ကဗျာများ

ဘာမွမဟုတ္သလုိဘဲ အေသအလဲ

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ ကဗျာ  ဖြစ်ပါသည်။ မင်းထက်မောင်ရေးသည် (၁) ခင်ဗျားနဲ့ ပတ်သက်ပြီး ကျွန်တော် မဖြစ်မနေ ပြောကြားရမယ့် သတင်းစကား နှစ်ခု ရှိပါရဲ့ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ကဲ…ဒီနှစ်ခုထဲ ခင်ဗျား ဘယ်ဟာကို အရင် နားထောင်ချင်သလဲ။   (၂) သတင်းကောင်းက တော်တော်ကို ကြီးတဲ့ သတင်းကောင်း ဒီသတင်းကောင်းကို ခင်ဗျား နားထောင်ရရင် သိန်းတစ်သောင်းဆုကြီး နှစ်ခါ ဆင့်ပေါက်သလို ပျော်လွန်းလို့ ထခုန်ပြီး တစ်ခါတည်း ရူးသွားနိုင်တယ်။   (၃) သတင်းဆိုးကလည်း ဆိုးတာတော့ အတော့်ကို ဆိုးတဲ့ သတင်းဆိုး လေယာဉ်ပျက်ကျတဲ့အထဲ ခင်ဗျားမိသားစုအားလုံး ပါသွားသလိုမျိုး ကြားပြီးတာနဲ့ ချက်ချင်း ရှော့ခ်ရလို့ လဲကျသွားနိုင်တယ်။   (၄) […]

အပြည့်အစုံဖတ်ရန်

မှိုင်းပြာမှုန်ရီနေ့ရက်များ

September 11, 2018

မင်းထက်မောင် ၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။  ရန်ကုန် (မေ – ဇူလိုင် ၂ဝ၁၈) အများပြည်သူ စီးနင်းတဲ့ ဘတ်စ်ကားကြီးနှစ်စီး ခေါင်းချင်းတည့်တည့်ဆိုင်ပြီး တိုက်သလို မိုက်လုံးကြီးတဲ့ အနက်ရောင်ခေတ်များ။ စီးကရက် မီးခိုးငွေ့တွေကို အဆုတ်ထဲ ရှူရှိုက်သွင်းပြီး နီကိုတင်းနဲ့ တိတ်တဆိတ် အပျော်ကြူးသလို ယဉ်ယဉ်ကလေး ရူးတဲ့ အဝါရောင်နှစ်များ။ ဒါဟာ မိုးရွာထဲ လမ်းလျှောက်တဲ့ ပမာမျှလို့ ငါတို့ ဖြတ်သန်းခဲ့ကြရ၊ ဖြတ်သန်းနေကြဆဲ မထူးဆန်းတဲ့ ကိစ္စတစ်ခုမျှပါပဲ။ ကြည့်လိုက်၊ မလုံခြုံတဲ့ နေ့စဉ်ဘဝတွေဟာ နှာစေးလိုက် ချောင်းဆိုးလိုက် အအေးမိလိုက် အပူမိလိုက် ခေါင်းကိုက်ခြင်းဟာ သံသရာလည်မဆုံး။ ဒါပေမဲ့လည်း အပြုံးမပျက်ဘဲ ရှေ့ဆက်လှမ်းလို့ ခပ်လွမ်းလွမ်းဆိုကြတဲ့ သီချင်းတစ်ပုဒ်ထဲ ‘ပျော်တာပေါ့ အမေရယ်’တဲ့လား အတွင်းဒဏ်ရာများ။ […]

အပြည့်အစုံဖတ်ရန်

ကျဆုံးလေပြီးသောပင်လယ်

August 24, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ ကဗျာဖြစ်ပါသည်။ ကျဆုံးလေပြီးသောပင်လယ်   ဟိုမှာ ဟိုငနဲတွေတောင် အရင်ကလို စစ်တိုက်တမ်း မကစားကြတော့ဘဲ ညနေခင်းကို စူပါမားကက်ထဲ ရွှေ့ထားစဉ်။ ဒီမှာ ဒီလိုအရာမျိုးဟာ သေနတ်ပြောင်းဝက ထွက်ဖို့ မလိုအပ်တော့ဘဲ အိတ်ကပ်ထဲက ထွက်ရုံနဲ့ပင် လုံလောက်ပြီတဲ့။ လူရှုပ်ရှုပ် လက်ဖက်ရည်ဆိုင်ထဲ အဆိပ်မီးခိုးငွေ့နဲ့ အတည်မဟုတ်တွေ စုပ်ယူဖွာရှိုက် တစ်မိုးသားလုံး မှောင်မည်းနေလိုက်တာလေ။ လေတယ်၊ မဝင်းပတဲ့ လေထဲ လေနေသူတွေ ပျော်ပျော်ကြီး ဆက်လေကြစေဖို့ ‘လှပမွှေးရီတဲ့ မ္ဆိာပန်းတွေ ပွင့်ကြစို့’ ဆိုပဲ။ ဘယ်လို ကြိုလင့်ကြမှာလဲ မလိုချင်ဘဲ ရလာတဲ့ သန္ဓေသားလို တားမနိုင် ဆီးမရ မကောင်းဆိုးရွား ဘက်တီးရီးယားတွေ ခုန်ပေါက်နေပုံ။ ‘ငြိမ်းချမ်းရေးဟာ မြုပ်လိုက် နစ်လိုက်’ ဝမ်းနည်းစွာ […]

