲ့ရတယ်။ နည်းပညာခေတ်ကြီးမှာ နည်းပညာတွေ ပိုလို့ အဆင့်မြင့်စနစ်ကျဖို့ ပြိုင်ဆိုင်လုပ်ကိုင်ခဲ့ကြ ဒါပေမဲ့ အဲဒီ […]
အရူးကောက်ရခဲ့တဲ့ စိန်တုံးဟာ
ပိုင်ရှင်အမှန်လက်ထဲ
ပြန်လည်ရောက်ရှိနေပြီလား မသိ။
အပြောင်းအလဲဖြစ်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေကြတဲ့
ဒီလိုအချိန် ဒီလိုအခါမှာ
ခင်ဗျားတို့ရဲ့ အမူအကျင့်ဟောင်းတွေကို
ဘာဖြစ်လို့ မပြောင်းလဲနိုင်ကြသေးတာလဲ။
အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့
ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးကို
ငါတို့နှလုံးသွေးထဲ တိမ်းညွှတ်နေသမျှတော့
‘စိမ်းဆွတ်လေ’က တိုက်ခတ်နေဦးမှာပဲဆိုတာ ယုံ။
သူတို့ဆင်ယင်ထားတဲ့ ရတနာ ကျောက်စိမ်း နီလာ ပတ္တမြားတွေဟာ ငါတို့ရဲ့ တွင်းထွက်တွေပါ။ သူတို့ရဲ့ အိမ်ဂေဟာမှာ တောက်ကြွားနေတဲ့ ပရိဘောဂပစ္စည်းတွေဟာလည်း ငါတို့ရဲ့ ကျွန်းသစ်တွေပါပဲ။ သူတို့ရဲ့ လမ်းဘေးမှာ စိမ်းစိုဖားလျား အရိပ်ကောင်းကောင်း မိုးပေးထားတာတွေကတော့ ငါတို့ဆီက သစ်ပင်ကြီးတွေပေါ့။ သူတို့ဆီက မော်တော်ကားတွေ လမ်းတွေပေါ် တဝေါဝေါ မောင်းနှင်နေတာလည်း ငါတို့ဆီက ရေနံကြောင့်ပဲ။ သူတို့ရဲ့ ခေတ်မီမြို့ကြီးတွေ လျှပ်စစ်မီး ပြိုးပြက်ထိန်ငြီးနေတာ ငါတို့ရဲ့ ဓာတ်ငွေ့ကြောင့်သာ။ သူတို့စားနေတဲ့ ဆန်တွေ၊ ပဲတွေဟာလည်း ငါတို့တောင်သူလယ်သမားတွေ စိုက်ပျိုးထားတဲ့ ငါတို့ရဲ့ သီးနှံတွေပါပဲ။ သူတို့ စက်ရုံကြီးတွေ တဒီးဒီးလည်ပတ်ပြီး ထုတ်ကုန်တွေ အဆက်မပြတ်ထွက်နေတာ ငါတို့ဆီက အလုပ်သမားတွေ ကြိုးစားလို့ပါ။ သူတို့ဆီမှာ ရှားပါးတဲ့ ဇနီးမယားအဖြစ် လိင်ကုန်ကူးခံရပြီး ရေတိမ်နစ်သွားရှာတာလည်း ငါတို့ရဲ့ နှမငယ်ကလေးများပါပဲ။ […]
မေ-ဇွန်- ၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၅)မှ ကဗျာဖြစ်ပါသည်။ လင်းသဏ်ညီ ရေးသည်။ အဲ့ဒီမှာ စကွေ့တာပဲ မြစ်က မေခနဲ့ မလိခက အင်မိုင်ခက တနိုင်းခက အဲ့ဒီမှာ စကွေ့ကြတာပဲ စစ်ဘက်အစိုးရနဲ့ အရပ်ဘက်အစိုးရ အဲ့ဒီမှာ စဆုံကြတာပဲ မြစ်ဆုံ အဲ့ဒီမှာ စကုန်ကြတာပဲ အဲ့ဒီမှာ ချကုန်ကြတာပဲ စစ်သား စစ်သားချင်း ညီအစ်ကိုချင်း သွေးသားရင်းချင်း အိမ်ကြက်ချင်း အိုးမည်းသုတ်ခံလိုက်ရတာပဲ အိမ်ကွင်း အိမ်ကွင်းချင်း ဂိုးသွင်းဖို့ ကြိုးစားကြတာပဲ သေကုန်ကြတာပဲ ကျေကုန်ကြတာပဲ တိုင်းရင်းသားတွေ ကလေးတွေ၊ ဘိုးဘွားတွေ၊ လူငယ်လူရွယ်တွေအားလုံး ကျွဲနှစ်ကောင်ကြားက မြေစာပင် ဖြစ်ကုန်တော့တာပဲ ခေတ်အဆက်ဆက်ခံလာရသူတွေနဲ့ ခေတ်အဆက်အဆက်ဆက် အကြံအဖန်လုပ်လာကြသူတွေကြား ကြည့်နေတယ် ကြည့်နေတယ် ဒီကောင်တွေ ကြည့်နေတယ် ကိုယ့်ကောင်တွေ ခြေကုန်လက်ပန်းကျမယ့်အချိန် ကစားကွင်းရဲ့ အထူးတန်းစင်မှာထိုင် […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃) မှ ကဗျာဖြစ်ပါသည်။ မင်းထက်မောင် ရေးသည်။ ဟိုဘက်စစ်တပ်နဲ့ ဒီဘက်စစ်တပ် စစ်တပ်ကြီးနှစ်တပ် စစ်တိုက်ကြတယ် စစ်တိုက်ကြတော့ ဟိုဘက်နဲ့ ဒီဘက်က စစ်သားတွေနဲ့ စစ်ဗိုလ်ငယ်တွေဟာ သူသေ ကိုယ်သေ သေနတ်တွေနဲ့ပစ်ခတ်ကြတယ် အမြောက်တွေနဲ့ လှမ်းထုကြတယ် လက်ပစ်ဗုံးနဲ့ မိုင်းဗုံးတွေလည်း ဖောက်ခွဲကြတယ် တအုန်းအုန်း တဒိုင်းဒိုင်းပေါက်ကွဲသံတွေ ဆူညံပွက်လို့ ယမ်းငွေ့ညှော်နံ့တွေ တအူအူထနေတဲ့ စစ်မြေပြင်မှာ ကျည်ဆန်မိုးတွေ တရစပ်ရွာသွန်းဖြိုးကြသလို အနီးကပ်ရင်ဆိုင်တိုက်ပွဲတွေမှာလည်း လှံစွပ်တွေ ဓားမြှောင်တွေနဲ့ တစ်ယောက်ကို တစ်ယောက် ရက်ရက်စက်စက် ထိုးသတ်ကြ သူ့ကို ကိုယ်မသတ်ရင် ကိုယ့်ကို သူသတ်လိမ့်မယ်တဲ့ အပြင်းအထန် သတ်ကြ ဖြတ်ကြ လုပ်ကြံကြပေါ့။ ဟိုဘက်စစ်တပ်နဲ့ ဒီဘက်စစ်တပ် စစ်တပ်ကြီးနှစ်တပ် စစ်တိုက်ကြတယ် ရုပ်ရှင်ရိုက်တာမဟုတ်တဲ့ တကယ့်စစ်တိုက်ခြင်းမြင်ကွင်းဟာ ဘယ်မှာလာပြီး […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."