အပြည့်အစုံဖတ်ရန်

သူငယ်ချင်း မင်းသားလေး

November 22, 2017

Illustration – MAUNG NOE (၁) အခုလို နေရောင်ခြည် ပြီတီတီတွေ မသတီစရာကောင်းစွာ ပြိုးပြက်ဝင်းဝါတောက်ပ ဆိုးရွားပူလောင်လှတဲ့ ရာသီပျက်ကြီးထဲ ဟုတ်ကဲ့၊ တစ်ခုသော ဒီလို ရာသီပျက်ကြီးထဲမှာပါပဲ ဘာကြောင့်မှန်း မသိ သူဟာ ကျွန်တော့်ကို နှုတ်ဆက်စကားကလေး ဆိုဖို့တောင် သတိမရဘဲ သူတစ်ယောက်တည်း တိတ်တဆိတ် ထွက်ခွာသွားခဲ့ သူနဲ့ ကျွန်တော် နှစ်ယောက်သား အများက စိတ်ဝင်စားလက်ခံဖို့ရာ ခက်ခဲမယ့် အာရုံခံစားမှုပိုင်း အနည်းငယ်လွန်ကဲတဲ့ အနုပညာဆိုင်ရာ ပရောဂျက်တစ်ခုကို အတူတကွ လက်တွဲ လုပ်ဆောင်သွားကြမယ်ဆိုပြီး ယုံကြည်မျှော်လင့်ချက်တွေ ကြီးကြီးထားလို့ စိတ်ကူးတည်ဆောက် အကောင်အထည်ဖော်ခဲ့ကြ အခုတော့ အဲဒီ လုပ်လက်စတွေ တစ်ပိုင်းတန်းလန်းနဲ့ ကျွန်တော်ဟာ အဖော်မဲ့ ကျန်ရစ်ကာ တစ်ကိုယ်တော် ဆက်လက် ဖြတ်သန်းခဲ့ရ စိတ်ပျက်အားငယ်စရာ အလွန်ကောင်းလှ […]

အပြည့်အစုံဖတ်ရန်

ဗိုင်းရပ်စ်နေ့ ဗိုင်းရပ်စ်ည

October 23, 2017

Illustration – MAUNG NOE နံနက်ခင်းသတင်းစာကို ကောက်ကိုင်လိုက်တော့ H1N1 တွေ H5N1 တွေ H3N2 တွေ စာမျက်နှာတိုင်းလိုလိုမှာ ရွစိတက်လို့ သတင်းခေါင်းတွေကလည်း ‘ရာသီတုပ်ကွေးအန္တရာယ်ကြောင့် တောင်ပြုန်းပွဲတော် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း’တဲ့ ‘ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် ရာသီတုပ်ကွေးရောဂါ ပိုမိုဂရုစိုက်ရန် လိုအပ်ကြောင်း ဝန်ကြီး သတိပေး’တဲ့ ‘မရမ်းကုန်းမြို့နယ်မှ ကြက်သုံးကောင် ကြက်ငှက်တုပ်ကွေးဖြင့် သေဆုံးကြောင်း အတည်ပြု’တဲ့ ရာသီတုပ်ကွေးရောဂါအခြေပြ အင်ဖိုဂရပ်ဖစ်ထဲမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေက သံသယရှိ၍ ဆေးရုံတက်ရောက် ကုသနေသူ – ၁၂၁ ရောဂါဖြစ်ပွားသူ – ၅၁ သေဆုံးသူ ဦးရေ – ၁ဝ ထိတ်လန့်ဖွယ်အရေအတွက်တွေ တစ်နေ့တခြား တိုးပွား မနက်ဖြန် ဘယ်လောက်အထိ ထပ်များလာဦးမှာလဲ နေ့လယ်ပိုင်းမှာ အလုပ်ကိစ္စနဲ့ […]

အပြည့်အစုံဖတ်ရန်

အရုပ်တွေ

October 10, 2017

Illustration – Tin Min Aung မြို့ထဲမှာ အရုပ်တွေ ရောက်နေပြီ   ဆက်ဆံရေးက နူးညံ့တယ် အနောက်တိုင်းဝတ်စုံ ဝတ်ထားတယ် မြန်မာစကားကို ပြောတယ် လက်ဆွဲနှုတ်ဆက်တယ် မျက်လုံးတွေက မိုးပေါ်ကို ကြည့်တယ်   အရုပ်တွေဟာ ညင်ညင်သာသာနဲ့ ရှေးဟောင်းကုလားထိုင်တွေပေါ်မှာ တက်ထိုင်တယ် ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲက ကြောင်ကို ပွတ်သလို ရှေးဟောင်းကုလားထိုင်ကြီးကို ပွတ်တယ်   ရှေးဟောင်းတွေ ရှေးဖြစ်တွေ ရှေးရှေးကနေ စလို့ အရုပ်တွေ ဖြစ်လာတဲ့အကြောင်းကို ပြောတယ် အရုပ်တွေ ပြောတာက တဖြည်းဖြည်းနဲ့ အရုပ်လုံး ပေါ်လာတယ် လူဆိုတာ အရုပ်တွေကနေ ဆင်းသက်လာတာတဲ့   အရုပ်တွေက စကားပြော သိပ်ကောင်းတယ်   အရုပ်တွေဟာ လူတွေကို အရုပ်ကမ္ဘာဆီ ခေါ်သွားဖို့ ကြိုးစားတယ် […]

အပြည့်အစုံဖတ်ရန်

ကြောင်များ လူများ သက္ကရာဇ်များ

September 11, 2017

ကျွန်တော်တို့ နေထိုင်ရာ လောကကြီးက

တစ်ခါတစ်ရံမှာ ဒီလိုပဲ ဖြစ်နေကျဆိုတော့

ဒီအကြောင်းကို ဘယ်သူကမှ အထူးအဆန်းတစ်ခုလို ပြောမနေကြ

ကြာတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြ

အပြည့်အစုံဖတ်ရန်

အနာဂတ်မြေအောက်မြို့တော်ကြီးက ဟက်ပီးဝေါလ်ကို သွားကြမလား

August 2, 2017

ပညာဉာဏ်စူးရောက်စွာ စိတ်ကူးတည်ဆောက်

ထူးမြောက်တဲ့ မြေအောက်မြို့တော်ကြီးမှာပေါ့လေ။

အပြည့်အစုံဖတ်ရန်

စံပြကျေးရွာ

June 29, 2017

ချောင်းရေကလည်း မကြည်လင် မအေးမြနိုင်တော့ပါဘူး

စက်ရုံတွေက ထွက်တဲ့ စွန့်ပစ်ရေဆိုးတွေနဲ့ မည်းညစ်

ရေထဲက ငါး၊ ပုစွန်တွေလည်း အဆိပ်သင့်လို့

မျိုးတုံးလွင့်ပျောက်ကုန်ကြပြီ

အပြည့်အစုံဖတ်ရန်

နေ့လယ်စာဓာတ်ပုံ

June 1, 2017

အပြင်ဘက်က အာရှမြို့ပြအရသာကို ခံစားနေကြရဲ့။

အပြည့်အစုံဖတ်ရန်

ပြေးနေတဲ့ ရန်ကုန်

April 24, 2017

အဟောင်းထဲကနေ အသစ်ဆီကို ခုန်ထွက်လာတဲ့ ရန်ကုန်

ဒါပေမဲ့ အပြောင်းအလဲနဲ့ ဗလောင်းဗလဲတွေကြားမှာ

သောင်းသောင်းသဲသဲ လှုပ်ရှားနေတဲ့ ရန်ကုန်

အပြည့်အစုံဖတ်ရန်

နည်းနည်းတော့ ကြမ်းမယ်ဆရာ

March 24, 2017

သူ့ဆန်စားတော့ ရဲတဲ့ ကိုယ့်ဆန်ကိုယ်စားနေသူတွေချည်းပဲ

တစ်ပတ်လှည့်ပြီး ပါးရိုက်ခံနေရတုန်း

သစ္စာတရားကို နဖားကြိုးလုပ်ထိုးခံနေရတုန်း

အပြည့်အစုံဖတ်ရန်
1 2 3 4

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."